Saturday 26 March 2016

Good Bye


အဝေးဆုံးကို ပြေးထွက် ..

မင်းအကြောင်းတွေမတွေးမိတော့အောင်

ကိုယ့်အသိဥာဏ်တွေကို ဂူသွင်းလိုက်တော့မယ် ..

လမ်းခွဲပြီဆိုမှတော့

ဘယ်လိုအမှတ်တရမှမထားတော့တာကောင်းပါတယ်

အမှတ်ရနေစေမယ့်အရာတွေကို ဖျက်သိမ်း

ဝေးဝေးကလွမ်းနေတော့မယ်ဆိုပေမယ့်

တကယ်တမ်းမှာ တမ်းတမနေမိဖို့ ပိုလိုအပ်လိမ့်မယ်

နှလုံးသားရဲ့ဆန္ဒတွေကို ဦးနှောက်နဲ့ချုပ်ထိန်းဖို့လည်း

အခုထက်ပိုကြိုးစားရမယ်

မင်းကိုသတိရမိရင်တောင်

အရင်နေရာတွေဖြတ်မလျှောက်မိအောင်

စိတ်ဆန္ဒကိုချုပ်ထိန်းရတော့မယ် ...

ပျော်ပါစေလေ ..

တခြားသူနောက်ကောက်ကောက်ပါပြီး

နောက်ကျောထားနဲ့ထိုးဆွဲယူသွားသူရဲ့အပါးမှာ

မင်းတစ်ယောက် ကျေနပ်နေနိုင်ပါစေ ..

ထာဝရအတွက် ... Good Bye ...


မုန်း (BeeTalk)





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ