Sunday 22 January 2017
ကိုကိုရဲ့ကလေးလေး
ကိုကိုရဲ့ကလေးလေး ... 😍😍
ကလေးတစ်ယောက်လိုပေါ့
ကျွန်မက ဂျီကျတတ်တယ် ..
ကလေးတစ်ယောက်လိုပေါ့ 
ကျွန်မက ဆိုးနွဲ့တတ်တယ် ..
ကျွန်မဘေးက ပဲ့ကိုင်ရှင်အဖြစ်
ကျွန်မကိုချစ်ပေးမယ့်ကိုကို
ကျွန်မအတွက်လမ်းမှန်ကိုသင်ပြပေးမယ့်ကိုကို
ကျွန်မရဲ့ အရှင်သခင်ဖြစ်မယ့်ကိုကို့အတွက်
ကလေးတစ်ယောက်လိုပေါ့
ကျွန်မ ဆက်ပြီးဂျီကဦးမယ် ..
ကလေးတစ်ယောက်လိုပေါ့ 
ကျွန်မဆက်ပြီး ဆိုးနွဲ့ဦးမယ် ...
ကိုကို့ကိုချွဲနွဲ့ဖို့အတွက်
ကျွန်မဆက်ပြီးကလေးဆန်နေဦးမယ်နော် .. 😍😍😍
မုန်း (BeeTalk)
ဥယျာဉ်မှုး
ဥယျာဉ်မှူး ...
မခူးရက်ပါ ..
ဆူးချက်ကို ကြောက်လို့မဟုတ် ..
မဆင်ရက်ပါ
ပင်ထက်ကို မမီလို့မဟုတ် ..
မနမ်းရက်ပါ
အလှမ်းခက်မှာ စိုးလို့မဟုတ် ..
ခူးချင် ဆင်ချင် ယုယချင်မင့်
သခင့်အတွက် ပင့်သက်ဟာ " ကဗျာ "
" ကာရန် " ဟာအိပ်မက်ပေမို့
ရက်လမှ နှစ်တွေပြောင်း
သြော် ... အသက်တမျှ ချစ်နေကြောင်းကို
ရေလောင်းပေါင်းသင် ပြုပြင်ဖူးပါတဲ့
ဥယျာဉ်မှူးလို ကျွန်ုပ် ... .. ...
မောင်စိန်ဝင်း - ပုတီးကုန်း
သူမရှိလည်း အဆင်ပြေနေပါတယ် 
အရင်လိုရန်ဖြစ်နေကျ လူတစ်ယောက်မရှိတော့
နည်းနည်းတော့ပျင်းတယ် ..
အရင်လို ကိုယ်တို့နှစ်ယောက်ရန်ဖြစ်ကြလိုက
ပြတ်ပြီလို့ပြောတဲ့အခါတိုင်း
ဘယ်နှစ်ရက်လဲလို့ မေးတတ်ကြတဲ့သူငယ်ချင်းတွေဆီက
အခုဆို ... အဲ့လိုမေးခွန်းမျိုးမကြားရတော့တာကြာပေါ့
လွမ်းတော့လွမ်းမိတုန်းပဲ
ဒါပေမယ့် ..
အမှတ်တရတွေအရင်လိုမပြောဖြစ်တော့ဘူး
စိတ်ထဲတော့ရှိနေတုန်းပဲ
ဒါပေမယ့် ...
သူငယ်ချင်းတွေကို အရင်လိုအပူမကပ်တော့ဘူး
နေတတ်လာတာမဟုတ်ပေမယ့်လည်း
တစ်နေ့နဲ့ တစ်နေ့
နေနိုင်လာအောင် ကြိုးစားခဲ့ရတာ .. .. 
♡ နန်းသဇင်ကို ♡
Credit - ကို့ရဲ့ရစ်လုံးလေး
Sunday 15 January 2017
နောက်တစ်ခါမဆုံးရှုံးရပါစေနဲ့
💗💗 နောက်ထပ်တစ်ခါ မဆုံးရှုံးပါရစေနဲ့ 💗💗
အတွေးတွေ အဆုံးမသတ်သေးခင်မှာပဲ ..
အလွမ်းအိပ်မက်တွေ ဆက်တိုက်မက်နေဆဲ
ကိုယ်မဝေးဖို့ကြိုးစားနေရင်းက
တဖြည်းဖြည်းလွင့်မျောလာလိုက်တာ
သတိတရရှိလာချိန်မှာတော့
သူ့အရိပ်တွေ မှုံရီဝိုးတ၀ါးကျန်နေခဲ့ပြီလေ ..
အချစ်နဲ့ကပ်ပါနေတဲ့ အလွမ်းဒဏ်ရာတွေက
ကိုယ့်ရင်ကို ထပ်ခါထပ်ခါ နာကျင်စေတဲ့အခါ ..
အချစ်တဲ့လား ..
နောက်တစ်ကြိမ် ပြန်ဆုံဖို့ကို ကြောက်နေမိပြီ ..
အချစ်စစ်ဆိုတာကို မတွေ့နိုင်သေးခင်မှာတော့
ဟန်ဆောင်ခြင်းတွေကြားက သူ့အချစ်တွေလည်း
မှန်ကန်မှုမရှိမှာ ကိုယ်ကြောက်နေတယ် ..
ဒီတစ်ကြိမ် ထပ်ဆုံးရှုံးရရင်ဖြင့် ..
အချစ်နဲ့အတူ .... 
ကိုယ်သေဆုံးသွားနိုင်တယ် ..  💗💗
မုန်း (BeeTalk)
ဝေးခဲ့ပြီးနောက်မှာ
ဝေးခဲ့ပြီးနောက်မှာ ... 😢😢
မင်းနဲ့ဝေးခဲ့ပြီးနောက်
ငါဟာ စံကားဖြူတစ်ပွင့်လို ရှင်သန်ခဲ့ပါတယ်
နင် အဆင်ပြေပါစေလို့သာ အကြိမ်ကြိမ်ဆုတောင်းရင်း
ငါဆိုတာ တဖြည်းဖြည်းချင်း ပါးလျလို့
လွင့်ဝဲသွားတဲ့ ရွက်ကြွေတွေလို
တစ်ဖန်ပြန်လည် မစိမ်းစိုနိုင်တော့ပြီ
မှုတ်ထုတ်လိုက်တဲ့ ဝါဂွမ်းစတွေလို
ဘယ်လို ပြန်ဆယ်ယူရပါ့မလဲ
ရှိပါစေတော့.......
ချစ်တယ်ဆိုတာ တကယ်ခက်ပါတယ်
မပင်ပန်းစေချင်လို့ ဆွဲမထားရက်သောအခါ
ချန်ထားရစ်ခဲ့ဖို့ ငါဟာ သန်မာသူဖြစ်ရောလား
မင်းခိုက်စိုးစန်ရဲ့ မှန်လေးအတိုင်းပေါ့
ငါ့ကိုကြည့်လို့ မင်းကိုယ်မင်းပဲ မြင်ရမှာပါ
ငါဟာ မင်းနဲ့အတူတူပဲလို့ သိရှိခဲ့ရင်ပဲ
ကျေနပ်ပါပြီ
မပြောဖြစ်ခဲ့တဲ့ စကားလုံးတိုင်းကို 
စံကားပွင့်တွေထဲထည့်ပြီး ဘုရားမှာလှူလိုက်တယ်
တပည့်တော်မ သစ္စာပန်းကပ်ပါတယ် ဘုရား
ဤမှန်သောသစ္စာကြောင့် ....
သူ အသက်ရှည်ရာ အနာမဲ့ပါစေသား... 😢😢😢
Credit - YAM
..
ဟိုးတုန်းကငယ်စဉ်အချိန်တွေ
ဟိုးးတုန်းက ငယ်စဉ်အချိန်တွေ .. 🎸🎸🎸
ဒီလို ဂစ်တာသံလေးမကြားရတာ
ဘယ်လောက်ကြာပြီလဲ
လမ်းဘေးဝိုင်းလေးက
ဟိုတစ်ပုဒ် ဒီတစ်ပိုဒ်
ရောက်တတ်ရာရာ တီးခေါက်နေပေမယ့် 
လွတ်လပ်မှုအပြည့်နဲ့ စီးမျောနိုင်လို့
ကျမတော့ သိပ်သဘောကျတယ်
ကိုယ်တွေခေတ်တုန်းကဆို
ဂစ်တာတီးတတ်တဲ့ကောင်လေးတွေ
ဆိုတာ ဘယ်လောက်ဆော်ကြည်လိုက်သလဲ
မှတ်မိသေးတယ် ဆယ်တန်းတုန်းကပေါ့
မီးကပျက်တော့ ဖယောင်းတိုင်လေးနဲ့ Bioတွေ ကျက်နေတုန်း 
အိမ်ရှေ့မှာ သီချင်းလာဆိုနေတဲ့
အိုပါးတစ်သိုက်က 
မျိုးကြီးရဲ့ " မင်းသိဖို့ကောင်းတယ် စွဲမိတဲ့မင်းရဲ့အပြုံးလေး" တွေဆိုတာနဲ့ 
လက်နှစ်ဖက်ကို မေးမှာထောက်လို့ 
လိုက်ဆိုနေတဲ့ 16 နှစ်သမီးရဲ့ အပြုံးတွေကို 
ကောင်းကောင်းကြီးမှတ်မိသေးတယ်
သံစဉ်တွေကိုချစ်မြတ်နိုးတာမှန်ပေမယ့် 
Dj နဲ့ယှဉ်ရင် ဂစ်တာလေးကိုတော့ ပိုသလားပဲ
သြော် ငါလေးလည်း အသက်ကြီးလာပြီပဲ .... 🎸🎸🎸🎸
Credit - မေ (မောင်ဖတ်ဖို့)
Saturday 14 January 2017
ကဗျာဂျာနယ် အတွဲ ၂ အမှတ် ၂
*** ပုံရိပ်တစ်ခုကို ရူးသွပ်ခြင်း ***
ကောင်းကင်မှာ သာတဲ့လ
ရေကန်ထဲခုန်ချ
လှလိုက်တဲ့ '" ည "'
လေဟုန်စီးတဲ့ တိမ်ထု
လိမ့်ကျမှု့
လှပမှု့တွေဖျက်ဆီး(စီး)
မိုးအဖြစ်အသက်သွင်းပြီး
ငါ့ရင်ထဲကို ရွာချလိုက်တယ်...
တကယ်ပါဗျာ....
အဲ့ဒီ ညမှ စ
ငါ့ရင်ထဲက "' လ "'တစ်စင်း
လေပြေလေးရယ်...
ငယ်လေးရယ်..
လေးနှင်းဖြူရယ်...
ဆုံးရှုံးခံလိုက်ရတယ်  .....
ပုံရိပ် ပုံရိပ်တွေ
တလိမ့်လိမ့်နဲ့ ည လသာတယ်  ။     ။
တချိန်က ကုမုဒြာ
===================================
*မမေ့နိုင်တဲ့ တေးတစ်ပုဒ်*
ခေတ်ပေါ်သံစဉ် တေးသီချင်းတွေ
ဘယ်လိုကောင်းစေ သားမောင်ရင်ထဲ
မေမေသီဆို ချော့သိပ်ဖူးတဲ့
အို အို ဆိုတဲ့ တေးတစ်ပုဒ်လို
မသာယာပါဘူး မေမေ...
ခေတ်ပေါ်ဇာတ်လမ်း အသစ်လေးတွေ
ဘယ်လိုကောင်းစေ ငယ်စဉ်ခါက
အိပ်ယာဝင်တိုင်း ပုံပြောပြဖူးတဲ့
မေမေရဲ့ ပုံပြင်ဟောင်းတွေလောက်
သားမောင် မစွဲလန်းပါဘူး မေမေ..
နှစ်တွေကြာညောင်းသွားပေမဲ့
သားမောင် တစ်နေ့ ပြန်လာခဲ့ရင်
မမေ့နိုင်တဲ့တေးတစ်ပုဒ်နဲ့
မေမေ ရင်ခွင်မှာ ခဏတာလေး
မှေးစက်ခွင့်ပြုပါ မေမေ...
        တစ်ကောင်ဘွား(ဓာတ်တော်)
အမေများနေ့ကို ဒီကဗျာလေးဖြင့် မြန်မာလူငယ်သတင်းစုံမှ ကြိုဆိုဂုဏ်ပြုပါသည်
===================================
ကောင်းကင်​မေ​မေ
တမ်းတမိတယ်အ​မေ
သားခိုဝင်​ပြေး
နွေး​ထွေးတဲ့အ​မေ့ရင်​ငွေ့
တွေ့ချင်တယ်အ​မေ
ပါး​ရေ​တွေတွန့်တွဲ
လွန်ဆွဲ​နေတဲ့
ဇရာနဲ့မရဏကြားက
အ​မေ့ရုပ်သွင်
မြင်ချင်တယ်အ​မေ
ရီ​ဝေတဲ့အကြည့်နဲ့
သားရှိမယ့်အရပ်
နေ့စဉ်မပြတ်
မေတ္တာဓာတ်လွှင့်​နေမယ့်
အ​မေ့ရဲ့ဂရုဏာရုပ်လွှာ
ဟုတ်တာကိုညွှန်ပြ
သားပညာချွန်မှ
နွံကထွက်နိုင်မယ်သား
ခွန်အားအပြည့်​ပေး
သား​ရှေ့​ရေးဟာ
အ​မေ​ပေးတဲ့
ပညာ​ရေးနဲ့
ကြင်ယာမ​နှေးအတွက်
အ​မေ​ပေးတဲ့
ဝမ်း​ရေးအတက်ပါပဲ​မေ
လမ်းအ​ထွေ​ထွေ
ညွှန်ကာပြ
လွန်ကာမှသိတဲ့
အ​မေ့​စေတနာ
တပြည်တရွာကသား
တန်ဖိုးထားရမှန်း
သိပြီအ​မေ
တဖွဖွ​ခြွေတဲ့
ဆုံးမစကားနဲ့
သားအတွက်ဆို
ရှိသမျှမ​ခြွေတာ
မိဘ​နေရာကသား
အ​မေ့စိတ်မျိုး
ထားနိုင်ခဲ့သလို
အ​မေ့ကိုပိုရိုကျိုး
သားရှစ်ခိုးပါတယ်အ​မေ
ဒီ​နေ့ ဒီရက် ဒီမနက်ဟာ
လောကသတ်မှတ်
အ​မေ့တွက်
နေ့ထူး​နေ့မြတ်​ပေါ့
သားကန်​တော့ပါတယ်အ​မေ
ဘ၀အ​ခြေငယ်စ
အ​မေဆိုပြတဲ့
အေး ​အေး အိုသီချင်းနဲ့
မိုးလင်းခဲ့တဲ့သားဘဝ
အခုဆိုလက်​တွေ့ဆိုပြလို့
အဖ​နေရာကအ​မေ့သား
အ​မေများရဲ့
မေတ္တာတရားကို
ဖော်ပြခွင့်ရခဲ့ပြီအ​မေ့ ။
        သူရဇ္ဇ
===================================
ဆိုပြဖူးတဲ့ ၀န သီချင်း
အလိုက်ကမ်းဆိုးမသိ
Cheery FM ကလွှင့်​နေလို့
ရေဒီယို
ထပိတ်ပစ်လိုက်ရတယ်
ခေါင်းစဉ်စတပ်ကတည်းက
နာလိုက်ရတဲ့ဇာတ်
the End စာတန်းထိုးသွား​တော့
အကယ်ဒမီက
သူများလက်ထဲမှာ
ငါ့မျက်ရည်​ကြောင့်
စိတ်ချမ်းသာမယ်ဆို
မြန်မာပြည်မှာ
ဧရာဝတီ
နောက်တစင်းဖြစ်​အောင်
့ ငါငို​ပေးပါ့မယ်။
အချစ်ဆိုတဲ့
ဘာသာ​ဗေဒမှာ
အသည်းကွဲနည်း​တွေပဲ
အလွတ်ကျက်ခဲ့မိသလားမသိ့ 
ပျောက်​သောသူ
ရှာရင်​တွေ့ တဲ့
မနက်ဖြန်သတင်းစာမှာ
လူ​ပျောက်​ကြော်ငြာဖို့ထိ​တွေးထားလည်း
မ​တွေ့ ချင်လို့
ရှောင်ပုန်း​နေသူကို​တော့ ။
တကယ်​တော့တိမ်​တွေဟာ
ငွေ့ ရည်မပါပဲ
အလည်လာတာပါ
ငါ့မျက်ဝန်းနဲ့ထိမှ
မုံရွာမှာ
မိုးရွာဖြစ်သွားတာ့ ။
သူရဇ္ဇ
===================================
လိပ်​စာမှားတဲ့ဖူးစာ......
မျက်​လုံးချင်းဆုံရင်​​တွေခုန်​တတ်​စ
မနူးမနပ်​ငယ်​ဘဝတုန်းက​နေ
ဖြည့်​ဆည်း​ပေးရင်းနဲ့ အချစ်​ဆိုတာကို
မျှော်​လင့်​တကြီးနဲ့မှီဝဲခဲ့ဖူးတယ်​.......
အဲ့ဒီအချိန်​တုန်းကများ
အရာရာ​တွေဟာ ထူးဆန်းလွန်းလို့.....
ချစ်​သူရဲ့ ရီသံ
ချစ်​သူရဲ့အပြုံး
ချစ်​သူရဲ့စကား
ချစ်​သူရဲ့အထှာ​တွေ
အားလုံး အားလုံးဟာ ဆန်းပြား​နေလိုက်​ကြတာ..
ချစ်​တယ်​လို့ထင်​တာကို ဖူးစာလို့ယုံခဲ့​လေ​တော့
မာယာ​တွေဆိုတာ အဆင်​တန်​ဆာ​တွေလိုပဲ
ရည်​ရွယ်​ချက်​ခြင်းမတူတဲ့ ဒို့တ​တွေ
ဘာ​ကြောင့်​များဆုံခဲ့ကြပါလိမ့်​.........
မျက်​မမြင်​မြှားနတ်​​မောင်​က
ယောင်​ဝါးဝါးပစ်​ချက်​ဟာ
အချိန်​နဲ့​နေရာ မှားယွင်းစွာစူးခဲ့​လေတယ်​..
ရှိန်းတမ်​᠌᠌᠌
==================================
ကဗျာဂျာနယ်လေးကို အားပေးဖတ်ရှုပေးတာ အထူးကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတို့ရဲ့ ကဗျာလေးတွေကိုလည်းပေးပို့ဖို့ဖိတ်ခေါ်ပါတယ်။
ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ viber ဖုန်းနံပါတ် 09256480246 ကို ပေးပို့နိုင်ပါတယ်။
Friday 13 January 2017
ဒီဆောင်းစပါးရောင်း၍ အပျိုတောင်းမည်
*ဒီဆောင်း စပါးရောင်းလို့ အပျိုတောင်းမည်*
*ဆောင်းလရာသီ 
နှင်းရည် စိုဖျန်းပါလို့ 
မြောက်လေ သရမ်းကာပ
ချမ်းလှသည်။
တို့တောရွာဆီ  နေခြည် "တ"တယ်လေး
နွေးမှ တော်မည်။
*ရွှေဝါရောင် ဝင်းပါလို့
လယ်ကွင်းပြင်ဆီ  
"အေး"သည် ကို မှုပါဘဲရယ်နှင့်
လူ စု ဖေါ်သင်း   ကောက်ရိက်ခြင်းကိုတဲ့
ဆင်းကြရသည်။
လုံမေ မဒီ ပါးဆီဖွေးတယ်လေး
မွှေးနံ့သာရည် ။
* ချိုကြည်မျက်နှာပေးရယ်နှင့်
ပျို့ ဘေးနား ဆီ တွဲကူညီ ရိက်သိမ်းကာပ
တိမ်းညွှတ် ချစ်များ   အင်အားပြရင်းသာပ
ချစ်ခြင်း ရိပ်ရောင် ။
ပျိုလေးတို့မောင်   စွမ်းဆောင်ပြတယ်လေး
မျှ ချစ် ရအောင် ။
အချင်းချင်းသာပ  ရင်နှီး နောက် ပြောင်
ပျိုတို့မောင် ထွန်စိုက်ပျိုးပါလို့
စပါး ပွားတိုး  ဆွေမျိုးတွေဖိတ်ပါလို့
မီးခိုးတိတ်စေ ။
ကြွေခြင်လှပေ  ပျိုမေ လေး  ရယ်လေး
ပေးကွဲ့အဖြေ။
*နွားပျိုများရယ်နှင့် လုပ်စားလယ်မြေ
တူနှစ်ကိုယ် နေအိမ် ဝင်းရယ်တို့
ပေးနှင်းမည်လား   မိကောင်းသား ပီသစွာ
နားဖေါက်လှည့်ပါ ။
  စေ့စပ်ပြီးခါ
ရက်သာ ရွေးကွယ်လေး
ပျို ပေး ဖြေရာ ။
*ဒီဆောင်းခါ ရ စပါးကိုလ
ရောင်းချ အများ ။
တောင်းပါ့မယ် မဒီခင်ကို
မင်္ဂလာ ရွေး ရက်များမှာလ
ကြွေး မည် ဝက်သား ။
                              ဝန
Tuesday 10 January 2017
*ပန်းမဟုတ်တဲ့ အလွမ်း* လွမ်းနေတယ်လို့ အခါခါ မပြောတော့ဘူး ချစ်သူ မလွမ်းလို့တော့ မဟုတ်ဘူး... လွမ်းစရာ ဒဏ်ရာတွေနဲ့ နာကျင်ရသူ ငါလိုလူက ဒီဇမ္ဗူမှာ တစ်ယောက်တည်းပါ နှလုံးသားကို တံတားခင်း နင်းဖြတ်သွားပါ ချစ်သူ မင်းအတွက်ဆို ပေးဆပ်ပြီသား ဝေးခွါနေပေမဲ့ တစ်နေ့မှ မေ့မရတဲ့ ငါရဲ့အလွမ်း ပန်းတစ်ပွင့်မှ မဟုတ်တော့ ဘယ် နွမ်းကြွေပါ့မလဲ ချစ်သူ... တစ်ကောင်ဘွား(ဓာတ်တော်) *အသည်းတစ်ခြမ်းနဲ့ လွမ်းတယ်* သစ္စာနဲ့ရင်းပြီး ကိုယ်ပျိုးခဲ့တာ အချစ်သစ်ပင် နာကျင်မယ်မှန်း သိခဲ့ရင် ကြင်နာမိမယ် မထင်...အခုတော့ ငါ့ကို ချစ်မိလို့ နာကျင်နေပြီလား. ဖူးပွင့်ဝေဆာ အလွမ်းတွေက ငါ့မျက်ရည်က ရှင်သန်စေတာလား စဉ်းစားရင်းနဲ့ ငါ နှလုံးသားလည်း နာကျင်နေပြီ ချစ်သူရယ်.. အဝေးရောက်နေတဲ့ ချစ်သူ ပြန်လာပါတော့လို့ ခေါ်ခြင်ပေမဲ့ ချန်ခဲ့ကာ ရင်ခွင်သစ်နဲ့ အကြင်နာသစ်ပင်အောက်မှာ နင်တစ်ယောက် ထာဝရ ပျော်နိုင်ပါစေလို့ တောင်းဆုခြွေရင်း ကျန်ရစ်သူ ငါလိုလူက နာကျင်သည့် အသဲတစ်ခြမ်းနဲ့ လွမ်းရဦးမယ်.. တစ်ကောင်ဘွား(ဓာတ်တော်) *သာဓုခေါ်ပါ မွေးမာတာ* သားလေးလူငယ် ငယ်ရွယ်စဉ်က ကြီးမားလှစွာ မေမေတ္တာကို သားကအတည် နားမလည်ပြီ ရင်ခွင်ပိုက်ထွေး နို့ချိုကျွေးလို့ တေးချိုသံသော့ အမေချော့ကာ အိပ်ပါသားငယ် မေရင်ခွင်ဝယ် သားမောင်လူလေး အိပ်စက်ခဲ့တယ် ခုတော့သားငယ် မေနဲ့ဝေးမှ အေးချမ်းသာယာ မေမေတ္တာကို သားမှအတည် နားလည်ပြီမို့ မွေးမေရည်မှန်း လှုဒါန်းကုသိုလ် သားလေး အမျှ ပေးဝေပါပြီ မွေးဌာနေမှ သာဓုခေါ်ပါ မေမေ... တစ်ကောင်ဘွား(ဓာတ်တော်) * အမုန်းလက်ဆောင်* အလွမ်းဝေဒနာတွေနဲ့ အခန်းလေးထဲမှာ ငိုနေဆဲ မျက်ရည်တွေက နင်ကို လွမ်းတဲ့ သက်သေ... အမျက်မပြေ နင့်အမုန်းတွေက နှလုံးသားကို နှိပ်စက် အသဲတွေလည်း ကွဲအပ်နေပြီ... ငါ့နှလုံးသားကို အမှောင်ဖုံး နင့်အပြုံးတွေ ကွယ်ပျောက် အမုန်းတွေကို မဖိတ်ခေါ်ပဲ ငါဆီ ရောက်လာ အဲ့ဒါတွေက နင်ပေးတဲ့ လက်ဆောင်တဲ့လား..? အမှတ်တရတွေ မပေးလည်း ငါတို့ဝေးနေပေမဲ့ နင်ပေးတဲ့ဒဏ်ရာ သေရာပါမဲ့ အမှတ်တရမို့ ထာဝရ အမှတ်ရနေမှာပါ ချစ်သူ... တစ်ကောင်ဘွား(ဓာတ်တော်) ညီလေးလွမ်းဝေ(ပျော်ဘွယ်)အတွက် အမှတ်တရ ရေးသားခြင်းပါ *မျက်ရည်သက်သေ* ကြာတော့လည်း ကြာခဲ့ပြီ ဒါပေမဲ့ မနေ့တစ်နေ့ကလိုပဲ စိတ်ထဲထင်မှတ် လွမ်းရက်တွေကို လက်ချိုးရေတွက်ကြည့်သော် သြော်..နှစ်လရာသီ အလီလီ ပြောင်းလဲခဲ့ပေမဲ့ မဟောင်းမေတ္တာ နှောင်းသစ္စာကို သက်သေပြစရာ ပါးပြင်ထက်မှာ ကြွေဆင်းလာသည့် မျက်ရည်တွေပဲ ရှိပါတော့တယ် ချစ်သူရယ်... မဖိတ်ခေါ်ပဲ ရောက်လာတဲ့ အလွမ်းတွေသာ ပန်းတစ်ပွင့်လို နွမ်းလွင့်ကြွေခဲ့ရင်တောင် ယုယစွာနမ်းရှိုက်နေမည့်သူဟာ ဒို့တစ်ယောက်ထဲပါ ချစ်သူ... တစ်ကောင်ဘွား(ဓာတ်တော်) ဒီနေ့တော့ ဒီလောက်နဲ့ပဲ ကျေနပ်နိုင်ပါစေနော် အားပေးနေသေးရင် တစ်ခုခုလောက် ပြောကြည့်ပါလား တစ်ကောင်ဘွား(ဓာတ်တော်) 09775738619
Monday 2 January 2017
ကဗျာဂျာနယ် အတွဲ ၂ အမှတ် ၁
မင်္ဂလာပါဗျာ ကျွန်တော်တို့ရဲ့ ကဗျာ ဂျာနယ် အစီအစဉ်လေးကနေ တစ်ဖန်ပြန်လည်ကြိုဆိုပါရစေ။
ပထမတွဲ မှာ ကဗျာပါဝင် ရေးသားခဲ့ကြတဲ့ ညီကို မောင်နှမတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
ကဗျာဂျာနယ် အတွဲ ၂ အမှတ် ၁ ကနေ စတင်ပြီး ကဗျာ ရေးသားသူ အားလုံးကို ကဗျာ စာအုပ် App လေး လက်ဆောင်ပေးအပ်မှာပဲဖြစ်ပါတယ်။ အနယ်နယ် အရပ်ရပ်မှ ကဗျာ ဝါသနာရှင် ညီကို မောင်နှမများ ကိုလည်း ကဗျာတွေ ပေးပို့ဖို့ ဖိတ်ခေါ်ပါရစေဗျာ။
*       ဇီဝိန်ကြွေ        *
ကော်ဖီမရှိတဲ့ကမ္ဘာငယ်လေးရေ
ဗာဒံစေ့တွေက
မင်းအတွက်စားသောက်ကုန်ပေါ့
အပြင်းစားအရက်တလုံးကို
ပါကင်ဖွင့်ဖောက်လိုက်သောအခါ
တူညီနေတဲ့လက်တစုံ
အရောင်တွေတောက်ပနေသော
မျက်ဝန်းနက်တချို့
ဒီညကိုခါးသက်စေပါတယ်
အရှေ့အရပ်ကကြားနေရတဲ့
အာဇာနည်မြင်းတကောင်ရဲ့
ခွာပေါက်သံက
မရဏအကျ ည်းသားတွေရဲ့
နှလုံးသားထဲပင်စွဲဝင်သွားခဲ့ဖူးပေါ့
သစ်ရွက်တွေကြွေခဲ့ရပါပြီ
ကြင်နာသူကြည်ဖြူ လေမလား
လွမ်းတေးကိုဆိုမိပေါ့
ညမွှေးပန်းလေးတွေနဲ့
မိုးသောက်ကြယ်အလှမ်းဝေးခဲ့ပြီ ။
မျက်ရည်
____________________________________________
ရင်ကိုရိုက်​သောလှိုင်း
အ​ပျော်​တွေထင်ရဲ့
ငါ့​ခေါင်း​ပေါ်က​နေ
ဖြတ်ပျံသွားကြတာ
ရင်ဘတ်ကိုအားနာလို့
မော့မကြည့်ဖြစ်
ဒီလိုနဲ့ပဲ
အိမ်မက်မြစ်​တွေ
ရင်ကမ်းပါးကို
တိုက်စားသွားလိုက်တာ
သတိရခြင်း​တွေ
အလွမ်းပင်လယ်ထဲမှာ
သောင်ထွန်းလို့
အ​နောက်ယွန်းယွန်းဆီ
နေခိုသွားတာ​တောင်
မျက်ရည်လှိုင်းတံပိုး​တွေ
ဒီ​သောင်ကိုတ၀ုန်းဝုန်း
ရိုက်ပုတ်​နေတုန့်း့ ။
        သူရဇ္ဇ
____________________________________________
မပြည့်​လေ​သော
ဆု​တောင်း
ရင်ဘတ်ကြီးတခုလုံး
အသုံးမကျ​တော့​လောက်​အောင်
ကြေမွခဲ့ရပြီ
ထိရှလွယ်တဲ့အသဲ
မြင်မ​ကောင်း​အောင်
ထပ်ခြမ်းကွဲလို့
မချစ်ရဲ​လောက်​အောင်
ကြောက်လန့်ခဲ့ရ
နောက်ကျကျန်တဲ့အချစ်
ရှေ့ဆက်ဖို့လမ်းဆုံး
နင့်ကိုလွမ်းတုန်း​လေး​တော့
ငါငိုပါရ​စေ​နော်
အ​ပျော်မှာ
ဟန်​ဆောင်တာပါ​ပေမယ့်
ငို​ကြွေးခြင်းကို
ဖုံးကွယ်မရလို့
မျက်ရည်ကျတဲ့အခါ
မမြင်သလိုသာ
လှည့်ထွက်သွားပါ
ကျရှုံးခြင်းနိဂုံးအတွက်
နင့်ဆီက
နှစ်သိမ့်အပြုံးတချက်
မလိုအပ်​တော့ပါ
ဖြည့်စွက်ဆန္ဒ
ဆု​တောင်းသမျှ
ပြည့်​စေသတည်းဆို
ပြုချင်တယ်ဆုတခု
ယခုဘ၀မက
နောင်ဘ၀ထိတိုင်
အလွမ်းမိုင်တိုင်နဲ့အ​ဝေး
အ​ဆွေးကင်းတဲ့
လူတ​ယောက်အဖြစ်သာ
လိုချင်မိပါရဲ့ ။
       သူရဇ္ဇ
____________________________________________
ဆောင်းရင်​ခွင်
ချမ်း​အေးလွန်​တဲ့​ဆောင်း
ချစ်​သူရင်​ခွင်​ခိုဝင်​ချင်​မိ
အေးမြတဲ့နှင်း ငါ့ရင်​​တွေပူ​လောင်​​စေမိ
တမ်​တမိတဲ့အလွမ်း
ဖြေမဆည်​နိုင်​ပါ၏
လှမ်း​ခေါ်လို့ရရင်
ခေါ်ချင်​မိပါ၏
မြတ်နိုးခင်
____________________________________________
ချစ်သူဆီ့ သို့
တောင်းဆု
အတူတူခင်းခဲ့တဲ့
စကားစစ်
အစစ်နဲ့ချစ်တဲ့သူ
ရင်နာတာချင်း
တူ​ပေမယ့်
ဘ၀င်ပိုပူတယ်ချစ်သူ
အရှုံး​ပေး​ပေမယ့်
ငါရတက်မ​အေးနိုင်တဲ့
တန်ပြန်ဝဋ်
ငါ့လိုမချစ်နိုင်တဲ့သူနဲ့​တွေ့ 
နင်ကြုံ​တွေ့ ရမှာကို​ပေါ့
သက်ပြင်းမချနိုင်တဲ့
ထိုအသိ
နင်မထိရ​လေ​အောင်
ငါ့ရင်ကိုဖိ
ဦးညွတ်မိတဲ့
မြတ်ဘုရား​ရှေ့
မျက်ရည်​ဝေ့​ဝေ့​ခြွေ
အသ​င်္ချေ​ရွေ့ သမျှ
ဒုက္ခ​တွေ
ကင်းနိုင်ပါ​စေ
ချစ်သူ​ရေ့ ။
         သူရဇ္ဇ
___________________________________________
ဒီတစ်ပတ်ရဲ့ ကဗျာ ဂျာနယ် အစီအစဉ်လေးကတော့ ဒီလောက်ပါပဲဗျာ။ ကဗျာတွေ ရေးသားပေးခဲ့ကြတဲ့ မြန်မာလူငယ်သတင်းစုံ ကဗျာ Group လေးထဲက သူငယ်ချင်းတွေအားလုံးကို အထူးကျေးဇူးတင်ပာတယ်။
ကျွန်တော်တို့ရဲ့ ကဗျာ ဂျာနယ်အစီအစဉ်လေးမှ ပါဝင်ပြီး ကဗျာတွေ ရေးသားပေးဖို့ဖိတ်ခေါ်ပါတယ်။
ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာပေးပို့ချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် 09-256480246(Viber) သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီတစ်ပတ်ရဲ့ ကဗျာဂျာနယ်လေးကို ပါဝင်ကြသူများအတွက် အမှတ်တရလက်ဆောင်အနေနဲ့ စာအုပ်လေးလုပ်ထားပါတယ်။
ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်အောင် ပြုလုပ်ထားတဲ့အတွက်   ဒီနေရာ လေးကိုနှိပ်ပြီး Download ရယူလိုက်ပါဗျာ။