Friday 31 July 2015

သရဲကဗျာ

ညဥ့်နက်သန်းခေါင်ယံ
ညဉ်းသံတစ်ခု ငါကြားခဲ့တယ်…
ဝိညာဉ်သံလား လေသံလား ။

ညဥ့်နက်သန်းခေါင်ယံ
အော်သံတစ်ခု ငါကြားခဲ့တယ်
တစ္ဆေခေါ်သံလား လှိုင်းသံလား ။

သင်္ဂြိုင်းဂူဝ အမှောင်နက်က ရှိုက်ငိုရယ်သံ လေတိုးသံတို့
အမှားကိုလှန် အမှန်ကိုဖုံး
ငါ့ကိုပင်ကျွံ့ ရွံ့စေခဲ့သည် ။

ညကြီးညဥ့်နက် ရမုံထက်က
ညဉ်းတွားရှိုက်သံ တီးတိုးသံတို့
ငါ့ကိုဖမ်းစား အာရုံပြားစေ
လွင့်မျှောစေ…။

သင်းတို့လှည့်စား လွှင့်မပါးခင်
ကံဥာဏ်ဝီရိယ နှလုံးလှဖြင့်
မေတ္တာကိုမူ ခံယူစေမည်
ဘယ်မှာ စိုးရွံ့ ထိပ်တော့လေ…။
ညို

Thursday 30 July 2015

မင်းချစ်တဲ့ငါဖြစ်ပါရစေ




မရှိတာထက်
မသိတာခတ်တယ်တဲ့
ငါအတွက်တော့
မင်းကိုလေ
သတိရတာထက်
မေ့မရတာပိုခတ်နေတယ်
နားလည်ပါတယ်ချစ်သူ
အသုံးအနှုန်း
မတူညီပေမဲ့
မင်းမမုန်းလည်း
ငါရူံးခဲ့ပါပြီ
နှလုံသားဆီရောက်ရှိ
လာတာက
သံယောဇဉ်မရှိတဲ့
ခင်မင်မူ တွယ်တာမှု
ကင်းမဲ့တဲ့ မေတ္တာပါ
ရင်ဖွင်ကာပြလို့
ရမယ်ဆိုရင်
ဝင်ကြည့်လိုက်စမ်းပါ
နှလုံးသားစစ်စစ်နဲ့
ထုလုပ်ထားတဲ့
မင်းပုံရိပ်ကလေး
ရှိနေတယ်ဆိုတာ
မင်းကိုယ်တိုင်
မြင်ရပါလိမ့်မယ်
လိုတာပြည့်တဲ့
ဆုတစ်ခုသာ
တောင်းရမယ်ဆိုရင်
ငါဆုတောင်းလိုက်ချင်ပါသေးတယ်
ဘဝဆက်တိုင်းမှာ
မင်းချစ်တဲ့ငါ
ဖြစ်ပါရစေ•••
  {မင်းမင်းစိုး}
         •သရက်ချောင်•
ဓာတ်ပုံကဗျာလေးတင်ပေးပါတယ်။အပြောင်းအလဲပေါ့ဗျာ
မင်းသိကြား

Wednesday 29 July 2015

မျှော်နေတတ်သောငါ



မျှော်နေပေမဲ့
ပေါ်မလာခဲ့ဘူး
နင်ထားခဲ့တဲ့နေရာက
ရပ်စောင့်နေပေမဲ့
နင်ပြန်မလာခဲ့ဘူး
နေတက်သလိုပဲ
နေတော့မယ်
နင်မရှိခင်တုန်းကတောင်
တစ်ယောက်ထဲ
နေခဲ့သေးတာပဲလေ
တိုက်ဆိုင်မူရှိတိုင်း
သတိရတာကလွဲရင်
ဘာမှမပြောင်းလဲဘူး
အရင်အတိုင်းပါပဲ
               မင်းမင်းစိုး
ကဲဒီနေ့တော့ကဗျာရသလောက်တင်ပေးပါ့မယ်။

Tuesday 28 July 2015

မျှော်လင့်ခြင်း

ငါကိုက ဘာကြောင့်လွမ်းမိနေတယ်မသိဘူး
ချောင်ထိုးခံထားရတဲ့ဘဝနဲ့ လူက
ဘာပဲလုပ်လုပ် လူမမာဆန်တယ်
လွမ်းတယ်လို့မဆိုသာပြန်တော့
ဒီမျက်ရည်တွေဘယ်အင်အားနဲ့
တိတ်စေရပါမလဲ့။
ထောင့်နားလေးက အလွမ်းတွေ
ငါ့အခန်းတံခါး လာလာခေါက်တဲ့ ည
ကျောက်အားပိုနေမိတယ်အခါခါ
သတိရလို့တောင် ဟစ်အော်ခွင့်မရှိတဲ့အဖြစ်
လူမသိသူမသိ နှလုံးသားသေဆုံးရတယ့်။
အခုဆို
မိုးရေတွေတဖွဲဖွဲကြား
အလွမ်းတွေနဲ့ အုပ်ကာထားတဲ့ခဏမှာ
ငါ့ရင်ဘတ်အတွင်းစီးကျလာတဲ့အရာ
မိုးရေလေလာ့းအလွမ်းလာ့း။
ငါ့ငိုနေပီလေ
ခပ်ဝေးဝေးက မင်းမြင်နိုင်မလား..
မိုးတွေလဲမတိတ်စေချင်
အလွမ်းတွေသာသောင်ပြင်ထွန်းချင်ထွန်းပေါ့
ချစ်ခြင်းအချို့ပေးအပ်ထားမယ်
မျက်ရည်တွေအခါခါကျ
နှလုံးသားဇကာပေါက်ဘဝလဲ
မင်းချစ်ခြင်းတွေမိုးရေအဖြစ် ရွားသွန်းဖြိုးလဲ့ပါကွယ့်။
ငါ့နှလုံးသား အနီးတဝှိုက်မှာပေါ့။
***
******
ရှိုင်း
(စစ်တောင်း)

ခင်


ခင်ကို စတင်တွေ့ရှိမှုဟာ ဘဝ ဆိုတာဖြစ်နိုင်တယ်၊

ဒါမှမဟုတ်

ခင်ဟာ ငါ့အတွက် အာဏာရှင်၊

ခင်ဟာငါ့အတွက် စစ်အစိုးရ၊

ခင်ဟာငါ့အတွက် အာဏာသိမ်းတပ်မတော်ပဲ၊

ခင်ဟာငါ့အတွက်ဥပဒေ၊ တရားမျှတမှုပဲ။

ခင့်ကို “မပိုင်ဆိုင်ရဘူးဆိုတာမျိုး”

အဲ့ဒိအိပ်မက်ဆိုးတွေ တောင်

ခင်ပါရင်လှနေတော့မှာ

ခင်ဟာ လူ့ပြည် အဝင်တံခါးစောင့်နတ်သမီးလေးအဖြစ်နဲ့ပဲ

ကျွန်တော့်ရောက်နိုင်စွမ်းတွေနဲ့ဝေးခဲ့တယ်၊

ကိုယ်သင်းရနံ့ဆိုတာထပ် လေထုဟာ ခင်ကိုယ်တိုင်ပဲ

ဘာငှက်ပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အဲ့ဒိတောင်ပံတွေသာ

ပိုင်ဆိုင်ရရင် ခင့်အတွက်ပဲ ပျံသန်းဖို့

ဖြစ်မယ်ဆိုနိုင်မယ်ဆိုတာ သံသယ မရှိခဲ့ဘူး

အခုတော့ မျှော်လင့်ချက်တွေက ဘယ်တုန်းကမှ

မပိုင်ဆိုင်ခဲ့ရတဲ့ အဲ့ဒိ တောင်ပံတွေလိုပဲ အိပ်မက်တွေဟာ ဖြစ်နိုင်တဲ့ပုံစံနဲ့ တော့

သူတို့ ဟာ ခင့် စီကို ဦးတည်ပျံသန်းနေကျတယ်

မိုးတွေရွာနေတဲ့ သူများတွေ ကမ္ဘာကို နေပူထဲက ထိုင်ကြည့်ရသလိုပဲ

ခင်နဲ့ပက်သက်ခွင့်ရှိသူတွေက အင်မတန်မှ မနာလိုပြစ်လိုက်ဖို့ကောင်းတယ်၊

နောက်ပြီး အလွမ်းကိုယ်တိုင်ဟာပင် ခင်ဖြစ်တယ်၊

မိုင်တိုင်တွေဟာ ချွဲပြစ်ပြစ်နဲ့သာ နွံတွေဖြစ်သွားရတာမျိုး

သူတို့ဟာ ခင့် အတွက်သာ ရှိသောကျွန်တော်၏ချစ်ခြင်းတွေကို မနာလိုစွာ

ကျွန်တော့်ကို နှစ်ပြစ်(နစ်)ကြ၏ ခင်သာလျှင် နစ်မွန်းမှုတွေကို

အသက်ပြန်ရှုနိုင်စေ သော အားဖြစ်သည်။

ကျွန်တော့အတွက်တော့ ခင်ဟာ အောက်စီဂျင်ဖြစ်သည်၊

မရှိမဖြစ်ဆိုသလို လောင်ကျွမ်းစေ၏။

အလွမ်း ကို ထုတ်ဖော်ပြသပါဆိုသော

မေးခွန်းရဲ့အဖြေဟာ ခင်ပဲဖြစ်သည်။

လူမှုစာမျက်နှာတွေပေါ်က

သူမ profile ဓါတ်ပုံလေးသာ အလွမ်းဖြစ်ကြောင်းးပြောပြမည်ဖြစ်သည်။



ခင်ဟာအိပ်မက်ဖြစ်သည်

ထို့ကြောင့်ကျွန်တော်သည် မနက်ခင်းတွေကိုသာ ခက်ခဲစွာ နိုးထရပါသည်၊

ပြင်ပလောကတွင် ခင်သည်

အဆင်မပြေသော်လည်းသူ့ချစ်သူ ကို ချစ်ကြောင်းတဖွဖွပြောနေတက်သည်၊



အိပ်မက်ပြင်ပတွင်

ကျွန်တော်သည် ခင်မသိသော သူစိမ်းတစ်ယောက်ဖြစ်သည်

၊ ခင်ဆိုသည်မှာ တခြားတစ်ယောက် ဖြစ်သည်၊

တခြားတစ်ယောက် ဆိုသည်မှာ သားဖွား ဆရာဝန်မလေးဖြစ်သည်၊

ထိုတခြားတစ်ယောက်ထံတွင် ချစ်သူရှိသည်၊

သူသည် ကျွန်တော့ထက် အတော်လေး ရုပ်ဆိုး သည်ဟုထင်သည်၊

အိပ်မက်ခြင်းဖြင့်သာ ကျွန်တော်သည် ခင့် ကို ပိုင်ဆိုင်ရသည်

ထိုသို့ဖြင့်သာ ကဗျာဆရာသည် အချိန်တိုင်း

အိပ်ပျော်နေသော ဇာတ်ကောင် ဖြစ်လာခဲ့သည်။
မင်းသိကြား

Monday 27 July 2015

ခေါင်းစဉ်မရှိပါ

ချစ်သူရယ်………… ဒို့နှစ်ဦးဘဝကဘာများ ခြားနားနေရတာလည်း တွေ့နေပေမယ့်စကား တောင်မပြောရဲ့တဲ့ဘဝ မြင်နေရပေမယ့် မကြည့်ဝံ့တဲ့ဘဝ ဘာကြောင့်များလည်း ချစ်သူရယ်ငါ့လေနင်နဲ့ တွေတဲ့အခါတိုင်းပျော်တယ်ဘယ်လိုမှဖြောက်ဖြတ်မရတဲ့ငါ့ရင်ခွင်အိမ် ထဲကအချစ်ဆိုတဲ့ သံယောဇဉ်ကြိုးက ချစ်မိနေပြီ ချစ်သူရယ် ငါ့ဘယ်လိုလုပ်ရမလည်းငါ့မှာမျှော်လင့်ချက် ဆိုထားခွင့်ရှိသေးတယ် မို့လားချစ်သူ ငါ့မညာပါဘူးနင်နဲ့တွေ့ ရင်ပျော်တယ်နင့်အသံလေးကိုလဲထပ်ကာထပ်ကာကြားချင်တယ် နင့်မျက်နှာလေးကိုလဲ မကြာမကြာမြင်ချင်တယ်#ရင်မှစကားသူကြား ရလို့စိတ်စိုးရင်တောင် မောင်ခံပမယ် မနေသာရက်စက်တဲ့ အထီတော့မပြစ်လိုက်ပါနဲ့ ချစ်တဲ့ချစ်သူရယ်# ချစ်သူတွေအားလုံးပျော်ရွှင်ကြပါစေ## အသက်ရှင်နေသ၍ ကြိုးစားခွင့်ရှိပါတယ်…………………………… STRL

Sunday 26 July 2015

ချစ်သူ

မျက်စိ မှိတ်ထားပါလျှက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်တော်သို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိတတ်ပြန်သည်။

သေဆုံးသည့်အတိုင်
မျက်စိထဲ ကျွမ်းဝင်သွားစေမည့်အရာမှာ
ငါ့ ချစ်သူသာ ဖြစ်ပါ၏။ ။
smt
မင်းသိကြား

ဟာသလေးပေါ့

ပထွေးနေရာတွင် အောင်ခိုင် စိုင်းအောင်တင့် ဆိုပါက မင်းသမီး ပိပိရိရိနေသော်လည်း မုဒိမ်းမှုကျိန်းသေဖြစ်မည်
သို့သော် ဘယ်သောအခါမှ အထမမြောက်ပါ
ကယ်တင်ရှင်အမြဲပေါ်လာသည်။
ပထွေးနေရာတွင် မင်းသားဆိုပါက မယားပါသမီးနှင့် မီးပျက်သောညတွင် နှစ်ယောက်တည်းနေပါသော်လည်း ဘာမှမဖြစ်နိုင်ပါ
သို့သော် လူတိုင်းက အထင်လွဲမည်


. . .
မိထွေးနေရာတွင် ခင်မို့မို့အေး စံပါယ်မိုးတို့ ဆိုပါက သေချာပေါက် အကောက်ကြံမည်ဖြစ်သော်လည်း
အခြားမင်းသမီးကြီးဆိုပါက အမေအရင်းထက်ပင် ကောင်းနိုင်သည်
ထို့ကြောင့် သင့်မိဘ နောက်အိမ်ထောင်ပြုပါက စိုင်းအောင်တင့် အောင်ခိုင် ခင်မို့မို့အေး စံပါယ်မိုး တို့နှင့် ရုပ်ဆင်သောသူများကို သဘောမတူသင့်ပါ

ရန်အောင် ရဲအောင် မို့မို့မြင့်အောင် တို့နှင့် ရုပ်ဆင်သောသူများကိုသာ အထူးအားပေး သဘောတူသင့်သည်။
. . .
သားသမီးနေရာတွင် မှဲ့ကြီးတို့အဖွဲ့ ဖြစ်ပါက သေချာပေါက် မိဘကျေးဇူးကန်းမည် ဖြစ်သော်လည်း
မင်းသား မင်းသမီး ဆိုပါက ပေတေဆိုးသွမ်းစေကာမူ မိဘကျေးဇူးကို အထူးသိတတ်သူဖြစ်လာမည်
ထို့ကြောင့် မိဘများအနေနှင့် သားသမီးရုပ်ကို အထူးဂရုစိုက်ပါ
ကြီးလာလေလေ မှဲ့ကြီး စံပါယ်မိုး တို့ ရုပ်နှင့်ဆင်လာပါက စောစောစီးစီး အိမ်ပေါ်မှ မောင်းချထားသင့်သည်။
. . .
အစပိုင်း ရန်အလွန်ဖြစ်နေပါက နောက်ပိုင်းညားရန် သေချာသလောက် ဖြစ်သည်
ထို့ကြောင့် ရပ်ကွက်ထဲမှ ရန်အလွန်ဖြစ်သူများကို ဘိသိတ်ဆရာက ကြိုစရန်ရိုက်ထားသင့်သည်။
. . .
နှစ်ဘက်လူကြီးများ ဆုံတွေ့ပါက ငယ်သူငယ်ချင်း ငယ်ချစ်များ ရည်းစားလုဘက်များ ဖြစ်နေတတ်သည်
ထို့ကြောင့် လူငယ်များအနေနှင့် နှစ်ဘက်လူကြီးများဆုံတွေ့ပါက ပြေးပေါက်ကြိုရှာထားပါ
. . .
အသက်ကြီးယောက်ျားများမှာ မုဆိုးဖို တခုလပ်တို့ ဖြစ်တတ်သော်လည်း သူနှင့်တွဲရမည့် မင်းသမီးကြီးများမှာ 100% ရေမရောသော အပျိုကြီးများသာ ဖြစ်သည်
တခုလပ် တလင်ကွာ ဆိုသည်နှင့် ထိုဇာတ်ကောင်မှာ လူကြမ်းဖြစ်ရန် ၉၀ရာနှုန်းသေချာသည်။
. . .
ဤကား မြန်မာဗီဒီယို လောကနီတိ ဖြစ်ပါသတည်း။ မှတ်လော့
XD XD

မင်းသိကြား

Saturday 25 July 2015

ခင်

နင်ရယ် ငါရယ်
နောက်ပြီးတော့
ခဏလေးပဲ အသက်ရှင်ခဲ့တဲ့
“တသက်လုံး” ဆိုတဲ့ စကားလုံး . . .။

အဲ့ဒိတသက်လုံး စကားရဲ့ အပြင်ကို
အူကြောင်ကြောင် ငါတစ်ယောက်ထဲပဲ ရုန်းထွက်လာနိုင်ခဲ့တယ် “ခင်” ။

ဘဝ လို့ခေါ်ရမဲ့ အရာအကုန်လုံးဟာ
အိပ်မက်ဖြစ်ပီးသာ ခင်နဲ့ တူတူပြောဖူးတဲ့ တသက်လုံးထဲမှာ နေထိုင်တယ်။
ငါဟာ
အသေခံ ဗုံးခွဲ ချင်းဖြစ်သာ ခင့် စီရောက်နိုင်တယ် ။
အစိတ်အပိုင်းတစ်ခုစီကို ခင် ပြန်ချုပ်ပေးပီးအကောင်းအတိုင်းပြန်ဖန်တီးမယ်လို့                                        ဆုံဖြတ်ခဲ့ပြီးငါတို့ဟာ မှန်ကွဲစတွေအဖြစ် နဲ့သာ ဖြေဆည်ရာမဲ့ အဆုံးသတ်ခဲ့ရတယ်။
အကောင်းအတိုင်း ပြန်ဖြစ်နိုင်ခြင်း နဲ့ တွယ်ဖက်မိခြင်းတွေဟာ ခင်နဲ့အတူ အိပ်မက်ထဲကပြန်မလာခဲ့ဘူး၊
အသက်ရှင်နေ(ယုံ) မှုလေးတစ်ခုပဲပါလာခဲ့တယ်၊
ခင့်ကို မုန်းသူတွေ
ခင်က မုန်းသူတွေ အတွက် အမြဲတမ်း တက်နင်းနေခံနေဖို့ မြေမြှုပ်မိုင်းတွေလို ငါကိုယ်တိုင် ငါ့ကိုငါ ကြိမ်စာတိုက်ပစ်လိုက်တယ်၊

ခင်ရေ . . .
ငရဲပါပဲ အမှောင်ပါပဲ အစွဲပါပဲ၊ ဒီအကြမ်းဖက်မှုအပြီးမှာတော့
တစ်ခုခု အိပ်မက်ထဲမှာရှိပါတယ်လို့ ယုံပြီးတစ်ဘဝလုံအိပ်ပစ်လိုက်ပါမယ်။
ဒီအခန်းတွေဟာ အဖြူရောင်တွေ ခင်၊
လက်က သွေးတွေဟာ ၂ရောင်စပ် ပန်းချီကားတွေ ဖန်တီးလို့ရမဲ့ တစ်ခုတည်းတော့ မျှော်လင့်ချက်ပဲ
ညံ့ဖြင်းစွာပဲ ခင့်ပုံတွေ အမှတ်မရှိဆွဲပီး ငါ နံရံတွေကို ခေါင်းနဲ့တိုက်နေလိုက်တယ်။
ခင် နေလို့ ထိုင်လို့ ကောင်းပါစေ၊
အဲ့လို ဆုတောင်းမျိုးကို ခင့်ပုံအရှေ့မှာ ဒူးထောက်ပီး ဆုတောင်းနေလိုက်တယ်၊
ဘုရားသခင်ထက် ဆိုးတဲ့ ဗိုင်းရပ်စ်တစ်ခုပဲ၊
ဒဏ်ရာတွေကို သေသေခြာခြာ ချစ်နေတဲ့ရောဂါ
ခင်ဟာ ဒဏ်ရာဆိုပေမဲ့ အမြတ်နိုးရဆုံးဒဏ်ရာ၊
ခင် စိတ်ချမ်းသာနေပါစေ။
အဲ့ဒိ နှုတ်ခမ်းကသွေးတွေနဲ့ ငါကိုယ်ငါ လူရွှင်မျက်နှာအတိုင်းပြင်ဆင်ပြီး အသုံးတော်ခံမယ်                                           နောက် ပျက်စီးနေတာတွေဖုံးဖိပီး ခင့်ကို ဖျော်ဖြေမယ်၊
ခင်မျက်နှာလွှဲသွားတဲ့အခါ ခဏလေးဖြစ်ဖြစ် ငိုလိုက်မိ ၊ နောက်ပီး ခုလေးတင် မိုးတွေရွာသွားတာ ခင်မသိဘူးလားလို့ ကြမ်းပေါ်က ရေစက်တွေလို့ လိမ်တယ်။ ငါအိပ်ပျော်သွားမိတော့မယ်ခင်။

နောက်ပီး
ခင့်အတွက် စိတ်ချရပါစေ၊
ခလုပ်မထိ ဆူးမငြိဖို့ဆိုတာထက် အဲ့ဒိဆူးတွေက ငါဘယ်တုန်းကမှမဟုတ်ခဲ့ဘူးဆိုတာလေးပဲ ယုံခြင်နေပါခင်၊        ခင့်ကိုအဲ့ဒိ အဖြူရောင်အခန်းထဲမှာထားခဲ့ပြီးသာ ဘဝထဲ ထွက်လာခဲ့တယ်။

ခင်ဟာ အဲ့ဒိ အဖြူရောင်နံရံတွေပေါ်က ရုပ်ပုံ၊ ဒီထက် ပိုမယ်ဆို ၊ အဖြူရောင်အခန်းထဲက . . .

ငါသွားရဦးမယ် … ခင်။
မင်းသိကြား

Monday 20 July 2015

ခံစားကြည့်ကြပါ

အချစ်.....

နင်နဲ့ငါ  ချစ်သူတွေဖြစ်ခဲ့ကြရင်

အရမ်းကောင်းမှာဘဲလို့တွေးမိတယ်

တကယ်တမ်းလည်းတို့တွေ

ချစ်သူတွေဖြစ်ခဲ့ကြတယ်

ဒါပေမဲ့ဟာငါမျော်လင့်မိတဲ့

အချစ်နဲ့

ရခဲ့တဲ့အချစ်က

***

နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ

စိုးရိမ်စိတ်များနေတာလား...

နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ..

.ငါခုခံစားနေရတာက.

.နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား

နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...

ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ်

ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်..

.နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု

ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ..

.ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ

ငါဆိုတဲ့မိန်ကလေးဘ၀က...

သိတက်စကတည်းက

ပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ

ပူလောင်မှုတွေဝေးပါရစေနော်..

ခတ္တာ(မြစ်ကြီးနား)

Sunday 19 July 2015

ဆက်အားပေးပါအုံး

နင့်ငါ့ကိုဟန်ပြီးချစ်နေသိသိလျက်နဲငါနင့်ကိုမမုန်းနိုင်ခဲ့ဘူး နင်ငါ့ကို
မာယာတွေသုံးပြီး နှိပ်
စက်နေတာသိသိလျက်နဲ
ငါနင့်ကိုစိတ်မနာနိုင်ဘူး နင်ပျော်ဖိုအတွကိ
ငါမျက်ရည်ကျမှရမယ်
ဆိုရင်တောင်ငါငိုပေး
ဖိုအသင့်ဖြစ်နေသူပါ
ငါအချစ်ကနင့်အတွက်
ပေးဆပ်ခြင်းသက်
သက်ပါ
        မိသား

ဒီနေ့တော့အားမှဆက်တင်ပေးပါ့မယ်
မင်းသိကြား

မအားတဲ့ကြားကတင်ရတာပါ

မရယ်----
စိုးရိမ်စိတ်တွေကြောင့်
အရာရာတာမြစ်ရင်း
ချုပ်ချယ်သလိုဖြစ်ခဲ့တာပါ-----

မရယ်----
ချစ်လို့လွန်းလို့
တဝန်တိုရင်းက
နာမလည်တတ်တဲ့သူဖြစ်ခဲ့တာပါ-----

မရယ်----
တစ်ဘဝလုံးလက်တွဲဖို့
တစ်ခဏသာခွဲရင်း
ထာဝရကွဲခဲ့ရတာပါ-----

ချစ်လွန်းလို့ထားတဲ့မေတ္တာ
သစ္စာတရားကို
သံသယဝင်
ချစ်ကမ္ဘာကိုပျက်စေခဲ့ပီလော့---

နောင်ဘဝနောင်ကမ္ဘာမှာသာ
မနဲ့ဆုံဖြစ်ခဲ့ရင်
ထာဝရခွင့်လွှတ်ရင်း
မခွဲတမ်းနေရစ်မယ် ---ချစ်သူ

ရွှေကံမြေ (ထန်းတောသား)
ကျွန်တော့်ရဲ့အသိပညာဗဟုသုတblogကိုလာဖို့ဖိတ်ပါတယ်
ဒီမှာနှိပ်ပါ

ညီမလေးတစ်ယောက်ရဲ့ခံစားချက်လေးပါတိုက်ဆိုင်သူတွေအားပေးကြပါနော်

ချစ်သူနင့်အလုပ်တွေမအားလိုငါ့အနားမှာမနေ
ပေးနိုင်ဘူးဆိုရင်တောင်မှငါ့ကိုတစ်ရက်တစ်ခါတော့ဖုန်းလေးခေါ်စေချင်ခဲ့တယ်
နင့်ကိုမမြင်ဖူးပေမယ့်
အသံလေးကိုကြားနေရ
ရင်ငါအရမ်းကြည်နူးမိတဟ် ငါလိုင်းတက်လို
နင်ပိုထားတဲ့စာလေးတွေကိုမြင်ရင်ငါအရမ်းပျော်နေတဟိ မမြင်ဖူး
ပေမယ့်အချစ်စစ်နဲချစ်ခဲ့တာပါချစ်သူ
   မိသား(admin)
ကျွန်တော့်ရဲ့အသိပညာဗဟုသုတblogကိုလာဖို့ဖိတ်ပါတယ်။
ဒါလေးကိုနှိပ်ပါ
မင်းသိကြား(creator)

Friday 17 July 2015

မင်္ဂလာပါ

ယှဉ်ပြိုင်ခြင်းကပြိုင်ဘက်မည်၏ တိုက်ခိုက်ခြင်းကရန်သူမည်၏ ပုတ်ခတ်ခြင်းကမနာလိုစိတ်မည်၏ အတွေးတခုကဆေးတခွက်ဖြစ်ပါစေ အမြင်တခုဟာသူ့ဘက်ကိုယ့်ဘက်ကြည့်တတ်ပါစေ စကားတခွန်းဟာအားတခုဖြစ်ပါစေ လက်တွေ့အလုပ်တခုဟာအကျိုးရှိပါစေ မုန်း(အသိပညာဗဟုသုတအသင်း)