Monday 14 March 2016

စပယ်ပွင့်ချိန်



         စံပယ်ပွင့်ချိန်


ငါ့ဦးခေါင်းက မြက်ခင်းစိမ်းလေးပေါ်

ကျောက်တုံးတွေပြိုလာသလို

မိုးတွေရွာလာတယ်

ကောင်မလေးရေ. . .

တို့မြို့က

စံပယ်တွေပွင့်ရဲ့မဟုတ်လား ။

ပြောလိုက်ပါ

စံပယ်ရေ

ကြယ်တွေကြွေအောင်မပြုစားပါနဲ့လို့။

ငါကတော့

ခေါင်းကပတ်တီးဖြေရင်း

လွမ်းလွမ်းဆွတ်ဆွတ်သတိရနေပါတယ်။    ။


                               ဝင်းမြင့်



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ