Wednesday 2 March 2016

အသဲကွဲချဉ်ပေါင် အပိုင်း (၁)





အသည်းကွဲ ချဉ်ပေါင် (အပိုင်း - ၁)

အိုဘယ့် ချဉ်ပေါင် 

ရိုးတံထောင်

အဖော်ဆောင် ငါးပိနဲ့ပေါင်းလို့

အနံ့လေး သင်းကာစွဲတယ်

ခွဲပေါ့ အမုန်း..........

မျက်နှာပေါ် ကျရောက်လာသော နေအလင်းရောင်ပျော့ပျော့ကြောင့် 

ကျွန်တော် လန့်နိုးသွားခဲ့သည်။ နာရီကိုကြည့်မိတော့ မနက် ၈နာရီ

အတိ။ ခါတိုင်း တနင်းင်္ဂနွေ အလုပ်ပိတ်ရက်ဆို နေ့လည် ၁၁နာရီ 

၁၂နာရီလောက်ထိ အိပ်သည့် ကျွန်တော်....ဒီနေ့တော့ စောစော

ထကာ ပျော်ရွှင်လန်းဆန်းနေသည်။ ပျော်ရွှင်ရခြင်းကလည်း 

အကြောင်းအရင်း ရှိပေသည်လေ။ ဒီနေ့ ကျွန်တော့်ချစ်သူ 

အသစ်စက်စက်လေးနဲ့ စတင်လည်ပတ်ချိန်းတွေ့သည့်ရက် 

ဟေဟေးးးးးးးးးးးး ..။

ချစ်သူဝိုင်းစိန်လေးနဲ့ ဒီနေ့ မနက်ခင်း ၁၀နာရီ ကန်တော်ကြီးတွင် 

ဆုံရန် ချိန်းထားသည်။ ကျွန်တော့်အတွက် ၂နာရီ အချိန်ရသေးသည်။ 

ရေကို စိမ်ပြေနပြေချိုးကာ ဆပ်ပြာ ၅ခါတိတိ တိုက်ပစ်လိုက်သည်။ 

ချစ်သူက အသန့်အပြန့်အလွန်ကြိုက်သော မိန်းကလေးလေ။ 

မေးတဆတ်ဆတ်တုန်နေကာမှ ကြေနပ်အားရကာ ရေချိုးခန်းထဲမှ 

ထွက်လာလိုက်သည်။ မှန်ရှေ့ရောက်သော် ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်

ကာ "တော်တော် ချောတဲ့ ငါပဲ ငှင်းငှင်း"......... ရေရွတ်ရင်း 

မျက်နှာလိမ်းခရင်မ်လိမ်း ဆံပင်ကို ခေါင်းလိမ်းဆီ သုတ်ကာ 

အကျအန ခေါင်းဖြီးလိုက်သည်။ ပြီးတော့ မေမေ့ဆီက ဘုန်းထားသည့် 

ပိုက်ဆံဖြင့်ဝယ်ထားသည့် ရေမွှေးလေးအား တကိုယ်လုံးဆွတ်ဖြန်း

လိုက်သည်။ အဟဲ... လစာက အကြွေးဆပ်တာနှင့် ကုန်နေကြဆို

တော့က မွေးမေဆီမှာပဲ လက်ဖြန့်ရတာပေါ့ဗျာ.. မေမေ့ဆီ တောင်းရ

ဖန်များ အားနာလာတော့ မသိအောင် ဘုန်းရပြီလေ....

 "အဟွတ်... မွှန်လိုက်တာ"..... 

ခေါင်းအစ ခြေအဆုံး ၀တ်စားဆင်ယင်ပြီးတော့ ကြေနပ်စွာ 

နာရီကို ကြည့်ကာ အိမ်အောက်ထပ်ကို ဆင်းလာလိုက်သည်။ 

၉နာရီ ၁၅မိနစ် ရှိလေပြီ။

"ဟော သား ဂျွတ်တား..... အမယ်....... ငါ့သား စောစောစီးစီး 

ရှိုးအပြည့်ထုတ်လို့ပါလား. ... အပြင်သွားမယ်ဆိုလည်း ဒီမယ် 

မနက်စာစားသွားဟေ့... ငါ့သားကြိုက်တဲ့ ချဉ်ပေါင်ငပိစပ်ချဉ်ချက်နဲ့ 

အမဲသားကြော် မေမေ ချက်ထားတယ်"

..... မေမေ မီးဖိုခန်းထဲမှထွက်လာရင်း ကျွန်တော့်ကို မြင်ကာ 

ပြောလိုက်သည်။ ကျွန်တော်လည်း ခေါင်းကုတ်ခါ.... 

"ဟီး စားတော့ဘူး မေမေ... သားဘော်ဒါတွေနဲ့ဘဲ 

လက်ဖက်ရည်ဆိုင်မှာ ကြိတ်လိုက်တော့မယ်"

"အမယ်လေး အိမ်ကဘဲ စားသွားစမ်းပါ သားရယ် ... ပိုက်ဆံ

အပိုကုန်တယ် မင်းနဲ့က အစားကြီးပါဘိသနဲ့ ဘယ်တုန်းက 

တပွဲလောက်နဲ့ ၀ တတ်လို့တုန်း.. သွား နေ့လည်စားချိန်လည်း 

ကပ်နေတာကို .... ထမင်းဘဲ စားသွား မေမေ ခူးခပ်ထားတယ်...... 

စည်းကမ်းရှိရှိ ရှေ့လူနောက်လူ ကြည့်စားသွား"

ကျွန်တော်လည်း ဗိုက်ကဆာ မေမေ့စကားလည်း မလွန်ဆန်နိုင်လို့ 

မီးဖိုချောင်ထဲဝင်ကာ လက်မြန်မြန်ဆေးပြီး ချဉ်ပေါင်ချက်ကို 

ထမင်းနဲ့ ပယ်ပယ်နယ်နယ် နယ်ကာ အမဲကြော်ဆွဲဖဲ့ပြီး အားပါးတရ 

စားလိုက်သည်။ ချဉ်ပေါင်ငပိစပ်ချဉ်ချက်က ကျွန်တော် အကြိုက်ဆုံး 

ဟင်းလျာတစ်မျိုးပေကိုး..။

နာရီကို ငုံ့ကြည့်လိုက်တော့ ၉နာရီ ၃၅မိနစ် ...... ကျွန်တော် 

ထမင်းစားခြင်းကို လက်စသတ်ကာ လက်အမြန်ဆေးကာ အိမ်ထဲမှ 

အပြေးအလွှားထွက်လာခဲ့သည်။

လိုင်းကားစောင့်စီးနေလျှင် နောက်ကျပေတော့မည်။ 

တွေ့ရာ Taxiကို တားကာ ဈေးမဆစ်ဘဲ တက်လိုက်လာခဲ့သည်။

ရောက်ပါပြီ ကန်တော်ကြီး. .. ကျွန်တော် ရင်တွေ တဒိန်းဒိန်းခုန်ကာ 

မျှော်စင်ကျွန်းဘက်လျှောက်လာခဲ့သည်။

ဆက်လက်ဖော်ပြပါမည် ..

ဆွိအိမ် (BeeTalk)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ