Thursday 22 December 2016

ခံစားချက်

>>>>> ခံစားချက် <<<<<

သူဖုန်းမကိုင်ရင်

ထိုင်ရမလို ထရမလို

မိုးတိုး မတ်တတ် ဖြစ်နေတတ်ပြီ………

သူချစ်တယ်ပြောရင်

ကမ္ဘာကြီး တန့်သွားသလို

အသက်ရှုတွေလည်း ရပ်သွားတတ်ပြီ……

သူ့အကြောင်း တွေးရင်

အငွေ့အသက်လေးတွေ ခံစားရသလို

အသက်ဝင်အောင်လည်း ဖန်တီးတတ်ပြီ………

သူစိတ်ဆိုးရင်

စိတ်နဲ့လူနဲ့ မကပ်သလို

ရူးမတတ်လည်း ဖြစ်နေတတ်ပြီ………

သူ့မှ မရ ရင်

ဒီဘဝကိုလည်း မပိုင်ချင်တော့သလို

မျှော်လင့်ချက်မဲ့ ချစ်တတ်ခဲ့ပြီ………

Credit : ••• နေ ရောင် ခြည် •••

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Wednesday 21 December 2016

*နှလုံးသားကျောက်ရုပ်* နင့်ရင်ထဲမှာ ငါရှိသလို ငါရင်ထဲမှာလဲ နင်ရှိတယ် ကြင်နာတွေရင်မှာ ရှိသော်လည်း နာကျင်စရာ ဝေဒနာတွေ မပေးရက်သူမို့ နင်ထားရာနေ နင်စေရာသွား ငါ့နှလုံးသားက နင်ကစားစရာပဲလေ... မဖြစ်နိုင်လို့ လမ်းခွဲတာပဲ မချစ်လို့မှ မဟုတ်တာ အပြစ်မတင်ပါဘူး ချစ်သူ ရင်ခွင်သစ်မှာ နင်ပျော်ရင် ကျေနပ်နေသူက ငါဆိုတာ အသေချာမို့ ဝေဒနာတွေကို ငါ့အတွက် ထားခဲ့ နင်သွားမဲ့လမ်း သာယာပါစေ... သေရာပါ ဝေဒနာတွေနဲ့ နင်ကွယ်ရာမှာ ခံစားရလဲ ငါ့နှလုံးသားကို နောက်ဆုတ် ကျောက်ရုပ်လို နေပြမယ် နောက်ဆို မငိုတော့ဘူး ချစ်သူ... ညီလေး ဟိန်းကိုကို (မြင်းခြံ) အတွက် ရေးသားပေးလိုက်ပါတယ် တစ်ကောင်ဘွား(ဓာတ်တော်)
https://my.pcloud.com/publink/show?code=XZtVUSZIya4qMijPK0plNKElS3xT7NC1oyV ကျနော်ရဲ့ ကဗျာစာအုပ်လေးပါ အားပေးပါဦး

Sunday 18 December 2016

ဆောင်းမျက်ရည်

ဆောင်းသက်ခြွေတဲ့ဆောင်းရဲ့အအေးဒဏ်ရယ်..
လွမ်းရလေတဲ့...ချစ်ရသူစကားရယ်
အိပ်ပျက်လို့...လွမ်းဆွေးတမ်းတမိရယ်ကာမှ
မျက်ရည်ကကြွေကျ...ဒီမလှတဲ့ငိုမျက်ရည်
အေးမြတဲ့ဆောင်းမို့ထင်ရက်
မျက်ရည်ရယ်...ပူလိုက်တာ
ငိုရှိုက်ကာ...လွမ်းရုံကလွဲလို့
တမ်းတကာပဲ..လွမ်းလျှက်သာပဲ
💋မောင့်ချစ်သူ

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ငါ့နေရာသာနင်ဆိုရူးသွားနိုင်တယ်နော်

*ငါ့နေရာမှာသာနင်ဆိုရင်ရူးသွားနိုင်တယ်နော်*

 ================== 

online လေးပေါ်မှာ ဆုံတွေ့ခဲ့ရတဲ့ 

ငါတို့ 2ယောက်ရဲ့ ရေစက့့် 

အပြင်မှာမမြင်ဖူးမတွေ့ဖူးပေမဲ့  

ဘယ်ဘဝက ရေစက် အကြောင်းဖန်ခဲ့ တယ် မသိ

 မြတ်နိုးစွာ စွဲလမ်းသွားမိတယ် 

မင်း ဘက်က ပုံစံပြောင်း ငါ့ကို 

တမင်ရှောင်ပုန်းနေမှန်းသိရဲ့နဲ့

 online လေးပေါ် ရှာရှာနေမိတယ့့်  

ကြားလိုက်ရတဲ့ သိတင်းဆိုးရယ်ကွယ် 

မင်းက ရင်ခွင်သစ်နဲ့ ပျော်ရွှင်နေပြီတဲ့လေ့  

သေချာပါတယ် မချစ်ဖူးသေးတဲ့ အချစ်ရူးလေး

 ငါ့နေရာမှာ နင်သာ ဆိုရင် 

ရူးသွားနိုင်တယ် နော့့် 

 (khuu lay)yangon 

ကိုယ်တိုင်ရေးသားသည်

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

တစ်နှစ်ပြည့်အလွမ်း

*တစ်နှစ်ပြည့် အလွမ်း* နေ့ရက် အချိန်တွေ ဘယ်လိုပြောင်းသွားပေမဲ့ မဟောင်းတဲ့ ငါ့အချစ် တစ်နှစ်ပြည့်ခဲ့သော်လဲ တစ်နေ့မှ မေ့မရတဲ့ ငါ ထာဝရထက် တစ်ရက်ပို လွမ်းလို့ ငိုခဲ့ရပြန်ပြီ... ချန်ခဲ့သူ နင်က လွမ်းမပြပေမဲ့ ကျန်ခဲ့သူ ရင်က ဝေဒနာ နာကျင်စွာ ခံစားရင်း ငါ အဆင်မပြေလဲ နင်ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလျှက်နဲ့ သြော် ငါကို ထားခဲ့တာ တစ်နှစ်ပြည့်ပြီကွယ် ချစ်သူရယ်... ********************** ကိုဖြိုးလေး(မုံရွာသား) အတွက် လက်ဆောင်ကဗျာလေးတစ်ပုဒ်နဲ့ ချစ်တဲ့သူနဲ့ အလွမ်းတွေ ပြေ အနမ်းဝေနိုင်ပါစေလို့ ဆုတောင်းပေးရင်း ကဗျာချစ်သူအားလုံးကို လေးစားခင်မင်လျှက် တစ်ကောင်ဘွား(ဓာတ်တော်) *အလွမ်း ရှိုက်သံ* ဂစ်တာကို တီးခက်တိုင်း ဆွေးမြေ့တဲ့ စာသားတွေက နှလုံးသားကို နာကျင်စေတာလား ကြင်နာဖူးတဲ့ အတိက်က အဆိပ်ဖြစ်စေတာလား သေချာမသိပေမဲ့ ဝေဒနာတွေ ရင်ထဲရှိတယ်... မရေရာတဲ့ အနာဂတ်မှာ အလွမ်းဝေဒနာတွေနဲ့ ကွယ်ရာမှာပဲ ငိုရှိုက်သံတွေ နင်မကြားပါစေနဲ့ ငါနှလုံးသားလေးကို အကျဉ်းချ အလွမ်းဘဝမို့ လွမ်းရဦးမှာလား လွမ်းနေရတဲ့ ချစ်သူရယ်... တစ်ကောင်ဘွား(ဓာတ်တော်) ကိုလွမ်းဝေ အတွက် အမှတ်တရ ကဗျာရေးပေးခြင်းပါ

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ရုပ်သေးရုပ်မဟုတ်တဲ့ငါ

*ရုပ်သေးမဟုတ်တဲ့ ငါ*
အလွမ်းနဲ့ လမ်းခွဲ ဝမ်းနည်းပြီး ငါမငိုဘူး အဖေကကျွေး အမေက မွေးပြီး ကြီးပြင်းခဲ့ရတဲ့ ငါ နင် ထားခဲ့လဲ ငါမတားဘူး သွားပါ နင်ပျော်မယ်ထင်ရင်ပေါ့... ရင်ခွင်သစ်ကို ငြီးငွေ့ နင် မပျော်နိုင်မှ ငါကို သစ္စာဆိုတဲ့ စကားလုံးနဲ့တော့ လာမချူပ်နဲ့ ငါ အရင်လို အရုပ်မဟုတ်တော့ဘူး....။ ဒီကဗျာလေးကတော့ ကျနော်လို့ ချစ်ရသူတွေ လှည့်စားခံရသူတွေအတွက် ရေးသားခြင်းပါ တစ်ကောင်ဘွား(ဓာတ်တော်)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Thursday 1 December 2016

" ငါနင့်ကိုလွမ်းခြင်း " 

" ငါနင့်ကိုလွမ်းခြင်း " 

"လမ်း"တစ်ခုကို လှမ်းဖို့အတွက်ဆို "ဖိနပ်"လိုတယ် …။ 

"နေ့သစ်"တစ်ခုကို အစပြုဖို့အတွက်ဆို "မနက်ခင်း"လိုတယ် …။ 

လူတစ်ချို့က "သီချင်း"သံကြားရင်လွမ်းတယ် 

"ပန်း"တွေအနားဖြတ်သွားရင်လွမ်းတယ် 

"ငှက်ကလေး"တွေအတောင်ပံခတ်ရင်လွမ်းတယ် 

"အိပ်မက်"မက်ပြီးလည်းလွမ်းကြတယ် 

"ဖုန်း"ဆက်ပြီးလည်းလွမ်းကြတယ် 

"အမှတ်တရ"တစ်ခုမဟုတ်တစ်ခုနဲ့ကိုလွမ်းကြတယ် …။ 

ချစ်သူ … နင့်ကိုသတိရစေဖို့ ဘယ်လို

"ကြားခံနယ်" ဘာ"သတ်မှတ်ချက်"အကူအညီမဆို

 ငါမယူပါဘူး …။ 

ငါအသက်တစ်ချက် ရိုက်သွင်းလိုက်တိုင်း

 နင့်ကိုအလိုလိုပိုပြီး "လွမ်းနေတတ်လွန်း"လို့ …။ 

ဒေါင်းဖဏ်သာ 

ကိုယ်တိုင်ရေးကဗျာဖြစ်ကြောင်းဝန်ခံအပ်ပါသည်။

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

"မ" တစ်ယောက်သာ အတည်ချစ်ပါမယ်

"မ" တစ်ယောက်သာ အတည်ချစ်ပါမယ် 

တိုးတိုးလေးသာ ညည်းနေမိတယ် 

မ အသံလေးကြားလိုက်ရတာ 

ကျု ပ်ရင်ထဲမှာ ပျားရည်မြစ်တစ်စင်း 

ဘွားကနဲပေါ်လာသလိုပဲ 

နှလုံးသားကို ဆုပ်ကိုင် ပြန်ချစ်ပါတော့ လို့ 

အတင်းဇွတ်အဖြေတောင်းနေလဲ 

မ ရဲ့ဥပေက္ခာတွေကြောင့် 

ကျု ပ်အနာဂတ် ခရီးလမ်းတွေဟာလေ 

ပန်းတိုင်မဲ့သွားခဲ့ပြီ 

သို့ပေမယ့်လည်းးးး ဖွဖွလေးတိုးညည်းနေမိတာ 

သိပ်ချစ်တယ် မရယ်လို့ 

ဒီညည်သံလေးကို "မ" တစ်ယောက် 

ဘယ်တော့များမှကြားမှာတဲ့လဲ 

ဒါပေမယ့်……… လက်မောင်းသွေးဖောက်လို့ 

ဘုရားမှာ သစ္စာဆိုလိုက်မယ် 

ဒီဘဝ ဒီမျှတော့ "မ" တစ်ယောက်သာ 

အတည်ချစ်ပါမယ် လို့… 

ခရေချစ်သူ boy 

ကိုယ်တိုင်ရေးကဗျာ ။။။

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

အလင်းရှာငှက်များ

အလင်းရှာငှက်များ

မှောင်နဲ့မည်းမည်း အဲဒီငှက်တွေအလင်းရှာကြပေါ့

ဘဝရဲ့ခရီးဆုံးတစ်ခုကို မရောက်ဘဲ

လောကဓံက မရဲဘဲနဲ့ ကျွဲပြဲစီးပါ့မလား

အနူးညံ့ဆုံး မြင်ကွင်းတစ်ခုက

စိတ်ကိုလောင်မြိုက်ဖို့ဖြစ်စေ

ဟန်ဆောင်အပြစ်ကင်းစင်မှုဟာ တစ်ခဏ

ဘွားဘွားကြီးပေါ်လာတဲ့ ဂုံးရုပ်တစ်ရုပ်

သူ့ကိုယ်သူ ရွာချမှုက ကြယ်တစ်စင်းလို မဝင်းပနိုင်သေး

ဘယ်သူတွေ တရားရပြီလဲ

တစ်နေ့ထက်တစ်နေ့ ပိုမိုရှုပ်ထွေးလာတဲ့ ဈေးဆန်ဆန်မြို့ပြ

အချိန်တွေရဲ့ လက်ကွက်စိပ်စိပ်ထဲ

တီးခတ်မှုတွေသာ ပိုမိုပြင်းထန်လာတယ်

ဘဝကို ကြပ်ပူတိုက်ရင်း ရောင်ရောင်လာတဲ့ သောကတွေက

ကြပ်ထုပ်မထိုးသာတဲ့ မျက်နှာပြင်တချို့

ဟန်ချက်မညီ

နာမကျန်းဖြစ်မှုတွေနဲ့ မိုးတွေယိုတုန်း

ဟိုတုန်းကပေါ့….. ဟိုတုန်း လူမှုသူမှုကိစ္စတွေနဲ့

ငါတို့အားလုံးလည်း

အပ်တစ်ပေါက်ကို အပ်ချည်မျှင်ထိုးသည့်နေကြတုန်းပါပဲ။

(ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း ၂၀၀၆ ခုနှစ်၊ သြဂုတ်လ)

နေရိုင်း

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Sunday 27 November 2016

ကဗျာဂျာနယ်​ အတွဲ ၁ အမှတ်​၁၀၀

ရင်​ဖွင့်​စကား ချစ်​သူကြား​စေကဏ္ဍ၏က​ဗျာဂျာနယ်​အစီအစဉ်​ အတွဲ ၁ က​တော့ ဒီတစ်​ပတ်​မှာ ပြီးဆုံး ခဲ့ပါပြီ ။ ဒီအစီအစဉ်​​လေးကို ပါဝင်​​ရေးသားခဲ့ကြတဲ့ beetalk က​ဗျာသီးသန့်​​ရေးရန်​groupမှ Memberများ ၊အနယ်​နယ်​အရပ်​ရပ်​မှ က​ဗျာ​တွေ​ပေးပို့ကြတဲ့ က​ဗျာချစ်​သူများအားလုံးကို အထူး​ကျေးဇူးတင်​ပါတယ်​။ ​နောက်​လာမဲ့ က​ဗျာဂျာနယ်​ အတွဲ ၂ မှာ ပိုမို​ကောင်းမွန်​​အောင်​ တင်​ဆက်​​ပေးသွားမှာဖြစ်​ပြီး ​က​ဗျာဂျာနယ်​မှာ ​ရွေးချယ်​ခံရ​သော က​ဗျာပိုင်​ရှင်​များကို မိမိတို့က​ဗျာပါဝင်​တဲ့ အတွဲကို Mobile Application ပြုလုပ်​၍ ပြန်​လည်​​ပေးအပ်​​ပေးသွားမှာပဲဖြစ်​ပါတယ်​ခင်​​ဗျာ
👌👌👌👌👌👌👌👌👌👌👌👌👌👌👌👌
ု့ချစ်ခြင်း၏အညာခံ

ရက်စက်ပါ​လေငြိမ်သက်စွာပဲ
ငါ​သေမှ
နင်​ကျေနပ်ရင်
ခန္ဓာကိုရပ်

ငါ​သေ​ပေးပါ့မယ်
လိမ်ညာပါ​လေ
ငါမ​ချေတဲ့
ခွန်းတုံ့စကားအတွက်
လိမ်ညာရက်တဲ့
နင့်အတက်ကို
ပို၍ရင့်ကျက်​အောင်
အညာခံ​နေရုံ​ပေါ့
ငါဟာလူ အ
တ​ယောက်ပါချစ်သူ
တူမျှစွာ
အချစ်တခုစ​တေးရင်
အချစ်ပဲ
ပြန်​ပေးမယ်အ​တွေး
က​လေးတ​ယောက်လို
ရိုးရိုး​လေးပဲ
တွေးခဲ့သူပါ
ညာခဲ့လို့လည်း
အပစ်မဖွဲ့ 
မချစ်ခဲ့လို့
အပစ်ဖွဲ့ 
နင်​မေ့ခဲ့လည်း
မမြင်သ၍အ​ဝေး
လိမ်ညာတက်တဲ့
နင့်အတိတ်ကို
ငါဖုံးထား​ပေးပါ့မယ့့် ။

       သူရဇ္ဇ
💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞

လွမ်း
လွမ်းရွေ့မပြေ
ချစ်သူမျက်ဝန်
လမင်းပမာ
မင်းမျက်နှာဝယ်
အပြုံးပန်းဝေဖြာ
နေ့စဉ်ရက်ဆက်မြင်
ချင်ပါတယ်မေချစ်သူရယ်
သက်ဆုံးထိတိုင်
မေရင်ခွင်မှာ
နွေးထွေးမှုပေး
အနမ်းပန်ဝေပြီ
ပျော်ရွှင်စေချင်သူ
မေချစ်သူရယ်
အပူပင်ကင်မဲ့
လမင်းပမာ
မောင်မျက်နှာကို
ဒီတစ်သက်
ဒီတစ်ခါ မေတစ်ယောက်တည်တာ
ပိုင်ဆိုင်ပါရစေမေချစ်သူရယ်

          မြတ်နိုး
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

❆ သူရှိလာလို့ပါ ❆

တစ်​ကိုယ်​တည်းဘဲ
အထီးကျန်​​နေဆဲ
တမှိုင်မှိုင်တေ​​​ထွ​ထွေနဲ့
ခရီးဆက်လာစဉ်ဲ
လေအ​ဝှေ့မှာ
မျှော်​လွင့်​လာတဲ့သစ်​ရွက်​​ခြောက်
အ​ပြေးက​လေးဖမ်းဆုပ်​မိတယ်

ငယ်​စဉ်​အခါ
သစ်​ရွက်​​ခြောက်​များစွာ
စာအုပ်​ကြားထဲညှပ်​ခဲ့ဖူးတာ
အမှတ်​ရမိတယ်
အခု​တော့
တစ်​ရွက်​တည်း​သော
သစ်​ရွက်​​ခြောက်​​လေးကိုကိုင်​လို့

ငါတစ်​ကိုယ်​တည်းလား???
အထီးကျန်​​နေ​သေးလား
တိုးတိုး​လေး​ရေရွတ်​မိ​တော့
နှလုံးသား ​လေးကအ​ကြောင်းပြန်​တယ်
မဟုတ်​​တော့ဘူး
သစ်​ရွက်​​လေးရှိသွားပြီတဲ့

သစ်​ရွက်​​လေးနဲ့အတူ
ရင်​ထဲကရင်​ဝှက်​​တေး​တွေ​ဖော်​ကျူးလို့
ကဗျာ​လေးအဖြစ်​ရှင်​သန်​​စေခဲ့မိပြီ

တချိန်​ကကုမုဒြာကြာပန်း
လသာမှလန်းတယ်​တဲ့
သံ​ယောဇဉ်​ဆိုတဲ့စကားမ​ပြောတာကြာတဲ့
ရင်​ထဲကနှလုးံသားကြာပန်း​လေးက
မေတ္တာအလင်း​ရောင်​ပက်​ဖြန်းလို့
လန်း​စေခဲ့ပြီ.....။

              စုန်း
💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛

သင်္ခါရရပ်ဝန်းထဲ
သမုဒယနဲ့ချည်နှောင်
ဘောင်တစ်ခုနဲ့စည်းခတ်
ကျပ်တည်းတဲ့ဖြူစင်မှု့တွေကြား
မိုးခါးရေတွေကအလျံပယ်
တရံတဆစ်တောင်မှ ရိုးဂုဏ်ကိုမဖော်နိုင်တော့
ကိုယ်ကျင့်တရားကိုမုသားဝါဒီထဲရောင်းစားလိုက်တာ
မှန်ကန်မှု့သစ်ရွက်တွေ
ဆွေးမြေ့ကာ
ရိုးတံတောင်မိုးခါးရေထဲ
မျောပါသွားခဲ့ပြီလေ  ။

တချိန်က ကုမုဒြာ
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
ဟရို့လေးရယ်တဲ့
လှတော့သား
စကားကြွယ်ပုံဆန်း
ကိုရွှေပခန်းသာနဲ့ပြိုင်
ပွဲတော်မြိုင်မြိုင်
သဗ္ဗေညုဘုရားနဲ့ပြိုင်
တို့ရွာတန်ဆောင်တိုင်
ရွှေစည်းခုံပွဲမှာ
လူတွေမစဲ
ခွေးဝဲစားတင်က၅၀၀
ဟရို့လေးပခန်းသား
အဆန်းများထင်ရ
ယှဉ်မှယှဉ်ရက်ပလေ့
တို့ဓလေ့
ရွာဘုရားပွဲသည်ကား
လူပင်မဆိုထားနှင့်
ခွေးလင်မယားသည်က
အကောင်တထောင်
ယောင်ပေါင်ကာ
နိုင်သည်မထင်ပါနဲ့
နောက်ဆုံးအချီချ
ရီရမယ့်ဖြစ်အင်
မင်းယှဉ်တာရီတာပ
လာကြတဲ့ခွေးဝဲစားသည်မှာ
ဂုတ်ကြားတမျိုးထဲဟုသတည်း     ။

ညှို့​စေခ

💓💓💓💓💓💓💓💓💓💓💓💓💓💓💓💓

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Thursday 24 November 2016

တကယ်တော့

တကယ်တော့ 

ဒီနေ့ဆိုတာ မနက်ဖြန် ရဲ့ အတိတ်တခုပါပဲ

ကျမတို့ မနက်ဖြန် ရဲ့အတိတ်ထဲမှာ

အများကြီးပျော်ဝင်ခဲ့ဖူးပါတယ် 

ကျမတို့မနက်ဖြန် ရဲ့အတိတ်ထဲမှာ 

နွေးထွေးဖူးပါတယ်

ကျမတို့မနက်ဖြန် ရဲ့ အတိတ်ထဲမှာ

သံယောဇဉ်တွေ ရှိခဲ့တယ် 

ထို့အတူမနက်ဖြန် ရဲ့အတိတ်ထဲမှာ

ကျမတို့စိတ် ရင်း မှန် နဲ့

ပျော်ရွှင် ခဲ့ဖူးတယ် ...

Credit - . . .MS. . .(မောင်ဖတ်ဖို့)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ရေသင်ဖြူးခင်းတော်သလင်း

       "ရေသင်ဖြူးခင်း တော်သလင်း"

ရဟတ်မှ ဧယင်လေ။  ။
ဟဿဒကြယ်၊နေနှင့်ဆွယ်လို့၊
မိုးလယ်ပြီပြီ၊တိမ်ကတ္တီလည်း၊
နီနီခြင်းခြင်း၊ကန်လဂ်တွင်းမှာ၊
လေပြင်းဆင်ပါလို့လေး။  ။

မသာစနိုး၊စိတ်လက်ကယ်ညှိုးအောင်
မိုးတလှည့်နှင့်၊အိုဘယ့်ရာသီ၊
လည်ပြောက်လည်လှုပ်၊ပဲတောင်ပြုတ်နှင့်၊
ဘုတ် ဇီဝဇိုး၊တောင်တရိုးက၊
ချစ်ကြိုးမပျက်၊လည်ချင်းယှက်လို့၊
ဝတ်ရက်ကယ် ချီသည်၊ဝေသီသီ ပင်မြင့်နန်းက၊
ပန်းယင်းမာမွှေး။     ။

ကလေးမှ မွေ့သိမ်၊ခေါက်ချီခေါက်ချိုး၊
သိန်ဂုန္တန်ထိုးသည့်နှယ်၊တန်ခိုးကြီးမား၊
နဂါးတိမ်နှင့်၊လွမ်းအိမ်ဖွဲ့ကာ၊
သစ္စာရည်တူ၊ရှိတဲ့သူကို၊
အပူမီးနေ၊ရောက်လေစေဟု၊
ဝေယန်ဝင်းရှိန်၊နတ်နန်းအိမ်က၊
ကြိမ်ကြိမ်ငယ် ရွာသည်၊
ရာဇဂြိုဟ်ပြည်ကို မှီ၍၊တင်းကြယ် နီထွန်း။  ။

ရေသင်ဖြူးခင်း၊တော်သလင်းကို၊
မြစ်တွင်းပြည့်နှက်၊ဂဠုန်ငှက်ကဲ့သို့၊
ရွှေတက်ကယ် မြှောက်ချီ၊ရွှေရေသီနှင့်၊
ညီညာစုံလင်၊လှေပွဲတော်ဆင်ကြတယ်၊
မြစ်ပြင်မှာ ရေသာကြောင်းက၊
စည်မောင်းရွမ်း။      ။

                    မယ်ခွေ

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ကြာတော့သည်လည်းမောင့်စကား

     "ကြာတော့သည်လည်း မောင့်စကား"

ဝမ်းနည်းမပြေ ၊ 

မွေ့ရာရွှေထက် ၊ ကြာခွေသော့တူ ၊

မယ်လွမ်းမူကို ၊ ကြင်သူသက်ဝေ ၊

မသိလေတည့် ၊ ဖျော်ဖြေလျက်ပင် ၊

မရွှင်လဆုန်း ၊အုန်းထက်လျှံပြည့် ၊

နေရာလှည့်ရှင့် ၊ မယ်သည့်မသိ ၊

ကျေးတိတိကို ၊ မသိချိန်ခါ ၊

သူကတာ၍့ ။ ။

ရွာတော့သည်လည်း မိုဃ်းသိကြား ။

လျှမ်းပြည်တထွေ ၊ 

တောင်ကလေနှင့် ၊ မြောက်လေရစ်ထွေး ၊

ပြန်ကဝေးတည့် ၊ မြှေးမြှေးပျပျ ၊

နွေလမမည် ၊ ချမ်းသည်မစဲ ၊

ရာသီခွဲဝယ် ၊ ၀မ်းကွဲတဆွတ် ၊

ဖြစ်စေတတ်ကား ၊ မိုဃ်းနတ်များရှင် ၊

ဘန်စီရင်၍့ ၊ မရွှင်တမ်းစက် ၊

အုံ့ပြက်မနည်း ၊ အလွမ်းသည်းအောင် ၊

ဆည်းဘိသည်လော ၊ မရောလင်းဝါ ၊

လျှပ်စစ်လာ၍့ ။ ။

ဖြာတော့သည်လည်း တိမ်ညွန့်ဖျား ။

ကမ်းလည်းအနေ ၊

မြစ်ရေမကျ ၊ ကမ်းကြမနိမ့် ၊

ကြည်၏့ငြိမ့်လျက် ၊ တိမ့်အလုံးတုန် ၊

လွှမ်းအုန်ကောင်းကင် ၊ နေကိုလျှင်တည့် ၊

မမြင်တပ်တပ် ၊ ပိတ်ပိတ်ထပ်သော် ၊

လှပ်လှပ်နွှဲရှာ ၊ မဉ္ဇူကြာသို့ ၊

ဗျာပါထပ်ပွား ၊ လွမ်းခြင်းများကို ၊

ထားရစေတော့ ၊ လျှော့ကြီးလျှော့မှ ၊

ရွှေလှော့အသွင် ၊ ရာထင်ဆယ်ပြန် ၊

မယုတ်လွန်သို့ ၊ စေကျွန်မလာ ၊

နှုတ်ဆက်မှာ၍့ ။ ။

ကြာတော့သည်လည်း မောင့်စကား ။

                    ရဝေရှင်ထွေး

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

တဖက်သတ်

         "တဖက်သတ်"

ဘယ်တော့မှ ကြားမလပ်ပြီဘု၊

ချားရဟတ်စကြာ၊

ဆောင့်တချက် အောင့်တခါ၊

မခြာကဲ့ ပတ်လုံး။

သူ့စိတ်နှင့်သူ့ကိုယ်၊

အလိုလို ဆိုးချင်တဲ့ဖုန်း။

တဖက်သတ် သူ့အယူ၊

နန်းမူနှင့် မမှုန်း။

ဆိုပြန်လျှင် ငိုမျက်လုံးနှင့်

အငယ်ဆုံး မမှီ။

တစ်နာရီ ကြည်တစ်ချက်၊

ညိုဖက်က ဆယ့်နှစ်ရာသီ။

စကားမှ ပြီ့တပြီလို၊

ယာယီတော်ထွေပြားလို့၊

ဖက်သား နိုင်မယ်ပိုင်မယ်၊

တင်းသူကကျယ်။

သည်ကလောက် နိုင်တဲ့မယ်မှာ၊

ဘယ့်နှယ်နှယ် ရှိလေသည့်လေး။    ။

                  စလေဦးပုည

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Sunday 20 November 2016

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၉၉

***ဘဝ ကချေသည် များ***

မြေနီတွေအလိပ်လိုက်တက်နေတယ်
ယိုင်နဲ့အိမ်တွေမှာ အစုတ် စုတ်အပဲ့ပဲ့
စရိုက်တွေကလည်းမျိုးစုံ..

ဆူညံမှု့တွေကြားထဲက အတိုးပေးစားသူ
မာန်တွေ တင်ထားတဲ့မျက်ဝန်းတချို့
အရစ်လိုက်တက်နေတဲ့ ဖန်ခွက်များ..

အို...မိမွေးတိုင်း ဖမွေးတိုင်း ကလေးငယ်
ပျော်ရွှင်နေကြပါလား..

တောက်..ခတ်သံတချို့ တဲစုတ်စုတ်ပေါ်က
ကြားနေရတယ်..

ညည်းငြူနေတဲ့မီးဖိုချောင်က အမျိုးသမီး
ချွေးနံ့ ဘဝအစုံရနံ့တွေနဲ့ရောပြွမ်း...

ကာလာအစုံရှိပေမယ့် မာန်တချို့ကိုလည်း
တွေ့ခဲ့ရတယ်လေ...

ဖြူစင်တဲ့အပြုံးတွေ မျှော်လင့်မျက်ဝန်းတချို့
အနားမညီမျှမှု့ထဲက အသိုက်မြုံ
သူတို့လိုအင်တွေကတော့သိပ်မများလှ..

ကွာခြားလိုက်တာနော်..
ပြည့်စုံဂုဏ်ဒြပ်တွေတသီကြီးနဲ့
ဗိုက်ရွှဲရွှဲလူတန်းစားတွေ..

လိုအင်ဆန္ဒ ရမ္မက်ကြွပုံကလည်း
ကမ္ဘာ့အချမ်းသာစာရင်းဝင်ခဲ့တာတောင်
လောဘပိုးကအတောမသတ်နိုင်သေး...

တိမ်တွေစီးသွားဖို့တော့ မလိုအပ်လောက်ဘူး
ကျင်းနက်နက်တစ်ခုကစောင့်ကြိုရင်း
အဆီနှစ်တွေရဲ့ပြစ်ဒဏ်က အဝိစိ
စောင့်ကြိုနေပါတယ်...

စောင့်မျော်နေကြတယ်..
မျက်ဝန်းမှိုင်းမှိုင်းတဲအိမ်ရှင်..
သူတို့လိုအင်ဆန္ဒ
တခုထဲပါ...
အခြေတကျနေထိုင်မှု့
မြေကွက်ငယ်တစ်ခု...
လုံခြုံစိတ်ချမှု့..တဲ့လေ

/သစ်ရွက်

==================================
*           အချစ်         *

ဖွင့်ပြောဖို့ရွယ် သက်လျာရယ်
ရင်းနှီးသူမို့
အခွင့်ရေးယူသလိုဖြစ်မှာစိုး
မင်းလေးဟာ
     ကျိတ်ကာခိုးချစ်ရသူ ပါ

အနေဝေးမဖြေဆွေး
လွမ်း၍တေးတွေဆို ခင်ပျို
ရင်ခုန်သံအချက်ပေး
သူဘယ်မှာလဲမေး
သြော် ဟိုအဝေးမှာတဲ့လေ

တခါတလေမမှီတဲ့ပန်းကိုမှန်း
အိုကွယ် မင်းဒဿ      လို
ရာဇဝင်တွင်စစ်ခင်း
ဖျက်မြင်းတော့မဟုတ်
အချစ်ခြင်းပြိုင်မလားမေးချင်ရဲ့

ဒီမှာဓာတုကလျာ
အချစ်မှာအသက်ကွာတာတွေ
မပါပါဘူး
ရတုဘုရင် မင်းနတ်သျှင်ဆို
ပပအတွက်ကို
ခုနှစ်ပြည်ထောင်စစ်ခေါ်လို့
ကုသရယ်ကျော်ခဲ့သေးတာပဲ

အက်ဒီဆင် လိုမိန်းကလေးရေ
ငါ့ကိုအလင်းပေးလှည့်ပါ
အဖြူ ရောင်နံနက်ခင်းလေးမှာ
မျှော်လင့်အိပ်မက်
နိုးတဝက်နဲ့ သူမမေတ္တာ ကို
ဒီကသစ္စာနဲ့ထပ်
      ချစ်သဝဏ်လွှာအပ်ပါရစေ
                        မျက်ရည်

____________________________________________
မတည့်ပေါင်အတူနေ
ရွာဝင်အခြေ
ထန်းတောစပ်မှာ
တခွက်တဖလား
ထန်းရည်ခါးတကျိုက်
ကြွက်ကင်တကိုက်နဲ့
ခွက်ယှဉ်တိုက်သောက်
မူးမှောက်အိမ်အပြန်
လည်တိုင်မှာ
ပုဆိုးကွင်းသိုင်းလို့
ခပ်ရိုင်းရိုင်း
ဆဲဆိုဝင်ပါတဲ့
အိုဘယ့်
သားမက်ယောက္ခမ့ ။

ညှို့စေခ
____________________________________________

ပြောမယုံ
ကြုံဖူးမှသိ
မြင်ဖူး​အောင်
သေချာကြည့်ရတယ်
လှချက်ကယ်
ပပရှုံး​လောက်တယ်
ဇဗ္ဗူမှာပြိုင်သူရှားတဲ့
အကို့ရဲ့မယား

သူရဇ္ဇ
____________________________________________
*     သွေးတဲ့ဓား         *

ရပ်ကွက်ထဲလျှောက်ကာကြည့်
ဒီနေ့မနက်ခင်းအထိ
အမြင်မကြည်စရာတွေ
ရှိနေတုန်းပဲ

ဗုံးဟာဝုန်းခနဲထအော်တယ်
အော်သံချေးတက်
နေ့ရက်များ
မခမ်းနားပါတကား

ဝယ်သူမရှိတဲ့မုန့်လုံးကို
စက္ကူ ကပ်
ဂျာအေးလဲသူ့အမေမရိုက်နိုင်
အရက်ဆိုင်မှာ
မိုးသောက်ယံစည်ကားနေတယ်

သူတခွက်ကိုတခွက်
မျက်နှာသစ်နေဆဲ
ရပ်ကွက်ကလဲထဆူတယ်
ဝယ်လက်မတွေ့သေးတဲ့
ပျံ ကျဈေးကလေးမှာ
ချိန်ခွင်လျှာမမှန်ရှာဘူးတဲ့

မှားပြီးမှလူဖြစ်တဲ့ခေတ်ကိုး
ပျစ်ခနဲထွေးလိုက်တဲ့
ကွမ်းစက်တွေကခေတ်သစ်
ပိတ်ကားထက်က
3Dလက်ရာတွေဖြစ်သတဲ့
နေပါစေ
ဒါဒီမိုကရေစီပဲ
ပြည်သူ့အကြိုက်ဘက်မလိုက်ကြေး

လူထဲကလူပါပဲ
တည်ခိုးခန်းမှာအလံထူ
အမှိုက်ပုံမှာယူ
ဂေဟာမှာစီးတဲ့သွေးကို
ရဲနေအောင်လေးတော့ထား
တနေ့ထက်မြတ်တဲ့ဓားဖြစ်ဖို့
စည်းကမ်းပျက်လူတချို့ကို
ငါတို့
ဥပေက္ခာပြု ကြမယ်
                       Phyur.../\/*L့

---------------------------------------------------------------------
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ