ကောင်းကင်ကရေကြီး
မြေကြီးက ပဒုမ္မာကြာ
ပွင့်တဲ့တစ်နေ့ မင်းကိုမေ့မယ်
ပိတောက်မပြာ တမာမချို
ကောင်းကင်မပြိုပဲတော့
ဒို့မခွဲပါရစေနဲ့ချစ်သူရယ်....
မြင့်မိုရ်တောင်မှင်ပြာနဲ့
ကောင်းကင်ယံပေါ်မှာ
ပျိုနှမကို ချစ်စာစီ
ကဗျာဖွဲ့သီရရင်
မှင်ပြာနဲ့ စာရွက် လောက်ငှမယ် မထင်
ရင်ထဲက အကြင်နာ
နှစ်တစ်ရာဖွဲ့သီဦး
မေ့ကိုအချစ်ဆုံးဆိုတာ သိပါစေ
သိစေတော့လေ ချစ်သူရယ်....
တစ်ကောင်ဘွား(ဓာတ်တော်)
*လွမ်းရဲမှ လမ်းခွဲပါ*
တစ်ပြီးသုံးမဟုတ်သလို
ချစ်ပြီးရင် မမုန်းတက်တဲ့
နှလုံးသားနဲ့မို့
စိမ်းကားစွာ မရက်စက်ပါနဲ့....
မာယာမပါ ဖြူစင်စွာ
ချစ်ခဲ့တဲ့ အသည်းနဲ့မို့
လမ်းခွဲလို့ ထားခဲ့ရင်
လွမ်းရဲလားလို့ မေးကြည့်ပါ....
မာယာတွေ သယ်ဆောင်လာ
ဟန်ဆောင်ကာ မပြုံးပါနဲ့
နှလုံးသားအတုနဲ့
ထုစစ်ထားတဲ့ အရုပ်မဟုတ်တာမို့
အပြစ်မရှိတဲ့ အသဲလေး
ကွဲအပ်သွားမှာ စိုးရိမ်တယ်....
ဒါကြောင့်မို့ကွယ် ရင်ထဲကလာ
စကားခြောက်လုံး နောက်ဆုံးပြောမယ်
လွမ်းရဲမှ လမ်းခွဲပါ...
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ