Wednesday 9 March 2016

ကဗျာာနယ်အတွဲ၁ အမှတ် ၇၂

မင်္ဂလာပါ ကဗျာဂျာနယ် ပရိတ်သတ်ကြီး၊ ကဗျာဂျာနယ်မတင်တာကြာလို့မေ့နေပြီလား ။ဒီနေ့တော့တင်ပေးလိုက်ပါပြီ ။ခံစားချက်တိုက်ဆိုင်နိုင်ကြပါစေဗျာ။

အလွမ်းဥဒါန်း

လွမ်းဖို့အတွက်
အခြေမပေး
အနေဝေးလို့လည်း
မေ့သွားမယ်မထင်
သံယောစဉ်
လက်ကျန်တစနဲ့
မနက်များစွာကို
အလွမ်းနဲ့
ဖြတ်ကျော်နင်း
နှင်းအစစ်မှ
ဥသြကိုစေ
နွေထဲရောက်လည်း
ငါသတိရတာ
နည်းနည်းမှမလျော့
ခပ်သော့သော့
ပြေးဝင်လာမယ့်
ကိုကိုခေါ်သံ
မင်းထံမှာရှိနေသ၍
တနေ့နေ့ဆိုတာကို
တံတားအဖြစ်
ဖန်တီးရင်း
လွမ်းသမျှကိုအားခဲ
ဝေးကွာနေ့ကို
အတွေးမှာပွေ့လို့
အပြေးလာ၍
ကြိုဆိုမည့်။

        သူရဇ္ဇ
=================================
   နှုတ်ဆက်ချိန်

တနေ့နေ့သူ
လက်ယမ်းပြလို့
နှုတ်ဆက်ကာထား
စုတ်ပြတ်သွားတဲ့
မျှော်လင့်ချက်
တစုံတရာကို
ကြုံရာမှာပစ်ထားရင်
အချစ်မှားခဲ့တဲ့
ငါ့နှလုံးသားကို
အပစ်များတင်ဦးမလား
နာရီသံတရွေ့
စက္ကန့်တွေ
လက်တံပေါ်က
ဖြတ်ပြေးသွားတိုင်း
ရတက်မအေးခဲရတဲ့
ငါ့အပူတွေကို
ဘုရားမှာခဏလှူလို့
ဘဝတူတွေတွေ့တိုင်း
ငါမင်းကို
သတိရနေတက်ပြီ
နာကြားဖို့သတိမရတဲ့
လောကတရားရဲ့
အဆုံးအမ မှာ
ချစ်ခင်ပေါင်းသင်း
ဆက်ဆံခြင်းက
ကွေကွင်းနောက်ဆုံး
ဖြစ်နေမယ်ဆိုရင်
ငါ့ဆီမပျော်လို့
နင်ထွက်သွားရင်
ခွဲခွာခြင်းလို့မှတ်ပြီး
လွမ်းတာကို
နာစရာနဲ့ဖြေလို့
ငါမနေတက်တဲ့အခါ
လှည့်မကြည့်ပဲ
ထွက်သွားပါ
နင်နှုတ်ဆက်ရင်
ငါငိုချင်လို့ပါဟာ့

       သူရဇ္ဇ
=================================
  ရင်ခွင်သခင်
      သို့
မမေ့ပါနဲ့

ကံကြမ္မာက
မျက်နှာသာမပေး
ဝေးသွားအောင်
ဖန်တီးပြီးရင်
ပြန်နီးဖို့
ခွင့်ရှိဦးမှာလား
ခွဲခွဲခြင်းကို
မယုံပေမယ့်
အလွမ်းတခု
ပျက်ကြွေကျလို့
မျက်ရည်စက်
ပါးပြင်ထက်က
ဖြတ်ပြေးသွားတိုင်း
တကယ်ဝေးပြီဆိုတာ
ငါလက်ခံခဲ့ရတယ်
တိတ်တဆိတ်နဲ့
ငါ့ရင်ထဲဝင်လာတာ
မသိခဲ့ရပေမယ့်
ပြန်ထွက်သွားချိန်မှာ
လွမ်းစရာတွေကို
ခြေရာအဖြစ်ချန်
နင်ပြန်လာမလား
မသိရပေမယ့်
သတိရတိုင်း
နင်ရှိနေမယ့်
အဝေးကြီးကို
မျှော်မှန်းလို့လွမ်း
ငါတမ်းတသလို
နင်မေ့မရခဲ့ရင်သာ
ငါ့ဆီပြန်လာဖို့
မမေ့ပါနဲ့
ကောင်မလေးရယ့်။

        သူရဇ္ဇ
=================================
''ရုပ်သေး''

အကြင်နာပို

ချစ်စိတ်ယို၍

မမုန်းအားတဲ့

အရှုံးသမားကို

ကကြိုးစုံအောင်

ကြိုးကို ဆွဲထား

ပြုံးရိပ်များနှင့်

သူကအောင်ပွဲ

ငါကြေကွဲလည်း

သူ့အလိုကျ

ယိမ်းခွေကသည်

ငါကရုပ်သေး

ဘယ်မနှေးပေါ့

ငိုချင်းတွေလည်း

သီ...ခဲ့...ပြီ...

                 ရွှေဗလ
=================================
ဆွံ့အသူ

တချို့တချို့သော
စကားတွေဟာ
တခါတလေမှာ
မျိုသိပ်ထားရတာ
ပိုပြီးတော့
နေသာပါတယ်ချစ်သူ
ငါချစ်တာ
ငါပဲသိ
နင်သိအောင်
ဖွင့်မပြောမိလည်း
ငါအရမ်းချစ်မိတာ
မပြောလည်း
နင်သိမှာပါဟာ
တနယ်စီခြားလို့
ငါတို့ဝေး
နင့်နံဘေးမှာ
ငါ့ထက်သာတဲ့သူရှိ
ငါ့အသိမှာတော့
နင်ကလွဲပြီး
တခြားသူကို
နေရာမပေးနိုင်ဘူး
ငါပြောပြဖို့
မေ့ခဲ့တဲ့
စကားနှစ်ခွန်း
နင်သတိရလို့
ကြားချင်တဲ့အခါ
သူရဇ္ဇ ကို
မေးကြည့်ပါ
ငါအရမ်းချစ်တဲ့
အကြောင်းကို
သူပြောပြလိမ့်မယ်

         သူရဇ္ဇ
=================================
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ