Wednesday 16 March 2016

မောင့်တစ်ယောက်သာ


ခပ်လွယ်လွယ်ချစ်ခဲ့တာမျိုးမဟုတ်တော့

လွယ်လွယ်မေ့ပစ်လိုက်ဖို့ 

မဖြစ်နိုင်ပါဘူး မောင် 

ရရစားစား စိတ်နဲ့ ချစ်ခဲ့တဲ့မောင်ကသာ

ဘာမှမရနိုင်မှန်းသိခဲ့ချိန်မှာ

အေးဆေးစွာ လက်ပြနှုတ်ဆက်နိုင်ခဲ့တာဖြစ်လိမ့်မယ် ။

ယုံကြည်မှုတွေ အကုန် ပုံအပ်

မျှော်လင့်ချက်တွေ ပုံအောထားရှိမိခဲ့တဲ့ကိုယ်ကတော့

ဥပက္ခာတရားဆိုတာ

နှုတ်ပြော နဲ့ပြောတောင် 

နှုတ်ခမ်းအစုံက တွန့် ဆုတ်လို့ နေတယ် ။

ကိုယ့်အသည်း

အဲ့သလောက်မှ မမာနိုင်သေးပဲ….

အသည်းနှလုံးလား

ကျောက်ခဲလားမသိတဲ့ မောင့်နှလုံးသားကတော့

ကိုယ့်ကို ဥပက္ခာပြုထားတာမဟုတ်တောင်

ရှိတယ်ဆိုတာကို သတိမရတဲ့ မေ့လျော့ခြင်းတွေနဲ့ 

ပေါ့ပေါ့ပါးပါးလေးချစ်ခဲ့လို့ 

လေးလေးနက်နက်အချစ်တွေ မရှိဘူးလို့

မောင် ထင်ကောင်းထင်လိမ့်မယ် ။

မောင် မထင်မှတ်ထားတဲ့အချစ်တွေတစ်ပုံတစ်ပင်နဲ့

ဒီလူကတော့

ဒီရင်ခွင်ကိုပစ်ခွာသွားတဲ့မောင့်ကြောင့်

နာကျင် ရင်း နွမ်းလျလို့ နေတယ် ။

ကိုယ့်ဒီ့တစ်သက်တော့

မောင့်ကိုပဲ ချစ်မိနေတော့မယ် ထင်တယ် ..............


ယုန်မဒီ‬







အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ