Wednesday 2 March 2016

အသည်းကွဲချဉ်ပေါင်(ဇာတ်သိမ်း)

အသည်းကွဲ ချဉ်ပေါင် (ဇာတ်သိမ်းပိုင်း)


ဟော တွေ့ပါပြီ ကျွန်တော့်ရယ့် ၀ိုင်းစိန်လေး။ အနီရောင် မြန်မာဝမ်း

ဆက်လေးနဲ့ သိပ်လှနေတယ့် သူမ.. ကျွန်တော့်ကိုတွေ့တော့ 

ရှက်ကိုးရှက်ကန်းလေးနဲ့ ချစ်စဖွယ် ကောင်းလိုက်ပါဘိသနဲ့။


"ရောက်နေတာကြာဘီလားဟင် ၀ိုင်းစိန်လေး"


"ကြာသေးပါဘူး ဂျွတ်ကော ဘာလို့ နောက်ကျနေတာလဲ.... 

သူများမှာ တျောက်ထဲ လူဆိုးကြီး ဟွန့်"


အလဲ့ ကျွန်တော့်ကို သူမက ချစ်စနိုးနဲ့ခေါ်လိုက်တာဘဲ ဂျွတ်တဲ့ 

ဟေဟေး.... ငါကွ


"လမ်းတွေပိတ်နေလို့ပါ ၀ိုင်းစိန်လေးရယ်... 

လာ ကော်ဖီဆိုင်သွားကြရအောင်လေနော်"


ထိုစဉ် အစိုးမရသော ကိုရွှေရန်ကုန်မိုးက ၀ုန်းဒိုင်းကျဲကာ ရွာချ

လိုက်လေဘီ။ ကျွန်တော်တို့ တယောက်မျက်နှာ တစ်ယောက်ကြည့်

လိုက်သည်။ နှစ်ယောက်လုံး ထီးမပါ.... ပြေးကြသည်လေ 

လက်ချင်းချိတ်ကာ။ ကော်ဖီဆိုင်ရောက်တော့ ကော်ဖီ ပူပူလေး 

၂ခွက် မှာကာ တစ်ယောက်ကိုယ်တစ်ယောက်ကြည့်ရင်း 

ပြုံးလိုက်မိကြသည်။ မိုးကလည်း ခနသာ သည်းကာ တိတ်သွားလေဘီ။


သူမရယ့် ရေစိုနေတယ့် ဆံပင်လေးများကို ကျွန်တော့်လက်များနဲ့ 

ယုယုယယဖွကာ သုတ်ပေးနေလိုက်သည်။ သူမကလည်း 

ကြေနပ်စွာခံယူရင်း ကျွန်တော့်လက်ကို ဆွဲယူကာ ကျေးဇူးတင်အနမ်း

လေး ကျွန်တော့် လက်ဖမိုးပေါ် ခြွေလိုက်သည်။


"ဟင်"


.... ရှုံ့မဲ့သွားတဲ့ မျက်နှာနဲ့ အတူ ထွက်လာသော သူမ၏ 

အာမေဍိတ်သံ.... အသံထွက်လာပြီး စက္ကန့်ပိုင်းအတွင်း သူမဆွဲ

ယူထားသော ကျွန်တော့်လက်ကို ပုတ်ထုတ်လိုက်သည်။ 

ချက်ခြင်း အတူထိုင်နေရာမှ မတ်တပ်ထရပ်လိုက်သောကြောင့် 

ကျွန်တော် လန့်ကာ မေးမိသည်။


"ဘာ ဘာဖြစ်လို့လဲဟင် ၀ိုင်းစိန်လေး"


"ရှင်တော်တော်ညစ်ပတ်ပါလား ကိုဂျွတ်ကြီး"


ငင့် ခုနက ဂျွတ်ဆိုပြီး ခုတော့ ကိုဂျွတ်ကြီးတဲ့ ဘာဖြစ်လို့ပါလိမ့်


"ကိုယ် ဘာလုပ်မိလို့လဲဟင် ကိုယ် တိတ်တိတ်လေး ခိုးပြီး 

လေလည်မိတာပါ အနံ့လည်း မထွက်ဘူးရယ် ကိုယ်သေချာ

အနံ့ခံကြည့်ပါတယ်"


"ဟင် ကြည့်စမ်း ကြည့်စမ်း ထင်ထားတာထက်တောင် ညစ်ပတ်နေ

ပါပေါ့လား ရှင့်အပြစ်ရှင် သိချင်ရင် ကိုယ့်လက်ကိုယ် ပြန်နမ်းကြည့်... 

တော်ဘီ တော်ဘီ ခုချိန်ကစပြီး ရှင်နဲ့ ကျွန်မပြတ်ပြီ.... 

ဘယ်တော့မှ လာမဆက်သွယ်နဲ့ တော်တော်ညစ်ပတ်တဲ့လူ ... ဒါဘဲ" 


ပြောဆိုကာ သူမ ထွက်ချသွားသည်။


ပါးစပ်အဟောင်းသားနှင့် ကျွန်တော် အတန်ငယ်ကြောင်ငေးနေမိရာမှ 

သတိရလာပြီး သူမ ပြောသလို ကိုယ့်လက်ကိုယ် ပြန်နမ်းကြည့်

မိတော့..... အားပါးပါး သေစမ်း........ မေမေကျွေးတဲ့ မနက်စာ 

ချဉ်ပေါင်ငပိစပ်ချဉ် အနံ့ စူးကနဲ ထွက်နေသည်။ 

ကျွန်တော့် အသည်း ကွဲပြီလေ အရပ်ကတို့။ 


ကျွန်တော် ချဉ်ပေါင်ရွက်ချက်ကို မုန်းမိသည်။ ဟုတ်သည်လေ 

ခုမှ ရည်းစားဖြစ်ကာစ အသည်းကွဲရလေဘီ။ 

ချဉ်ပေါင်လို့သာဆိုတယ် ချဉ်တာ 9လောက်ရှိတဲ့အရွက် မုန်းသည်။

နောက်တစ်ခါ ရည်းစားနှင့်ချိန်းလျှင် ချဉ်ပေါင်ငပိချက်အား 

ရှောင်စားကြပါလေ.... 


အော်.............. အသည်းကွဲ ချဉ်ပေါင်


ပြီးပါပြီ ..


ဆွိအိမ် (BeeTalk)




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ