Friday 18 March 2016

အလွမ်းပြေ အနမ်း

အပိုင်း(၅)
အေးချမ်းဆိုတဲ့ ကျနော် ဆိုင်ကယ်လေးကို ခဏရပ်ပြီး တဲအိုလေးကို လှမ်းကြည့်မိပါသည် မြသဇင်တစ်ယောက် အိပ်စက်နေသည်ကို အဝေးမှမြင်တွေ့နေရတော့ သက်ပျင်းတစ်ခု မှုတ်ထုတ်ရင်းနဲ့ ဝဋ်ကြွေးရှိသမျှ ပေးဆက်လိုက်ဦး မြသဇင်ရေ  မင်းအတွက် အကောင်းဆုံးတွေဖြစ်အောင် ငါပြန်ခဲ့မှာပါ အခုတော့ ရင်ထဲမှာရွာတဲ့မိုးလို ငါ့မျက်ရည်တွေ ဆွေနေပါပြီဟာ "ကျနော် ငေးကြည့်နေသည်ကို ထမင်းလာပို့သော ကောင်မလေးနှစ်ယောက်က တွေ့သွား၍ ကျနော်ကို ပြုံးစပ်စပ်ကြည့်ပြီး တစ်ယောက်က"ဘယ်လိုလဲ ဆရာ ဒီရွာလေးကို မခွဲနိုင်တော့ဘူးလား "ဟု မေးသောအခါ ကျနော် အံ့အားသင့်သွားသည် ဘာကြောင့်ဆိုတော့ ကျနော်ကို ရွာကသူတွေ မည်သူမျှ မသိဟု ထင်မှတ်ထားတာလေ ဒါကို ကောင်မလေးက ဆရာလို့ ခေါ်လိုက်ခြင်းကို ကျနော် နားမလည်သဖြင့် "ဘယ်သူကို ဆရာလို့ ခေါ်လိုက်တာလဲ ဟင်"ထိုကောင်မလေးက  "အကိုဟာ ကဗျာဆရာ ကိုသွေးသစ် မဟုတ်လား ဒါကြောင့် ညီမက ဆရာလို့ ခေါ်လိုက်တာပါ " သွေးသစ်ကို မြင်ဖူးလို့လား ကျနော်က အေးချမ်း ပါ"
အေးချမ်းဆိုတာ ငယ်နာမည် ကလောင်နာမည်က ကိုသွေးသစ် မညာပါနဲ့ ဆရာကဗျာတွေကို ညီမတို့အဖွဲ့က အရမ်းကြိုက်တာ ဆရာကသာ မသိတာ ညီမတို့က ဆရာ အရင်လက ထုတ်ဝေထားတဲ့ ကဗျာစာအုပ်မှာ ဆရာပုံကို မြင်ဖူးတယ်လေ"
အော် ဟုတ်ပါတယ် ကဗျာဆရာသွေးသစ်ဆိုတာ ကျနော်ပါ
ကဗျာတွေက အသဲကွဲကဗျာတွေများတယ်နော် ဆရာကိုယ်တိုင် အသဲကွဲဖူးသလား
" အသဲကွဲဖို့ နေနေသာသာ ချစ်သူတောင်မထားဖူးသေးပါဘူး"
အင် ဒီအရွယ်ရောက်နေပြီ ရည်းစားမထားဖူးဘူးဆိုတာ မယုံနိုင်စရာပဲ ဆရာ
"ဟုတ်ကဲ့ ကျနော် ချစ်သူရှိပါတယ် ဟော ဟိုမှာ"
ရှင် အဲံဒီ မမြသဇင်က ဆရာ ဆရာရဲ့
 ဟုတ်တယ် သူနဲ့ကျနော်ဟာ ငယ်ငယ်ကတည်းက ချစ်လာခဲ့တာ နှစ်တရာတိုင်အောင် သူဟာ ကျနော်ရဲ့ အချစ်ဆုံးချစ်သူပဲ
အခု သူက ရူးနေပြီ ဆရာက သူကို တကယ်ချစ်ရဲလို့လား"ဟု ကောင်မလေးက အထင်သေးတဲ့မျက်လုံးနဲ့ ကျနော်ကို ကြည့်ပြီး မေးသည် ကျနော်လဲ နှုတ်ခမ်းတွန့်ရုံပြုံးပြီး "တကယ်ချစ်တာလားဆိုတာ သက်သေပြဖို့ ကျနော် ဒီနေ့ ကျောက်ဆည်ပြန်မှာပါ နောက်သုံးရက်ဆို ပြန်လာခဲ့မယ် "
ဆရာကလဲ နောက်သုံးရက်ဆို သင်္ကြန်ရောက်ပြီလေ ဆရာ သင်္ကြန်မလည်ဘူးလား
ဒီနှစ်သင်္ကြန်တော့ ကျနော် ဒီရွာလေးမှာ သူကို စောင့်ရှောက်မှပါ ကဲစကားကောင်းနေတယ် ကျနော်ပြန်ဦးမယ် ညီမတို့လဲ သူကို ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ်နော်
ညီမတို့က မမကို အမြဲတမ်းဂရုစိုက်နေမှာပါ ကျနော်လဲ သူတို့ကို လက်ပြနှုတ်ဆက်ပြီး ဆိုင်ကယ်လေးကို မြကံသာရွာဆီသို့ မောင်းနှင်လာခဲ့သည် မြကံသာရွာလေးမှာ ကျနော်နဲ့ ကျောင်းနေဘက်ဖြစ်တဲ့ မောင်ငယ်အိမ်ဆီသို့ မောင်းနှင်လာခဲ့သည် မောင်ငယ်သည် ကျနော်နဲ့onlineလိုင်းပေါ်မှာ လဲ တွေ့ဆုံစကားပြောဖြစ်ခဲ့သည် သူရဲ့ကဗျာတွေကို ကျနော်ထံပို့ပေးပြီး ကျနော်ထုတ်ဝေသော စာအုပ်များထဲမှာ ထည့်သွင်းစေခဲ့တဲ့ ကဗျာဆရာပေါ့ ကျနော်သူအိမ်ရောက်တော့ သူသည် ဖုန်းတစ်လုံးနဲ့ အလုပ်များနေသည်ကိုတွေံရတော့ ဘယ်လိုလဲ ကဗျာဆရာ ချက်လှချည်လား
မင်းဆီ ကဗျာတွေပို့နေတာပါကွာ ဒါနဲ့ မငိးအောင်သပြေက ပြန်လာခဲ့ပြီလား
ကျနော် သူမေးတာကို မဖြေသေးပဲ သူဘေးတွင်ဝင်ထိုင်ပြီး"ငါကောင်မလေးကို တွေ့ခဲ့ပါတယ် ဒါပေမဲ့ သူဟာ လူကောင်းမဟုတ်တော့ဘူးကွ
ဘာလဲ ရွာနောက်ဘက်က တဲအိုလေးထဲက အရူးမကို ပြောတာလား မင်းနော် အရူးမလေးကို မဟုတ်မဟတ်ကွာ"
မင်းက နောက်နေတယ် ထင်နေတာလား ငါတကယ်ပြောနေတာ
အေးပါ ထားပါတော့ အခုမင်း ဘယ်လို ဆက်လုပ်မှာလဲ
"ငါ အခု အသိမိတ်ဆွေ ဆရာဝန်သွားပင့်ပြီး ပြန်လာခဲ့မယ်
"ပိုက်ဆံအကုန်ခံပြီး ဆေးကုမယ် ပေါ့ ကြည့်လုပ်နော် ဆရာဝန်တွေတောင်မနိုင်လို့ ပြန်လွှတ်ထားခဲ့တာ
ငါသိပါတယ် ဒါပေမဲ့ ငါကြိုးစားမှာပါ ငါ နောက်သုံးရက်လောက်ဆို ပြန်လာခဲ့မယ်"
အေးပါ ငါကဗျာတွေကိုလဲ မင်းအခုထုတ်မဲ့စာအုပ်မှာ ထည့်ပေးဦးနော်
စိတ်ချ သူငယ်ချင်း ဒီလထုတ် စာအုပ်မှာ မင်းကဗျာတွေ အများဆုံးပါလိမ့်မယ် အခုတော့ ငါသွားဦးမယ်
အေးပါ နောက်တခါမင်းလာရင် ငါအိမ်ကို အရင်ဝင်ခဲ့ကွာ ငါလဲ မင်းနဲ့အတူ လိုက်ခဲ့မယ်
ok သူငယ်ချင်း ငါသွားပြီနော် ဟုဆိုကာ ကျနော် မောင်ငယ်အိမ်မှထွက်လာခဲ့သည်အပြန်လမ်းတစ်လျှောက်မှာ ပိတောက်ပန်းရနံ့တွေက မွှေး မြသဇင်ရေ အခုတော့ခဏလေး ဝေး ဝေးရပြီပေါ့,.,
            ဇာတ်သိမ်းပိုင်းကို မျှော်ပါ
တစ်ကောင်ဘွား(ဓာတ်တော်)
 09442095465သို့ ဇာတ်သိမ်းပိုင်းမှာ သူတို့နှစ်ဦး ပေါင်းစပ်ပေးရမလား ကွဲကွာစေရမလား ပြေကြပါဦး

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ