Friday 28 October 2016
မောင်အတွက်ပေးစာ
မောင်အတွက်ပေးစာ ..
ပြောထွက်တယ်နော် ..... မောင်
ကျွန်မ ဘဝကို ဆင်စီးပြီးမြင်းရံတာ
တွေ့ချင်တယ်တဲ့လားမောင်ရယ်...
မောင်သိအောင်တစ်ခုပြောပြမယ်မောင်
မိန်းကလေးအများစုက
ဆင်ကြောက်ပြီးမြင်းကိုလန့်တာမောင်မှမသိပဲ
မောင်သာ သစ္စာခိုင်ခိုင်ရှိပြီး
အချစ်စစ်သာဖြစ်ပါစေ ..
အိပ်ရာထက်မှာ ဂျပိုးခွစီးပြီး
မောင်နဲ့အတူ ညအလှတွေ 
ရဲရဲကြီး .. ဖြတ်ကျော်ရဲတယ်...မောင်.... ...
Credit - Barmahtibwar
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
ဝေးလေလေ ပိုချစ်လေ
ဝေးလေလေ .. ပိုချစ်လေ 
-------------------------------------
အချစ်တဲ့ ...
နှလုံးသားရဲ့ အလိုကျ
နူးညံ့စွာ ပေါက်ဖွားလာတဲ့အရာ
ရင်ထဲအနက်ရှိုင်းဆုံးထိတိုးဝင်လို့ ..
ရင်ခုန်သံတွေလည်း ကျယ်လောင်စေတယ်လေ ..
အချစ်ရေ ..
ဆုံတွေ့ချိန်တစ်ခဏဆိုပေမယ့်
သေရာပါမယ့်ချစ်ခြင်းတွေက
နှစ်ဦးသားဘ၀ကို စိုးမိုးထားလေတော့
ဝေးကြဖို့အကြောင်းဖန်လာခဲ့ရင်တောင်
အဲ့ဒီအချစ်တွေက 
တိုက်ထုတ်ပေးနေမှာယုံတယ် ..
မင်းကိုချစ်လွန်လွန်းလို့ ..
အနေတွေဘယ်လောက်ဝေးဝေး
ချစ်တဲ့စိတ်တွေပိုပိုတိုးနေတော့တာ ..
အနေဝေးရင်သွေးအေးတယ်ဆိုတဲ့စကားက
တို့နှစ်ဦးအတွက်တော့ ပြောင်းပြန်
အနေဝေးလေ နှလုံးသားချင်းပိုနီးကပ်လေပါပဲ ..
ပြန်ဆုံမယ့်အချိန်မှာ အတိုးချချစ်ဖို့
အဝေးရောက်အချစ်တွေ အကုန်စုထားတယ် .. .. ..
မုန်း (BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၉၅
*     လွမ်းရသူလေး      *
ဒီအချိန်ဆိုအလွမ်းရောက်လို့
မင်းစိတ်ကြောင့်ငါသည်
နှလုံးအောင့်မကြာပင်ကွယ်
စောင့်လာသည်မျှော်ကိုး
ချစ်စိတ်ကြောင့်ဝဲခိုလာလျှင်
စီးယိုကာကျ မျက်ရည်မိုး
နှလုံးသားစကားဆင်လာ
ခါလွန်ရင် ပိုတိုး
အိပ်မရ ညည့်ယံချိန်မှာလေ
အသိဥာဏ်ပိန် ဝေဝါး
သတိကျန်ချိန် မုသားကျူးရင့်ကာ
အချစ်မှာလေရူးစရာလားလို့
ကိုယ့်ကိုကိုယ်ရှက်အားနာသည်
ဒီတခါယုံမှားလို့
စိတ်ထားကမချ နိုင်
အရှုံးနဲ့မှိုင်
သတိရတိုင်းအသဲစိုင်မှာ
မျက်ရည်ချိုင်ကျမယ်ပလေး။
(တေးထပ်)                     
မျက်ရည်
___________________________________________
*ခါဝသန် မိုးစက်ပေါက် *
ခါဝသန်မိုးစက်ပေါက်တို့
အငြိုးထောက်ရွာပြီ
ခမောက်ဖောက်မိုးစက်စင်တယ်
ထက်တခွင်အကြိုး
သစ်ရွက်တို့ရွဲကာစိုသည်
နွဲပျော်လာလဝါဆိုမိုး
ဝသန်မိုးပြင်းလျှင်
တွင်းဝပင်ရေတိုး
အရပ်ထဲဝင်တမံတွေကြိုးတော့မလို
ခုဆည်ရိုးပြေးထောင်
ရိုက်ပနော် ကာယမောင်တို့က
ချွေးကြတောင်ဘေးတို့မရှောင်
တမိုးကုန်မဲ့အချိန်မှာတောင်
ချမ်းတုန်အောင်ရွာချ လို့
မကြာဗျ အေးလို့သာလာ
အနွေးဓာတ်ဘယ်မှာ
ကွေးလိုက်တိုင်းမျက်ကိုက်လာသည်
စိတ်ကြိုက်သာငိုက်ခြင်တော့လေး။
(တေးထပ်)                     
      မျက်ရည်
___________________________________________
ဒုတိယအသက်
ငါမပိုင်တဲ့ဒုတိယအသက်
ငါ့ရင်ဘတ်မှာခိုကပ်
အလိုရမ္မက်တခုထက်
ကြည်ကြည်ဖြူဖြူ
ပေးဆပ်ခဲ့တာ
မင်းအတွက်ပါချစ်သူ
ငါမဟုတ်တဲ့
တခြားသူတ​ယောက်အတွက်
ငါ့အသက်ကို
မနှ​မျောတက်တာလည်း
မင်းအတွက်ပါချစ်သူ
မနက်ခင်းတ​ကျော့နဲ့
အလွမ်း​ဖျော့​ဖျော့ကို
နိုးစက်ချ
ငါ့ဘ၀မဟုတ်တဲ့
မင်းအတွက်ပဲ
ငါ့အသည်းကို
ခွဲ​ပေးရဲခဲ့
မ​ဝေးပဲနဲ့
လွမ်း​နေတာကဆန်း
ပန်းမပွင့်တဲ့
ရင်ခွင်ဦးအတွက်
အနမ်းတချက်ကို
ရေတစက်နဲ့နှိုင်း
နင်မခိုင်းလည်း
ငါ့ ။
ပန်း​တွေပွင့်​ပေးခဲ့တယ့့် ။
        သူရဇ္ဇ
___________________________________________
မဆုံ​သောလမ်းခွဲ
ရီ​မောခြင်း​တွေ
နောက်ကျကျန်ရစ်
ငို​ကြွေးဖြစ်ဖို့
စတင်ခဲ့တဲ့
သုတ်​ပေးသူမဲ့
ငါ့မျက်ရည်
သက္ကရာဇ်​ခြွေတဲ့
လေ​ပြေ​အောင်
နက္ခတ်မှားပြီး
ရောက်လာခဲ့
ထိ​တွေ့ မှု့ မဲ့တဲ့
ထိုအရာ
ဝေဒနာလို့ပဲ
ကင်ပွန်းတပ်လို့
ရင့်ကျက်​အောင်ခံစား
ဖြေစရာအမှန်တရား
ရင်ကြားမှာ
မ​ပေါက်ဖွား​သေး​တော့
တ​ယောက်အနား
တ​ယောက်မသွားနိုင်
အမှားကိုင်ထားတဲ့
ဝေးကွာခြင်းကြိုး
တိုးမ​ပေါက်​အောင်
သိပ်သည်းလွန်းခဲ့
နင်မငဲ့လို့ပဲ
ကွဲကျန်ကျန်
ငါမမှန်လို့ပဲနင်ခွဲခွဲ
ရင်ထဲမှာအလွမ်း
ကိုယ်စီထမ်းလို့
မဆုံ​သောလမ်း
ငါတို့လှမ်းခဲ့ရပြီ့ ။
         သူရဇ္ဇ
___________________________________________
ပြီးဆုံးခဲ့​သော
တခန်းရပ်အလွမ်း
မင်းနှုတ်ခမ်းက
အသံထွက်မိန့်လို့
ထိတ်လန့်စွာ
ခံစားပြီးတဲ့အဆုံး
နင့်အမုန်း​တွေ
သင်ပုန်း​ချေဖို့
ကျမျက်ရည်စို
ငါငို​ပေးရဦးမှာလား
ကန့်ကွက်ခဲ့တာ
ဆန္ဒတခုသာဖြစ်လို့
နင်မချစ်ဖို့တားလည်း
နောက်မဆုတ်
ကျောက်ရုပ်လိုနှလုံးသား
ငါမှ့ 
မထားနိုင်​သေးတာ
ခပ်ခွာခွာ
အ​ဝေးကကြင်
နင်မမြင်​သော်လည်း
တွေ့ ​အောင်မပြ
အ​ငွေ့ ​ယောင်မျှနဲ့လည်း
ရောင့်ရဲနိုင်သူမို့
နင်မသိ​သော်လည်း
မြင်မိ​အောင်တမင်မပြ
ရင်ဝက
နှလုံးခုန်သံတချက်နဲ့
ပင့်သက်တခါရှုသွင်းတိုင်း
လူချင်း​ဆောင်တဲ့
မင်းရဲ့သတင်း
ပန်းရနံ့လို
သင်း​နေရင်ပဲ
ငါ​ကျေနပ်ပြီ့ ။
         သူရဇ္ဇ
___________________________________________
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 
ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Monday 24 October 2016
*ချစ်ရသူသို့ ပေးစာ*
ခိုင်
 ဘဝမလှတဲ့ အညတရ ရဲ့
အချစ်တွေကို အပြစ်မမြင်
သခင် ကြင်နာခွင့်ပေးပါ...
ရင်ခွင်ထဲက မေတ္တာ 
မုသားမပါ သစ္စာစစ်နဲ့
ထာဝရ ချစ်နေမှာပါ...
ဆုံတွေ့ခဏ မြင်ရပေမဲ့
ကြင်နာမိတဲ့ နှလုံးသားကို
အမုန်းတွေ မပေးပါနဲ့နော်...
ထာဝရအပြုံးတွေကို
နှလုံးသားမှာ သီကာကုံးလို့
ဘဝဆုံးထိ ချစ်ပါရစေ...
      တစ်ကောင်ဘွား(ဓာတ်တော်)
Saturday 22 October 2016
ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၉၄
❆ သူမ ❆
ဘယ်​ဘက်​ရင်​ဘတ်​က
တဒိန်းဒိန်း တဒိန်းဒိန်း
ဦး​နှောက်​က​သွေး​တွေကပိုတိုး
လေ​ပြေညင်းအလာ
အသက်​ရှုကမမှန်​သလို
ထိုအရာ​တွေက
သူမကိုမြင်​တိုင်း.....
တလှမ်းခြင်း​ခြေအချ
ခါရမ်းသွားတဲ့သူမဆံသ
ပိတုန်း​ရောင်​​ကေသာ
ဖွံထွားထွားခန္ဓာ
ဖုးံအုပ်​သွားမလား
ထင်​မှတ်​မှားရ......
ဖောင်းကစ်​ကစ်
သူမပါး​လေးထက်
စိတ်​ကူးယဉ်​အနမ်း​လေးတပွင့်
နေ့စဉ်​​ခြွေချမိတယ်
ထို​ကြောင့်
ဘယ်ဘက်ပါးအထက်
ပါးချိုင့်ေ​​​​​လးကပိုပိုခွက်....
အသံစာစာ​ေ​တးသံသာ
သူမဆို​သောအခါ
သံပတ်​​ပေး ဦး​နှောက်​​လေးက
သူမအလိုကျ​ခေါင်းညိတ်​မိတာ.....
အတိတ်​မှာသူမမရှိခဲ့ဘူး
ပစ္စုန်​ပ္ပန်​ မှာသူ့မအ​ရှေ့မှာ
ရပ်​မိ​နေတယ်
လမ်းပိတ်​သလိုဖြစ်​သွားမှာလည်းစိုးတယ်
အနာဂတ်​မှာ​တော့
ကျွန်​​တော့လက်​ကိုသူမတွဲလို့
နွေး​ထွေးတဲ့ရင်​ခွင်
ခိုဝင်​လှည့်​ဖို့.. ...။
                 စုန်း
___________________________________________
ချင်းတွင်းမြစ်ထဲက
ဈာပန့ 
သောင်ပြင်ကိုလာရိုက်
အမှိုက်သရိုက်တချို့နဲ့
မျက်ရည်တို့နဲ့
စို့တက်လာတဲ့
မြစ်​ရေ​တွေလား
ရှင်ခြင်းနဲ့​သေခြင်ကြား
အမြန်ယာဉ်က
ခပ်ပါးပါး​လေး
ကျီဇယ်လိုက်သည်ထင်
မြစ်ပြင်မှာ​တော့
ကြမ္မာငင်တဲ့
အနာဂါတ်ရဲ့
ကြယ်ပွင့်​လေး​တွေ
တကယ်​ကြွေရှာပြီ
ကူညီပါအသံများ
မိုးသံကြားမှာ
တိုးမ​ပေါက်ခဲ့
မ​ရောက်​တော့တဲ့
ရေစုန်ခရီး
မိ​ချောင်းတွင်း မှာ
အဆုံးသတ်ခဲ့ပြီ
ဆူညံသံတချို့​တော့
ခပ်အုပ်အုပ်
ကြား​နေရတယ်
ဌာ​နေပြန်ဆရာတို့ရဲ့
စာအံသံ​တွေလား
တက်လမ်းတ၀က်နဲ့
ကျောင်းသား​တွေရဲ့
ရယ်​မောသံ​တွေလား
သေချာ​တော့မသိ
တအိအိနဲ့​မှောက်သွားတဲ့
လှေဝမ်းအတွင်းမှာ
လင်းခနဲ့မြင်လိုက်ရတဲ့
မျက်နှာတချို့
သူတို့ဘယ်မှာလဲ့ 
မြစ်ရိုးတ​လျှောက်
ကောက်မကုန်တဲ့
အသက်မဲ့ခန္ဓာ​တွေ
မြစ်​ရေအတက်မှာ
ခပ်​သောက်မိတိုင်း
အငံဓာတ်မပျယ်​သေးတဲ့
မျက်ရည်​တွေ
ဌာ​နေပြန်မစိုက်​တော့တဲ့
လူတသိုက်ရဲ့
ရည်မှန်းချက်
ကျောင်း၁၀ရက်ပိတ်လို့အပြန်
စာအံသံ​မျှော်တဲ့
က​လေးတို့ရဲ့
မျှော်လင့်ချက်
ချင်းတွင်းကရက်စက်လို့
အသက် အသက်တို့
လွင့်​ကြွေခဲ့ရပြီ
နေရပ်ကိုအ​သော့ပြန်
ကန်​တော့ရန်ဆိုတဲ့
သူတို့ဆန္ဒ
သလ္လာကဥ​ပေက္ခာပြုသွား​လေပြီ့ 
        သူရဇ္ဇ
___________________________________________
❆ နင်​ပြန်​မလာရင်​​နေ ❆
တိမ်​ညို​တွေကုန်​ပြန်​ပြီ​ပေါ့​လေ
နှင်း​ငွေ့​ဝေ​ဝေ
အေးမြမြ​ဆောင်းတည
မှီခိုဖူးတဲ့ဒီရင်​ခွင်
တခါပြန်​တမ်းတမိတယ်​.....
နင်​မရှိလည်း​နေနိုင်​ပါတယ်
ဟစ်​​ကြွေးသံကြား
အနှစ်​မပါအသစ်​ရှာမှု​တောင်မလုပ်​ဖြစ်​တာငါ
အချစ်​ဗလာနဲ့
ပစ်​ခွာသွားတဲ့နင့်​ကိုမှ
သတိယ​နေတာ
ထူး​တော့ထူးဆန်းသား.....
ဆင်​တူရိုးမှား
နှလုံးသားတံဆိပ်​တု
ငါစားသုးံမိတယ်
အခု​တော့ငါ့မှာ
ရောဂါဖြစ်​လို့ကုသဖို့
အချစ်​​ဒေါက်​တာ​ပျောက်​​နေတယ်
သတိ
လမ်းမမှားရ
ငါ့အသဲဗဟိုထည့်​မယ့်​​ဆေး
၁၅၀၀ ဘဲ​ပေးနိုင်​မယ်​.....
မ​မေ့နိုင်​မယ့်​အတူတူ
ပြန်​လာမယ့်​လမ်းကို​မျှော်​မ​နေ​တော့ဘူး
သွား​ရောက်​ကာ​ခေါ်ယူမယ်
လွမ်းတတ်​​အောင်​သင်​​ပေးတဲ့နင့်​ကို
ချစ်​တတ်​​အောင်​ပြန်​သင်​​ပေးမယ်.....
တချိန်ကလို
နံနက်တိုင်းမက်ေ​​​​ဆ့ပို့လို့
နင့်ကိုနိုးမယ်
အိပ်ပြီေ​​​န်ာလို့
ညတိုင်းသံေ​​တာ်ဦးတင်ပြီး
နင့်စကားကလွဲ
ကျန်တာဖွဲနဲ့စကွဲဖြစ်ေ​​​​စရမယ်
အရင္ငါဆိုးခဲ့သမွ်ကိုေ​​တာ့
ပြည်ဖုးံကားချလို့
နင့်ခွင့်လွှတ်ေ​​​​ပး.......။
               စုန်း
___________________________________________
အလင်း​ရောင်ငယ်
ညအလယ်မှာပွင့်
လမင်းနဲ့​တော့
မယှဉ်သာ
ကြယ်တာယာအစုံပွင့်
ကောင်းကင်မှာဝံ့
တိမ်ညို​တွေမဖွင့်ခင်​တော့
လွင့်​ကြွေမ​စော​စေချင်
အလင်းကိုအမှီပြု
လွမ်းမှု့ ပိုခဲ့တဲ့
အ​ဖော်မဲ့​ဝေဒနာညကို
ကြယ်ဗလာနဲ့​တော့
မကုန်ဆုံးချင်
လမင်းနှင်
စိန်​ခေါ်​ပြေး
တိမ်မှင်​ရေးတဲ့
ညကဗ္ဗလာထက်မှာ
ရောက်တက်ရာရာသွား
ကုန်လွန်လွယ်တဲ့
အချိန်ရထား
လက်တံဖျားမှာ
အတည်တကျမရှိ​သော်​လည်း
ဒီတည​တော့
အလင်း​ဖျော့​ဖျော့တချို့
ငါ့ဖို့ချန်ခဲ့ပါ
လမင်းမသာရင်​နေ
ငွေကြယ်​တွေ
အကုန်မပွင့်​သော်လည်း
အထုံ ဖြစ်​စေမယ့်
ဝေဒနာအစကို
ဖြေစရာရ​စေမယ့်
အလင်းတစက်
ချွင်းချက်အဖြစ်
နှင်းအပ်ခဲ့ရင်သာ
ဖြေသာပါပြီ့ ။
        သူရဇ္ဇ
___________________________________________
အဘယ့်​ကြောင့်
စွန့်လွတ်လိုက်ရပြန်ပြီတရက်
ထွက်သက်တခါထုတ်
ပြယုဂ်မဟုတ်တဲ့
သူ့ကိုယ်ပွား
ငါ့အနားမှာရစ်ဝဲ
နင်မချစ်ပဲ
အဘယ်​ကြောင့်
ငါ့ကိုစွဲလမ်း​စေသနည်း
ဖြတ်သန်းရပြန်ပြီဒီတ​နေ့
အလွမ်း​ငွေ့ ​ငွေ့ကျန်
ရှေ့ဆက်ငါ့မနက်ဖြန်
မင်းထံမှာအပ်
ငါ့အသက်
မင်းကိုမ​ပေးလည်း
အဘယ့်​ကြောင့်
ငါနင့်အတွက်
သေရဲခဲ့သလဲ့ 
မှေးစက်ရပြန်ပြီဒီတည
မျက်လုံးကိုအိပ်​မွေ့ချမရ
တစ တစနဲ့
ညကနက်လာ
အိပ်ယာထက်
လိပ်ပြာမကပ်တဲ့
ငါ့ခန္ဓာ​စေစားရာမဲ့
ဦး​နှောက်ထဲက
အသိဥာဏ်ဆိုး
နင်လှန့်မနိုးလည်း
အဘယ့်​ကြောင့်ငြိုး
ငါအိမ်မက်ဆိုး​တွေ
မက်ရသနည့်း့ ။
        သူရဇ္ဇ
___________________________________________
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 
ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ
Wednesday 19 October 2016
တပည့်မရှား တစ်ပြားမရှိ
ပီတိကိုစား အားရှိဆိုတဲ့
ရှေ့ရှု့မေတ္တာ ကရုဏာနှင့်
မေတ္တာတရား ရင်ဝယ်ထားလို့
ကျောသားရင်သား မခွဲခြားပဲ
တပည့်များပေါ် မေတ္တာပိုကာ
လမ်းမှန်ညွှန်ပြ သွန်သင်ဆုံးမ
နှလုံးသားလှတာ မြတ်ဆရာ...။
ဆရာရိပ်ဝယ် ပညာသင်စဉ်
ငယ်စဉ်ခါက ဆရာလက်သုံး
တဖုံးဖုံးရိုက် ကြိမ်လုံးမိုက်ကို
အူလှိုက်သဲလှိုက် မုန်းခဲ့ဖူးတယ်...။
ကိုယ့်ခြေကိုယ်ရပ် ကိုယ်မင်းကိုယ်လုပ်
ကိုယ်အုပ်ချုပ်ရ ဘဝရောက်မှ
ဆရာလက်သုံး ရွှေကြိမ်လုံးကို
နေ့ညမဆုံး လွမ်းခဲ့ဖူးတယ်...။
ပညာသင်ဖူး ဆရာကျေးဇူး
ရည်မျှော်မှန်းဆ တမ်းတမိကာ
လွမ်းသမျှတွေ ကဗျာစီလို့
အာစရိယ ပူဇော်ပွဲမှာ
ကဗျာလေးနဲ့ ကန်တော့ပါရစေ....
 ဆရာအရှင်များပေးသော လက်ဖြင့်
        တစ်ကောင်ဘွား(ဓာတ်တော်)
Tuesday 18 October 2016
ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၉၃
မလိခအလွမ်း
ပန်းရနံ့​တွေဆမ်း
လမ်းချိုးဆစ်​ကွေ့ 
တ​ရွေ့ ​ရွေ့ နဲ့တက်
မြင့်သထက်မြင့်လာတဲ့
တောင်တန်း​တွေရဲ့ကြား
လေညှင်း​တွေ
ဖြတ်​ပြေးသွားလို့
လွတ်လပ်ခြင်းခွန်အား
လက်ဖ၀ါးမှာ
အသင့်အ​နေထားရှိ
စွဲလမ်းမိတဲ့
တောင်​ပေါ်​မြေလမ်း
မခွဲတမ်း
နေချင်မိ​ပေမယ့်
ကတိ​တော့မတည်ခဲ့
ပြန်ခဲ့ပါပြီ
တောင်တန်းအစီအရီ
မြေနီလမ်းက
ကျန်ခဲ့ပါပြီ
မြင်ကွင်းမပီတပီ
မြူနှင်းမှုန်​တွေကြား
ထားခဲ့ပါပြီ
မတည်နိုင်တဲ့
ကတိစကားနဲ့
အိမ်ပြန်လမ်းမ​ဖြောင့်
တနှစ်တ​ခေါက်
ရောက်​အောင်
မလာနိုင်လည်း
အသည်းစိုင်ထဲက
အမြဲထာဝရ
သတိရ​နေမှာပါ
ချစ်​သောမလိခရယ့့် 
         သူရဇ္ဇ
____________________________________________
❆ ပြန်​ကြည့်​လှည့်​ ❆
စည်း​ကျော်​လာ​စေချင်​လို့
ဝါးတလုးံတားမိကာမှ
လှည့်​ထွက်​​ပြေးတဲ့နင့်​ရဲ့
ကျောပြင်​ကို ငါ​ငေးကြည့်​ရင်း
ဆို့တက်​လာတဲ့မျက်​ရည်
ကျခဲ့တာပါးပြင်​​ပေါ်
သုတ်​မိတဲ့ဒီလက်​က
ဘယ်​လက်​လားညာလက်​လား
ငါသတိမထားမိနိုင်
ငါငိုပရ​စေဦး​တော့
နင်​ရီဖို့ငါ့အပြုးံ​တွေ​ပေးမယ်
စေစားရာငါနှလုးံသား
ခိုင်းေ​စရာအမိန့်
မေ​သွမတိမ်းထမ်းေ​​​​ဆာင်ဖို့
ဦး​နှောက်ကိုအိပ်ေ​​ဆးခတ်ထားတယ်.....။
                 စုန်း
____________________________________________
နိယာမ
ကြေကွဲရိပ်ဆင်
မျက်နှာပြင်ထက်
ပင့်သက်ဖြတ်​ပြေး
ပါးပြင်​နွေး​သော်
လက်ခုံနဲ့သုတ်
အရုပ်ကြိုးပျက်ကျ
မျက်ရည်စဟုမှတ်
ချန်ပစ်သူထံ
ကျန်ရစ်သူကမ်း
နှုတ်ခမ်းကအနမ်း
ပြန်တမ်းတ​သော်
မရနိုင်မှန်း
စိတ်ပန်းလို့နွမ်း
အလွမ်းလို့မှတ်
အချစ်၏နိဂုံး
ရုပ်လုံး​ပေါ်​သော်
လိုတာမရ
ဆန္ဒ​တွေလွဲ
ကွဲလွဲပြန်သ​ဘော
မညီ​သော​လျှောက်လမ်း
မလန်း​သောချစ်ရက်
အမြစ်မပျက်တွယ်ငင်
တကယ်မကြင်လို့ခွဲ
လွမ်းရဲလို့ပစ်
ချစ် ခင် ​ပေါင်းသင်း
ဆက်ဆံခြင်းသည်
ကေကွင်း​နောက်ဆုံး
ဖြစ်ရသည်လာ့း့ ။
        သူရဇ္ဇ
____________________________________________
ဘောင်မ၀င်​သော
အလင်း
အလွမ်းလို့​တော့
မမည်ခဲ့ရီတလှည့်
ငိုတခါနဲ့
လိုတာထက်
ပိုနက်ခဲ့တဲ့
ရှိုက်သံတခုရဲ့ည
သုညနဲ့စခဲ့လို့လားမသိ
အကြွင်းကနတ္ထိဖြစ်လို့
ဇစ်မြစ်မသိတဲ့
အရှုံးရလာဒ်
ငါပဲအတွက်မှားခဲ့​လေသလား
မသိကိန်းထပ်တဲ့
ဆုံးဖြတ်အ​မေး
ဝေးဖို့ဆိုတာ
ကျြုသိခဲ့ရင်
နင်အလိုမရှိတဲ့ငါ
တော်ရာမှာပဲ
နေခဲ့လိုက်မှာ
နင်လိုက်မလာဖို့မှာတဲ့
အနာဂါတ်လမ်းမှာ
ငါ့အလွမ်း​တွေက
ဘောင်မ၀င်​ပေမယ့်
မကြာခင်
အ​မှောင်ဝင်မယ့်
နင့်ရဲ့​နေညိုချိန်အတွက်
ငါတက်စွမ်းသမျှ
တာဝန်တစနဲ့
ကြယ်​လေး​တွေ
ကြိုးနဲ့ချလို့
ဧရိယာပြင်ပက​နေ
ထွန်းလင်းခွင့်ပြုပါ့ ။
       သူရဇ္ဇ
____________________________________________
လမ်းခွဲခြင်းနိမိတ်
ရင်ဝမှာ
တိတ်တဆိတ်စူး
အဆိပ်လူးသလို
မနုတ်ရက်မ​ဖြေသာ
ထိတိုင်းနာခဲ့
နင်ညှာတာမဲ့လို့
ကဗျာဆရာရဲ့
လွမ်းချင်းတ​ကျော့မှာ
ခေါင်းမ​မော့နိုင်တဲ့ငါ
ရင်ဘတ်​တွေ
နာလွန်း​တော့လည်း
မျက်ဝန်းက
မပြုံးနိုင်​တော့ဘူး
်မထိဖူး​သေးတဲ့အနမ်း
မကြုံဖူး​သေးတဲ့
အလွမ်းနဲ့
ငါ့နှုတ်ခမ်းကို
ရှိုက်သံလွှမ်း​စေ
လွမ်းမ​နေပါဘူးလို့
အားတင်း​ပြော​ပေမယ့်
အ​မောမ​ပြေတဲ့
သောကသံ​တွေကြား
ခြေလှမ်း​တွေဖွဖွထားလို့
သောက​တွေ
ရင့်ကျက်ခဲ့​ပေမယ့်
နင်မငဲ့ကွက်ခဲ့တဲ့
ငါ့သိက္ခာက​တော့
အမြင့်မက်လို့
အကျနာခဲ့ရပြီ့ ၊
    သိက္ခာ
         သူရဇ္ဇ
____________________________________________
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 
ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Thursday 13 October 2016
ဘဝစာမျက်နှာ
*ဘဝစာမျက်နှာ*
အချိန်အားဖြင့်ညနေ၅နာရီလောက်မှာပါကျနော်ငယ်ငယ်က နေခဲ့ရသည့် ရွာလေးကို မရောက်တာကြာလို့ အလည်သွားခဲ့တာပေါ့ ရွာအဝင် လှည်းလမ်းလေးဟာလည်း အရင်လို အရင်တိုင်းပဲမပြောင်းလဲဘူး  စာသင်ကျောင်းလေးကို ကြည့်တော့လည်း အရင်တိုင်းပဲ  အနိုင်သီဆိုခဲ့တဲ့ သီချင်းလေးကို နားထဲပြန်ကြားယောင်မိတယ်...မပြောင်းလဲပါဘူး မနှောင်းသေးပါဘူး မဟောင်းသေးပါဘူး အချစ်ရယ်..အခုဘဝတွင်မက နောက်ဘဝတိုင်လည်း မဟောင်းသေးပါဘူး မနှောင်းသေးပါဘူး မပြောင်းလဲပါဘူးလေ,.,ကိုအနိုင်ရယ် ဒီသီချင်းဟာ ကျနော်တို့ရွာလေးရဲ့ အနာဂတ်အတွက် ရည်ရွယ်ပြီး ဆိုခဲ့တာလားလို့ သူသာ အသက်ရှင်လျှက် ရှိနေသေးရင် ကျနော်မေးမိမှာပါ  ရွာထဲကို ရောက်ခဲ့ပြီ  ပြောင်းလဲသွားတာတွေရှိတယ် အဲ့ဒါ ကျနော်ရဲ့ သူငယ်ချင်းတွေ သံယောဇဉ် ကိုယ်စီကိုယ်စီနဲ့.. ပြောင်းလဲဖို့ အချိန်တန်ပြီဆိုတာ ဒါလားကွယ်.. မြန်မာနိုင်ငံဟာ သယံဇာတ တွေ ပေါကြွယ်ဝသော နိုင်ငံကြီးဖြစ်ပါသည်ဟု ကျနော်ငယ်ငယ်က စာသင်ခန်းမထဲမှာ ကျက်ခဲ့ဖူးပါသည် ဒါပေမဲ့ ဒီနေ့ခေတ်မှာ ကျနော်တို့နေတဲ့ မြန်မာနိုင်ငံကြီးဟာ ကမ္ဘာအဆင်းရဲဆုံး နိုင်ငံထဲကို ဘာလို့ပါဝင်နေရတာလဲ ..ဒါဟာ မသမာသူလူတစ်စုရဲ့ ကိုယ်ကျိုးအတွက် နိုင်ငံခေါင်းဆောင်လုနေခြင်းကြောင့်လား.,.အနာဂတ်အတွက် အမြော်မြင် မရှိ အသိပညာမကြွယ်တဲ့ ပုဂ္ဂိုလ် တစ်ချို့ နိုင်ငံခေါင်းဆောင် ဖြစ်နေခြင်းမို့လို့ ပြောရင် လက်ခံမှာလား..ဝန်ကြီးရယ် လျှပ်စစ်ဓာတ်အားတွေ ပိုနေလို့ ဘေးနိုင်ငံကို ရောင်းတာပါလို့ ပြောတဲ့ အဘရယ် မြန်မာပြည်မှာ မီးမရှိဘဲ အမှောင်ထဲမှာ ဖယောင်းတိုင်ရဲ့အလင်းရောင်နဲ့ရှင်သန်ခဲ့ရတဲ့ရွာတွေ အများကြီးရှိနေပါသေးတယ်ဗျာ ,..မြင်အောင်ကြည့်ပေးပါဦးနော် အခုရောက်နေတဲ့ရွာလေးတစ်ရွာ အပါဝင်ပေါ့ ညမှောင်မှောင်မှာ လရောင်ကို မဖော်ပြုနေရတဲ့ ရွာလေးရဲ့ခေါင်းဆောင်တွေကရော အထက်လွတ်တော်ကို မတင်ပြကြဘူးလား မသိဘူး ဒီနေ့အထိ အမှောင်ထဲမှာပဲ လရောင်နဲ့အတူ ရှိနေပါသေးတယ် အမှောင်စာမျက်နှာကို လှန်ပြီး အလင်းရောင်စာမျက်နှာကို ပြောင်းလဲသင့်ပါပြီကိုယ်ထူကိုယ်ထစနစ်နဲ့ကြိုးစားစမ်းပါဗျာ အဲ့ဒီလိုပြောလိုက်ရင် ငါတို့မှာ မိသားစုအရေးနဲ့ ရုန်းကန်နေရတာ ဘယ်ကငွေရမှာလည်း ..ထီပေါက်ရင်တော့ မင်းတောင်ပြောစရာ မလိုဘူး ငါလှုမယ်ဆိုတဲ့ ရပ်ရွာခေါင်းဆောင်တွေရယ်..ထီကရော လစဉ်ထိုးဖြစ်ရဲ့လား ပြီးတော့ အဲ့ဒီထီက ဘယ်အချိန်ပေါက်မှာလဲ လို့ မေးရင် စိတ်မဆိုးပါနဲ့နော် မရေရာမသေချာတဲ့ ထီဆုကြီးကို မျှော်လင့်ရင်းနဲ့ အသက်တွေကြီးလာပြီး ဒီလမ်းလေးဟာလည်း အရင်တိုင်းပဲ ညအမှောင်လေးဟာလည်း မှောင်လျှက်နဲ့ပဲ ရှိမှာပေါ့ .ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး ဒီနေရာမှာ အြံတစ်ခုပြုပါရစေ မီးမရသေးတဲ့ ရွာတွေလည်း သိမှာပါ ရပ်ရွာကို ခေါင်းဆောင်နေရတဲ့ ပုဂ္ဂိုလ်အနေနဲ့ ကိုယ့်ရွာက တစ်အိမ်ခြင်းစီမှာ ငွေတစ်ရာစုမယ် တစ်လကို တစ်အိမ် ငွေသုံးထောင်ပေါ့နော် အိမ်ခြေတစ်ရာဆိုတော့ ငွေ သုံးသိန်းပေါ့ တစ်နှစ်ဆိုရင် သိန်းပေါင်းသုံးဆယ်ခြောက်သိန်းရမယ် ဒါက အိမ်ခြေတစ်ရာရှိတဲ့ ရွာလေးရဲ့ ဝင်ငွေ သုံးဆယ့်ခြောက်သိန်းနဲ့ တစ်နှစ်ခြင်းစီ ပြောင်းလဲလိုက်ရင် နောင်ဆယ်နှစ်ဆို မြို့ကြီးတွေထက်တောင် ပြောင်းလဲသွားနိုင်တယ်နော် ပြောင်းလဲကြဖို့ ပြောတာပါ. ဒီနေရာမှာ ကျနော်တစ်ခုပြောခြင်တယ် ကျနော် မျက်လုံးတွေ ဝေဝါးနေလို့ ဆေးခန်းကို သွားခဲ့ဖူးတယ် ဆေးခန်းရောက်တော့ ဆရာဝန်နဲ့ပြသပြီး ဆရာဝန်က မျက်မှန်လေးတစ်လက်ထုတ်ပေးတယ် တပ်ကြည့်ဆိုတော့ ကျနော်လည်း တက်ပြီး အထက်ကိုကြည့်လိုက်တယ် ဝါးနေတာပဲ မြင်တယ် နောက်တစ်လက် တပ်ကြည့်တော့လည်း ဝါးနေတာပဲ ရှေ့ကိုကြည့်တယ် ဝါးနေတယ် ရုံးခန်းတွေလှမ်းကြည့်တယ် ဝါးတာပဲ ဒီလိုနဲ့သာ ပြန်ခဲ့ရတယ် ဝါးလိုက်တာ သစ်တောလည်းပြောင် တောင်တွေလည်းကုန်ပြီ ဒါလည်း ဝါးနေတုန်းဆိုတော့ ကျနော်တွေးမိတယ် မြန်မာနိုင်ငံဟာ  သယံဇာတပေါကြွယ်ဝသော နိုင်ငံနေရာမှာ  ဝါးပေါသောနိုင်ငံဟုသာ ပြောင်းလဲခေါ်သင့်ပါသည်..သူတို့ဝါးပြီးမှ ကျနော်တို့ပြည်သူတွေမှာ အကြွေးငါးသိန်း တင်ခဲ့ရတာ ဘာအကြောင့်လည်း ပြီးတော့ တစ်ရက်ကို နှစ်ထောင်သာ သုံးသင့်ကြောင့် ထမင်းတစ်နပ်လျှော့စားပါ ထန်းလျှက်တွေကို နောက်နှစ်အတွက် မျိုးထန်းလျှက်တွေလည်း ချန်ပါတဲ့ ဝန်ကြီးရယ် မသိလို့မေးပါရစေဗျာ ထန်းလျက်ဆိုတာ ထန်းရည်က ဖြစ်လာတာမဟုတ်လား မျိုးထန်းလျက်တွေ ချန်ပါဆိုတော့ ကျနော်တို့ ဘယ်လို ချန်ရပါ့မလဲဗျာ .,ပြီးတော့ တစ်ခုရှိသေးတယ် အခုလို သီတင်းကျွတ်ကာလမှာ ကျနော်တို့လူငယ်ကလေးတွေ ယမ်းလိပ်တွေ မီးရှုးမီးပန်းတွေ ဖောက်ကြတယ် အဲ့ဒီအခါမှ မီးရှုးမီးပန်းများမရောင်းရ မဖောက်ရ တွေ့ရှိပါက ရောင်းသူအား ထောင်သုံးနှစ် ဗျောက်လိပ်ဖောက်သူအား တစ်နှစ်တဲ့ မေးဦးမယ်ဗျာ အဲ့ဒါတွေက တရုတ်ကတင်သွင်းတဲ့ ထုတ်ကုန်တွေမလား မြန်မာပြန်ထဲမရောင်းချခင်က ဖမ်းပါလား ခွင့်မပြုနဲ့လေ အခုမှ ပြည်သူတွေလက်ထဲရောက်မှာ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အရေးပေါ် ဥပဒေတွေ မထုတ်ပြန်ပါနဲ့ဗျာ ပြည်သူတွေဟာ အမှောင်စာမျက်နှာတွေထဲမှာ လူကြီးမင်းတို့ ပုံသွင်းထားသလို နေတက်တဲ့ ကျောက်ရုပ်မဟုတ်ဘူး အသွေးသားနဲ့ဖွဲ့စည်း ထားတဲ့ လူသားဖြစ်ကြောင်း သိစေခြင်ပါသလို စာချစ်သူအပေါင်းတို့လည်း စာဖတ်ပါ တစ်ရက်ကို ၁နာရီလောက်တော့ စာဖတ်ကြပါ အသိပညာဗဟုသုတတွေ ရှာဖွေပါ အသိပညာပြည့်စုံသူဆိုရင် စဉ်းစားတွေးခေါ်တက်မယ် အမှန်အမှား ခွဲခြားသိလာရင် တိုင်းပြည်ကောင်းကျိုးကို တကယ် ထမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ကို ရွေးချယ်နိုင်ပြီး အမှောင်စာမျက်နှာမှ အလင်းရောင်စာမျက်နှာသစ်ဆီသို့ အသိပညာတွေ ပြည့်စုံတဲ့ သူအဖြစ်နဲ့ ဘဝသစ်မှာ စစ်မှန်သော နိုင်ငံအဖြစ် ပြောင်းလဲနိုင်ပါစေလို့ ဆန္ဒပြုရင်း ကျနော်ရဲ့ ဘဝစာမျက်နှာ ခေါင်းစဉ်ဖြင့် ရေးသားခဲ့သော ဒီစာပိုဒ်ကို ဒီမှာ ဒီအမျှနဲ့ နိဂုံးချုပ်ပါရစေဗျာ...
မေ့နေကြပြီလား တစ်ကောင်ဘွား(ဓာတ်တော်)ပြန်လာပါပြီ ဘယ်သူတွေ အားပေးဖတ်ရှု့နေသေးလည်း သိရအောင် ဖုန်းလေး ဆက်ပြီး ဝေဖန်ပေးကြပါလား ဒါမှမဟုတ် စာလေးဖြင့် ဝေဖန်ပေးကြပါဦးနော်  စာချစ်သူအပေါင်းကို ထာဝရလေးစားခင်မင်လျှက်
         တစ်ကောင်ဘွား(ဓာတ်တော်)
09455442504
Sunday 9 October 2016
နောင်တမဲ့စွာ
နောင်တမဲ့စွာ ..
အချစ်ရယ် ..
ရှင်နဲ့အတူလျှောက်ရမယ့်လမ်းမှာ
ဘယ်လိုပဲနာကျင်မှုတွေကြုံနေပါစေ
ရှင်သာကျွန်မဘေးမှာရှိနေပေး
အဲ့ဒီနာကျင်မှုတွေ ကျွန်မတစ်ယောက်တည်း
ခါးစည်းပြီးခံစားနိုင်တယ်
ရှင့်တစ်မျက်နှာက
ကျွန်မရဲ့တစ်ကမ္ဘာမို့
ရှင်ရှိတဲ့အရပ်မှာ
ကျွန်မဘ၀ပျော်နေမှာသေချာတယ် ..
ရှင်နဲ့အတူလျှောက်တဲ့လမ်း
ဆူးခင်းလမ်းဖြစ်နေပါစေ
အဲ့ဒီလမ်းကို ရှင့်ရှေ့ကနေ ကျွန်မလျှောက်ရဲတယ် ..
ကျွန်မခြေလှမ်းအတိုင်း ရှင့်ခြေလှမ်းတွေထပ်တူလိုက်ပြီး
ရှင့်ခြေထောက်တွေ ဆူးမငြိဖို့ကာကွယ်ပေးမယ် ..
ရှင်သာအနားရှိခဲ့ရင်
ဘာတွေဘယ်လိုပဲရင်ဆိုင်ရပါစေ
ကျွန်မသတ္တိတွေပြည့်နေမှာ သေချာတယ် ..
ရှင်သာထွေးပွေ့ထားရင်
ကျွန်မအတွက်ခွန်အားတွေ
မိုးလောက်ထိုးဖောက်စီးဝင်နေမှာသေချာပါတယ် ..
ရှင်နဲ့အတူလျှောက်ရမယ့်အနာဂတ်ခရီး
နောင်တကင်းမဲ့နေဖို့လည်း အာမခံရဲတယ် ....
မုန်း (BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
ခိုင်မြဲနေဆဲလေ
ခိုင်မြဲနေဆဲလေ ...
နင်နဲ့ငါ
နင့်မှာလည်း ဒဏ်ရာတွေနဲ့
ငါ့မှာလည်း ဝေဒနာတွေနဲ့
ဒါပေမဲ့ 
တူညီစွာခံစားမိရင်း
နှစ်သိမ့်ပေးတတ်တဲ့ နှလုံးသားကိုယ်စီနဲ့
ငါတို့ လက်တွေခိုင်မြဲစွာတွဲဆက်ခဲ့ကြတယ်
မယိုင်လဲတဲ့ သံယောဇဉ်မိုင်တိုင်ကြားမှာ
ခိုင်မြဲစွာ ဖေးကူမရင်း
နင်နဲ့ငါ ထာဝရ မပျက်စီးမဲ့
အကြင်နာခရီး အတူသွားခဲ့ကြတယ်
ချစ်သူ .. စိတ်ချပါ 
နင်မှတပါး ငါ့နှလုံးသားဝင်ခွင့်မပြု
နင်မှတပါး ငါ့အတွေးများစိုးမိုးခွင့်မပြု
နင်မှတပါး ငါ့ဘဝအနားလာခွင့်မပြု
ယခုထိတိုင် မယိုင်မလဲ ရင်ဆိုင်နွှဲရင်း
နင်နဲ့ငါ ခိုင်မြဲနေဆဲလေ…………………
Credit - မြင့်မြတ်သိင်္ဂီ
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Friday 7 October 2016
နင်သိစေချင်တယ်
နင်သိစေချင်တယ် ...
အဆင်ပြေသလားလို့တော့
နင်ငါ့ကိုမမေးပါနဲ့ ..
နင်ထားခဲ့တဲ့ နေရာလေးမှာ
အရင်အတိုင်းပဲလေ ...
နေတတ်ခဲ့ပြီလားလို့
နင်ငါ့ကိုမမေးပါနဲ့ ..
ငါမနေတတ်ခဲ့လည်း
ငါကနင့်အနားလေးမှာမှ မဟုတ်တော့တာ ...
လွမ်းသေးရဲ့လားလို့လည်း
နင်ငါ့ကိုမမေးပါနဲ့ ...
နင်မရှိတဲ့နေ့ရက်လေးတွေမှာ
ပြန်တွေးမိတိုင်းမျက်ရည်ကျရအောင် လွမ်းခဲ့ရတာမို့
ငါနောက်ထပ်နင့်ကို မလွမ်းချင်တော့ဘူးလေ ...
အချစ်ဆိုတဲ့အရာတစ်ခုက
လွယ်လွယ်နဲ့ ဖြစ်တည်လာတာမဟုတ်သလို
တစ်ခါတစ်လေတော့လည်း
ကိုယ်နဲ့ မထိုက်တဲ့သူဆီမှာ
မပုံအပ်တာပဲ ကောင်းပါတယ်ဟာ ...
အရာရာနင်နဲ့ပတ်သက်ခဲ့သမျှ
ငါဘာတစ်ခုမှ မရှိတော့တာ နင်သိစေချင်ပါတယ် ....
Credit - zinyaw(no name)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
အသက်ရှုသံတောင် ရပ်ထားတယ်
အသက်ရှူသံတောင်ရပ်ထားတယ် ..
အလုံပိတ်တဲ့အခန်းတစ်ခုတွင်းမှာ
ပြတင်းတွေကိုမဖွင့်ပါနဲ့
အလင်းရောင်မှုန်မှုန်လေးတောင်မ၀င်စေရဘူး
နင်မရှိတော့တဲ့အရပ်မှာ
ငါ့ကမ္ဘာကိုအမှောင်ချထားပါရစေ ..
အလွမ်းသီချင်းတွေကို ခပ်ကျယ်ကျယ်ဖွင့်ထား
တစ်ယောက်တည်းကျိတ်ခံစားနေချင်လို့ပါ..
သံစဉ်တွေနဲ့မြောလွင့် ..
နစ်မြှုပ်ထားမယ့် ငါ့နှလုံးသားကို
အလွမ်းတွေနဲ့အသားကျနေပါစေ ..
အခြားသူရေးရေးလေးတောင်မ၀င်စေရ
နင့်တစ်ယောက်တည်းကို သူတမ်းတနေပါစေ ..
ဘယ်သူမှလည်း မမြင်စေရ
သူ့အာရုံတွေနောက်ကျိမသွားစေချင်ဘူးလေ ..
ဒီအခန်းလေးတွင်းမှာ
ငါကလွဲလို့ .. သံစဉ်တွေကလွဲလို့
ငါ့နှလုံးသားနဲ့ မင်းပုံရိပ်တွေချည်းရှိနေပါစေ ...
ဘာအနှောင့်အယှက်မှလက်မခံချင်ဘူး
နှလုံးသားလေး လွတ်လပ်စွာလွမ်းဆွတ်နိုင်ဖို့
အသက်ရှူသံတောင် ခဏရပ်ထားတယ် .... ....
မုန်း (BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246