Wednesday 23 March 2016

မပြယ်သောအချစ်

အချစ်ဆိုတာ ရယူခြင်းလဲမဟုတ်သလို 

ပိုင်ဆိုင်နေမှ  တို့နှစ်ဦးကြား

ချစ်ခြင်းမေတ္တာတွေရှိနေတာ မဟုတ်ပါဘူး

ချစ်သူ ..........


ယူဇနာ တစ်သောင်း ကွာဝေးစေဦးတော့.......

နားလည်မှုတွေ ..... ယုံကြည်မှုတွေ .....

သစ္စာစောင့်သိခြင်းတွေ

ငါတို့နှစ်ယောက်မှာ ရှိနေသရွေ့ 

ဒီ .... ကမ္ဘာကြီး ပျက်စီးယိုယွင်းသွားရင်တောင် 

တို့နှစ်ဦး ချစ်ခြင်းကို ကဗ္ဗည်းထိုး မှတ်တမ်းတင်ထားကြလိမ့်မယ် ။


တို့နှစ်ယောက် အနေဝေးနေကြရင်တောင်

စိတ်ဝိဥာဉ်လိပ်ပြာငယ်က 

လွမ်းဆွတ် သတိရခြင်းတွေအပေါ်မှာ 

အချိန်တိုင်း စက္ကန့်မလပ် ကပ်တွယ်ငြိနေလို့ .....


သွေးထိုးကြမယ့် ဘေးစကားတွေ နားခါးလွန်းလို့ 

မင်း နားမယောင်နဲ့...... ချစ်သူရေ.....

မပျက်သော ချစ်ခြင်းတရားတွေနဲ့ 

အနာဂတ်ခရီးလမ်းတွေ လှပအောင်ကြိုးစားမယ်

တို့နှစ်ဦး သစ္စာတည်စွာ

ငါ့လက်ကို မြဲမြံစွာတွဲ 

ချစ်ခြင်းတွေ သက်ဆုံးတိုင် ခိုင်မြဲကြစေဖို့ ။     ။


ညိမ်းစေသော်(BeeTalk)








အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ