Wednesday 16 March 2016

အချစ်တု

အခုချိန်မှာမှတော့

ဘယ်သူကိုမှလည်း အပြစ်ဖို့မနေချင်တော့ပါဘူး...

လူကဲခတ်ရာမှာ ညံ့ဖျင်းလွန်းခဲ့တဲ့

ငါကိုယ်တိုင်ကပဲအပြစ်ရှိသူထားလိုက်ပါတော့ ...

သိပ်ချစ်တဲ့ပုံဖမ်းပေးနိုင်ခဲ့တဲ့ 

နင်ကပဲတော်လွန်းတာလား ...

ဟာကွက်တွေတပုံတပင်နဲ့နင့်အချစ်ကို

စုံလုံးကန်းယုံခဲ့တဲ့

ငါကပဲသိပ်ညံ့လွန်းခဲ့တာလား ....

အတိတ်ကိုပြန်ဆန်းစစ်ရင်တော့ ..

အချစ်ငတ်လွန်းတဲ့ငါက

အတုလား အစစ်လား မခွဲခြားတတ်တော့အောင်

အချစ်ဆိုတာကို သိပ်ပြီးတပ်မက်လွန်းခဲ့တာ .....


မုန်း (BeeTalk)




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ