Tuesday 8 March 2016

လွမ်းရဲမှ လမ်းခွဲပါ (ဇာတ်သိမ်းပိုင်း)

အပိုင်း(၇)
                                                                ဇာတ်သိမ်းပိုင်း
မိုးဝသန်ရာသီရောက်ခဲ့ပြီမို့ အညာမြေမှာမိုးလေးများတဖွဲဖွဲ ရွာသွန်းလျှက်ရှိခဲ့ပြီမှာ ၇ရက်လောက်ရှိမည်ထင်သည် မိုးလေးတွေ စွေသလို ကိုယ့်ရဲ့ မျက်ရည်စက်တွေလဲ ကြွေခဲ့ရနေ့စဉ်မှာ ကြင်နာသူရယ် မသိလေရော့သလားကွယ် မနက်ဖြန်မှာ ကျရောက်လာမည့် ချစ်သူရဲ့မင်္ဂလာပွဲမှာ ငါ မဆင်နွှဲပါရစေနဲ့ဟာ ရင်ထဲမျက်ရည်စက်တွေ ဒီတစ်သက် ကြင်နာသူရေ မမြင်ပါစေနဲ့ကွာ အသဲတစ်ခြမ်းနဲ့ အမြဲလွမ်းနေတဲ့ သူပါ အခုလဲလွမ်းသလို နောင်လဲ လွမ်းရဦးမည်လေ
       ချိမ်း ဆိုသော မိုးခြိမ်းသံကြောင့် ကောင်းပိုင်ရဲ့အတွေးတွေ ဘယ်ဝယ်ဘယ်ဆီရောက်ကုန်သည် မသိ အိပ်မက်မှ လန့်နိုးသူပမာကဲ့သို့ ဖြစ်သောကောင်းပိုင်သည် ခုံပေါ်တွင် ရှိနေသော စီးကရက်ဗူးထဲမှ တစ်လိပ်ထုတ်ယူကာ မီးရှို့၍နှုတ်ခမ်း၌တေ့ပြီး ရှိုက်လေသည် ပြီးတော့ ဆေးလိပ်ငွေ့များကို မျက်နှာချပ်ဆီသို့ မော့ကာ မှုတ်ထုတ်လိုက်စဉ်   အမယ်လေး ဟု အော်သံကို ကြားရသော ကောင်းပိုင်သည် အပြင်သို့ လှမ်းကြည့်လိုက်ရာ မိန်းကလေးတစ်ယောက် မိုးရေထဲမှာ ချော်လဲနေသည်ကိုတွေ့ရသည် ထိုမိန်းကလေးသည် သူကို ကျောပေးလျှက်ရှိနေတော့ ဘယ်သူ ဘယ်ဝါမှန်း သူမသိပါ ဒါပေမဲ့ မနှစ်က မိုးရေထဲမှာ တွေ့ခဲ့ရတဲ့ သဇင်ကို သတိရမိသလို ဝေဒနာရယ် အသစ်ပြန်ဖြစ်ခဲ့လေသလား မသိတော့ဘူး ပူနွေးသော ရေတစက်က ပါးပြင်သို့ ခစားနေသည်ကို ခံစားမိသည် အော် သဇင်ရယ် မင်းကို လွမ်းလိုက်တာ ဟု တိုးတိုးလေးပြောရင်း နံရံ၌ချိတ်ထားသော ထီးကို ယူကာ လမ်းမပေါ်သို့ထွက်လာခဲ့သည်  ကောင်မလေးအနားသို့ ရောက်သောအခါ  ကျနော် ဘာ ကူညီရမလဲ ခင်ဗျာ ဟု မေးသော အခါ ကောင်မလေးသည် ကျောပေးနေရာမှ လှည့်မကြည့်ပဲ  အို ညီမကြောက် ကြောက်တယ် ဟုဆိုလိုက်သော အသံမှာ သဇင် အသံနဲ့ တူနေပြန်ပါပြီ ထိုကြောင့် ကျနော်လဲ ဘာကို ကြောက်တာလဲ ဟင် ဟု မေးပြီး ကောင်မလေးပခုံးကိုကိုင်ကာ မျက်နှာကို ကျနော်ဘက်သို့ လှည့်စေသည် ထိုအခါမှ ကျနော်အား ပြုံးကြည့်နေသော သဇင်ကိုတွေ့ရသောကြောင့်  သ သ သ ဇင်  သဇင် ဟု ထစ်ထစ်ငေါ့ငေါ့ဖြင့် ခေါ်သော ကျနော်ကို အပြုံးမပျက်သောမျက်နှာဖြင့်ကြည့်ကာ သဇင်ဟုတ်ပါတယ် အစ်ကိုရဲ့
 ဘာလို့ မိုးရွာထဲမှာ ရွာကို လာရတာလဲ မနက်ဖြန် သဇင် မင်္ဂလာဆောင်မလား
သဇင် သတိုးသားပျောက်လို့ လာရှာတာ အစ်ကို
   ဘယ်လို ဘယ်လို
 ဟုတ်တယ် အစ်ကို သဇင်ရဲ့ သတိုးသားကို တွေ့ပါပြီ
ဘယ်မှာလဲ သဇင်
သဇင်ရှေ့မှာ ရပ်နေတာလေ ဟုဆိုကာ ကျနော် ရင်ခွင်ထဲ ခေါင်းကိုတိုးဝှေ့ပြီး  သဇင် အကိုကို မခွဲနိုင်ဘူး အကိုရယ် အကိုလဲ သဇင်ကို မညာပါနဲ့တော့နော်
ကျနော်လဲ သဇင်ကို ဖတ်ကာ အကို မညာပါဘူး ဒါပေမဲ့ ဘဝခြင်းမတူတော့
တော်ပါတော့ အကို  အကိုနဲ့ သဇင်ကို သဇင် ဖေဖေကလဲ မငြင်းပါဘူး အကိုက ဘဝဆင်းရဲပေမဲ့ ကြင်နာစောင့်ရှောက်တက်တဲ့နှလုံးသားရှိတယ်ဆိုတာကို ဖေဖေက သိတယ်တဲ့
ဒါဆို အကိုတို့ မခွဲရတော့ဘူးပေါ့နော် သဇင်
မလွမ်းရဲရင် လမ်းမခွဲပါနဲ့တဲ့ မောင်ရဲ့
ဒီနေ့ဟာ အကိုတစ်သက်လုံးမှာ အပျော်ဆုံးနေ့ပါပဲ သဇင်ရယ် ဟုဆိုကာသဇင်ရဲ့ပါးလေးကို အနမ်းတစ်ပွင့်ခြွေလင့်ရာ သဇင်သည် ရှက်စဖွယ်အပြုံးလေးနဲ့ ကျနော်ရဲ့ကျောကို ထုသည် ကျနော် သဇင်ကိုယ်လေးကို တင်းတင်းဖတ်ရင်း မိုးရေထဲမှာ ချစ်သူနှစ်ဦး ပျော်ရွှင်ကြည်နူးရပါသည်လေ ....,
                                       ပြီးပါပြီ
         ဝေဖန် အကြံပြုစာလွှာများပေးပို့လိုပါက ၀၉၄၄၂၀၉၅၄၆၅သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
                               ရွှင်လန်းချမ်းမြေ့ပါစေ
                           တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ