Friday 30 October 2015
ဝါဆို
တိတ်လှည့်တော့ဝါဆိုရေ
မျက်ရည်တွေပိုနေလို့
နှလုံးသားလေးငိုကြွေးနေပီ…
ထားခဲ့တော့ချစ်သူရေ
အနမ်းတပွင့်နဲ့လမ်းခင်း
အပြုံးတချက်နဲ့နင်လမ်းခွဲရက်တယ်…
ရက်စက်ခြင်း
နင်ဆွဲကိုင်ထားတဲ့ခံယူချက်
ယုံကြည်ချက်တွေထားငါအခုလမ်းပျောက်နေပြီ…
အတ္တကိုမော်ကွန်းတင်
အသည်းနှလုံးကိုကမ္ဗည်းထိုး
နင်အမုန်းတွေအရောင်ဆိုးရက်တယ်ချစ်သူရယ်…
ကမ္ဘာပျက်ပါစေ
နင့်အပြုံးအလွမ်းတွေနဲ့ထုဆစ်ထားမယ်
ဘဒ္ဒလွန်သုညတိုင်သက်မဲ့ပြုံးတွေနဲ့…………¥¥¥
                                               Phyur/\/*L့
စကားတွေ
အဆန်းထွင်
တသွင်သွင်စီးဆင်းနေတဲ့
အနောက်တိုင်းက
မိုးချိန်းလို့
ကျားဟိန်းသံပေးနေပြီ
လာပြန်ပြီ ကိုတရုတ်
ကျုတ် တို့ကို
အလုတ်ပေး
ထမင်းကျွေးလို့
ကျေးဇူးတင်
ဓနရှင် ကို
ဖားချင်တော့
ညိ ငေါ့ ရှော့ပသသ်
တရုတ် ကို အထင်ကြီး
ရေစည်းကြောင်းတွေ
များလာပြီ
မင်္ဂလာပါဗျာ
မင်္ဂလာပါဗျာ
မြန်မာနိုင်ငံ
မြန်မာစာ
မြန်မာစကား
သူငယ်ချင်းတို့
တန်ဖိုးထားတတ်စေချင်တယ်
ဒို့တတွေက
မြန်မာဟေ့
မြန်မာဟေ့ နဲ့
ပါးစပ်က
ကုန်းအော်နေလို့
မပြီးဘူး
အနောက်တိုင်းစကားတွေ
အနောက်တိုင်း
ယဉ်ကျေးမှု
တွေက
ဒို့ နိုင်ငံ၏
ယဉ်ကျေးမှုကို
အများကြီး ဖုံးလွှမ်းလို့
နေပါတယ်
ဒါကို ဒို့ သတိထားဖို့ လိုပါပြီ
အမှတ်တမဲ့
နေလာခဲ့ကြတာ
မျက်လုံးလေး ဖွင့်ကြည့်
လိုက်တော့
သြော်းးးး
ငါတို့ဘာသာ
ငါတို့စကား
ချန်ထားခဲ့တဲ့သမိုင်း
ဖခင်
စောင့်လေမျိုးနွယ်
ဆိုတာ
ဘာများပါလိမ့်
hi 
fri
ok
hi
by
out
No
ဒါတွေ ဒီလိုတွေ
ပြောဆိုသုံးနှုံး
ပေးမှ
ပညာတတ်တာလား
အထင်အမြင်ကြီးပြီး
လေးစားကြတာလား
ဟုတ်ကဲ့ပါ
မင်္ဂလာပါ
လို့
မြန်မာလိုနှုတ်ဆက်
ပြောဆိုသုံးနှုံးတာ
တန်ဖိုးမရှိ ပါဝါမရှိ
အောက်တန်းကျနေလို့လား
မြန်မာစာချစ်တဲ့
မိုးမြင့်ထက်က
အလင်းတဆောင်
အကြံပြုပါ၏
မိတ်ဆွေတို
သဘောပါ
ပုံ
ခေတ်နောက်ကျသူ
စည်း
စည်း 
အိမ်မက်တခု
မဆုံနိုင်အောင်စည်းခြား
ငါ့ဘဝက
မီးပွားဆိုရင်
မင်းကအမှိုက်တစ
နှစ်ယောက်ပေါင်းမှ
မီးတောက်တခုဖြစ်မယ့်
ငါတို့ဘဝမှာ
မီးစကိုချန်စွန့်
အမှိုက်တစအဖြစ်
ရေမှာမျောရင်
မင်းဘဝနွေးထွေးမှု့အတွက်
ဘယ်မှာလဲမီးဖို
စဉ်းစားပါချစ်သူ
ငါ့ဘဝနွေ
ငါ့ဘဝ နွေ
ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းမကျ
ဖြစ်ချင် တာက
ထာဝရ
ဖြစ်နေတာက
တစ်ခဏသာ
ကံမပိုင်
ခွေယိုင် ကျ
ငါ့ဘဝက
နွေပါလားကွာ
     နေမင်းအာကာ
ရူတ်ထွေးခြင်းနိယာမ
ရှုတ်ထွေးခြင်း နိယာမ
ဘာတွေလဲဟာ ဘာတွေလဲ
အသဲကိုအပူပေး
အလွမ်းလေးတွေဟန်
ဆောင်
မောင်ကချစ်နေပေမဲ့
မာယာယာရှင်က 
သဘာဝကိုမခင်တွယ်
ဂုဏ်ငယ်သူကိုမသနား
စကားနဲ့လည်းမငဲ့ညှာ
ဟန်ဆောင်နေတာသိပါပြီ
ဒီလိုဘဝနဲ့ ဟိုအခြေ
မြေဇာပင် မမြင့်ပါဘူး
ဆူးလည်မရှိ 
ပန်းလည်းမပွင့်
သခင့်အတွက် အနင်းခံ
ပုံမှန်အားဖြင့် နင်းလျှောက်ပါ
ငါဟာနင့်အတွက်
သစ်ခတ်ပန်းစုံ
ရနံ့ထုံသင်း
ရွှေအဆင်းနဲ့ပြည်စုံ
လုံခြုံတဲ့အရိပ်
အေးမြတဲ့နားခိုမှုနဲ့
တုမရတဲ့အရသာ
အင်္သီးပါသီးပေးနိုင်တဲ့
အပင်းကြီးဖြစ်ချင်ပေမဲ့
ငါကမြေစာလေဟာ
ဘယ်မှာလည်းဂုဏ်
ဘာလည်းပကာသန
အဆင်းမလှတဲ့ငါ့ဘဝ
ခဏ ခဏ လဲပြိုခဲ့ပါပြီ
ဒီမျက်ရည်က အကျင့်ပျက်
ရက်စက်စွာကျနေပါ လားး
အမှားမဟုတ်ပါဘူးး
မြေဇာ
ကံကြမ္မာက ဆင်းရဲ
မွဲတေတဲ့ဒုက္ခ
အဆင်းမလှ ကဗျာမဆန်
ဘယ်သူမှန်လို့
ဘယ်ကမှား
ဂုဏ်တံတိုင်းတခု 
ခြားလေပြီ
Thursday 29 October 2015
ကဗျာဂျာနယ်အတွဲ၁အမှတ်၃၂
နေခြည်တွေဖြာဆင်း
မိုးသောက်ရံရွာကလေးဆီ
ရွာဦးဘုန်းကျောင်းအုန်းမောင်းသံစည်
ချိန်မှန်တွန်ကျူးတိုက်ကြက်ဖလေးလဲ
အခါပေးတော့မည်
အွတ်…အီး…အီ…အွတ်…
လေညှင်းသုန်သုန်
ငွေနှင်းမှုန်လည်းရွာသွန်းမစဲကျတော့သည်
အုန်းမောင်းသံစည်ရွာဦးကျောင်းဝန်း
အနန္တဂိုဏ်းဝင်ကျေးဇူးတော်ရှင်
ရှင်ရဟန်းတို့အာရုံဆွမ်းခံကြွတော့မည်
ကြေးစည်သံလည်းနောင်ဝေဝေ…
ဆွမ်းအုပ်နီနီခေါင်းပေါ်ရွက်
သဘက်ညိုလေးပုခုံးပေါ်တင်
ရောင်နီမလာမီ(ရွာဦး)ကျောင်းဝန်းဆီ
ဆွမ်းလောင်းလှူ သူစုံစုံညီ
ဆွမ်းလောင်းလှူ ပွဲခြိမ့်ခြိမ့်သဲ
ကုသိုလ်စုတဲ့ပွဲ…
၃၈ဖြာမင်္ဂလာ
ကုသိုလ်ရေးမို့ပီတိဖြာ
စိတ်နှလုံးတွင်းကြည်နူးစွာ
ခန္ဓာစဲလည်းအပယ်လွဲ
မြတ်သောနိဗ္ဗာန်ရည်စူးကာ
သာဓုခေါ်ဆိုပါ
သာဓု…သာဓု…သာဓု…
                        ဖျာလိပ်
********************************
* အချစ်ကိုအပ်နှင်း *
ဟန်ဆောင်ကမာယာသုံး
နင်အချစ်တွေအတုလုပ်ရောင်းတယ်
အချစ်ကိုမှကိုးကွယ်တတ်တဲ့ငါ
နင့်အတွက်အဖြည့်ခံပေါ့
တဒင်္ဂသာယာပေမဲ့
တဘဝလည်းဖြစ်ချင်ခဲ့တယ်
ပြုစားရင်ပြုစားပါကွာ
အနားကနှင်မထုတ်ပါနဲ့
အချစ်ကိုအပ်နှင်းခဲ့သူမို့
တသက်တာအလင်းမဲ့သွားမှာကြောက်လို့………
                Phyur/\/*L့
********************************
*ချစ်သူ *
*မတွေ့ရတဲ့နေ့တွေဆို *
*နှလုံးသားလေးအဆိပ်သင့်နေခဲ့ *
* နင်ကတော့ဘယ်သိနိုင်ပါ့မလည်းလေ *
* တခြားတယောက်ရင်ခွင် *
* ခိုဝင်ကာမှေးစက်နင်ပျော်နေရှာပီပဲ *
* ဆုတောင်းပေးမယ် *
* ငါ့မျက်ရည်တွေနဲ့နင်ပျော်ပါစေ *
* လွမ်းဆိပ်သင့်သူတယောက်ရဲ့သမုဒယ ရင်ခွင် *
* နင်မမြင်နိုင်ပါဘူးလေ *
                 Phyur/\/*L့
*********************************
*နောက်ဆုံးကဗျာ*
ချစ်သူရေ
       မာနကိုကြမ်းခင်း
       ဘဝကိုတက်နင်းလို့
       လှပစွာလှည့်ထွက်သွားတယ်
       အနိုင်မယူသူမို့………
ချစ်သူရေ
         သိက္ခာကိုချွေချ
         ဘဝကိုသံမှိုရိုက်
         နင်ခံတွင်းမြိန်ရဲ့လား
          ပေးဆပ်နေဆဲမို့…………
 ချစ်သူရေ
           ရေခဲ့ဖူးတယ်
            အချစ်ကဗျာလေး
            အမှတ်တရဖတ်ဖို့
            ငါ့ရဲ့ထွက်သက်နဲ့
            နင့်အတွက်
            နောက်ဆုံးကဗျာ…………
                       Phyur/\/*L့
*********************************
* နင်နဲ့ငါ *
* နင် *
        နင်ဆိုတာငါ့ဘဝရဲ့အလှသူဇာ
* ငါ *
       ငါဆိုတာနင့်ဘဝရဲ့ခဏခိုရာ
* နင် *
        နင်ဆိုတာ
        မြင့်မြတ်သူတို့ဆင်တဲ့ပန်း
* ငါ *
       ငါဆိုတာ
       ဆူးခင်းလမ်းကအညာတရ
* နင် *
         နင်ဆိုတာ
         အချစ်နဲ့ဈေးတင်
         ငါ့ဘဝကိုလေလံပစ်ခဲ့သူပေါ့
* ငါ *
        ငါဆိုတာ
        အချစ်ကိုအမွန်းတင်
        စူးဝင်အောင်နစ်ခဲ့သူပေါ့
                    Phyur/\/*L့
*********************************
ကျွန်တော်လည်းမအားတာနဲ့ကဗျာဂျာနယ်ကိုအစီအစဉ်ပြောင်းပြီးadminနှစ်ယောက်ခန့်ပြီးတင်ခိုင်းထားရတာပါ။ဒီနေ့တော့ကဗျာဂျာနယ်လေးထပ်တင်ပေးလိုက်ပါတယ်ဗျာ။ဒီနေ့မှာမပါတဲ့ကဗျာတွေကိုလည်းနောက်နေ့တွေမှာတင်ပေးသွားမှာဖြစ်ပါတယ်။အခုလိုကဗျာတွေကို ကိုယ်တိုင်ပါဝင်ပေးပို့ချင်ယ်ဆိုရင်တော့09256480246
ကိုviberမှတစ်ဆင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်
ကျွဲခတ်သံ
အိုးစည်ဒိုးပတ်တညံညံ
လက်ခတ်ပေးသံတသဲသဲ
ရဲရင့်သူတို့ပွဲ။
ဟိုဒီရယ်ပြေးပါလို့
ဒေါသကိုကျီစယ်
အနီရောင်အကာရွတ်ကိုမှ
ဒီသူငယ်ချီဝှေ့ရမ်းပါလို့
ခြောက်လန့်ကာမျက်စိနောက်အောင်စ
ကျွဲနက်ရယ် မျက်ခမ်းစပ်ပါလို့
ချိုချွန်ချွန် ဘယ်ညာရမ်းပါမို့
ပြေးခပ်မယ်လှမ်း။
                     ဖျာလိပ်
Monday 26 October 2015
ကဗျာလုလင်
ကဗျာလုလင်ပါ ။သွေးငယ်သူငယ်ချင်းရဲ့ ကဗျာတွေပါ။
အားပေးလိုက်ကြပါအုံး။
j
  အခုလိုကဗျာတွေပေးပို့ ချငါတယ်ဆိုရင်
သွေးငယ်ဖုန်းနံပါတ်
09791212208
09971136743
သို့ ပေးပို့ နိင်ပါသည်။
         သွေးငယ်(ဖြိုးဇင်ကို)
အဆင်ပြေကြပါစေ အောင်မြင့်မြတ်(မင်းသိကြား)
ကဗျာဂျာနယ်အတွဲ=၁*အမှတ် *၃၁*
 {စိုးရိမ်လွမ်း}နေပြည်တော်သားလေ)
ဘဝကပေးတဲ့ကံ
ဘဝက
ပေးတဲ့
အကောင်းအဆိုးဟာ
ကိုယ်ပြုတဲ့
ကံ ကိုယ့်လုတ်ရက်ကြောင့်
တန်ပြန်ခံစားရတဲ့ 
ထိုက်တန်ချင်းတွေပါဘဲ
ဒါကို
ကျေနပ်စွာ
လက်ခံရောင့်ရဲ
တင်းတိမ်စွာ
ကျွန်တော် ကျင့်သုံး
လက်ခံထားပါတယ်
အားလုံး သော
မိတ်ဆွေများလည်း
မိမိခံယူချက် နှင့်
အတူ
အခတ်အခဲများ
အတွက်
ကျော်လွှားနိုင်ကြပါစေဗျာံ
ငိုကြွေးနေသူတွေ
ဒေါသစကားပြောမှားဆိုမှားရှိခဲ့သမျှသြဝါဒမခံလိုတဲ့ဟန်ဆောင်သူတို့ရဲ့ပွဲမှာမရိုးသားချင်းတေးတပုဒ်ကိုသီချင်းလုပ်၍ဆိုပါရစေ---
ငိုကြွေးနေသူတွေ သူတို့ရဲ့မျက်ရည်တွေကိုကောက်ကြပါစို့--
မနေ့ကနေထုတ်လှန်းထားတဲ့ပရမ်းပတာအလွမ်းတွေနဲ့ပေါင်းစပ်ကောင်းမြတ်တဲ့ဓားတစ်ချောင်းဟန်ဆောင်သူတို့ရဲ့ပွဲမှာအသုံးဝင်မှာသေချာ----
ကဲ---ဒီနေ့ရောနေသာပါရဲ့လား----
စိတ်
စိတ်
အလွမ်းစိတ်နဲ့
အိပ်လို့မပျော်
သူခေါ်နေသံ
နံရံချပ်များ
ပဲ့တင်အားပြင်း
လွမ်းချင်းတစ
ရေးမရအောင်
ကျသည့်မျက်ရည်
ဝေ့ဝဲနေခဲ့
အနောက်တိုင်းကမိုးချိန်းသံ
စကားတွေ
အဆန်းထွင်
တသွင်သွင်စီးဆင်းနေတဲ့
အနောက်တိုင်းက
မိုးချိန်းလို့
ကျားဟိန်းသံပေးနေပြီ
လာပြန်ပြီ ကိုတရုတ်
ကျုတ် တို့ကို
အလုတ်ပေး
ထမင်းကျွေးလို့
ကျေးဇူးတင်
ဓနရှင် ကို
ဖားချင်တော့
ညိ ငေါ့ ရှော့ပသသ်
တရုတ် ကို အထင်ကြီး
ရေစည်းကြောင်းတွေ
များလာပြီ
သဝဏ်လွှာ
တင်းကျက်စွာပွေဖက်
လို့
မင်းအတွက်အနမ်း ချွေ
အလွမ်းပြေအောင်
ကဗျာရေး
စာလေးတွေက
မညီညာ 
ဒီတခါ ပြန်မခွဲ ပါရစေလား
ချစ်သူ
အတူတူ မဆုံခဲ့ရင်လည်း
အသဲထဲက ဆန္ဒ
ဖွင့်မဟ ဘဲ ချစ်မယ်
တမျိုးလိုတဲ့အရသာ
ဘယ်မှာချိုမြိတ် ပါလိမ့်
မင်းစကားကို အမိန့်လို
သဘောထား
မှတ်သားနာခံ ချစ်နေရန်
အတွက်
ရက်စက်တတ်တဲ့နှလုံးသား မှ
စာလေး တတန်
ပေ လေး တရွက်
ထွက်ကျလာတဲ့
သဝဏ်လွှာ
ဘယ်တော့များမှ
သူ့ ဆီရောက်ပါမလဲ
စာပို့ သမား
     လေး
ထက်လင်းဇော်
Saturday 24 October 2015
ကဗျာဂျာနယ်အတွဲ၁အမှတ်၃၀
ကဗျာဂျာနယ် အတွဲ၁ အမှတ် ၃၀ ပါ။အမှတ် ၃၀ ကိုတော့ BeeTalk  ကဗျာ Group ကကဗျာတွေတင်ပေးမှာပါ။
အချစ်ဆိုတာ
ဘာလဲ
သြော်းးအချစ်အချစ်
အပြစ်ရှာလိုက်
အချစ် ပိုလိုက်
မှောင်မိုက်ချိန်မှာ
အလင်းလာတော့
ပျော်မိတာပေါ့
ချစ်သူရာ
ချောင်ပိတ်နေတဲ့
နှလုံးသား အမှောင်ဖုံး
တဲ့ ဒီအသဲ
မင်းပဲလင်းစေနိုင်တာပါ
သိနေပါတယ်
သိနေပါတယ်
ဘယ်လောက်လင်းလင်း
နေမင်း ကြီးက
ပြန်ဝင်ဦးမှာမဟုတ်လား
ထားသွားမဲ့ ဆည်းဆာ
ပြာလဲ့တဲ့ညနေ
တွေဝေစွာမော့ကြည့်
သိလိုက်ပါပြီ
သိလိုက်ပါပြီ
သြော်းး ဝေဒနာ ဝေဒနာ
ဘယ်မှာလဲ တုန့်ပြန်မှု
ယုယခဲ့သလောက်
ပြန်မရ
ချေ ပ မှု
မတုန့်ပြန်
လော က ဓံ လား
ဝဋ်ကြွေးလား
ထားခဲ့မှာလဲ သိတယ်
မင်းအတွက်ပဲ
ကြည့်မယ်
ဒီထက်လည်းပိုတယ်
ဘာပိုတာလဲ
မမေးပါနဲ့
ငိုနေရင်းနဲ့
ရေးလိုက်တာပါ ချစ်သူ
ထက်လင်းဇော်
kse
*******-**************&**************
ဒေါသစကားပြောမှားဆိုမှားရှိခဲ့သမျှသြဝါဒမခံလိုတဲ့ဟန်ဆောင်သူတို့ရဲ့ပွဲမှာမရိုးသားချင်းတေးတပုဒ်ကိုသီချင်းလုပ်၍ဆိုပါရစေ---
ငိုကြွေးနေသူတွေ သူတို့ရဲ့မျက်ရည်တွေကိုကောက်ကြပါစို့--
မနေ့ကနေထုတ်လှန်းထားတဲ့ပရမ်းပတာအလွမ်းတွေနဲ့ပေါင်းစပ်ကောင်းမြတ်တဲ့ဓားတစ်ချောင်းဟန်ဆောင်သူတို့ရဲ့ပွဲမှာအသုံးဝင်မှာသေချာ----
ကဲ---ဒီနေ့ရောနေသာပါရဲ့လား----
           မိသား
*************&**************************
   ကြွေ
ပန်းတပွင့်ရဲ့
အကြွေခရီးမှာ
အနေမနီးတဲ့
နှလုံးသားအနွမ်းကို
လမ်းကြုံထည့်လို့
 ချစ်သူကိုညွန်းစေ
တခွန်းတလေသာ
နင်ကြားပါက
ငါလွမ်းနေသမျှပြေ
မှာတမ်းခြွေထား
မျက်ရည်များလည်း
ပင်လယ်ထိစီးဝင်
ခရီးနှင်လာသမျှ
အမောပန်းမပြေလည်း
တောပန်းတွေဝေတဲ့
မြေလမ်းမှာ
သခင့်အနမ်းတွေ
မျက်ရည်လို   ကြွေ။
သူရဇ္ဇ
****************&*************
ကံကြမာမုန်တိုင်း
~~~~~~~~~~~
လေတွေကထန်
လိုင်းတွေကကြမ်း
ဘယ်သည်ကကမ်း
ဘယ်သည်ကလမ်း
ဘယ်သို့ မျှော်ကာ
လွမ်းရမည်မသိ
ပင်လယ်ရယ်ပြာ
ရေပြာထက်မှာ
လှေငယ်တစ်စင်း
မနစ်မြုပ်အောင်
လှော်ခတ်ရင်းဖြင့်
ကံကြမ္မာမုန်တိုင်းကို
ငါရင်ဆိုင်မည်~~~~
                          သွေးငယ်(ပုသိမ်သား) 
~~~~~~~~~~~~~~~~~
Unicode version
ကံကြမာမုန်တိုင်း
~~~~~~~~~~~
လေတွေကထန်
လူိုင်းတွေကကြမ်း
ဘယ်သည်ကကမ်း
ဘယ်သည်ကလမ်း
ဘယ်သို ့မျှော်ကာ
လွမ်းရမည်မသိ
ပင်လယ်ရယ်ပြာ
ရေပြာထက်မှာ
လှေငယ်တစ်စင်း
မနစ်မြုပ်အောင်
လှော်ခတ်ရင်းဖြင့်
ဘဝရဲ  ့အခက်ခဲ
ကံကြမာ္မမုန်တိုင်းကို
ငါရင်ဆိုင်မည်~~~~
                          သွေးငယ်(ပုသိမ်သား)
***************&****************
စ စ ချင်းခင်
ညင်သာတဲ့ အပြော
သဘောကောင်းတဲ့
ညီမလေး
အရမ်းလဲခင်
ပျော်ရွှင် စကား
စာသားများက
ဖော်ရွေကာ
ပျော်ရွှင်စရာတွေ
မိတ်ဖွဲ့ ရင်း
ရိုးသားတဲ့ သူငယ်ချင်း
အထိမ်းအမှတ်
ထက်လင်းဇော်
    မှ
သူငယ်ချင်းအတွက်
လက်ဆောင်မွန်
*****************&**************
ကဗျာဂျာနယ်အတွဲ၁အမှတ်၃၀ကတော့ဒီလောက်ပါပဲ။သွေးငယ်ထံသို့ လဲကဗျာများပေးပို့ နိင်ပါသည်။
ပေးပို့ ချင်တယ်ဆိုရင်တော့
phone number &viber number
09791212208  သို့  viber မှာသော်လည်ကောင်း
Viber မသုံးရင်လဲ SMS(short message send)
ဖြင့်ပေးပို့ နိင်ပါသည်။
Email =www.patheintarlay60@gmail.com သို့ လဲပေးပို့ နိင်ပါသည်။
ကဗျာဂျာနယ် အတွဲ၁အမှတ် ၃၁ ကိုလဲအားပေးကြပါအုံး။
ကျေးဇူးတင်ပါသည်။
                                              သွေးငယ်(ပုသိမ်သား)
ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၂၉
ကျွန်တော်ကဗျာတွေမတင်ရတာကြာပါပြီ လုံးဝမအားလို့ပါ အခုလည်းမအားတဲ့ကြားကတင်ပေးလိုက်တာပါ။ ဒီနေ့တော့ CHATBOXကနေပို့ထားတဲ့ တစ်ကောင်ဘွားရဲ့Photoကဗျာငါးခုတင်ပေးပါတယ်
အခုလိုကျွန်တော်တို့ကဗျာဂျာနယ်အစီအစဉ်မှာပါဝင်ချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် 09-256480246 ကို viber or beeltalkနဲ့ပေးပို့နိုင်ပါတယ်ခင်ဗျာ ဒီနေ့ကဗျာဂျာနယ်ကိုတင်ဆက်ပေးသူကတော့ကျွန်တော်အောင်မြင့်မြတ်ပဲဖြစ်ပါတယ်ခင်ဗျာ။
Tuesday 20 October 2015
ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၂၈
ဒီအမှတ်၂၈ကအမှတ်၂၆မှာတင်ပေးပြီးသားပါ။ကျွန်တော်ကဗျာကူးပြီးမဖျက်မိတာကြောင့်နှစ်ခါတင်ဖြစ်သွားတာတောင်းပန်ပါတယ်ဗျာ။ပြန်ပြင်လို့လည်းအချိန်မရတာကြောင့်မပြင်ပေးတော့ပါဘူး။နှစ်ခါပြန်ခံစားပေးကြပါနော်
* အလွမ်းနယ်မြေ *
အချစ်နဲ့ကာရံထားတဲ့
တို့နှစ်ယောက်ရဲ့အလွမ်းဇာတ်ခုံ
အမုန်းတွေခြားနေပီလား…/\/*L့
နှလုံးသားအသည်းတံခါးကိုမှ
ခွင့်မတောင်းပဲဖွင့်ရက်ခဲ့တဲ့မင်း
အလွမ်းမျိုးစေ့တွေ အချစ်လယ်မြေမှာ
ပျိုးကြဲရက်တယ်…/\/*L့
နေပါစေလေ
ငါ့အသည်းကိုဆော့ကစားရင်း
နင်ပျော်နေခဲ့တာပဲ
ငါမတားရက်ခဲ့ပါဘူး…/\/*L့
ညမွှေးပန်းလို
အချိန်တိုင်းရနံ့မပေးနိုင်တဲ့ငါ့ကို
အချိန်မှန်နေတစင်းလို
ကြောခိုင်းရက်မယ်ဆိုတာသိနေခဲ့ပေမဲ့ငါ
နင့်အလွမ်းတွေနဲ့နေပျော်ပါတယ်ဟာ…/\/*L့
                           Phyur/\/*L့
တိမ်ကလေး
========================
' သစ္စာ နဲ့ မေတ္တာ '
သစ္စာနဲ့တည်ရရင်
အကြင်နာဆိုတာ
လူမမာတွေရဲ့ချို မြိန်စရာသကာတခု
ကြောက်တတ်ရင်ဘေးဖြစ်ပေမဲ့
စားတတ်ရင်ဆေးဖြစ်မှာပါ…………
မေတ္တာနဲ့တည်ရရင်
အကြင်နာဆိုတာ
မာယာတွေနဲ့ခိုဝင်စရာရင်ခွင်တခု
မရိုးမရွ နဲ့ တယုတယကောင်းရင်တော့
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်
အသင်းရနံ့ နဲ့ အဆင်းအလှဆန်းရင်တော့
ဇမ္ဗူ မှာရှားတဲ့ 
ချု ချင်စရာတော်ဝင်ပန်း……………
                        /\/*L့
တိမ်ကလေး
========================
' အလွမ်းရှိုက်သံ '
ဟိုတချိန်တုန်းကပေါ့………သူဟာ
ငါ့ဘဝမှာနေတစင်းထက်လင်းလက်ဖူးတယ်
ဟိုတချိန်တုန်းကပေါ့………သူဟာ
ငါ့ဘဝအတွက် တုနှိုင်းမဲ့အားဆေးတခွက်
ဟိုတချိန်တုန်းကပေါ့………သူဟာ
ငါ့ဘဝအတွက်မီးပြတိုက်သဖွယ်အလင်းပေးခဲ့ဖူးတယ်
ဟိုတချိန်တုန်းကပေါ့………သူဟာ
ငါ့ဘဝအတွက်
ဆုံရပ် ( သို့ )ပန်းတိုင်
ဟိုတချိန်တုန်းကပေါ့………သူဟာ
ငါ့ဘဝအတွက်
အရာရာဂရုစိုက် ကြင်နာတတ်ခဲ့သူ
ဟိုတချိန်တုန်းကပေါ့………သူဟာ
သစ်ရွက်တွေကြေပန်းတွေကြွေ
ညိုမှောင်အုပ်မှိုင်း တိမ်တွေရိုင်းတော့
ငါ့ဘဝအတွက် ဆရာတယောက်လိုအမြဲသွန်သင်ဆုံးမဖူးတယ်
ဟိုတချိန်ကပေါ့………သူဟာ
ငါ့ဘဝအတွက်
ယခုအသစ်တဖန်ပြန်မဖြစ်နိုင်တော့
အနောက်အရပ်သို့သူရိန်တယောက်
အလင်းဖျောက်ခဲ့ပီ………
                          Phyur/\/*L့
တိမ်ကလေး
========================
' ဇာတ်ခုံ '
ဂရုနာအပြုံးလေးနဲ့
ကုမုဒြာ ကြာဖြူ ပန်းလို
ယုယစွာ မကြင်မြန်းလည်းနေစေတော့
ဒူးထောက်ကာခစားဝံ့သူမို့
မုန်းစိတ်တွေတဖန်ညိုးရံလည်း
သောကပူ မီးလိုမြိုက်စေလို့
ရင်ခွင်လည်းကျွမ်းစေတော့
စိတ်အလိုပင်လိုက်လွယ်တတ်သူမို့
ညိုးဘဝင်မှာရစ်တွယ်ပတ်မှာစိုး
သဘောပင်မနောဆင်တော့
ငါလိုလူ ဇမ္ဗူ ဒိတ် ရှားတယ်
နောင်တတွေတိုး……………
                      /\/*L့
တိမ်ကလေး
========================
' ပြန်တမ်း '
တိတ်တဆိတ်အလွမ်းတွေနဲ့
မမှိတ်တမှိတ်မီးအောက်မှာ
အောက်တိုဘာကိုမျက်ကွယ်ပြုလို့
သောက်လက်စကော်ဖီတခွက်လည်း
ခါးသက်ခဲ့ပီ
ရေးလက်စဒိုင်ယာရီတစ်အုပ်လည်း
အလွမ်းရာဇဝင်ထဲမှာ 
နောက်ပြန်လမ်းလျှောက်
သို့ပေမဲ့
ဒါဟာ ရုပ်ဝတ္တုမဟုတ်ပဲလေ
အစွဲအလမ်းနဲ့တကြော့ပြန်မိုက်မှားမိနေဆဲ
တစ်ရက်တာရဲ့အိမ်အပြန်ခရီး
ညနက်ခဲ့ပီလေ………
                /\/*L့
ဲတိမ်ကလေး
========================
အခုလိုမိမိတို့ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ဖုနါးနံပါတ် 09256480246သို့viber (or) smsနဲ့ပေးပို့နိုင်ပါတယ်ဗျာ
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်
Monday 19 October 2015
ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၂၇
ကဗျာဂျာနယ်နဲ့ အတူ သွေးငယ်ပြန်လာပါပြီ။
**********************&***************
နင့်
အလွမ်းစိတ်နဲ့
အိပ်၍မပျော်
သူခေါ်နေသံ
နံရံချပ်များ
ပဲ့တင်အားပြင်း
လွမ်းချင်းတစ
ရေးမရအောင်
ကျသည့်မျက်ရည်
ဝေ့ဝဲနေခဲ့
သူရဇ္ဇ
*****************&****************
နင့်
မျက်နှာစိမ်းတွေနဲ့
အရှက်သိမ်းဖို့
ရွယ်လေသလား
ခြေလှမ်းတွေ
ရှည်နေခွင့်
မေ့အနားမှာ
တည်နေခွင့်ကို
ရင်ဖွင့်လို
မျှော်နေစိတ်နဲ့
ထိတ်နေရှာ
ရင်ကိုဖိလို့
အရိပ်ခြေသာ
မြင်လိုအသိရယ်ကြောင့်
ခပ်လှမ်းလှမ်းက
ရှိနေချင်
နှောက်ယှက်တယ်လို့
ထင်နေသလား
ခက်ပါရဲ့
မြင်နေလျှင်သူမကြည့်
ကြည့်နေလျှင်သူမမြင်
သူရဇ္ဇ
*****************&**********
နင့်
လွမ်းဖူးသူတိုင်း
ရင်မှာမှိုင်းမြေ့
နေ့အနန္တညအသင်္ချေ
နွေပေါင်းများစွာ
သာယာမှု့ရှင်း
ညှာတာသူလည်းကင်းနေခဲ့
တဖက်သတ်အလွမ်း
မျက်စပ်ပန်းအထိ
ငိုသည့်မျက်ရည်
ဆူးစူးနေသလား
မစဉ်းစားပဲ
တင်းထားအံကြိတ်
မျက်လုံးမှိတ်
အိပ်လို့မပျော်
ဟစ်အော်ခေါ်လည်း
အဖော်ကြင်ဝေး
မျှော်လင့်ဆွေးမော
တွေးတောရက်ရှည်
တသက်ဖွေရှာ
ဝေဒနာများ
နွေမှာခါးဆဲ
ကြေညာအားလည်း
နည်းခဲ့ပေါ့
သူရဇ္ဇ
**************&**************
ချစ်သူရယ်
သေအတူချင်မကွာ
ဒီလောက်တောင်ချစ်ကြတဲ့ငါတို့ချစ်သူနှ်ဦးကိုဘာလို့များ
ကံကြမ္မာကြီးကပေါင်းဆည်းခွင့်မပေးရတာလဲလူဘဝကြီးမှာအသက်ရှင်ရှိနေလဲငါတို့နှစ်ယောက်ရဲချစ်ချင်းကိုတလောကလုံးသိနေလဲသူတို့တွေဘာမှမတက်နိုင်ကြပါဘူးဟနင်ငါ့ကိုဘယ်လောက်ပဲချစ်ပါတယ်ပြောပြောငါလဲနင့်ကိုအရမ်းချစ်တဲ့အကြောင်းတွေဘယ်လောက်ပဲပြောနေပါစေငါတိုနှစ်ယောက်ဘယ်လိုမှပေါင်းဆည်းခွင့်မရှိတာနင်သိသလိုငါလဲသိပါတယ်ချစ်သူဒါပေမဲ့နင်နဲ့ငါပေါင်းဆည်းခွင့်မရှိရင်တောင်ငါ့အနားမှာနင်ရှိနေသရွေသစ္ဓာရှိရှိချစ်နေမယ်ချစ်သူတနေ့နင်ငါ့အနားကနေထွက်သွားခဲရင်တောင်နင်မမြင်နိုင်တဲ့ဟိုးဝေးဆုံးတနေရာလေးကနေမပြတ်သောသံယောဇင်နဲ့နင့်ကိုအချိန်တိုင်းသတိရနေမှာပါ
         ချစ်သူရယ်..........
                 စိုးရိမ်လွမ်း.....
*********************&***************************
အလွမ်းသင့်သူ
~~~~~~~~~~
ကြွေရွက်ခါမြေခတော့
ငါ့ရင်မှာဝေဒနာတစ်ခု
ပေါ်ထွက်လို့ လာတယ်
အယ့်တာအလွမ်းဒဏ်ရာပဲ
မင်းနဲ့ ဝေးမှ
မင်းအပေါ်ထားတယ့်
ငါ့အချစ်တွေကို
ငါနားလည်လာတယ်
ခွဲဖို့ နေနေ
တခဏတာခွဲနေချိန်မှာတောင်
ရူးမတက်ခံစားနေရပြီ
ခုတော့မင်းကို ချစ်တယ့်ငါ
အလွမ်းသင့်သူဖြစ်နေပါပြီ~±~~
                              သွေးငယ် (ပုသိမ်သား)
**********************&**********************
ကဗျာဂျာနယ်အတွဲ၁ အမှတ် ၂၇ ကတော့ဒီလောက်ပဲပေါ့ဗျာ~~~~ အတွဲ၁ အမှတ် ၂၈ ကိုလဲဆက်လက်အားပေးကြပါအုံး။ကဗျာဝါသနာရှင်အျားရဲ့  ကဗျာတွေရှိပါသေးတယ်။ကျေးဇူးတင်ပါတယ်။
                                                      သွေးငယ်(ပုသိမ်သား)
Sunday 18 October 2015
ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၂၆
ကဗျာဂျာနယ်အတွဲ ၁ အမှတ်၂၆ ကိုရောက်လာပါပြီ။ဒီနေ့အတွက်လည်းကျွန်တော်အောင်မြင့်မြတ်တင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီနေ့တော့ တိမ်ကလေး ရဲ့ကဗျာတွေပဲ ရွေးချယ်ပေးထားပါတယ်။ ကဗျာတွေရေးသားပေးပို့ထားတဲ့ ဝါသနာရှင်များရဲ့ကဗျာတွေကိုလည်းမကြာမီတင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ
********************************** အလွမ်းနယ်မြေ *
အချစ်နဲ့ကာရံထားတဲ့
တို့နှစ်ယောက်ရဲ့အလွမ်းဇာတ်ခုံ
အမုန်းတွေခြားနေပီလား…/\/*L့
နှလုံးသားအသည်းတံခါးကိုမှ
ခွင့်မတောင်းပဲဖွင့်ရက်ခဲ့တဲ့မင်း
အလွမ်းမျိုးစေ့တွေ အချစ်လယ်မြေမှာ
ပျိုးကြဲရက်တယ်…/\/*L့
နေပါစေလေ
ငါ့အသည်းကိုဆော့ကစားရင်း
နင်ပျော်နေခဲ့တာပဲ
ငါမတားရက်ခဲ့ပါဘူး…/\/*L့
ညမွှေးပန်းလို
အချိန်တိုင်းရနံ့မပေးနိုင်တဲ့ငါ့ကို
အချိန်မှန်နေတစင်းလို
ကြောခိုင်းရက်မယ်ဆိုတာသိနေခဲ့ပေမဲ့ငါ
နင့်အလွမ်းတွေနဲ့နေပျော်ပါတယ်ဟာ…/\/*L့
                           Phyur/\/*L့
တိမ်ကလေး
========================
' သစ္စာ နဲ့ မေတ္တာ '
သစ္စာနဲ့တည်ရရင်
အကြင်နာဆိုတာ
လူမမာတွေရဲ့ချို မြိန်စရာသကာတခု
ကြောက်တတ်ရင်ဘေးဖြစ်ပေမဲ့
စားတတ်ရင်ဆေးဖြစ်မှာပါ…………
မေတ္တာနဲ့တည်ရရင်
အကြင်နာဆိုတာ
မာယာတွေနဲ့ခိုဝင်စရာရင်ခွင်တခု
မရိုးမရွ နဲ့ တယုတယကောင်းရင်တော့
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်
အသင်းရနံ့ နဲ့ အဆင်းအလှဆန်းရင်တော့
ဇမ္ဗူ မှာရှားတဲ့ 
ချု ချင်စရာတော်ဝင်ပန်း……………
                        /\/*L့
တိမ်ကလေး
========================
' အလွမ်းရှိုက်သံ '
ဟိုတချိန်တုန်းကပေါ့………သူဟာ
ငါ့ဘဝမှာနေတစင်းထက်လင်းလက်ဖူးတယ်
ဟိုတချိန်တုန်းကပေါ့………သူဟာ
ငါ့ဘဝအတွက် တုနှိုင်းမဲ့အားဆေးတခွက်
ဟိုတချိန်တုန်းကပေါ့………သူဟာ
ငါ့ဘဝအတွက်မီးပြတိုက်သဖွယ်အလင်းပေးခဲ့ဖူးတယ်
ဟိုတချိန်တုန်းကပေါ့………သူဟာ
ငါ့ဘဝအတွက်
ဆုံရပ် ( သို့ )ပန်းတိုင်
ဟိုတချိန်တုန်းကပေါ့………သူဟာ
ငါ့ဘဝအတွက်
အရာရာဂရုစိုက် ကြင်နာတတ်ခဲ့သူ
ဟိုတချိန်တုန်းကပေါ့………သူဟာ
သစ်ရွက်တွေကြေပန်းတွေကြွေ
ညိုမှောင်အုပ်မှိုင်း တိမ်တွေရိုင်းတော့
ငါ့ဘဝအတွက် ဆရာတယောက်လိုအမြဲသွန်သင်ဆုံးမဖူးတယ်
ဟိုတချိန်ကပေါ့………သူဟာ
ငါ့ဘဝအတွက်
ယခုအသစ်တဖန်ပြန်မဖြစ်နိုင်တော့
အနောက်အရပ်သို့သူရိန်တယောက်
အလင်းဖျောက်ခဲ့ပီ………
                          Phyur/\/*L့
တိမ်ကလေး
========================
' ဇာတ်ခုံ '
ဂရုနာအပြုံးလေးနဲ့
ကုမုဒြာ ကြာဖြူ ပန်းလို
ယုယစွာ မကြင်မြန်းလည်းနေစေတော့
ဒူးထောက်ကာခစားဝံ့သူမို့
မုန်းစိတ်တွေတဖန်ညိုးရံလည်း
သောကပူ မီးလိုမြိုက်စေလို့
ရင်ခွင်လည်းကျွမ်းစေတော့
စိတ်အလိုပင်လိုက်လွယ်တတ်သူမို့
ညိုးဘဝင်မှာရစ်တွယ်ပတ်မှာစိုး
သဘောပင်မနောဆင်တော့
ငါလိုလူ ဇမ္ဗူ ဒိတ် ရှားတယ်
နောင်တတွေတိုး……………
                      /\/*L့
တိမ်ကလေး
========================
' အသားမဲလို့မချစ်တာလား
အသဲမာလို့မချစ်တာလား '
ချောလှသူဇာရယ်
သဘောကဖြူ ရှာတယ်
ရိုးအသူပါကွယ်
အပြုံးကလေးမူကာရယ်
လှဘဝင့်ဆင်ကာကြွယ်
အသဲနှလုံးကတမာပင်နွယ်
ခါးသက်လှတယ်
အသွေးအသားက နုံချာတယ်
ချစ်သူရေ …
စကားပုံနဲ့ဆိုရှာတယ်
' အသားမဲ ပတ္တမြားခဲ '
မင်းလေးသိတတ်ပါစ…………
                      /\/*L့
တိမ်ကလေး
========================
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။
========================
Saturday 17 October 2015
ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၂၅
ကံဆိုး
အပြန်သွားမမျှလို့
ခံစားရတဲ့ဒဏ်ရာတွေ
စိန်ခေါ်လို့ပြေးတဲ့
အဝေးရောက်
စိမ်းရက်သူရဲ့
ခြေရာနောက်
တောက်လျှောက်
လိုက်သွားစေဖို့
ငါ့
မရည်ရွယ်ခဲ့တာအမှန်
အစာကိုမက်ခဲ့လို့
ဆင်သေကောင်ပေါ်
လိုက်ခဲ့မိတဲ့
ကျီးတကောင်လို
လှမ်းမျှော်ကြည့်လို့
ကမ်းပေါ်မည့်
အရိပ်ယောင်
မတွေ့တဲ့အဆုံး
ဆင်သေကို
ဆိတ်သရေနဲ့
ဖုံးဖို့သာ
ကြိုးစားနေမိတော့တယ်
သူရဇ္ဇ
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
မေမေ
မှန်သည်ဖြစ်စေမှားသည်ဖြစ်စေ
သားရဲ့ ရှေ့ မှာ
အုပ်တံတိုင်းသဖွယ်
ကာကွယ်ပေးတယ့်မေမေ
မေမေနဲ့ ဝေး
တစ်မြေဆီရောက်မှ
မေ့ မေ့ ရင်ခွင့်
မေမေ့စကားတို့ 
သားလွမ်းဆွတ်လို့ နေပါပြီ
ပညာမွေပေးသားငယ်လေးတွက်
မေမေမေတ္တာစေတနာကား
မြင့်မိုရ်တောင်မယှဉ်နိင်
မိုးအာကာပင်ပြိုကျနိင်သည်
တာဝန်တွေပြီးလို့ 
ပညာတွေစုံရင်
အမေ့ ရဲ့ သားငယ်
မေမေ့ရင်ခွင်သို့ 
အရောက်ပြန်ခဲ့ ပါ့မယ်~~~
      မေမေ့သားလေး
သွေးငယ်
-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
ချစ်ခြင်းရဲ့အစဟာ
 ဂရုစိုက်ခြင်း ဖြစ်ခဲ့မယ်ဆိုရင်
ငါ…နင့်ကို အမြဲတမ်း မြတ်နိုးတန်ဖိုးထားပါတယ်…
လွမ်းခြင်းရဲ့အစဟာ မေ့မရခြင်းသာဖြစ်ခဲ့မယ်ဆိုရင်
ငါ …နင့်ကိုအမြဲတမ်း အချိန်တိုင်းသတိရနေမှာပါ …
မုန်းခြင်းရဲ့အစဟာ
  နာကျဉ်းခြင်းဖြစ်ခဲ့မယ်ဆိုရင်
ငါ…နင့်ကို အမြဲတမ်းနားလည
်ပေးပါမယ်ဟာ…
နာကျဉ်းမှုရဲ့အစဟာ
 ပြိုင်ဆိုင်ခြင်း ဖြစ်ခဲ့မယ်ဆိုရင်
ငါရဲ့…မာနတွေကို 
လျော့ချပေးပါ့မယ်ဟာ…
ခုတော့ နားလည်မှုလွဲနေတဲ့ 
နင် နဲ့ ငါ ဘယ်တော့မှ 
မဆုံစည်းရပါစေနဲ့လို့  ငါဆုတောင်းထားခဲ့ပါတယ်
လေးညှို့ရှင်
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
* ကမ်းလင့်မြေပြင် *
မယုံကြည်နိုင်စရာကောင်းအောင်
ငါ့ရှေ့ကနင်ကျောခိုင်းသွားတော့
ငါ့ပစ္စုပ္ပန်ဟာအရမ်းအထီးကျန်စရာကောင်းခဲ့တယ်…/\/*L့
နင်မဟုတ်တော့တဲ့
တခြားတယောက်ကို
ပြောင်းချစ်နိုင်ဖို့ကလည်း
ငါ့နှလုံးသားကခဲတံလို
အခုခြစ်အခုဖျက်လို့မရတဲ့
ဘောပင်တချောင်းဆိုတော့…/\/*L့
ဖြစ်ပီးပျက်တဲ့ဒီလောကကြီးမှာ
ဘယ်လိုပင်ဖြစ်နေပါစေ
နင့်အငွေ့အသက် နင့်အသံလေး
နင့်ပုံရိပ်များစွာက
နှလုံးသားမှာအမာရွက်ကျန်ခဲ့ပီ
ဖျက်လို့မရတော့ပါဘူးချစ်သူရယ်…/\/*L့
ငါအပင်ပန်းခံပျိုးခဲ့ရတဲ့
အဖြူရောင်ပန်းလေးတပွင့်ကို
တခြားသူတွေခူးဆွတ်သွားမှာ
ငါအကြောက်ဆုံးပဲ…
အချိန်တိုင်းမှာနင်ဆိုတာ
ငါ့ရဲ့ဖြစ်တည်မှုကြောင့်…/\/*L့
ဘယ်လိုပင်တောင်းဆုပြု ပြု
ဆုတောင်းမလှခဲ့တဲ့ငါ
ကောင်းကင်ကကြယ်တပွင့်
ကြွေကျတာကိုရင်နာနာနဲ့ကြည့်နေခဲ့ရတယ်
ကြယ်ကလေးရယ်ဘယ်ရင်ခွင်သက်ဆင်းလေမလည်း…/\/*L့
တကယ်တော့ငါဆိုတာ
ကောင်းကင်ကကြယ်တပွင့်ကို
ကမ်းလင့်မဲ့မြေပြင်တောင်
ဖြစ်ထိုက်ခွင့်အင်အားမရှိတဲ့
သူပါချစ်သူရယ်…/\/*L့
           Phyur…/\/*L့်
တိမ်ကလေး
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
"ရလဒ်မလှတယ့်ငါ့အချစ်"
မိန်းကလေးရေ
ရင်မှာပေါက်ဖွား
ဖြစ်ထွန်းလာတယ့်
အချစ်တစ်ခုကို
မြိုသိပ်မထားနိင်လွန်းလို့ 
ဖွင့်ပြောမိတယ့်အခါ
အနာဂတ်အတွက်မသေချာ
ပစ္စုပ္ပန်မရေရာတယ့်ငါ့ကို
ပြတ်သားတယ့်စကားလုံးနဲ့ 
မင်းငြင်းပယ်ခဲ့ တယ်
ငါအသဲမကွဲပေမယ့်
မျက်ရည်ကျလောက်အောင်
ဝမ်းနည်းခဲ့ တယ်
ငါ့အချစ်က
အမြဲရလဒ်ဆိုးနေကြမို့ 
ခံနိင်ရည်ရှိလာပါပြီကွာ~~~
                 သွေးငယ်
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။
========================
Friday 16 October 2015
ကဗျာဂျာနယ် အတွဲ၁ အမှတ် ၂၄
ဒီည သွေးငယ်  ပြန်လာပါပြီ။ကဗျာဂျာနယ်အတွဲအမှတ် ၂၄ လာပါပြီ။အားပေးကြပါအုံးဗျ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခေါင်းစဉ်မပါပါ
~~~~~~~~
ဤ…… အရာသည် သီချင်းမဟုတ်
ကဗျာတစ်ပုဒ်လို ဆိုချင်ဆို
နဂို အရင်ကတည်းက
မင်းကလေးကို ချစ်မိ
အပြစ်ရှိလေသလား ……။
အဖြူ ရောင် နှလုံးသားမှာ
အရောင်တွေ ထင်သောအခါ
ဝေဒနာတွေ ခံစားရ
သံယောဇဉ် ဆိုတာရှိပါတယ် ။
တွယ်မိသော သံယောဇဉ်
ဥပါယ်တံမျှင် မပြု ချင်လို့
အဖြူ ရောင်ဆိုတာ
ဝေဒနာပါလား မိန်းကလေး 
ရေးသူ-ရွှေမြို့တော်
~~~~~~~~~~~~~~~~~~~~~~~
 ခေါင်းစဉ်မပါပါ
~~~~~~~~~
အာလုံးပြီဆုံးသွားပြီလား
အားလုံးတစ်ခန်းရပ်သွားပြီးလား
နင်လှည်စားခဲ့တယ်ငါမဆိုချင်းဘူးကွာ
မင်းအတွက်ငါ့အချစ်ငါ့မာနအာလုံး
ပေးဆပ်ထားတာမင်းသိရဲ့လား
နင်ကစားဖို့ သက်သက်ဆိုမလာပါနဲ့ကွာ
ပေးဆပ်ခြင်းနဲ့ချစ်ခဲ့တာငါ့ 
ရယူခြင်းကအချစ်မှာမဟုတ်ဘဲကွာ
နင်တစ်ခြားတစ်ယောက်ရင်ခွင်မှာ
ပျော်နေရဲi့လားမင်းမုန်းသွားလဲ
ငါမမုန်းပါငါ့ရင်ကွဲအပ်လို 
စုပ်ပြတ်ကာကြေမွပါ
ရေးသူ=ဝိညာန်ချစ်သူ
~~~~~~~~~~~~~~~~~~~~~
ခေါင်းစဉ်မပါပါ
~~~~~~~~
မ​ဆုံနိုင်​တဲ့ဘဝ​တွေက
ပြဒါး တစ်​လမ်း သံတစ်​လမ်းလိုဘဲ​လေ အဲဒီ
လိုမဟုတ်​ခဲ့ရင်​​တောင်
ရထားလမ်းဘဝ​တွေလို
ဘဲ​လေ ​တွေ့ဆုံခြင်းက
ဆုံဆည်းခွငိ့မပါလိုထား
ခဲ့မိတဲ့သံ​ယောက်​ဇဉ်​​တွေကိုအလွမ်း​တွေနဲ
ချဉ်​​နှောင်​ရင်းချစ်​မိတဲ့နှ
လူံးသားနဲအတူ​မြေမြုပ်
သဂြိုလ်​လိုက်​ပါပြီ
ဒဏ်​ရာကို​ဝေဒနာအ
ဖြစ်​နဲအဆုံးသက်​ရင်
ချစ်​ခြင်းရဲ့​နောက်​မှာ
လွမ်း​ဆွေးကိုသာကိုး
ကွယ်​​နေရသူအဖို့ မျက်
ရည်​ကိုသာဆည်းကပ်
ခစားရင်းရှင်​သန်​လာခဲ့
တာအချိန်​​တွေလည်း
ကြာခဲ့ပါပြီ
         မိသား
~~~~~~~~~~~~~~~~~~~~
ခေါင်းစဉ်မပါပါ
~~~~~~~~~~
အညာ​မြေကလွမ်းသူ
 အညာသမာ​တော့မာ
မေချစ်​တဲ့ညို​ချေ​လေးရယ်
အမုန်းကြီးမုန်​​သောက​တွေမကင်းသီအ​ဝေးကြီး
ဝေး​အောင်​​ရှောင်​ပုန်​​နေသူ​ရေ
တမာထ​နောင်းနဲ့အရာ​ကြောင်းလး​တွေပြန်​​ပြောကာရယ်
သတိယ​နေမယ်
လွမ်း​မောကိုကိုထန်း​တောညို
ဟို​တောင်​ကြားဝယ်​​စေတီ
သပါးမယ်​ထားခဲ့တဲ့သတိ
စကား​တွေ​အော်​     ​မေ့နိုင်​ပါတယ်​   ​မေ့နိင်​သူ​မေ့သွားရက်တယ်
အခု​တော့​မောင်​ရယ်
သကာ​တွေခါးလာရင်
တမာ​တွေချိုလာခဲ့ပြန်​လာခဲ့မာ
လားကွယ်​   ​နေစိမ့်​နိုင်​သူကြီးရယ်​    ဘယ်​​နေ့ပြန်​လာမလဲကွယ်​  ​နေ့တိုင်း​မျှော်​    ကာလွှမ်း  တယ်
အခု​တော့​မောင်​ရယ်​အခု​တော့​မောင်​ရယ်​    တကာခါးတမာ​တွေချိုလာ
   သည့်​အချိန်​ထိ​မေ​စောင့်​​မျော်​​နေပမယ်​ကွယ်​ @***
စံပယ်​:)******
~~~~~~~~~~~~~~~~~~~~~~~
ရင်ထဲကချစ်သူ
**********
မြင်နိင်ရင်
ဝင်ကြည့်ပါ
ငါ့ရင်ခွင်တစ်နေရာမှာ
မင်းဆိုတာရှိပြီးသားပါချစ်သူ
ဖြစ်နိင်မယ်ဆိုပြန်လာပါ
တံခါးမရှိတယ့်ငါ့ရင်ခွင်က
မင်းအတွက်တော့
အဆင်ပြေမှာပါ
အသိုက်ပြောင်းတယ့်ငှက်လို
ရင်ခွင်ပြောင်းတယ့်မင်းကိုလဲ
ငါ့ရင်ခွင်သစ်ပင်အိုက
အစဉ်မြဲကြိုဆိုလျက်ပါ
မင်းပြန်လားနားတယ့်အချိန်
ငါ့အတွက် အချစ်ဆိုတာမပါရင်နေပါ
ငါ့အတွက် အားဖြည့်နိင်မယ့်
အပြုံးတစ်ချက်ပေးပါ
မင်းရဲ့ အပြုံးက
ငါ့အတွက်အားဆေးတစ်ခွက်ပါ
အမုန်းတစ်ချက်တော့မပေးနဲ့ 
မင်းမြင်ရလိမ့်မယ်~~~~~~
                                     သွေးငယ်
~~~~~~~~~~~~~~~~~~~~~
ကဗျာဂျာနယ် အတွဲ၁ အမှတ် ၂၄ ကတော့ ဒီလောက်ပဲပေါ့။အတွဲ၁အမှတ် ၂၅ ကိုလဲဆက်လကိအားပေးပါအုံးလို့ ။ကဗျာများပါဝင်ရေးသားချင်ရင်တော့BEETALK မှာ GROUP ရေးသားနေကြပါသည်။ရေးချင်ရင်လာခဲ့ ကြပါ။
                                              ဘိုင့်ဘိုင်
ဒီညတော့ဒီလောက်ပါပဲ
                     မင်္ဂလာညချမ်းလေးပါ
အိမ်မက်လှလှမက်ကြပါစေ
                                                      သွေးငယ်
                                                                          (ပုသိမ်သား)       
Thursday 15 October 2015
ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၂၃
မင်္ဂလာပါ
အရင်နေ့ကကျွန်တော်ခရီးထွက်နေတုန်းကဗျာတွေတင်ပေးတဲ့ "သွေးငယ်"ကိုကျေးဇူးတင်
ပါတယ်။တောင်းပန်စရာတစ်ခုကကျွန်တော့်ဖုန်းကိုViberနဲ့ပို့ထားတဲ့ကဗျာပိုင်ရှင်တွေရဲ့ကဗျာတွေမှာကျွန်တော့်ဖုန်းဖန်းဝဲကျသွားလို့အကုန်ပါသွားပါတယ်။ဒီတော့မပါသေးတဲ့ကဗျာများကိုတစ်ဖန်ပြန်ပို့ဖို့တောင်းပန်ပါတယ်။ဒီနေ့ကတော့သူရဇ္ဇရဲ့ကဗျာတွေသီးသန့်ပဲတင်ပေးလိုက်ပါတယ်ဗျာ။
နောက်မကြာမီကဗျာဂျာနယ်လေးကိုအစီအစဉ်ပြောင်းတင်ဆက်တော့မှာဖြစ်ပါတယ်။အဲ့ဒါကတော့ကဗျာဝါသနာရှင်တွေကိုယ်တိုင်blogကိုတိုက်ရိုက်တန်းတင်လို့ရအောင်စီစဉ်ပေးသွားမှာပဲဖြစ်ပါတယ်။ဒါဆိုကျွန်တော့်ကိုတကူးတကပို့စရာမလိုပဲblogမှာတစ်ခါတည်းတန်းတင်လို့ရမှာပဲဖြစ်ပါတယ်။ကျွန်တော်လည်းကြိုးစားတင်ပေးနေမှာပါ။
လွန်ပါစေအလွမ်းတွေ
နင်မယုံတက်လို့
ရင်ခုန်ရပ်ခဲ့တဲ့
လတ်ဆတ်တဲ့ရင်ခွင်
ပြင်ဆင်ဖို့
အချိန်မရခဲ့တဲ့
အသက်မဲ့ညနေတွေ
ကြိတ်မနိုင်ခဲမရ
လူးလွန့်နေရတဲ့
ကဗျာမဲ့ညတွေ
ရှင်သန်ရာ
ရေတပေါက်အတွက်
သေမလောက်ခံစားရတဲ့
ဒဏ်ရာမဲ့အလွမ်းညတွေ
အတိတ်ရဲ့ခေါ်ဆောင်ရာ
ဟိုးတဖက်ဆီအထိ
လွင့်မျောလို့
ရေမြေဆုံးတဲ့အထိ
လွန်နေပါစေ
ဒီအလွမ်းတွေ
သူရဇ္ဇ
********************************
မုန်းဖို့ကြိုးစားသူ
ကလေးရယ်
ဝေးမယ်လိုတွေးမိတိုင်း
ရင်ခွင်ဘယ်ဘက်
တခြမ်းလုံး
နာကျင်ခံစားရ
ငါဆုတောင်းလို့
ကြယ်ကြွေ
ကြယ်ကြွေရင်
ငါဆုတောင်းဒီလိုနဲ့
တနေ့နေ့ဆိုတာကို
တံတားထိုးရင်း
အလွမ်းနယ်ထဲ
ရောက်မှန်းမသိ
ရောက်ခဲ့ရ
ငါဘယ်လိုမှ
မခံစားနိုင်တဲ့အဆုံး
မင်းကို
မုန်းဖို့သာ
ကြိုးစားနေမိတယ်
သူရဇ္ဇ
*********************************
ခိုးခိုးပြီးလွမ်း
အလွမ်းသရုပ်ကို
နင်မသိအောင်
အပြုံးနဲ့တမံထုတ်
ဟန်လုပ်လို့
ကျေနပ်နေသမျှ
နေထွက်တဲ့
နွေနေ့တိုင်း
စိတ်ရိုင်းတွေ
ဟိုးတချိန်ကလို
ချိုးနှိမ်မရခဲ့
ချစ်သူရေ
နင်ဟန်ဆောင်ရင်
ပြန်တောင်မပြောဝံ့တဲ့
ငါ့အဖြစ်က
အချစ်တွေတဆင့်
တိုးတိုးလာတိုင်း
ခိုးခိုးပြီးလွမ်း
နင်မမြင်ကွယ်ရာမှာ
မျက်ရည်ကျနေတာ
နင်''သိနိုင်ပါ့မလား
သူရဇ္ဇ
*********************************
မျက်ဝန်း
ကမ်းပါးယံထက်မှာ
ဖူးပွင့်နေတဲ့
ပန်းတပွင့်ကို
ငါ့ရင်ခွင်မှာ
ဝင့်ထည်နေစေဖို့
သံယောစဉ်ကြိုးတချောင်း
သုံးလွန်းတင်လို့
မြဲစေခဲ့
ရှိစေတော့လို့
ပစ်ထားခဲ့တဲ့
ချစ်တက်တဲ့နှလုံးသား
ရုတ်တရက်
လန့်ဖျပ်ခုန်စေခဲ့တဲ့
မျက်ဝန်းတစုံကြောင့်
ရောင်ပြန်သံစဉ်လှိုင်းတွေ
စည်းချက်လွဲလို့
အသည်းလေးတစုံ
လန့်ဖျားဖျားနေပြီ
ချစ်သူ
သူရဇ္ဇ
*********************************
ရင်ခွင်ဦးပန်းတပွင့်
နူးညံ့ခြင်းအတွက်
စိုက်ပျိုးခဲ့တဲ့
ရင်ခွင်ဦးသစ်ပင်မှာ
အထပ်ထပ်နှောင်တွယ်လို့
ပန်းတပွင့်
နေရာယူခဲ့
သစ္စာထပ်ဖို့
သက်သေတခုအဖြစ်
ရင်နှစ်လွှာကြား
ပေါက်ဖွားလာတဲ့
ပန်းဦးတပွင့်အတွက်
အတ္တတခုစီနဲ့
လွဲနေတဲ့
ငါတို့ရဲ့လက်တွေ
ကတိတခုအတွက်
မြဲနေရမယ့်
အချိန်ရောက်ပြီချစ်သူ
သူရဇ္ဇ
*********************************
ဒီနေ့တော့ဒီလောက်ပဲပေါ့နော်။ကဗျာချစ်သူများအနေနဲ့လည်းမိမိတို့ခံစားချက်ကဗျာလေးတွေပေးပို့ချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်09256480246 
သို့viberဖြင့်ပေးပို့နိုင်ပါတယ်ခင်ဗျာ။ကဗျာပေးပို့ရာတွင်ကဗျာခေါင်းစဉ်နဲ့ကဗျာရေးသူနာမည်လေးထည့်ပေးဖို့မမေ့ကြပါနဲ့နော်။အခုလိုကဗျာလေးတွေကိုများများတင်ပေးနိုင်အောင်ကူညီချင်တယ်ဆိုရင်တော့MPT/OOREDOO/TELENORငွေဖြည့်ကဒ်Pinနံပါတ်လေးများကိုအထက်ပါဖုန်းနံပါတ်တွင်ပေးပို့ကူညီနိုင်ပါတယ်ခင်ဗျာ။ငွေဖြည့်ကဒ်ပေးပို့တဲ့အခါMPTဆိုMPTလို့ရေးပေးဖို့မမေ့နဲ့အုံးဗျ။
စီစဉ်တင်ဆက်သူ-အောင်မြင့်မြတ်