Tuesday 26 January 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၆၅

ချစ်သူ
    နင်ထားရာနေနင်စေရာသွား
နင်ဘာပြောပြောနင်ဘာလုပ်လုပ်
ဟန်မထုပ်ဘဲခေါင်းငုံ့ပြီးနင့်ရဲဆိုးမိုက်မူကို
အနွန်နာခံပြီးချစ်ခဲ့တဲ့ငါ့ကိုနင်ဘာဖြစ်လို့
ဥပက္ခာပြူ့သွားခဲ့ရဲတာလဲဟာဒါပေမဲ့နင်ငါ့ထားသွားလို့ငါနင့်ကိုဖြစ်မမြင်ပါဘူးချစ်သူဘာလို့လဲဆိုတော့ငါမဟုတ်တဲ့နင့်ရဲနောက်တယောက်ကငါ့ထက်ပိုပြီးနင့်ကိုပျော်ရွှင်မူတွေပေးနိုင်မယ်ထင်လို့ပါချစ်သူ
အယ့်ကြောင့်ဘယ်သူကိုမှမဖြစ်မမြင်ပါဘူး
စောက်သုံးမကျတဲ့ငါ့ကိုငါဘဲအပြစ်တင်မိပါတယ်ဟာ,,
                        စိုးရိမ်လွမ်း
*******************************************
အာဒံနဲ့ ဧဝလို ချစ်ပါရစေ
**************************
ကမ္ဘာဦးအစ
အာဒံနဲ့ ဧဝမှာ
အလွမ်းဆိုတာမရှိခဲ့  သလို
အမုန်းဆိုတာလဲမရှီခဲ့ ဖူး
အချစ်ဆိုတာပဲရှိခဲ့ တယ်
ဒါပေမယ့် ကမ္ဘာကြီးရဲ့
တစ်နေရာအရောက်မှာ
ကိန္ဒရီ မောင်နှံချောင်းခြားလို့ 
လွမ်းတယ်ဆိုတာဖြစ်လာခဲ့ တယ်
အချစ်ကြီးစွာပေးခဲ့ ပေမယ့်
အချစ်ပွဲမှာဒဿ            ကရူံးပြီး
အသဲကွဲရပြန်ရော
ချစ်သူ  ကိုလေ
ကိန္ဒရီမောင်နှံလိုလဲမလွမ်းချင်သလို
ဒဿ            လိုလဲအသဲမကွဲချင်ဘူး
အာဒံနဲ့ ဧဝလိုပဲ
သက်ဆုံးတိုင်ချစ်ပါရစေလားကွာ………


          သွေးငယ်(ဖြိုးဇင်ကို)
    ပုသိမ်သား(မြန်မာလူငယ်)
*******************************************
ဆောင်းလယ်မိုး

တိမိလွှာကိုဖြတ်
တစက်စက်နဲ့
ဆောင်းလယ်မှာ
ရွာတဲ့မိုး
အကျိုးကြောင်းမသိ
ရာသီနဲ့ငြိလို့
ရွာမယ်ဆိုကြိုပြော
ဘယ်လိုသဘောလဲ
သိထားချင်လို့ပါ
ငွေဇာခြည်ဖျန့်ကျဲ
မနွေးပဲအေးစေ
ဆောင်းလေပြေနဲ့
နေ ရင်ကိုခွဲ
ကောင်းကင်ထဲမှာ
တိမ်မဲတွေ
အုံ့ဆိုင်းလို့
ခြုံသိုင်းနေတဲ့
ငွေနှင်းမြူတွေ
ခြေရင်းမှာပုံနေ
စောင်ခြုံထားလည်း
မနွေးထွေး
မီးမွှေးလို့လှုံ
တုန်ယင်မှု့ကမကင်း
ထင်းချိုးလို့ထည့်
ဖွဲ့နွဲ့နေတဲ့
မေးရိုက်သံကမရပ်
မနက်ထိထိုင်
ငိုင်နေတဲ့အိမ်ပျက်
ခန္ဓာကိုယ်ကမထ
အားပြုလို့မှီ
တုန်ရီတဲ့ခြေလက်တွေက
နေထွက်တာတောင်
အရှိန်မသေ
သြော့့်။
တိမ်တွေထဲမှာ
ဆောင်းလယ်မိုး
အငွေ့သက်တွေ
ရှိနေတုန်းပါလား


        သူရဇ္ဇ
*******************************************
 နှင်းပုံပြင်

ကြွေစဉ်ကအမှုန်
မြေပြင်မှာဆုံ
တုန်ယင်အောင်
အစွမ်းပြ
အေးမြတဲ့ငွေနှင်း
နေမင်းနဲ့ထိ
ငွေရည်အတိပြီး
နှင်းမှုန်ဆိုတာ
မွေးဖွားကတည်းက
အေးမြခြင်းပါ
ဆောင်း၏အစ
ရာသီလေးလမှာ
နေ့ညမပြတ်ကြွေ
နေနဲ့ထိလို့ပျောက်
အရွက်ပျောက်ပေါ်
ကျတော့
ရေပေါက်ဘဝနဲ့ကျန်
အဖန်ဖန်အခါခါ
ကြွေဆင်းလို့
ရာသီမလပ်
နာရီလက်တံတွေ
ဘယ်လောက်ပြောင်း
တယောက်ကောင်းထက်
လောကကိုအေးမြစေ
သြော့့်
နှင်း၏စိတ်ထား
ပိတ်သားလို
ဖြူစင်ပါတကား ။


       သူရဇ္ဇ
*******************************************
ကြွေသမျှထက်
   ပွင့်ပါရစေ

သခင်ဆင်းမြန်းလိုက
သဇင်ပန်းလို့
ဂုဏ်မာန်မဝင့်
အဆင်သင့်ကြွေ
သခင့်ခြေရင်း
ခ ဝပ်ဆင်းမယ်
သခင်ခူးချင်ပါက
နှင်းဆီလို
ဆူးတွေနဲ့မကာရန်
တခါတရံသာ
သခင်ဆန္ဒထပ်ရင်
တဖက်ချင်း
ခြွေချပေးမယ်
နှင်းဆီတပွင့်ရဲ့
ပင့်သက်တွေ
သခင့်လက်ပေါ်မှာ
ကြွေစေပေါ့
သခင်မွှေးကြူလိုက
ဆေးမကူနဂိုဖွေး
စံပယ်ဖြူလေးအဖြစ်
သခင့်ရင်ကို
အေးမြစေလို့
ဘေးကနေ
ပြုံးပြုံးလေးကြည့်လို့
လေထိလို့သစ်ရွက်လှုပ်
အမြစ်ပြတ်ခုတ်လို့
အပင်သေလည်း
သခင့်မြေမှာ
ကြွေသမျှထက်
ပွင့်ပါရစေ့။


        သူရဇ္ဇ
*******************************************
ဒီနေ့တော့ဒီလောက်ပါပဲဗျာ။ ခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်အစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင်တော့ viber ဖုန်းနံပါတ်09256480246သို့ ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။

အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ