Tuesday 15 March 2016

အလွမ်းပြေ အနမ်း အပိုင်း(၂)

 အပိုင်း(၂)
အေးချမ်းဆိုတဲ့ ကျနော် ဒီရွာလေးနဲ့ခွဲခွါခဲ့ရတာ နှစ်ပေါင်းအားဖြင့် ၇နှစ်ကျော်ကျော်ရှိခဲ့ပြီလေ ဘာကြောင့်ခွဲခွါခဲ့ရသလဲဆိုရင်တော့ တစ်ရွာလုံးရဲ့ ကွမ်းတောင်ကိုင်မလေး မြသဇင် နဲ့ ဘဝမလှတဲ့ အေးချမ်း ရေထမ်းသမားလေးရဲ့ အချစ်ဇာတ်လမ်းက ကြေကွဲဖွယ် ကောင်းခဲ့လေတယ် "ဘခက်ရေ ဒီရွာသူကြီး ဦးမာဃရော ရှိသေးလား"
"ဦးမာဃကတော့ သူကြီးရာထူးက ကျဆင်းပြီး သူ့ဘဝကို နိုဂုံးချုပ် အဆုံးသတ်သွားပြီ အဲ မင်းရဲ့ မြသဇင်လေးကတော့ အခုချိန်ထိ ရှိနေပါသေးတယ်" ဘယ်လို သဇင်ရှိသေးတယ် ဟုတ်လား ဘခက် ဒါဆိုရင် သူဆီ ငါသွားခြင်တယ်"
သွားရမှာပေါ့ဒါပေမဲ့ မင်းသူကို တွေ့ရင် သိပ်အံ့သြသွားမှာပါ" သူအိမ်ထောင်ကျပြီး သာသာယာယာရှိမယ်ဆိုရင် ငါကျေနပ်ပါတယ်ဘခက်ရာ"  မင်းကိုယ်တိုင် တွေ့ရအောင် ငါလိုက်ပို့ပေးမယ်" အခုသွားမှာလား" အေး အခု ရွာနောက်ဘက်က တမာပင်အောက်က တဲလေးဆီ သွားရအောင် "ဟု ဘခက်ဆိုသဖြင့် ကျနော် ဆိုင်ကယ်လေးကို စက်နှိုးပြီး ဘခက်ကို လမ်းညွှန်ပြရာ တမာပင်ရိပ်အောက်သို့ထွက်လာခဲ့သည် တမာပင်လေးအနားသို့ရောက်သောအခါ  ဆိုင်ကယ်လေးကိုရပ်ပြီး တဲအိုလေးကို လှမ်းကြည့်လိုက်သည်တဲအိုလေးထဲတွင် ၂၅နှစ်အရွယ်ရှိမိန်းမပျိုလေးတစ်ယောက်  သီချင်းဆိုသံကို ကြားရတယ် ခဏကြာသောအခါ မိန်းမပျိုလေးထံမှ ငိုရှိုက်သံကိုလဲ ကျနော်နှင့်ဘခက် ကြားရပြန်ပြီ ဘခက် တစ်ယောက် ကျနော်ကိုကြည့်၍ "မင်းသိပ်တွေ့ခြင်တဲ့ မြသဇင်ဆိုတာ စိတ်နဲ့ကိုယ် ကင်းခွါပြီး အရူးမလေးဖြစ်နေပြီ "
ကျနော် မြသဇင်အနားသို့ကပ်ပြီး" သဇင် နင် ငါ့ကို မမှတ်မိတော့ဘူးလား ငါ အေးချမ်းလေဟာ"ဟုပြောလိုက်တော့ သူမသည် ကျနော်ကို မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့်ကြည့်ပြီး" ဘယ်က အေးချမ်းလဲ ငါ့မှာ အေးချမ်းလဲမရှိဘူး ထမင်းကြမ်းလဲ မရှိဘူး နင်က အရူး"ဟုဆိုပြီး အားရပါးရ ရယ်လိုက်ပြန်ပြီ ပြီးတော့" အဖေရေ သမီးကို ကယ်ပါဦး ဒီမှာ လူယုတ်မာက သမီးကို မတော်မတရားကြံစည်နေပြီ အဖေရဲ့ " ဟီး ဟီး ဟီး ဟု ငိုက်လိုက်သောအခါ "သဇင် သတိထားပါဦး ငါ အေးချမ်းလေ"
"သွား လူယုတ်မာကြီး ကျမကို မထိနဲ့ ကျမအော်လိုက်မှာနော်"ဟုဆိုပြီး ကျနော်ကို တွန်းထုတ်လိုက်သည် ကျနော်ခန္ဓာကိုယ် နောက်သို့ ယိုင်လဲသွားစဉ် ဘခက် နောက်ကနေ လှမ်းထိန်းပေးပြီး "မင်းသူကို ဘယ်လိုပဲပြောပြော သူမမှတ်မိတော့ဘူး သူငယ်ချင်း"
"သူဘယ်လိုဖြစ်တာလဲ ဘခက်ရာ ငါ့ကို ပြောပြစမ်းပါဟာ"
မင်းကို ငါအကြောင်းစုံ ပြောပြမယ် အခုတော့ အိမ်ပြန်ရအောင်ကွာ"
သူက ဒီတဲအိုလေးထဲမှာပဲနေတာလား"
"သူကို ငါတို့တစ်ရွာလုံးက စောင့်ရှောက်ထားတယ် ထမင်းစားချိန်ရောက်ရင် ထမင်းထုတ်လာပေးကြတယ် မကြာခင် သူဆီထမင်းလာပို့လိမ့်မယ်"
"အော် ကံတရားက ဆန်းကြယ်လိုက်တာ ၇နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ သူ ဒီလောက်ထိ ပြောင်းလဲလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး ဘခက်"
"အခုတော့ မင်းမြင်တဲ့အတိုင်းပဲ သူဟာ သနားစရာကောင်းတဲ့ အရူးမလေးဖြစ်နေပြီ"
သူကို စိတ်ရောဂါကု ဆေးရုံတွေ မပို့ဘူးလား"
"ပို့တာပေါ့ ဒါပေမဲ့ သူရောဂါက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ် သူငယ်ချင်း"ဟုဆိုလိုက်သောအခါ ကျနော် မြသဇင်ကို လှမ်းကြည့်မိရာ မြသဇင်သည် ကုတင်ပေါ်တွင် ကခုန်ပျော်မြူးနေသည်ကို တွေ့ရပါပြီ ကျနော်ရင်ထဲမှာလဲ နေဆယ်စင်းပမာ ပူလောင်ခဲ့ရပါပြီ မြသဇင်ရယ် ကံမလှရှာတဲ့ ကိုယ်တို့ဘဝတွေက ဆိုးဝါးလွန်းလှချည်လားအကိုရင်ထဲမှာ ခဏလေးဖြစ်ဖြစ် ဝင်ကြည့်ပါဦး မြသဇင်ရယ် ဟု ဆိုမိပြီး ပါးပြင်ပေါ်သို့စီးဆင်းလာတဲ့ မျက်ရည်စက်ကို ဖွဖွလေးသုတ်ပြီး တဲအိုလေးအနားမှ ပြန်လာခဲ့လေသည်......
                                    အပိုင်းသုံးကို ဆက်လက်ဖတ်ပါရန်
                            ကဗျာချစ်သူ စာချစ်သူများအား လေးစားခင်မင်လျှက်
                  တစ်ကောင်ဘွား(ဓာတ်တော်)
                   ၀၉၄၄၂၀၉၅၄၆၅
           bee talik id(nayminkyaw)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ