Friday 25 March 2016

ရှာဖွေရင်းနဲ့ပဲ

အချစ်ကြောင့် နာကျင်ခဲ့ရလို့

အချစ်ကို ပြန်ပြီး နာကျင်စေဖို့ ကြိုးစားရင်းက

နှလုံးသားတွေကို ကွဲကြေသွားခဲ့တာ ..

အချစ်စစ်ကိုရှာဖွေရင်းနဲ့ပဲ

အချစ်တွေနဲ့လွဲလွဲသွားခဲ့တာ ...

သူ့အတွက်တွေပဲစဉ်းစားခဲ့လို့

ကိုယ့်အတွက်တွေအကုန်ပျောက်ဆုံးသွားခဲ့တာ ...

သူ့အတွက်ဖြည့်ပေးရင်းနဲ့ 

ကိုယ့်ဆီက ကုန်ခမ်းလာခဲ့လိုက်တာ ....

နောက်ဆုံး ...

ကွဲကွာချိန်လမ်းခွဲရောက်တဲ့အခါတော့ 

နှလုံးသားတွေပျောက်ဆုံး

ရည်ရွယ်ရာတွေလမ်းစပျောက်လို့

ကိုယ့်အားအင်တွေလျော့ပါးသွားလိုက်တာ

အသက်ရှူဖို့တောင် အနိုင်နိုင်အားစိုက်ရတော့တယ် ...


မုန်း (BeeTalk)






အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ