Friday 29 July 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၈၈

မင်္ဂလာပါဗျာ

ကျွန်တော်တို့ရင်ဖွင့်စကားချစ်သူကြားစေ blogကလေးကနေ တင်ဆက်ပေးနေတဲ့ ကဗျာဂျာနယ်အစီအစဉ်လေးဟာ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရတာကြာပါပြီ။ အခုတော့ ပုံမှန်ပြန်လည်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ စာဖတ်ပရိသတ်ကြီး အနေနဲ့ကလည်း မိမိခံစားချက်ကဗျာလေးတွေကို ကဗျာဂျာနယ်အစီအစဉ်မှာ ပေးပို့ပါဝင်လို့ရပါတယ်။ ပေးပို့ချင်တယ်ဆိုရင်တော့ viberဖုန်းနံပါတ် 09256480246သို့ ဆက်သွယ်ပေးပို့လိုက်ပါဗျာ။ ကျွန်တော်တို့ ကဗျာဂျာနယ်အစီအစဉ်မှ စောင့်မျှော်လျက်ပါဗျာ။

==================================

ညကတော်တော်နက်သလို
ဘဝကအိုအိုရင်းနှစ်တယ်
တဖြေးဖြေးချင်းရစ်တွယ်နေတဲ့
ရက်တွေဟာခက်ခဲသလို
နောက်ဆုံး
တမြေ့မြေ့ချင်းငိုရမှာပါလား
ငါမငိုခြင်သေးဘူး
အရင်ဘဝကရန်ငြိုးတွေလား
ဒီဘဝကအမုန်းတွေလား
တောင်းတဲ့သူက
အပြုံးများစွာမှာဆားခပ်ပီးမှ
ရက်ရက်စက်စက်သတ်
မပြောင်းလဲသူက
အချစ်များစွာနဲ့သကာရည်လို့မှတ်
ဝဋ်ကြွေးရှိသမျှ
ဒီဘဝဒီခဏနဲ့ ရပ်ပါရစေ ။
                   Phyur.../\/*L့
==================================
ချစ်သူ

တို့တွေဝေးကြပြီနော်

မဖြစ်နိုင် တဲ့

ဘဝနှစ်ခုအ ခြေ နေကို

အပြစ်ပုံချခါ

မင်းဘတ်က

အားငယ်တက်လာတယ်

မင်းမျက်နှာ

ညှိုးငယ်နေတာကို

ပြစ်ပယ်မထားရက်တဲ

ငါ့နှလုံးသားက

မင်းပြုံးပျော်တာကို

တွေ့နေချင် လို့

သူသေချင် သေပါစေ

မင်းအတွက်

ပေးဆပ်ဖို့အသင့်ဖြစ်နေတယ်

        နေမင်းအာကာ
==================================
ချစ်သူရယ်
မေ့ဖို့ချစ်ခဲ့တာ
မဟုတ်လေတော့
လွယ်လွယ်နဲ့ မေ့လို့မရဘူးလေ
လက်တွဲဖော်အကြင်နာနဲ့
ရင်မှာ ချစ်ခဲ့တာမို့
လက်တွဲဖြုတ်ပြီး
တူပုန်းတမ်း မကစားပါရစေနဲ့
ပဝါပါးကို ကြက်သားထုတ်တော့
စွန်းတက်သလို တစ်ရွာသားကို
ရည်းစားထား လွမ်းရမှာ စိုးလို့
အနမ်းတွေ လွင့်ပြယ်စေသလား
      တစ်ကောင်ဘွား(ဓာတ်တော်)
==================================
*ဧည့်သည်*
တွေ့ဆုံကြုံလာ ဒီဘဝမှာ
ကံဇာတ်ဆရာ ညွှန်သမျှကို
လိုက်နာကာ သရုပ်ဆောင်ရမို့
ချစ်သူတွေလဲ လွမ်းစေ ငိုစေ
မုန်းသူတွေလဲ ပြုံးစေ ရယ်စေ
သူအလိုကျ ဒို့ဘဝမို့
လက်ပြနှုတ်ဆက် လမ်းခွဲရစဉ်
လွမ်းရဲလား လို့ မမေးနဲ့ကွယ်
ဝေးကြသူတိုင်း ငိုဖူးလိမ့်မယ်.,
ဒါပေမဲ့လေ ဧည့်သည်ပေမို့
အချိန်တန်လို့ ပြန်ရတော့မည်
ကံမကုန်လို့ ပြန်ဆုံခဲ့ရင်
သံယောဇဉ် ကြိုးတစ်စနဲ့
ပြုံးပြနှုတ်ဆက်ရင် ကျေနပ်တယ်...
တစ်ကောင်ဘွား(ဓာတ်တော်)
09440425009
==================================

❆ သည်းခံနိုင်​သ​ရွေ့​တော့ ❆
မေ​မေနဲ့​ဖေ​ဖေ ထုဆစ်​လို့
ပန်းပု ဖြစ်​ခဲ့တဲ့သမီး
လောက ပင်​လယ်​ကြီး
ကူးခပ်​ မနူးမနပ်​နဲ့​ပေါ့ ​မေ​မေ
မြှုပ်​ချည်​တခါ​ပေါချည်​တလှည့်​နဲ့
ဆင်​​တွေခြ​င်္သေ့​တွေ လိုက်​ဆယ်​ရတာ
မောလှတယ်​​ဖေ​ဖေ
မုံယို​နေတဲ့ဆင်​ အ​ဝေးလွှင့်
အ​သွေးအသားလိုလားခြ​င်္သေ့များလည်းထွက်​​ပြေး​အောင်
ဘီလူး ​ခေါင်း​ဆောင်းထားရတာ
ပင်​ပန်းလှတယ်​​မေ​မေ
*ခိုင်​ကြီးဖီးလှ*တဲ့
တောင့်​တင်းတဲ့အမျိုး​တွေက​ပြောတယ်
အ​စေ့များလို့စားမရတာ​တော့
ကိုယ်​တိုင်​ကလွဲ
ဘယ်​သူသိနိုင်​မှာလည်း​ဖေ​ဖေ
နေပူထဲကကြည့်​လို့
နေရိပ်​မမြင်​ရတဲ့ဘဝမှာ
အမြဲမပြတ်​ရွတ်​ဖြစ်​တဲ့ဂါထာ​လေးက
*ဥုံမခိုမကပ်​နဲ့
ဇွဲလုံလ့ဝီရိယထား
စိတ်​​ကောင်း​မွေး*
နေပူထဲမှာ ရပ်​​နေရတာ
မကြည့်​ရက်​လို့
တိမ်​က​လေးက အကာအကွယ်​​ပေးတယ်
ရက်​စက်​တဲ့​ရွှေမိုးက ရွာချလိုက်​တယ်
ရပါတယ်​ ခံနိုင်​ပါတယ်
အက်​ဆစ်​မိုးမဖြစ်​ရင်​​ပေါ့....။

           စုန်း
===================================

ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

သတိထားပါမိကဗျာ

''သတိထားပါ မိကဗျာ ''

မိကဗျာရေ...

နင့်ကိုသူတို့ကသိပ်ချစ်ကြသတဲ့

အရမ်းအရူးအမူးဖြစ်တယ်ဆိုပဲ။

အဲ့စကားကြားရင်မပြုံးပဲဝါးလုံးကွဲသာရယ်(ရီ)လိုက်ချင်မိတယ်

တကယ်တော့ မိကဗျာရေ...

နင့်ကိုအမွှမ်းတင်သလိုလိုနဲ့

သူတို့ဂုဏ်သူတို့ဖော်ထုတ်နေကြတာကလား။

တချို့ကအပျော်အပျက်

တချို့ကအဖော်အတွက်

တချို့ကကဗျာအယောင်ဆောင်

တချို့ကတဏှာခြင်ထောင်ထောင်

တချို့ကယုံကြည်ခြင်းနဲ့

တချို့ကဂုဏ်သတင်းအတွက်

တချို့ကလော်ဘီ

တချို့ကပေါ်လစီ

အဲ့သလို

အဲ့သလို

ဗရုတ်သုတ်ခမဟုတ်ဟုတ်ကတွေနဲ့

နင့်ပုံရိပ်ကိုဝတ်ဆင်

နင့်ကိုယ်ငွေ့ကိုခိုလှုံ

နင့်ကပသာဒကိုထိကပါးရိကပါး

နင့်မာနကတော့ရှိသလားမရှိသလားတောင်မသိတော့ပါဘူးဟာ။

အေး..တစ်ခုတော့ နင် သိထား...

မိကဗျာဆိုတာ မျိုးနဲ့ရိုးနဲ့

သမိုင်းနဲ့ရာဇဝင်နဲ့

ခေတ်တိုင်း ခေတ်တိုင်း နစ်နစ်ရှိုင်း

ရှိုင်းကို

စိတ်ကောင်းရှိမှစာကောင်းရခဲ့တာကိုပေါ့။

သတိတော့ထား မိကဗျာရေ

သတိတော့ထား

ခုခေတ်ကြီးကိုက လိမ်နိုင်မှပညာရှိ

ညာနိုင်မှဥာဏ်ကြီးရှင်

အမှန်အကန်ဖန်တီးရှင်တွေဘေးရောက်တဲ့ ခေတ်ဆိုတော့

နင့်ရာဇဝင်ထက် အမဲစက်တွေ

စွဲသထက်စွဲထင်နေအုံးမှာကိုတော့။

သတိတော့ထား..

မိကဗျာရေ..

သတိတော့ထားဟ...။

                                     ခိုင်မြဲတည်(ပန်းပျိုးလက်)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

စကားဝါပန်း

 စကားဝါပန်း 

မိုးအခါ … ပျိုးလာ … မညှိုးပါ

ငွေဆီသောက် 

နေခြည်ရောက်…ရွှေရည်နှောက်…ဝေစီတောက်

ဝင့်ဖြာ ……

ပွင့်လွှာ … ဆင့်ကာ … တင့်ရှာ

ဧကရီမွှေး

လေပြည်နွေး … ခြွေသီထွေး … ဒေဝီလေး

နှစ်ဆင့်ပန်

ပင်မြင့်စံ  လှရိပ်နန်း ။

စိမ်းမြညှာ … တိမ်းခရှာ … ယိမ်းကလာ

အချင်းချင်း

ညှင်းညှင်း … ဝင်းဝင်း … သင်းသင်း

သိင်္ဂီလွှာ

ထိန်စီကာ … တိမ်သီပမာ … ဣန္ဒနီဖြာ

မြင်လင့်

ပင်မြင့် … ယဉ်ဆင့် … သွင်တင့်

ထွတ်ယံ

ညွှတ်ပျံ … ဝတ်ဆံ … ဆွတ်ကြံ 

စိုးပြန်စိတ်

ရိုးတံထိပ် … ထိုးလျှံဖိတ် … မိုးသံတိတ်

သွေဖီ …

ဧကရီ … မဟေသီ … ဒေဝီ

ပွေ့ကာချဉ်း

မွေ့ရာခင်း    မယ်လို့    ကမ္ဗလာ

စကားဝါပန်း ။

                     မဟာ(ပန်းပျိုးလက်)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Wednesday 27 July 2016

ချစ်သူ

ချစ်သူရေ့
အလွမ်းဆိုတာဘာမှန်း
မသိ့ခဲ့တဲ့ငါအခုမင်းနဲ့
ဝေးမှသိ့လိုက်ရပါပြီ့
တကယ်ပါချစ်သူ့
လွမ်းရလို့မရူးသွားပေမဲ့
ရူးမတက်တော့လွမ်းရပါတယ့်
ချစ်သူ့

SoeRainLwan

Tuesday 26 July 2016

ချစ်သစ္စာမပျက်တည်တံ့နေမယ်

တူနှစ်ကိုယ်ပေါင်းရဖို့

ဘယ်တော့များမှနီးရမယ်မသိလည်းပဲ

တို့နှစ်ဦး သစ္စာမြဲလို့ ..

ထာဝရအတွက် ပေါင်းဖက်ဖို့

ရည်စူးကာ တိုင်တည်ထားပါ့မယ် ..

ကိုယ့်အချစ် .. မင်းအချစ်

ချစ်သစ္စာတွေ ခိုင်ခိုင်ဆက်လို့

သံယောဇဉ်ကြိုးမြဲမြဲတွယ်ဆက်

မပြောင်းလဲတဲ့ မေတ္တတရားတွေနဲ့

သက်ဆုံးတိုင်ပေါင်းဖက်နိုင်ဖို့

ရည်စူးကုသိုလ်တွေလည်း စုရင်းပေါ့ ..

ချစ်သူရေ ..

ဘယ်တော့ဆိုတာ မသေချာပေမယ့်

ရင်ထဲက သေချာတဲ့ ချစ်မေတ္တာတွေနဲ့

တစ်နေ့နေ့ဆိုတာကို

နှစ်ဦးအတူ ရင်ဆိုင်လျှောက်လှမ်းကြရအောင်

လမ်းခရီးရဲ့ အဟန့်အတားတွေကို

တို့အတူ ရင်ဆိုင်ကြရင်းနဲ့ပေါ့ ...

မုန်း (BeeTalk)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Thursday 14 July 2016

ထွက်ပေါက်

ပူပင်သောကတွေကို
သက်ပြင်းနဲ့အတူ မှုတ်ထုတ်လိုက်ပေမဲ့
လျော့ကျမသွားတဲ့ရင်ဘတ်က
ကျောက်တုန်းနဲ့ ဖိနင်းထားသလို
လေးလံလွန်းလှ
အသွင်မတူ အိမ်သူမဖြစ်တဲ့
အိမ်သူဖြစ်ပေမဲ့
အသွင်တူတာကော
သေချာလို့လား…
အချစ်နဲ့စစ်ဟာ အတူတူပဲ
အိမ်ထောင်ဟာ တစ်သက်စာ
လွတ်ရက်မရှိတဲ့ အကျဉ်းထောင်
ထွက်ပေါက်မရှိ ဂယ်ပေါက်မရှိ
ကယ်သူမရှိ လူသူမရှိ
ကြမ်းတမ်းတဲ့လမ်းဆိုတာ
တကူးတကမဟုတ်ဘူး
ဘဝခရီးလမ်းပဲ…
အလိုကျရင်ပျော်တယ်
အလိုမကျရင်ငိုတယ်
ရမ္မက်နဲ့ကျတဲ့ အိမ်ထောင်
ထွက်ချေနဲ့ကျတဲ့ အိမ်ထောင်
မေတ္တာနဲ့ကျတဲ့ အိမ်ထောင်
ငါတော့…
ဘယ်အိမ်ထောင်မှသဘောမကျဘူး…
ဖြစ်နိုင်ရင်
ထောင်တွေအကုန်လုံးကိုရိုက်ချိုးပြီး
ထောင်ထဲက လူတွေအားလုံးကို
အတောင်ပံတစ်စုံဆီတပ်ပေးလိုက်ချင်တယ်
ငါကိုယ်တိုင် အတောင်ပံ
တစ်စုံတပ်ပြီး ထောင်တွေနဲ့ အဝေးဆုံး
ကမ္ဘာတစ်ခုဆီခုပဲ
လွတ်လွတ်လပ်လပ်ပျံသန်းသွားချင်ပါရဲ့….

ကသစ်ညို

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Monday 11 July 2016

*ဝဋ်မလည်ပါစေနဲ့*
နင်ပျော်ရွှင်ဖို့အတွက်
ငါ နှလုံးသားကို
စတေးခံရတယ်
ရှိပါစေတော့
ဝဋ်ကြွေးတစ်ခုဆိုရင်လဲ
ဒီဘဝမှာပဲ
ကျေပါစေတော့နော်
နောင်ဘဝဆိုတာ
ရှိလာခဲ့ရင်ပေါ့
လှည့်စားတက်တဲ့ မင်းအတွက်
လက်ဆောင်အဖြစ်နဲ့
ဆုတောင်းပေးလိုက်မယ်
ငါ့လိုဝဋ်မလည်ပါစေနဲ့
           တစ်ကောင်ဘွား(ဓာတ်တော်)
*ထာဝရလွမ်းဆဲပါ*
ဝဋ်ကြွေးရှိရင် ဒီဘဝနဲ့
ကျေပါစေတော့ အပြစ်မရှိတဲ့
ငါ့အသဲကို ဘယ်အငြိုးနဲ့
ခွဲရက်လေသလဲ မေးခြင်တယ်
ဝေးကွာသူအချစ်မို့
မစစ်ဘူး ထင်ရော့သလားဟင်
ရေမြေခြားပေမဲ့
မေတ္တာသမားမို့ သစ္စာတရားကို
ရင်မှာအစဉ်ထာဝရ
တည်မြဲနေဆဲပါ မိန်းကလေးရယ်
တစ်ကောင်ဘွား(ဓာတ်တော်)

Friday 8 July 2016

စိတ်ကိုသတ်တဲ့ည

  စိတ်ကိုသတ်တဲ့ည  

ဟောဒီ ညနေစောင်းတိုင်း 

တို့မီး ရှို့မီးတွေလောင်မြိုက် 

မပွေ့ပိုက်ထားတဲ့ ကာလမှာ 

( တစ်ခုတစ်လေအတွက် )

အကြိမ်ကြိမ် ဝဋ်ကြွေးကိုပေးဆပ် 

ဖဲ့ချလိုက်တဲ့ သိက္ခာမှာ 

အသက်ကိုအသက်နဲ့လောင်းကြေးထပ်လို့ ။ 

ကိန်းဝပ်နေကြ ရှိုက်သံတွေက 

( အခုထိလည်း )

အထူးတလည် မပြောင်းလဲခဲ့ပါဘူး 

အရောင်ထွက်ပြနေကြ အာရုံထဲ  

နူးညံ့မှုတွေက လှုပ်ခါလို့  

ကစားနေလိုက်ကြတာ 

( အခုတော့ )

ငါ့စိတ်နဲ့ ငါ့ကိုယ် အငြင်းပွားနေရရဲ့ ။

ဒါတွေဟာ . . . 

ကြောက်ရွံနေကြမွေးဖွားခြင်းလို 

သွေးချင်းချင်းနီရဲနေပြီ  . . 

အလင်းမဖြစ်တဲ့ရိုကျိုးခြင်းတွေက 

ငါ့ စိတ်ကို အမြဲနှိပ်စက်နေခိုက်   

အိမ်မက်မှာလည်း  ခမ်းနေဆဲပါပဲ . . . ။

                                    ပုံရိပ်ဇင် 

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Thursday 7 July 2016

အတူတူရင်ဆိုင်မယ်

တို့နှစ်ယောက်ရဲ့ အနာဂတ်

ဝိုးတ၀ါးတော့လှမ်းမြင်နေသေးတယ် ..

ရှေ့ဆက်ရမယ့်လမ်းကတော့ 

ခပ်ရေးရေးနဲ့မှိန်ပြနေနေသေးတာပေါ့ ..

ဒါပေမယ့် ..

တို့အတူလက်တွဲပြီး

ကြုံလာသမျှ အခက်ခဲတိုင်းကိုဖြတ်ကျော်လို့

ရှေ့ဆက်မယ့်လမ်းတွေ 

အရောင်လက်ဖို့ ကြိုးစားကြစို့ရဲ့

ခက်ခဲမှုဆိုတာတွေကို

နှစ်ယောက်အတူ ရင်ဆိုင်ဖို့အသင့် ..

ခပ်ဝါးဝါးလမ်းတွေကို

ရှင်းရှင်းလင်းလင်းမြင်ရတဲ့အချိန်အထိ

တွဲလက်တွေဆုပ်ကိုင်ပြီး

မနားတမ်းဆက်လျှောက်ကြဦးစို့ ..

ချစ်သူရေ ..

တို့နှစ်ဦးရှေ့ဆက်ပြီး ပန်းခင်းတဲ့အနာဂတ်ဆီကို

ရဲရဲကြီးလှမ်းလျှောက်ကြစို့နော် ..

မုန်း (BeeTalk)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

သမုဒယကျောင်း

အတူဆုံ တအူတုံ တကယ်မဆင်းကြပေမယ့်

သူငယ်ချင်းဘ၀နဲ့ ငယ်စာရင်းက အတန်းဖော်

ပြန်မလွမ်းပြီလား ..

ကျောင်းခန်းမှာ စာအတူသင်

ကျောင်းပြင်မှာ စာအတူကျက်

ရည်ရွယ်ချက်တွေ အစပျိုးရင်း

ဘ၀ပျိုးခင်း .. ဆိုတဲ့ သည်ကျောင်းတော် ..

သည်ကျောင်းမှာ ဘ၀ကိုစ

သည်ကျောင်းက ဘ၀ကိုထုဆစ်

နုမြစ်သူတွေ ပုံလောင်း 

လောကရဲ့ကျောင်းကျိုး

အကောင်းအဆိုး ဓမ္မ အဓမ္မ ဝေခွဲ

အနေရဲစို့ မှန်းရည်မျှော် .. တစ်လမ်းစီနော် ..

(ကြီးတော့) .. တို့တတွေကွဲ

ဆရာ ဆရာမတွေနဲ့

တခါက တပည့်တွေကံမကုန်လို့

ပြန်အဆုံပျော်စရာချည့်ပေပဲ ..

တပည့်တွေလည်းဆံပင်ဖြူ

အသွင်မတူ ဇရာဖက်

အသက်တွေအရွယ်ရပေမယ့်

ငယ်ဘ၀စာသင်ခန်းကို

ဘာမြင်မြင်အကုန်လွမ်းတာပဲ

ခုံတန်းမှာငယ်အရိပ်တွေက

ငယ်စိတ်ဝင် အမှတ်တရတွေနဲ့

ဖြတ်မရအောင် အခုဘ၀ အနုသယ ၀ဲမှာ

(သူငယ်ချင်းရယ် ..) သမုဒယနဲ့စွဲ ....

မောင်စိန်ဝင်း (ပုတီးကုန်း)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

အရင်က ကိုယ့်ချစ်သူ

ချစ်နေသေးတာပဲ ...

ဘာလို့များဟန်ဆောင်ကောင်းနေသေးတာလဲ ..

မင်းမပြောတဲ့အချစ်စကားတွေက

မင်းမျက်ဝန်းကတစ်ဆင့် နှလုံးသားကိုမြင်နေရတဲ့အခါ

ကိုယ့်ချစ်သူရယ်

ကိုယ့်အမှားတွေအတွက် တောင်းပန်ပါတယ်

မင်းအချစ်တွေကိုထင်ဟပ်ပြလှည့်ပါ 

တစ်ချိန်ကမှားခဲ့ဖူးတဲ့အမှားတွေအတွက်

ကိုယ်ဝန်ချတောင်းပန်ပါတယ်

မင်းနှလုံးသားကို ...

နောက်တစ်ကြိမ်ငါ့ထံအပ်နှင်းလှည့်ပါ ...

နောင်ဘယ်တော့မှ

ထပ်တူညီတဲ့အမှားမျိုးမမှားစေရဘူးလေ .... တဲ့ ...

ကျွန်မသိပ်ချစ်ခဲ့ပါတယ် ... ချစ်နေဆဲပါပဲ .. 

နောင်ကိုလည်း ဆက်ချစ်နေဦးမှာပါ ...

ဒါပေမယ့် .. ချစ်တာကသပ်သပ် ... မယုံကြည်တာကတစ်ပိုင်းလေ

နောက်ထပ်တူညီတဲ့အမှားမျိုးမဖြစ်စေရဘူးတဲ့လား

ဒါပေမယ့် မတူညီတဲ့နောက်ထပ်အမှားမျိုးအတွက်ကော

ကျွန်မကို ဘယ်သူကအာမခံပေးမှာတဲ့လဲ ..

ဝေးလက်စနဲ့ ထပ်ပြီးတော့ ဝေး ... ဝေး မှာနေလိုက်ကြတာက

နှစ်ဦးစလုံးအတွက် ပိုကောင်းမယ်ထင်ပါတယ် ....

သိပ်ချစ်ခဲ့ဖူးတဲ့ .. ချစ်နေဆဲဖြစ်တဲ့ .. ချစ်နေဦးမှာဖြစ်တဲ့

တစ်ချိန်က ချစ်တဲ့သူ .....

မုန်း (BeeTalk)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ညာဥ့်ငှက်

နင်မလိုချင်တဲ့ညကို ပစ်ထားခဲ့ပါဟာ
ဘဝမှာ အသံသာတဲ့ သီချင်းတိုင်း
သီချင်းစစ်စစ်… ဖြစ်ချင်မှ ဖြစ်တာ
မီးကကြိုးနားမှာ အသပြာတီးတိုင်းကရအောင်
မင်းက ..ပိုးဖလံလား…
ညကြိုးရုပ်ရေ…ညကြိုးရှုပ်ရင်
ဖြုတ်ရ ခက်သကွယ့်
မင့်ဘဝဆိုတာ
ဆီသည်မ လက်သုပ်ပဝါလောက်မှ
တန်ဖိုးတစ်ခုကိန်းဝပ်နေပါရဲ့လား
မီးစက်ဝိုင်းမှာ ကတဲ့ကြိုး
မီးခိုးတွေနဲ့ ညစ်ထေး
စက်ဝိုင်းတစ်ခုထဲက ပြေးလမ်း
ပန်းတိုင်မရှိဘူး ငှက်ကလေး….
အဝေး… ပြေးထွက်လိုက်စမ်းပါ
ပြင်ပမှာ လတ်ဆတ်တဲ့လေကို ရှူရှိုက်ပြီး
ကြည်ပြာရောင် တိမ်တိုက်တွေထဲက
ထွက်ကျလာမယ့် အိပ်မက်သစ်ပျိုးစေ့လေး
နေခြည် နွေးနွေးနဲ့ မွေးဖွားလိုက်ပေါ့
မီးရောင်စုံကြားက ပြေးထွက်ပြီး
လရောင်ကို ချစ်တတ်ပါ
မြေကမ္ဘာမှာ
မင်းဟာ….
အဖျော်ဖြေခံ စက်ရုပ်တစ်ရုပ် မဟုတ်ဘူး
ကမ္ဘာမြေအတွက် မင်းဟာ
တန်ဖိုးအရှိဆုံး
သားသည် မိခင်တစ်ယောက်ပါ ငှက်ကလေး။    ။

လင်းသျှီလ(မြစ်ခြေ)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Sunday 3 July 2016

တစ်ဖတ်သက်ပုံရိပ်

မဖြစ်နိုင်မှန်းတော့ သိသားပဲ

စိတ်ထဲက ကျိတ်မျှော်နေမိတာ ထိန်းလို့မှမရတာ

ရင်ထဲမှာ အရူးအမူးစွဲလန်းသွားမိတဲ့ ပုံရိပ်လေးတစ်ခု

ကိုယ့်နှလုံးသားမှာ တက်တူးထိုးမိသွားတဲ့အခါ

ဘယ်လိုမှ ဖျောက်မရတော့တဲ့ ချစ်ခြင်းတွေနဲ့

သူ့အရိပ်တွေကိုပဲ လိုက်ရှာနေမိတော့တယ် ...

ချစ်တဲ့သူရေ ... 

စွဲလန်းမိသွားတဲ့ မင်းမျက်ဝန်း

ညှို့ယူသွားခဲ့တဲ့ မင်းနှုတ်ခမ်းကစကားလုံးပါးပါးတွေ

ကိုယ့်ကိုကိုယ်တောင်ပြန်မသိနိုင်တော့အောင်

မင်းကိုချစ်မိသွားတဲ့အခါ ...

မဖြစ်နိုင်မှန်းတော့ သိသားပဲ ...

စိတ်ထဲက ကျိတ်မျှော်နေမိတာ ထိန်းလို့မှ မရတော့တာ ...

မုန်း (BeeTalk)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ဖြေမဆည်နိုင်တဲ့အခါ

အထီးကျန်ခြင်းက မေးတယ်

ငါနဲ့နေရတာ အဆင်ပြေလားတဲ့

ပြန်ဖြေဖြစ်ပါတယ် မပြေပေမယ့်

ကျွန်မ နေသားကျနေပါပြီလို့....

မျက်ရည်လေးက မေးတယ်

ငါ့ကိုဘာလို့ခဏခဏတွန်းချနေလဲတဲ့

ပြန်ဖြေဖြစ်ပါတယ် မတွန်းချချင်ပေမယ့်

ကျွန်မ စိတ်မကောင်းဖြစ်နေမိလို့ပါလို့....

ကျရှုံးခြင်းက မေးတယ်

ငါတို့ခဏခဏတွေ့ဖြစ်တယ်နော်တဲ့

ပြန်ဖြေဖြစ်ပါတယ် စိတ်တော့မရှိပါနဲ့

ကျွန်မတို့နောက်ထပ်တွေ့နေရဦးမယ်လို့....

ချစ်ခြင်းတရားက မေးတယ်

ငါနဲ့ဝေးနေတာနင်မပျင်းဘူးလားတဲ့

ပြန်ဖြေဖြစ်ပါတယ် စိတ်တော့မရှိပါနဲ့

ကျွန်မ ရှင်နဲ့မတွေ့ချင်တော့လို့ပါလို့...

ရင်ခုန်ခြင်းက မေးတယ်

ငါအလုပ်မလုပ်ရတာကြာပြီနော်တဲ့

ပြန်ဖြေဖြစ်ပါတယ် စိတ်တော့မရှိပါနဲ့

ကျွန်မ နှလုံးသားလေးသေဆုံးသွားပြီဖြစ်လို့

ရှင်အလုပ်ပြုတ်ပြီလို့.......

ပျော်ရွှင်ခြင်းက မေးတယ်

ငါနင့်ဆီခဏအလည်လာချင်တယ်တဲ့

ပြန်ဖြေဖြစ်ပါတယ် စိတ်တော့မရှိပါနဲ့

ကျွန်မဆီက ရှင်ပြန်ထွက်သွားမယ့်အချိန်

ကြုံတွေ့ရမယ့် စိတ်ဆင်းရဲခြင်းတွေက

ဘယ်အရာနဲ့မှနှိုင်းယှဉ်လို့မရအောင်

ကြီးမားလွန်းလို့ပါလို့........

Credit - ဇင်ယော်မေရဲ့ရင်တွင်းကဗျာလေးများ

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

မငိုမိအောင်ထိန်းရင်း

မဖြစ်နိုင်ပါဘူးဆိုတဲ့စကားကို

နှလုံးသွေးတစ်စက်စက်ကျလို့ 

နှုတ်ထွက်ပြောလိုက်ရတဲ့အခိုက်

ကိုယ်လေ ..

ဘယ်လိုများဖြေသိမ့်ရပါ့မလဲ ..

သိပ်ကိုချစ်မိခဲ့စဉ်အခါက

ကိုယ့်ကိုတမင်ရှောင်ခွာ

အဝေးမှာ နေနေခဲ့သူက

ဘ၀အတွက် ရွေးချယ်မှုတစ်ခုပြုမိပြီးချိန်မှာ

အနားကိုရောက်လာ

ကိုယ်မျှော်လင့်ခဲ့ဖူးတဲ့စကားတစ်ခွန်း

ဆိုလာချိန်နောက်ကျခဲ့တဲ့အခါမှာတော့

ရင်ထဲမှာ သွေးတစ်ပေါက်ပေါက်ကျ

ဒဏ်ရာတွေ ပိုအနာရလို့

မဖြစ်နိုင်ပါဘူးဆိုစကားကို ..

ရှိုက်သံမပါအောင် ထိန်းရင်း ပြောထွက်ခဲ့ရတယ် ...

မုန်း (BeeTalk)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

မယ်ယဉ်ကျေးလေးသို့...

ဘာမှမလိုပါဘူး

ယဉ်ကျေးသိမ်မွေ့မှုတွေသာ ယူဆောင်ခဲ့ပါ ..

ဘာမှမလိုပါဘူး

မိန်းကလေးတစ်ယောက်အတွက်

သီးခြားဘာသာဗေဒနဲ့ ဂုဏ်ဒြပ်တွေမလိုပါဘူး

မိန်းကလေးတစ်ယောက်အတွက်

တည်ငြိမ်ယဉ်ကျေးမှုသာ အဓိကပါ

ယဉ်ကျေးသိမ်မွေ့တဲ့ မိန်းကလေးရေ

မိန်းကလေးကို လိုလားသူတွေ

သိပ်များပြားနေမှာမို့

ကိုယ့်အတွက် နေရာတစ်နေရာတော့ ချန်လှပ်ထားလှည့်ပါ ..

မိန်းကလေးရေ ...

မိန်းကလေးအတွက် ကြိုးစားရင်းနဲ့

ကိုယ့်အချိန်တွေကို ကုန်လွန်စေပါ့မယ် ..

မယ်ယဉ်ကျေးလေးရေ ..

မိန်းမကောင်းပန်းပန် တစ်ပွင့်တဲ့

ကိုယ်မင်းကို ယုံကြည်ပါတယ် ...

ကိုယ့်ရဲ့ မယ်ယဉ်ကျေးလေးရယ် ..

မုန်း (BeeTalk)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ဥယျာဉ်

နဂါးတွေကသာ

တကယ်တမ်း ကပြမယ်ဆိုရင်တော့

ကိုယ်ကြည့်ချင်စိတ်ရှိပါတယ်။

ဒါပေမယ့်

မျက်နှာအရေပြား တွန့်တွန့်ကြီးနဲ့ လူတွေက

နဂါးနှဲမှုတ်ပြီး လူးလွန့်ပြရင်တော့

သူတို့အစား..

ကိုယ်က ပင်ပန်းပျင်းရိနေတတ်တယ်။

အဲဒီလိုပါပဲ ကောင်မလေးရယ်

မိုးတွေက တိတ်တာတောင် ကိုယ်ကရွာတုန်း။

သစ်ရွက်ကို ကိုယ်ပြန်စိုက်ဖို့ ကြိုးစားဆဲမှာ

သစ်ပင်က ကြွေကျလာခဲ့။

ကိုယ်လို ပေကပ်ကပ်ကောင်ကတော့

ကျောက်တုံး တွေကိုလည်း ငုံ့ကြည့်ခင်မင်နေခဲ့။

ကောင်မလေးရေ..

တကယ်ဆို ကိုယ်ဟာ ဥယျာဉ်တစ်ခုပါပဲ

မြေပြင်မှာ ဘာမှ မပွင့်သေးတာက လွဲရင်ပေါ့။

တာရာမင်းဝေ

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

တစ်သက်တာထာဝရ

တစ်သက်မှာ တစ်ယောက်

တစ်ယောက်သာ တစ်ဘဝ

ကိုယ့်အတွက် ထာဝရရှိသူပါ ... မေ

ရင်ဝယ်အစဉ် ငြိတွယ်လို့

ကိုယ့်အပြုံးတွေကို အသက်သွင်းပေးခဲ့

မင်းဟာ ထာဝရသခင်ပါ ... မေ

အနေတွေ ဘယ်လိုဝေးဝေး

အချိန်တွေ ဘယ်လိုပြောင်းပြောင်း

ကိုယ်ဟာမင်းအတွက် အသင့်ရှိသူပါ ... မေ

ဘ၀အတွက် ရုန်းကန်ရင်း

မောပမ်းနွမ်းလျကိုယ့်ဘ၀ထဲကို

တိုးဝင်ကာဖေးကူပေးလှည့်ပါ ... မေ

မင်းဟာ ကိုယ့်ဘဝ

ကိုယ်ဟာ မင်းဘ၀အဖြစ်

ထာဝရတွဲဆက်ချင်နေသူပါ ... မေ

မုန်း (BeeTalk)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Saturday 2 July 2016

အသည်းကွဲ ဇာတ်သိမ်း

မချစ်ပါဘူးလို့မာန်တင်းထားလျက်က

ငါ့အတွေးတွေထဲ နင်သာစိုးမိုးထားခဲ့တာ ...

မဖြစ်ပါဘူးလို့ ကြိမ်းဝါးနေလျက်က

ငါ့စိတ်တွေကို နင်သာအပိုင်ယူသွားခဲ့တာ ...

ငါနင့်အပေါ်စိတ်မယိုင်ခဲ့သင့်ဘူး ...

နင်မှာငါ့ကိုမချစ်နိုင်တာသိနေလျက်က

ငါ့ဘက်ကချစ်မိသွားခဲ့တာ ...

တရားခံဘယ်သူလဲ ...

အရင်းပြန်စစ်ရင်တော့

နှစ်ယောက်စလုံးမှားခဲ့တာပဲလေ ...

လက်ခုပ်ကနှစ်ဖက်တီးမှ မြည်တာပဲမဟုတ်လား ..

ဒါပေမယ့် ..

အဲ့ဒီလက်ခုပ်သံမြည်စေဖို့

ဆွဲယူတီးခတ်ခဲ့တာ ငါကပဲစခဲ့တယ်ထားပါ ..

နင့်မှာအပြစ်မရှိပါဘူး ..

ဒီဇာတ်လမ်းတစ်ပုဒ်

အစကတည်းက ဇာတ်သိမ်းကိုကြိုတင်အကွက်ချခဲ့သင့်တာ ...

မုန်း (BeeTalk)

<