Wednesday 16 March 2016

စေလိုရာ

တစ်ခက်ကြွေရုံနဲ့

အသက်မသေပါဘူး ခင်

အရွက်ကိုခြွေ အပွင့်ကိုခူး

ဆင်လိုလျှင် ခင့်အလိုကျ

ကြွေပြမယ့် ပန်းတစ်ပင်ပါ ....

လေတစ်ချက်အဝှေ့

မိုးပြင်းတွေ့ရုံနဲ့တော့

တွန့်ကြေပျက်စီး သိမ်းဆည်းနေမှာမဟုတ်

နေပူတဲ့အခါ အရိပ်

မိုးသည်းလာရင် အကာ

ခင်လိုရာ အသုံးတည့်

အပြုံးမပျက်မယ့် ထီးတစ်လက်ပါ ....

ခန္ဓာပါးလျရုံနဲ့

ဘဝခါးပြနေမှာမဟုတ်

ဆူးစူးမှာလည်းမကြောက်

ခလုတ်ထိမှာလည်းမမှု

ရွှံ့ပုတ်ပဲပေပေ သဲပူပဲကပ်ကပ်

ခင့်အတွက်ဆို ဖိနပ်တစ်ရံ ....

ရင်ခွဲကာ အသဲနုတ်ရုံနဲ့

အချစ်တွေ မမြုပ်ကွယ်ပါဘူး

လည်မှာဆွဲဆွဲ လက်မှာဆင်ဆင်

ခင်လိုလျှင် ရတနာအဖြစ်နဲ့ 

(အချစ်အတွက်)

အသက်ကိုခြွေ နှလုံးသားကိုအပ်

ကမာလေးလို မှတ်ပေးနော် .....


ရှင်လင်း(ပုတီးကုန်း)







အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ