Monday 14 March 2016

အလွမ်းပြေ အနမ်း

အပိုင်း(၁)
ရော်ရွက်ဝါလေးတွေက မြေပြင်မှာကြွေပြီး ပင်ယံထက်မှာ ရွက်သစ်လေးတွေကနေရာယူတဲ့ နွေတန်ခူးမှာ ပန်းပိတောက်လေးတွေလဲ ပွင့်ဖူးနေကြပြီ မကြာခင် နှစ်ကူးသင်္ကြန်ရောက်တော့မည်မို့ သင်္ကြန်သီချင်းတွေကလဲ အမြဲတမ်းကြားနေရသည်အပြန်လမ်းတစ်လျှောက်မှာ ကြားခဲ့ရတဲ့ သင်္ကြန်သီချင်းသံတွေ ကြားတိုင်း ပါးပြင်ပေါ်သို့ ကြွေကျမျက်ရည်စကို သုတ်ကာ မောင်းနှင်လာသောဆိုင်ကယ်လေးကို ဝသုန္ဒရရွာလေးဆီအရောက်မှာ လမ်းဘေး၌ဖွင့်ထားသော လဖ္ဘက်ရည်ဆိုင်လေးမှာရပ်ပြီး ဆိုင်ထဲသို့ဝင်လာခဲ့တဲ့ ကျနော်ကို ကြည့်ပြီး စားပွဲထိုးကောင်လေးက အကို ဘာသုံးဆောင်မလဲ လို့မေးသောအခါ ကျနော်လဲ ဖန်ချို တစ်ခွက်နဲ့ စီးကရက်တစ်ပွဲဟုမှာလိုက်ပြီး မကြာခင်မှာ ကောင်လေးချပေးသော လက်ဖ္ဘက်ရည်ကို တစ်ငုံသောက်ပြီး ညီလေးရေ အောင်သပြေရွာကို ဘယ်အတိုင်းသွားရသလဲ
ဟုတ်အစ်ကို ဒီတံတားပေါ်ကနေ ရှေ့တည့်တည့်သွားပါ မိနစ်၃၀လောက်ဆိုရင် ရောက်ပြီ အစ်ကို ကျေးဇူးပါ ညီလေးဟုဆိုကာ လက်ဖ္ဘက်ရည်ကို ဆက်လက်သောက်နေလိုက်သည် ကိစ္စပြီးသောအခါ ကျနော်လဲ ပိုက်ဆံရှင်းပြီး ကောင်လေးညွှန်ပြသော လမ်းအတိုင်းဆိုင်ကယ်ကို မောင်းနှင်ခဲ့သည် တွေ့ပါပြီ ဆိုင်းပုဒ်လေး အောင်သပြေရွာမှ ကြိုဆိုပါ၏ တဲ့ ကျနော် ရွာထဲကို မောင်းနှင်လာခဲ့စဉ် ဆိတ်အုပ်ကိုတွေ့ ရာ လမ်းဘေး၌ရပ်တန့်ပြီး ဆိတ်အုပ်ကျော်သောအခါ နောက်မှဆိတ်ကျောင်းသားလူရွယ်ကို အစ်ကို ဒီရွာက ကိုဘခက်တို့အိမ် ဘယ်နားမှာလဲ လမ်းညွှန်ပေးပါဦးလို့မေးသောအခါ အကိုနောက်ကလိုက်ခဲ့ ဘခက်တို့အိမ်က အကိုအိမ်နဲ့ ရှေ့ဘက်နောက်ဘက်ပဲ ဒါနဲ့ ညီက ဘယ်ရွာကလဲ
ဟုတ်ကျနော်က ကျောက်ဆည်က လာတာပါ
အေး လာ လာဟုဆိုကာ လူရွယ်နောက်မှ ကျနော်ဆိုင်ကယ်ကို ဖြည်းဖြည်းမောင်းရင်း လိုက်လာခဲ့သည်
ဘခက်ရေ ဘခက် ဒီမှာ မင်းဧည့်သည်ပါတယ်လို့ ဆိတ်ကျောင်းသားကလှမ်းအော်လိုက်သောအခါ အိမ်ထဲမှ လူရွယ်တစ်ဦး ထွက်လာပြီး ဘယ်ကဧည့်သည်လဲ ဖိုးမောင်ရ
ငါလဲမသိဘူး ကျောက်ဆည်ကလို့ပြောတာပဲ ဒီမှာလေ
ထိုအခါမှ ဘခက်ဆိုသော လူရွယ်သည် ကျနော်ကို သေချာစိုက်ကြည့်နေပြီး မမှတ်မိဟန်ဖြင့် ခေါင်းခါနေသည် ဟုတ်မှာပါလေ တကယ်တော့ ကျနော် သူကို လူမြင်ရုံဖြင့်မမှတ်မိတော့ပါ ထိုကြောင့် သူနဲ့ကျနော် ငယ်ငယ်က စပ်ခဲ့တဲ့ ကဗျာလေးကို ကျနော်နှုတ်မှရွတ်ဆိုလိုက်သည်
ငယ်ကပေါင်းသင်း သူငယ်ချင်းရေ
ကံရေးမလှ ဝေးကွာခဲ့ရင်
သံယောဇဉ်မေတ္တာ မာယာမပါ
ညီရင်းပမာ ခင်နေဆဲမို့
ဘဝတစ်ကွေ့ တစ်နေ့နေ့မှာ
ပြန်ဆုံခဲ့ရင် ဒို့များ ကဗျာ
ကာရံမလှလဲ မှတ်မိစေရေး
ရွတ်ဆိုပေးပါ သူငယ်ချင်း        ဟု ကျနော်ရွတ်သောအခါဘခက်ဆိုသောလူရွယ်သည် အားရဝမ်းသာ ကျနော်ပခုံးအားဖတ်ပြီးသူငယ်ချင်းအေးချမ်း အခုလို မင်းနဲ့ပြန်ဆုံရလိမ့်မယ်လို့ ငါလုံးဝမမှော်လင့်ခဲ့ဘူး
ကျနော်လဲ သူအားပြန်ဖတ်ပြီး အခုလိုပြန်ဆုံရတာ ငါအရမ်းဝမ်းသာတယ်ဘခက်
ငါလဲထပ်တူဝမ်းသာတယ် သူငယ်ချင်းရာ လာ အိမ်ထဲလိုက်ခဲ့ ဒီနေ့ ဒို့နှစ်ယောက်ပြန်ဆုံတဲ့အထိမ်းမှတ်နဲ့ မင်းကြိုက်တဲ့ ကာလသားဟင်းကို ငါ့မိန်းမကချက်ကျွေးလိမ့်မယ် ဟုပြောကာ အားရဝမ်းသာ ကျနော် ခေါင်းငြိမ့်သည် ကျနော်ရင်ထဲမှာ ဝမ်းသာခြင်းတွေနဲ့အတူ ရင်ကို ကြည်နူးပျော်မြူးစေခဲ့ပါသည်လေ
                                          အပိုင်း(၂)ကိုမျှော်
                             အားပေးဝေဖန် အကြံပြုလိုပါက ၀၉၄၄၂၀၉၅၄၆၅သို့ အားပေးနိုင်ပြီး beetalk  id(nayminkyaw)ဟု ရှာကာ မိတ်ဖွဲ့လွှာပေးဖို့ပြီး အားပေးနိုင်ပါသည်
            တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ