Monday 7 March 2016

လွမ်းရဲမှ လမ်းခွဲပါ

အပိုင်း(၆)
အံမယ် ကြည့်စမ်း ကိုထွေးပါလား ဘာလဲ ပွဲနားနီးလို့ ဝတ်စား လာဝယ်တာလား ကြိုက်တာယူလေ လျှော့ပေးပါမယ် ဟု သဇင်ကပြောသောအခါ မောင်ထွေးက
မဟုတ်ပါဘူး သဇင်ရယ် နင်မောင်တော်ချောကြောင့် ပြောမလို့ လာတာဟေ့
အစ်ကို နေမကောင်းလို့လား ဘာဖြစ်လို့လဲ ဟင်
သူ ဘာမှ မဖြစ်ပါဘူး စိုးရိမ်မနေပါနဲ့
ဒါဆို အစ်ကို ဘာဖြစ်လဲ မြန်မြန်ပြောစမ်းပါ
 နင့်ဆီက ဖိတ်စာကိုလဲ ပေးလိုက်ရော သူခမျာမြိုသိပ်ခဲ့တဲ့ ခံစားချက်တွေကို ငါကြားခဲ့ရတယ် ပြီးတော့ သူ မသိအောင်  သူရဲ့ ဒဏ္ဌာရီ စာအုပ်ကိုပါ ငါယူခဲ့တယ် ရော့ ဟုဆိုကာ ဗလာစာအုပ်လေးတစ်အုပ်ကို သဇင်ထံသို့ လှမ်းပေးလေသည် သဇင်လဲ စာအုပ်ကိုယူပြီး  ကိုထွေးကို ကြည့်ကာ သူကသဇင်ကို မေတ္တာရှိနေပါရဲ့ ဘာလို့ဖွင့်မပြောတာလဲနော်
ဒါကတော့ သဇင်က မြို့သူ ဖြူဖြူဖွေးဖွေး သူဌေးသမီး ဟိုက တောက အညတရ ဘဝမလှတဲ့ဆင်းရဲသား ပြီးတော့ အိမ်ပေါ်မှာရောက်နေတဲ့ သဇင်ကို  ဖွင့်ပြောလိုက်ရင် အခွင့်ရေးသမားဆိုပြီး နင်မုန်းတီးနာကြည်းမှာစိုးလို့ ဖွင့်မပြောခဲ့တာပါ တဲ့
အော် ဟုတ်မှာပါလေ ဒါပေမဲ့ မြို့သူတွေလဲ အသဲနဲ့ပါလို့ အစ်ကိုကို သိစေခြင်ပါတယ်
သိစေခြင်ရင်တော့ ဇာတ်လမ်းကို မြန်မြန် စ အခုတော့ ငါသွားတော့မယ်
အင်းပါ ကိုထွေး ဒီတစ်ခါ မိုးမှာ သဇင်ပြန်လာမှာပါ
အေးပါ အေးပါ ဒါဆို ငါသွားပြီနော် ဟုဆိုကာ ထွက်ခွါသွားလေသော ကိုထွေးကို မျက်စိတစ်ဆုံးကြည့်ပြီး ကိုထွေးပေးခဲ့သော စာအုပ်လေးကို ယူကာ သဇင်တစ်ယောက် အိပ်ခန်းဆီသို့ ဝင်လာခဲ့ပါတယ် အိပ်ခန်းထဲက ကုတင်ပေါ်တွင် အိပ်ပြီး စာအုပ်ကို ဖွင့်ကြည့်လိုက်သည်
ပထမ စာမျက်နှာပေါ်တွင် ရေးထားသော စာမှာ
 အမှတ်တရမိုးရေထဲက ချစ်သူသို့ တဲ့ နောက်တစ်မျက်နှာ လှန်ဖတ်လိုက်သည် သဇင်ကို ချစ်တဲ့ အကြောင်းတွေ သီဖွဲ့ထားသည်ကိုတွေ့ရသည်လေ နောက်ဆုံး စာရွက်မှာ ရေးထားတာ မကြာသေးမှန်း သိပါသည် ဘာကြောင့်လဲ ဆို ရင် ကဗျာက
               ချစ်သူရဲ့ မင်္ဂလာပွဲ
 လမ်းခွဲပြီးမှ ဝမ်းနည်းပြီးလဲ
မငိုခြင်ဘူး ချစ်ရသူရေ
ဒါပေမဲ့လဲ ကြွေကျ မျက်ရည်
ပါးပြင်ဆီသို့ စီးဆင်းနေတဲ့
မျက်ရည်စက်က သက်သေပြလို့
ချစ်နေမိတာ သူ မသိပါ
လက်ထဲရောက်လာ ဖိတ်စာပြာက
ချစ်ရသူရဲ့ မင်္ဂလာပွဲ
အသည်းကို ခွဲဖို့ ရည်ညွှန်းလေသလား
အကျည်းတန် မင်းကုသမို့
ရင်ထဲမြိုသိပ် အကြင်နာစိတ်ကြောင့်
ရင်မှာဝေဒနာတွေ မဖြေသာပါလေ
ရွှေဆည်မြေက ချစ်သူရယ်
သာယာစေကြောင်း ဆုမွန်တောင်းလို့
အသည်းကို လက်ဖွဲ့ပါကြောင်း....ဟု ဖြစ်သည်ကိုတွေ့ရသောအခါ သဇင်နွယ် ပါးကို စမ်းမိသည် ပူနွေးသောမျက်ရည်စက်က အကိုအတွက်ချစ်သက်သေပါပဲ အစ်ကိုရယ် သဇင် အစ်ကိုဆီကို အပြုံးတွေနဲ့လာပြီး လွမ်းစေခဲ့တာတွေအတွက်အနမ်းတွေခြွေ လာခဲ့ပါတော့မယ် အစ်ကိုရယ်.....
                         တစ်ကောင်ဘွား(ဓာတ်တော်)
                 ကဲဗျာ ဒီဇာတ်လမ်းရဲ့ ဇာတ်သိမ်းပိုင်းမှာမင်းသားနဲ့ မင်းသမီး ပေါင်းစပ်ပေးရမလား ခွဲခွါစေရမလား ဝေဖန်အကြံပြုပေးဖို့ ၀၉၄၄၂၀၉၅၄၆၅သ်ြ့ ဆက်သွယ်ပေးပါနော်

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ