Monday 30 November 2015

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၄၆

ချစ်နေဆဲပါ
~~~~~~
မင်းငါ့ကို ဘယ်လောက်မုန်းမုန်း
ငါမင်းကိုဘယ်ခါမှမမုန်းခဲ့ ဘူး
နောက်တစ်ယောက်ထားတာသိလဲ
ငါခွင့်လွှတ်ပေးခဲ့ တယ်နော်
မင်းမသိခဲ့ ဘူးချစ်သူ
လမိုက်ညရယ့် သစ်ပင်ရိပ်အောက်မှာ
မျက်ရည်စတွေနဲ့ ငိုကြွေးနေမိတယ်
မင်းမသိခဲ့ ပါဘူး
အမှန်းတရားကိုလက်ခံနိင်ဖို့ 
မျက်ရည်တွေကိုသုတ်လိုက်ပေမယ့်
ငါ့ဘယ်ဘက်ကမ္ဘာတစ်ခြမ်းမှာ
ဝေဒနာမီးတွေတောက်လောင်နေတယ်
သေလောက်အောင်ခံစားနေရလဲ
မင်းပျော်နေမှာပါလို့ တွေးရင်း
ဖြေသိမ့်လိုက်မိတယ်ချစ်သူ
မနက်ဖြန်မှာမင်းနဲ့ ငါက
သူစိမ်းတွေဖြစ်သွားတော့မှာသိပြန်တော့
ငါ့နှလုံးသားလေးကမ္ဘာပျက်နေပြီ
ဆောက်တည်မရဖြစ်နေတယ့်
ငါ့စိတ်တွေကမင်းလေးဆီကို
ရောက်နေမိတယ်
တစ်ပါးသူရင်ခွင်မှာပျော်နေတာသိပေမယ့်
ငါ့ဆီကိုတစ်နေ့ မင်းပြန်လာပါစေလို့ 
မိုးနဲ့ မြေသက်သေထားလို့ 
ဆုတောင်းမိပြန်တယ်ချစ်သူ
ဘာတွေပဲဖြစ်ဖြစ်ပါချစ်သူ
ငါအရမ်းချစ်တယ့်မင်းလေးကို
ငါ့အသက်ငါ့ခန္ဓာတည်မြဲနေသ၍
ဆက်ချစ်နေပါ့မယ်~~~~

            
        သွေးငယ်(ဖြိုးဇင်ကို)
***********************************
နင့်အနားမှာနေဖို့ငါ့မှာ
အခွင့်ရေးမရှိတော့သလို
ငါ့ရင် ခွင် ကိုပြန်လာပါ
လို့လည်းငါမ ခေါ်ရက်
တော့ပါဘူး 
နင် ပျော်တဲ့အချိန်
နင်ပျော်တဲ့အရက်
နင်ပျော်တဲ့ရင် ခွင် ရဲ့အ
ဝေးမှာနင့်တွက်ဖြူ စင်
သန့်ရှင်း တဲ့ ချစ်ခြင်း
မေတ္တာတွေကိုဖွေ့ဖက်
ရင်းငါတစ်ယောက်ထဲ
လွမ်းနေဆဲပါ
       မိသား
***********************************
      နင့် 

 ကြွေနေပါစေ
နှင်းထက်လေးတဲ့
ပန်းပွင့်တွေ
မွှေးနေပါစေ
ပန်းထက်မွှေးတဲ့
အနမ်းတွေ
ဝေနေပါစေ
မိုးထက်အေးတဲ့
မေတ္တာတွေနဲ့
ချစ်တာကိုဖွင့်ပြော
နင်ပြောသလို
ငါနွမ်းရင်
လွမ်းသလိုရှိမှာတော့
အသေချာ
မဖြေသာလည်း
နေပါစေ
ငါပျော်သလို
နင်နေတက်ရင်
နင့် နေလျက်နဲ့
ငါ ကျေနပ်နေပါ့မယ်

      သူရဇ္ဇ
***********************************
* အပယ်ခံနှလုံးသား *

ထွက်သွားလိုက်ပါ 
ကျေနပ်ရင်
လှမ်းမတားတော့ပါဘူး
မပျော်ရွှင်တော့တဲ့
သူတယောက်ကို
ထွက်ခွာခွင့်ပေးရမှာက
ငါ့သမိုင်းထဲက
မပါမနေရအလွမ်းစာမျက်နှာ
တခုပဲလေ
တချိန်ချိန် မှာတော့
ပုံပြင်ဟောင်းလေးအဖြစ်
ငါ့နှလုံးသားမှာကျန်ခဲ့မှာပါ
နင်မသိတော့တဲ့ငါ
လွမ်းတဲ့အချိန်တိုင်း
မျက်ရည်လေးတွေ
တသွင်သွင်စီးကျနေတဲ့အချိန်
ရင်ခွင်တဖက်ခြမ်းက
သည်းကမ်းပါးယံလွှာ
တစတစပွန်းပဲ့
နာကျင်စွာခိုညည်းနေချိန်
အဝေးဆုံးမှာမင်း
ပျော်နေမှာလား
ငါ့တညတာဟာအလွမ်းများနဲ့
နေဝင်ခဲ့ပြန်ပီ
ဆည်းဆာဟာမလှပခဲ့ပါဘူး
ကြေကွဲခြင်းမျက်ဝန်းတွေနဲ့
အလွမ်းခရီးသည်တယောက်ကို
ဥပေက္ခာပြုနေတယ်
မပြန်ခင်မှာတော့
ကောင်းကင်ဟာဆေးစက်တွေနဲ့
တကယ်ဆိုရင်ဒါဟာ
မျက်ရည်တွေဆိုတာ
သူသိမှာမဟုတ်ပါဘူး
အိပ်တန်းတက်
ငှက်ကလေးတွေမှာတောင်
ကမ်းလင့်မဲ့
အသိုက်မြုံ ရှိသေးတယ်
တခါကပျော်ရွှင်ခဲ့ဖူးတဲ့
အေးရိပ်မွန်ဟာ
ခုတော့သခင်မဲ့နေခဲ့ပီလေ
အထီးကျန်ခြင်းတွေကို
တစွန်းတစမြင်နေရတယ်
နင်သာရှိနေသေးရင်ဆိုတဲ့စိတ်
ကြပ်ခိုးတွေထပ်နေတဲ့
အခန်းငယ်လေးထဲရောက်တိုင်း
တဒင်္ဂအသက်မဲ့ခဲ့ရတာ
အမှတ်တရ
ဓာတ်ပုံဟောင်းလေးထက်က
ဖျောက်ဖျက်မရတော့တဲ့
မျက်ရည်တွေကသက်သေ
တယောက်တည်းပြောနေခဲ့ရတဲ့
စကားသံတွေကအလွမ်းပြေ
ချစ်သူရယ်

တိမ်ကလေး
***********************************
* အပယ်ခံနှလုံးသား *

နင်မရှိတော့တဲ့
ငါ့သန်းခေါင်ယံဟာ
ကြယ်တံခွန်တွေကြားမှာ
မှေးမှိန်နေတယ်
မာနနဲ့ဒီလူသားအလွမ်းတွေကြားမှာ
ကျရှုံးခဲ့ရပြန်ပီလေ
အရမ်းလွမ်းတဲ့ညတွေမှာ
အပယ်ခံတယောက်ရဲ့
တပင်တိုင်နှလုံးသားလေး
အရမ်းကိုပူလောင်နေတယ်ဆိုတာ
နင့်ကိုသိစေချင်လိုက်တာ
ချစ်သူရယ်…/\/*L့
             Phyur…/\/*L့
***********************************
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။

အသည်းကြွေတဲ့ နွေ

သုည နင်ကျောင်းမနေတော့ဘူးဆို ဟုတ်လား? ဝတီ ရဲ့ မေးခွန်းကို ခေါင်းညိမ့်၍အဖြေပေးမိတယ် ရင်ထဲမှာတော့ ငါလဲ ကျောင်းနေခြင်ပါတယ်ဟု ပြောမိပါသည် ။ 
နင် ကျောင်းမထွက်ပါနဲ့နော် 
ငါ့ဘဝက နင်လို မလှပခဲ့ဘူး ဝတီ ငါ ကျောင်းမနေခြင်လို့တော့ မဟုတ်ပါဘူး
ဒါဆို နင် ဘာဖြစ်လို့ကျောင်းထွက်ခြင်ရတာလဲ
ငါ့ကို ပြုစုစောင့်ရှောက်ခဲ့တဲ့  ဘကြီးအေးလဲ အခုဆို ကျန်းမာရေးချို့တဲ့လာပြီ ငါ ဘကြီးအေးကို ပြန်လည်စောင့်ရှောက်ရမယ်လေ
ဘကြီးအေးက နင့်ကို ပညာတက်ဖြစ်စေခြင်တာလေ နင်ကြိုးစားသင့်တယ်
ငါ ဘကြီးအေးရဲ့စေတနာတွေကို နားလည်ပါတယ် ဒါပေမဲ့ ဘကြီးအေး တစ်ယောက်ထဲ ပင်ပင်ပန်းပန်း လုပ်ကျွေးနေရတာကို မကြည့်ရက်ဘူးဟ
ဒါဆို နင်က ဘာလုပ်မှာလဲ
ငါ ကြုံရာ လုပ်ပြီးငွေရှာရမှာပဲ မပြည့်စုံတဲ့ ငါ့ဘဝက အလုပ်ရွေးနေလို့ မဖြစ်ဘူးလေ ငါအခုလဲ ဖိုးတုတ်တို့နဲ့ သခွါးစိုက်ခင်းလိုက်မလို့လေ
ဒါကြောင့် နင်က လွယ်အိတ်မယူလာခဲ့တာပေါ့
ကျောင်းသားဝတ်စုံပါ မဝတ်ခဲ့ဘူးလေ အခု အတန်းပိုင်ဆရာမဆီ ကျောင်းထွက်စာ လာတင်တာ နင်ကို တွေ့လို့ လာနှုတ်ဆက်တာ
နင်ကို ငါ သနားမိတယ် သုညရယ်
ဟားဟား ဝတီ ပုံမလှတဲ့ သုညကို သနားရင် နင်ပါ တန်ဖိုးမဲ့တဲ့ သုညဖြစ်မှာပေါ့ ငါလို သူဌေးသား ဒေါနကို မြတ်နိုးတန်ဖိုးထားကြည့်ပါလား ဟားဟား ဗန်ဒါပင်အရိပ်အောက်သို့ ဒေါနရောက်လာပြီး သူ ပခုံးကို ပုတ်ကာ 
သုည သုည မင်းလို အညတရက ကျောင်းကို လာပြီး ဝတီကို  လာနှုတ်ဆက်တာပေါ့
မင်း ဘယ်လို ပြောပြော ငါစိတ်မဆိုးပါဘူး ဒေါန အဲ ဒါပေမဲ့ သုညက ဝတီကို တမင်လာပြီး နှုတ်ဆက်နေတာ မဟုတ်ဘူးနော်
 အလာချည်ပါလား  သုည  ထားပါတော့ မင်းအခု ဖိုးတုတ်နဲ့ သခွါးစိုက်ခင်းသွားရမှာမလား
ဟုတ်တယ်လေ ဘာဖြစ်လဲ
အခု မင်းလုပ်ရမဲ့စိုက်ခင်းက ငါ မိဘတွေရဲ့စိုက်ခင်းဆိုတာ မမေ့နဲ့လေ
အဲ့ဒီတော့ ဆက်ပြော
မင်းအနေနဲ့ အလုပ်ချိန်နောက်ကျနေမယ် ငါတို့က မငိးကို တန်ရာတန်ကျေး ပေးပြီးခိုင်းတာ
တော်တော့ ဒေါန မင်းက အခုချိန်မှာ မိဘအရှိန်ဝါနဲ့ ငါ့ကို လာဖိနှိပ်ဖို့ကြိုးစားနေတာလား မင်းတို့ဆီက တန်ရာ တန်ကျေးကို ယူထားမိမှတော့ ငါအနေနဲ့လဲ အလုပ်ကို လေးစားရမယ်ဆိုတာ သိတယ်  ဝတီ ငါ ညနေအလုပ်က ပြန်လာရင် နင်တို့အိမ်လာခဲ့မယ် ရလား
သုည နင်တကယ် လာမှာလား ဒါဆို နင်ကြိုက် ကော်ဖီကို ငါကိုယ်တိုင် ဖျော်ထားမယ် 
အေးပါ ဒါဆို ငါသွားပြီ
ဘိုင့်ဘိုင်
ဝတီ ငါလဲ ညနေအိမ်လာခဲ့မယ်နော်
လာခဲ့လေ ဒေါန နင်အတွက် ပဒိုင်းသီးဖျော်ရည် အထူးလုပ်ထားပေးမယ် ဟုပြောကာ ဝတီ တစ်ယောက် စာသင်ခန်းထဲသို့ ဝင်လာခဲ့ပါသည်။
                                      ရှေ့ဆက်ရန် ရှိပါသေးသည်
ရှေ့ဆက်ပြီး ဖတ်ခြင်သူများ ၀၉၇၉၅၉၅၀၇၆၇သို့ မက်စေ့ပို့ပြီး ပြောကြပါဗျာ 
                               တစ်ကောင်ဘွား[ဓာတ်တော်]

Sunday 29 November 2015

ဆက်သွားလိုက်ပါ

ဆက်သွားလိုက်ပါ

ထားခဲ့ပြီမဟုတ်လား
ဘာလို့များ လှည့်ကြည့်နေသေးတာလည်း
နင်ထွက်သွားပြီးကတည်းက
ငါ့ရင်မှာ နင့်အတွက်နေရာမရှိတော့ဘူး ....
အတ္တတွေ မာနတွေထားပြီး
ငါ့ကိုစွန့်ခွာသွားပြီးမှတော့
အဲ့ဒီမာနတွေခ၀ါချပြီး
ဘာလို့များ လှည့်ပြန်ချင်နေတာလဲ ....
ကျောခိုင်းထားပြီးမှတော့
အဲ့ဒီလမ်းအတိုင်းသာဆက်လျှောက်
နောက်ကြောင်းပြန်မလှည့်နဲ့
ငါနင့်ကိုသတ်မိလိမ့်မယ် ....

မုန်း(beetalk)
ဒို့နိုငိငံရဲ့ အမျိုးဘာသာ သာသနာကို တည်တံ့ရှည်အောင် ထိန်းသိမ်းဖို့ ဒို့မှာတာဝန်ရှတယ်နော်
 

အလွမ်းရဲ့ မျက်ရည်

လွမ်းခြင်စရာ လွမ်းကမ္ဘာမှာ
လွမ်းကာနေရ လွမ်းဘဝမို့
လွမ်းပန်းကိုကိုင် လွမ်းမှိုင်မှိုင်နဲ့
လွမ်းနေရပြီ ချစ်ရသူရယ်
ပိတောက်တွေပြာ တမာတွေချို
မြင့်မိုရ်တောင်အတ် ကမ္ဘာပျက်မှ
မုန်းမေ့မယ်လို့ ပြောခဲ့ဖူးတယ်နော်
အခုတော့လဲ ချစ်ရသူရယ်
ပိတောက်မပြာ တမာမချို
မြင့်မိုရ်တောင်လဲ မအတ်ပါဘူး
ကမ္ဘာလဲ မပျက်ပါဘဲ
ရက်စက်စွာ ထွက်ခွါရှောင်ပြေး
အဝေးရောက်ချစ်သူရယ်
တောသားလေးရဲ့ အသဲနှလုံးက
နုနုလေးမို့ ဖြေးဖြေးလေးပဲ
ငိုကြွေးနေရင်း လွမ်းနေရပြီကွယ်......။
                                 ရှေ့ဆက်ကြိုးစားပါဦးမည်
ဝေဖန်စာ အကြံပြုလွှာများ ပေးပို့ပြောလိုပါက ၀၉၇၉၅၉၅၀၇၆၇ သို့ ဖုန်းဆက်၍လည်းကောင်း viberမှ လည်းကောင်းပေးပို့နိုင်ပါသည်
                                                                        တစ်ကောင်ဘွား(ဓာတ်တော်)

Saturday 28 November 2015

နှလုံးသားမိတ္တူ

အိပ်မက်တစ်ခုဆိုရင်လည်း
ငါမနိုးချင်သေးဘူး
ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလိုက်
နှလုံးသားမှာစာစီထားလိုက်တယ်
ပြန်ရှာချင်တဲ့အခါလွယ်ကူအောင်လို့
ခေါင်းစီးကြီးနာမည်ကိုတော့
ချစ်တယ်ကိုကိုပဲပေးထားမိတယ်
သူကအဓိကဇာတ်လိုက်ပဲလေ
အလွမ်းအဆွေးတွေကိုတော့
ဖိုင်တစ်ခုထဲမှာသက်သက်ဆီပဲသိမ်းထားတော့တယ်
ရောထွေးသွားလို့မဖြစ်ဘူး
သူတို့ကစွမ်းအားရှိတယ်
အကယ်၍သာ
တစ်စုံတစ်ဦးကမိတ္တူလာကူးခဲ့ရင်
ငါ့နှလုံးသားကိုတော့မကူးမိပါစေနဲ့
ငါဟာ ..
သူကလွဲ၍နောက်ထက်မိတ္တူဆိုတာ
မရှိတော့ဘူး ...

ဇွဲမာန်(အင်းဝ) (Credit - ချစ်သူတို့ဆုံရာမြေ)
ဒီနေ့တော့ ကျနော်ငယ်ငယ်က ရင်ခုန်ခဲ့ဖူးတဲ့ ကောင်မလေးကို အမှတ်မထင်ဆုံတွေ့ခဲ့ရလို့ *နှလုံးသားနဲ့ရေးတဲ့   ဒဏ္ဍာရီ*လို့အမည်ပေးပြီး ဒဿဿဿဿဿဿဿဿဿဿဿဿဿဿဿ     နလေးရေးမယ်နော်
                      နှလုံးသားနဲ့ရေးတဲ့   ဒဏ္ဍာရီ
နှစ်တွေကြာညောင်းလို့ အရာအားလုံးပြောင်းလဲသွားခဲ့တယ်ဆိုပေမဲ့ငါ့ရဲ့တစ်ဖတ်သတ်နဲ့ တိတ်တခိုးရင်ခုန်သံတွေက မပြောင်းလဲပါဘူး မှတ်မိပါရဲ့လား ငယ်ငယ်တုန်းကအတိတ်တစ်ခုမှာလေ စာသင်ကျောင်းရဲ့စုံညီပွဲတော်မှာ နင်က မနှင်းဆီနာမည်နဲ့ မင်းသမီးအကပညာနဲ့ ပရိက်သတ်ကို ဖျော်ဖြေပြီး ငါက ဟာသာလူရွှင်တော်အဖြစ်နဲ့ နင်ကိုရိသဲ့သဲ့စကားတွေပြောပြီး ပျက်လုံးထုတ်ဖူးတယ်လေ တကယ်တော့ ငါက နှလုံးသားတစ်ခုလုံးပွန်းပဲ့ခံပြီး ဖျော်ဖြေခဲ့တာပါ အဲ့ဒီအချိန်ကစလို့ ငါလေ နင်ကိုရင်ခုန်ခဲ့မိတဲ့သူပါ တနေ့မှာတော့ ကံကြမ္မာလှိုင်းပုတ်တဲ့ လောကဓံရဲ့ ဒဏ်ခပ်ခြင်းကို ငါခံရလိုက်တယ် နင်နဲ့ဝေးခွါနေဖို့ ငါ့ကို ကံကြမ္မာက အဝေးတမြေကို နင်စေခဲ့တယ် ဒီလိုနဲ့ ငါးနှစ်ဆိုတဲ့အချိန်ထိကြာအောင် ငါမမေ့နိုင်ခဲ့ဘူး နင့ိကို အမြဲတမ်းလွမ်းနေမိပါတယ်  ချစ်ရသူရယ်...
ကံမကုန်လို့ တန်ဆောင်တိုင်ရဲ့လပြည့်လေးမှာ နင်နဲ့ပြန်ဆုံတွေ့ခွင့်ပေးတဲ့ ကံကြမ္မာကို ကျေးဇူးတင်စကား ဘယ်လိုပြောရမှန်းမသိအောင် ငါဝမ်းသာမိပါတယ် အမှတ်မထင် နင်နဲ့ဆုံတွေ့လိုက်တဲ့ ခဏမှာ သေဆုံးသွားပြီလို့ ထင်မှတ်ရတဲ့ ရင်ခုန်သံနဲ့အတူ ကွယ်ရာမှာ အမြဲတမ်း ငိုရှိုက်တက်တဲ့ နှလုံးသားရဲ့ မျက်ရည်တွေက  ယနေ့မြန်မာလူငယ်သတင်းစုံမှာ တစ်ကောင်ဘွား(ဓာတ်တော်)လို့ နာမည်ပေးပြီး
နင်ကိုလွမ်းတဲ့အကြောင်းတွေ ရေးဖွဲ့နေခဲ့တဲ့ တိတ်တခိုးချစ်ခဲ့တဲ့ အညတရလေးပါ   ချစ်ရသူရယ်
အမုန်းစကားမဆိုပဲ
အပြုံးတံခါးဖွင့်လို့
နှလုံးသားက နင့်ကို
ထာဝရချစ်တာမို့
ကဗျာဖြစ်အောင် ဖန်တီး
ဒီရင် အပူမီးတွေ
ငြိမ်းပါစေသား ငြိမ်းစေသား
                                              တစ်ကောင်ဘွား(ဓာတ်တော်)

Friday 27 November 2015

ရင်ထဲက ကောင်မလေး

ကောင်မလေးရေ
မချစ်သင့်ဘူးလို့
ဦးနှောက်ကို အတန်တန်
တားဆီးခဲ့ပေမဲ့
စွဲစွဲလန်းလန်း ချစ်မိခဲ့တဲ့
ငါ့ရဲ့နှလုံးသားကို
တားမရခဲ့ဘူး
မဖြစ်နိုင်မှန်း သိလဲ
ရင်ထဲတွယ်ငြိခဲ့တဲ့
သံယောဇဉ်ကြိုးကို
ဘယ်အရာနဲ့မှ 
ဖျတ်မရခဲ့ဘူးဟာ
ကောင်မလေးရေ
မေ့မရသူ ရင်ထဲက
ဝေဒနာတွေကို
စာနာခဲ့ရင်  အကြင်နာတွေ
ရင်မှာထားလို့  နှလုံးသားကို
တစ်ချက်လောက် ငဲ့ကြည့်ပါဦး
ရင်ထဲက ကောင်မလေးရယ်....
                           တစ်ကောင်ဘွား (ဓာတ်တော်)

ကောင်မလေးသို့

ကောင်မလေးရေ
အမှတ်မထင် ဆုံတွေ့ခဲ့တဲ့
တဒင်္ဂ အချိန်လေးမှာပဲ
အိပ်မောကျနေတဲ့
ငါ့နှလုံးသားလေးက
ရင်ခုန်သံတွေနဲ့အတူ
အမှတ်တရနဲ့ မင်းကို
မြတ်နိုးတန်ဖိုး ထားပြီး
ချစ်မိနေပြီ ကောင်မလေးရယ်
ကောင်မလေးရေ
မဆုံနိုင်ဘူးဆိုပေမဲ့
ရင်ခုန်သံတွေပေါင်းစု
ဘဝတစ်ခုကို 
မင်းနဲ့အတူ ရှိနေခြင်တာ
ငါနှလုံးသားရဲ့ ဆန္ဒတစ်ခုပါ
နှလုံးသားရဲ့ ဆန္ဒမို့
အပြုံးလှလှနဲ့
လက်ခံပေးပါ ကောင်မလေးရယ်
                       တစ်ကောင်ဘွား(ဓာတ်တော်)

Thursday 26 November 2015

အချစ်ဦး

အချစ်ဦး

လပြည့်ဝန်း၏ အချစ်ဦးသည်
ကန်ရေပြင် ....
နေမင်းကြီး၏ အချစ်ဦးသည်
အရှေ့မိုးကောင်းကင် ....
ပန်းကလေး၏ အချစ်ဦးသည်
ရွှေလိပ်ပြာ ....
မိုးစက်များ၏ အချစ်ဦးသည်
မြေသင်းနံ့ ....
နွေသစ်ရွက်၏ အချစ်ဦးသည် 
ဥသြငှက်ကလေး ....
အကယ်၍ ဖြစ်ခဲ့လျှင်  .... ....
အချစ်၏ အချစ်ဦးသည်
ငါ၏ မျက်လုံးများဖြစ်လိုပါ၏ ........

မင်းလူ

သတိရချင်းဆိုတာဟာ

သတိရချင်းဆိုတာ

သတိရခြင်းဆိုတာဟာ 
လွတ်လပ်တယ် .. 
တိကျသေချာတယ် ..
သိုဝှက်ဟန်ဆောင်မှုကင်းတယ် ..
လုံခြုံတယ် ..
အချက်အလက်ပြည့်စုံတယ် ..
ဒါပေမယ့် ..
အထီးကျန်ဆန်တယ် ..
ဝမ်းနည်းစရာကောင်းတယ် ..
မရေရာတဲ့မျှော်လင့်ချက်ရှိတတ်တယ် ..
အဆိုးဆုံးကတော့… ...
တစ်ဖက်သက်ဆန်တယ် ..

အယ်လ်ဖြူ (credit-နေအဝေး)

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၄၅

        အ မေ့ရွာက လေး

ရွာဝင် လမ်းက

ဖုန်အလိမ်းလိမ်းနဲ့

တောလမ်းလေးပါ

ရန်ကုန်-မန်းလေး

နေပြည်တော်လို

မြို့ကြီးတွေမှာတော့

အ ပြောင်းလဲကြီး

ပြောင်းသွားပေမဲ့

အ မေ့ရွာလေးက တော့

ဘာမှမ ပြောင်းလဲသေးပါ

ကျွန်တော်ငယ်ငယ်က

ကစားခဲ့တဲ့

လက်ပံပင်ကြီးမှာလည်း

လက်ပံပွင့်တွေ

ဝေမြဲပါ

ထို့အတူ

အ မေ့မေတ္တာတွေလည်း

ငယ်ငယ်ကအတိုင်း

နွေးထွေးဆဲပါံ

အ မေ့ရွာက လေးလည်း

တိုးတက်ပြောင်းလဲခြင်းတွေ

အမြန်ဆုံးရောက် ရှိပါစေ

အ မေ့ရွာက လေး

     နေမင်းအာကာ
===========================
          ငါရလိုက်တယ်

ချစ်သူ

မင်းဘက်က

ဘာအ ကြောင်းပြချက်မှ

မရှိဘဲ မေ့နိုင်ပေမဲ့

ငါ့နှလုံသားက

ဓားသွားနဲ့

မွှန်းတာထက်

ပိုနာတယ်

ခံစားရတာတွေ

ဖွင့်ချရရင်

စာအုပ်တင်ပြီး

ရောင်းနိုင် တယ်

ဒါပေမဲ့လေ

မင်းပေးသွားတဲ့

ရင် ထဲကအလွမ်းလေ

ခုနောက်ထပ်

အလွမ်းတွေ


မင်းသိလိုက်မှာ

မဟုတ်ဘူး ချစ်သူ

      နေမင်းအာကာ
===========================
        ငါ့ကိုနင်

နားလည်ပေးပါ

နားလည်ပေးပါနဲ့

ဝေးကွာခဲ့ကြ

နေ့ရက်တွေလည်း

များခဲ့ပေါ့

စကားမ ပြောတက်တဲ့

ငါ့နှလုံးသား

ပွင့်မတက်အောင်

လွမ်းလို့

အလူးလဲပါ

နင်ကော

ငါ့အ ပေါ်ကို

နားလည်ပေးနိုင် ရင်

သိပ်ကောင်းမှာဘဲ ချစ်သူ

      နေမင်းအာကာ
===========================
         သူ••••ရယ်

တန်ဆောင် ရဲ့လက

လှတယ်ဆိုတာ

လက်ခံပါတယ်

ဒါပေမဲ့လေ

ချစ်သူရဲ့

မျက်နှာဝိုင်းဝိုင်းလေးက

ပိုပြီးကျွန်တော်အတွက်

ဝေဆာနေတယ်

သဘာဝက

ပေးတဲ့အလှက

လှပပါတယ်

သို့ပေမဲ့လေ

ချစ်သူအပြုံးလေးက

ကျွန်တော်ကို

ဖမ်းစားနိုင် လွန်းတယ်

ဒီလောက်ချစ်တဲ့

ကျွန်တော်ကို

ဘာဖြစ်လို့

ဒီလောက်လွယ်လွယ်

သူမေ့ရက်တာလဲ•••••••??

နေမင်းအာကာ
===========================
့လွမ်း လို့  ကျ န် ရဲ့

တစ် ရံ တစ် ခါ စီ က့
ဒဏ္ဌာ ရီ လို အ ဖြစ် တခု လို  
ချစ်သူ အတွေး မှာ ပုံပြင် မှတ် ပါ သလာ့း့

စိတ် ပျက် နာ မာ န အ ငွေ့ တွေ နဲ့ 
တိမ်းပျက် စွာ့
ထာ ဝ ရမေ့ ချင် လို့
မတွေ့ သာ အောင့့် သခင် ခွဲ တောင် မှ့

ရင် ထဲ မှာ ဝေ ဒ နာ ကျွမ်း ကာ့ 

မောင် ရယ့့်
့လွမ်း လို့  ကျန် ရဲ့

သြော့့်လွမ်းလို့  ကျန် ရဲ့ 


အညတြ့ဆရာမ့မေ လရိပ် ထာ့း့
===========================
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။

Wednesday 25 November 2015

                * မဖတ်ရဘူးနော်*
ငါရေးတဲ့စာ ကဗျာတွေကို
ချစ်သဲဗလာ မာယာရှင်တို့
ဟန်ဆောင်လို့လဲ မဖတ်ရပါ
ငါရေးခဲ့စာ ကဗျာတွေဟာ
သမုဒယ နှလုံးသားက
သွေးနဲ့ရေးပြီး ဖွဲ့သီတာမို့
ကာရံမလှ ရှိခဲ့သော်လဲ
အသဲကို နင်း ကြင်နာကင်းတဲ့
မာယာရှင်တွေ မဖတ်ရဘူး.....?
                         တစ်ကောင်ဘွား(ဓာတ်တော်)
     * ရင်ထဲက ဝေဒနာ*
နင်ပေးခဲ့တဲ့ 
ဓာတ်ပုံလေးတွေ
နင်ရေးခဲ့တဲ့
စာလွှာလေးတွေ
ငါ့ရဲ့ဘေးနား
မရှိတော့လဲ
အမှတ်တရ
နင်ပေးခဲ့တဲ့
နောက်ဆုံးလက်ဆောင်
ဝေဒနာတွေ
ငါရင်ထဲမှာ
ရှင်သန်သရွေ့
နာကျင်နေတယ်
ချစ်သူလေးရယ်....
               တစ်ကောင်ဘွား('ဓာတ်တော်)
  • ဝေဖန် အကြံပြုစာလွှာများကို ပေးပို့လိုပါလျှင် ၀၉၇၉၅၉၅၀၇၆၇သို့viberမှာလည်းကောင်း ဖုန်းဆက်၍လည်းကောင်း ပြောဆို ဝေဖန်နိုင်ပါသည်

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၄၄

သူမချစ်မှန်းသိရက်နဲ့
ငါမမုန်းနိုင်ဘူး
သူမတရားမှန်းသိပေမဲ့
ငါအပြစ်မတင်ရက်ပြန်ဘူး
တကယ်တော့ငါဟာ
အဖြည့်ခံသက်သက်ပေါ့ လူတယောက်မှာ
နှလုံးသားဆိုတာတစ်ခုပဲရှိတယ်
အချစ်ဆိုတာလဲ
တစ်ယောက်ထဲအတွက်ပါပဲ
နင်ယုံနော်
ငါချစ်တာတဒင်္ဂလေးမဟုတ်ဘူး
   နှလုံးသား ရင်ခုန်သံ
စည်းချက် မြန်ချိန်လေးဝယ်
ချစ်သံစဉ်လေး ထွက်လာနိုင်ဖို့
ချစ်ကြိုးလေးများ လှုပ်ခတ်ပေးပါ
                ချစ်သူ--------

ရေးသူ-မိသား
**********************************

        ချစ် ရသူ

မင်းကိုချစ်တဲ့

ငါ့အချစ်က

ရင် ခုန်သံတွေနဲ့

ရင်းပြီးချစ်ခဲ့တာ

လှောင်ပြုံးတွေနဲ့

မင်းရယ်နေပါ

ငါ့သိက္ခာကို

စော်ကားနေသလို

ဖြစ်ပေမဲ့ ခွင့်လွှတ်တယ်

ဒါပေမဲ့

ငါ့နှလုံးသားက

အရမ်းနာတယ်

ချစ်သူမဟုတ်တဲ့

ငါ့အဖြစ်က

လွမ်းရတာတော့

အခက်သား

ဘာဖြစ်ဖြစ်

ခံစားချက်တိုင်းကို

ငါကျေနပ်ပါတယ်
   
     ချစ် ရသူ••••••••••

ရေးသူ- နေမင်းအာကာ
***********************************
    ဒိုင်ယာရီ

ရိုးတံကိုဖြတ်
သစ်ရွက်တွေ
မြေမှာသက်လျော
နွေပြောလို့ကြွေ
ရော်ရွက်တွေ
လေအခတ်မှာ
အကြွေသက်သက်ပါ
ဝေဟင်မှာ
ဝဲနေခဏ
အသည်းကြွေကျသလို
တနင့်နင့်ကွဲကျေ
ဝဲနေတဲ့သစ်ရွက်ကို
အချစ်မှတ်လို့
ထွေးပွေ့နေတုန်း
လည်ပြန်ကြည့်
အတိတ်မရှိ
ဆိတ်ကြည့်တော့လည်းမနာအိမ်မက်အလာဒိုင်ယာရီ မို့
အသည်းနုသူ
မပြိုင်သာခဲ့ပြီ

    ရေးသူ- သူရဇ္ဇ
***********************************
  အသည်းကွဲသည်

လက်မမြဲခင်
လက်တွဲဖြုတ်
အသည်းကိုထုတ်လို့
တစစ်စစ်နာ
အချစ်စစ်မှာ
မျက်ရည်ကျရင်
အလွမ်းလို့ မှတ်
ရွန်းလဲ့အကြည့်
မထိတထိနဲ့
ရင်ဝယ်ဖြတ်ပြေး
ရှက်သွေးလေးဖြာ
မကြည်သလို
ရှက်ရမ်းရင်
အနမ်းလို့ မှတ်
ခွဲရချိန်အနမ်းကိုလွမ်း
တမ်းတချိန်
အလွမ်းနဲ့မှန်း
လွမ်းရချိန်မှာ
စွဲမြဲတည်နေတဲ့
ထို ဝေဒနာကို
အသည်းကွဲသည် ဟု
ခေါ် ပါ သည့့်။

    ရေးသူ- သူရဇ္ဇ
**********************************
  အချစ် =အချစ်

ရင်နာစရာကိုလွမ်း
အတိတ်ကိုတမ်းတချိန်မှာပါးပြင်ထက်
ပူနွေးစွာစီးကျ
သြော့့်
မျက်ရည်စတွေပါလား
ပဝါမကူမိ
ရှိုက်သံမကူမိ
အတားဆီးမဲ့စွာ
စီးဆင်းစေတော့
ရှိုက်သံတိုးရင်
လေပြေနိုးမှာစိုး
တိတ်တခိုးနဲ့
တိုးတိုးလေးရှိုက်မိ
အသိုက်မရှိတဲ့
ငှက်တကောင်ဘဝမို့
မျက်တောင်ချ
အိမ်စက်ဖို့နေရာမရှိ
ဝေဒနာထိမှ
တဆတ်ဆတ်နာ
အထပ်ထပ်ငါ
ငိုကြွေးဖို့အတွက်
မျက်ရည်တွေက
မကုန်သေးဘူးလို့
လက်တို့ပြောနေသလို
တနေ့တာပျော်ဖို့
တသက်စာငိုရရင်
ကိုယ်ရချင်တာ
မင်းအချစ် ငါ့အချစ်
ညီမျှခြင်းဖြစ်တဲ့နေ့
ငိုခဲ့သမျှအတွက်
ပျော်ပါရ စေ့။

  ရေးသူ- သူရဇ္ဇ
***********************************

ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။
ကဗျာမရေးဖြစ်တာ၃ရက်ရှိပြီ ဒီနေ့တော့ တစ်ပုဒ်ရေးပါမယ် အားပေးကြပါဦးနော် ဝေဖန်အကြံပြုလိုပါလျှင် ၀၉၇၉၅၉၅၀၇၆၇သို့ viberမှလည်းကောင်း naymin2863@gmail.comသို့လည်းကောင်း ပေးပို့နိုင်ပါသည်
                     *အင်းလေးပြန် အလွမ်း*
အင်းလေးကန်သို့ အလည်တခေါက်
ရောက်ရှိစဉ်ဝယ် ငွေဇင်ရော်တွေ
အစာ အတူကျွေး ပျော်ခဲ့ဖူးတယ်
စိတ်နှလုံး ကြည်နူး
ပျော်မြူးးခဲ့လဲ ဧည့်သည်ပေမို့
အချိန်တန်လို့ ပြန်ရတော့မည်
ရင်ထဲသိလို့ နာကျင်မိပြီ
အင်းလေးရွာက အင်းလေးသူရယ်..
မလွှဲသာလို့ လက်ပြနှုတ်ဆက်
ခွဲခွါခဲ့လဲ အမြဲထာဝရ
သတိရနေမယ် အင်းလေးသူရယ်
နာရီစက္ကန့် ရွေ့လျားသရွေ့
မေ့မရဘူးဆိုတာ အင်းလေးသူရယ်
သိပါစေလို့ ဖောင်တော်ဦးရဲ့
ဆုတောင်းပြည့်ဘုရားရှေ့ဝယ်
တောင်းဆုခြွေ မျက်ရည်တွေနဲ့
အလွမ်းသမားလေးရဲ့ ရင်ထဲက
သံယောဇဉ်အလွမ်းတွေက
အင်းလေးကန်ထဲက ရေတွေ
ခမ်းခြောက်သွားလဲ လွမ်းလို့နေဆဲ
လွမ်းနေဆဲပါ အင်းလေးသူရယ် ....
                              တစ်ကောင်ဘွား(ဓာတ်တော်)

Sunday 22 November 2015

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၄၃

* ငါ့ရင်ခွင်ကိုပြန်လာပေးပါ *

ပြန်ခဲ့ပါချစ်သူရယ်
ငါ့ရင်ခွင်ကို 
နင်ထွက်သွားတော့မှ
အဖော်မဲ့နေခဲ့တာ
နင်ကျောခိုင်းခဲ့တော့မှ
ငါအထီးကျန်ခြင်းတွေ
ရှိနေခဲ့တာ
စာခြောက်ရုပ်တရုပ်လိုပါ
အများမြင်အောင်
လှုပ်ရမ်းနေခဲ့ပေမဲ့
တကယ်တော့
အသက်မဲ့နေခဲ့တာ
ငါ့အလွမ်းတွေ
သက်သေပါ
နင့်ပုံရိပ်တွေ
မြင်မြင်ရာမှာ
တည်နေခဲ့တာ 
မေ့မရတဲ့ငါ
ငိုချင်းတွေထပ်ခဲ့ရတာလည်း
အကြိမ်ကြိမ်အခါခါ
ချစ်သူရယ် ရိုးအတဲ့နှလုံး
ဆွံ့အတဲ့အသည်းနဲ့
တောင်းပန်ပါတယ်
ငါတတ်ခဲ့တာ
ဘာမှမရှိပေမဲ့
ငါသိတာတခုက
ငါနင့်ကိုအရမ်းချစ်တယ်
ချစ်သူရယ်…/\/*L့
          Phyur…/\/*L့
---------------------------------
    ဗေဒါ နဲ့ ရေလွှာ

ငါက ဗေဒါ

မင်းက ရေလွှာ

ဗေဒါ နဲ့ ရေလွှာ

အတူနေလာ

တစ်နေ့.....

ရေလွှာဆိုတဲ့မင်းက

ရွှေကြာ ဆိုတဲ့

အခြားတစ်ယောက်ကို

တွေ့ရင်.....

ဗေဒါငယ်ဆိုတဲ့ငါ့ကို

မေ့မသွားပါနဲ့

ရေလွှာလေးရယ်......

 မှတ်ချက် ည လေးအတွက်

       နေမင်းအာကာ
---------------------------------

* လမ်းခွဲ ပန်းတိုင် *

မမျှော်လင့်ခဲ့တဲ့ 

တဒင်္ဂအခိုက်အတန့်လေးမှ

နင်ထွက်သွားတယ်

ပျော်ရွှင်မှုဆိုတာစတည်နေတုန်း

ဝမ်းနည်းတတ်တဲ့နင်

ဂရုစိုက်ညံ့တဲ့ငါ

အားလုံးဟာမှားနေခဲ့တာ

နောက်ဆုံးမှာနီးနီးလေး

ပျော်ရွှင်မှုဟာ

လမ်းခွဲခြင်းပန်းတိုင်ကို

လမ်းလွှဲခဲ့တယ်

မျက်စိတဆုံးပါပဲ

တွေဝေခြင်းတွေနဲ့ငါ

ပန်းတိုင်ကို

ငေးမောနေမိတယ် 

အဆုံးတဖက်မှာ

တိတ်ဆိတ်မှုကို

အဖော်ပြု ရင်း

အထီးကျန်မှုတွေနဲ့

ငါဆိုတာအဖော်မဲ့လာတယ်…/\/*L့
                       Phyur…/\/*L့
---------------------------------
* ပါရမီဖြည့်ဖက် *

ခိုဝင်စရာရင်ခွင်တခု

လှမ်းခဲ့ပါချစ်သူ

နွေးထွေးပါတယ်

ချစ်တဲ့စိတ်ကြောင့်

အလွမ်းတွေဖြစ်တည်

လွမ်းတဲ့စိတ်နဲ့

အမြဲတမ်းတွေ့ချင်ခဲ့

တွေ့ရင်းတွေ့ရင်း

ငါနင့်ကိုမခွဲနိုင်တော့ဘူး

တယောက်တည်းလျှောက်ရမဲ့

အိမ်ပြန်ချိန်တွေကို

ကြောက်လို့

လျို့ဝှက်စွာချည်းကပ်လာတဲ့

သက်ပြင်းချသံသဲ့သဲ့

တိတ်တဆိတ်မောင်းထုတ်ရင်း

ဒီညလည်းလွမ်းရတော့မယ်

ကံကြမ္မာကိုသာ

စီမံခွင့်ရခဲ့ရင်

ငါမျက်လုံးဖွင့်တိုင်း

နင်ဖြစ်ချင်ခဲ့တယ်

တောင်းဆိုခွင့်ပေးရင်

နင်သတိရတိုင်း

ငါဖြစ်ပါရစေ

နင်ဆိုတာ

ငါ့ပါရမီဖြည့်ဖက်ကြောင့်ပါ

ချစ်သူရယ်…/\/*L့
     Phyur…/\/*L့
---------------------------------
* အကျည်းတန်တဲ့ လခြမ်းပဲ့ *

တနေရာဆီ
တမ်းတကာ
မှန်းဆလို့မျှော်
လွမ်းလို့လည်း
အော်ငိုဖူးခဲ့
နေ့ရက်တိုင်းမှာ
နင့်ပြောခဲ့တဲ့
စကားလေးတွေက
မနက်ခင်းမှာ
သာယာခဲ့ပေမဲ့
နေစောင်းရင်
အိုဟောင်းရမဲ့
သန်းခေါင်ရံလို
စမ်းတဝါးဝါးနဲ့ရှာဖွေ
နောက်ဆုံးညနက်ကို
ွှရင်ဆိုင်ဖြိုဖျက်ရင်း
မနက်ခင်းမှာ
ငါသာယာနေမိပြန်ပီ
သြော်ငါအတော်ကို
ချစ်တတ်နေပါလား
ဖြေသိမ့်ရမှာပေါ့
ချစ်သူရယ်
နင့်စကားသံ
ဆည်းလည်းသံလေးတွေ
အောက်မှာ ငါ
ကျေနပ်နေခဲ့သေးတာပဲ
စေလိုရာစေ
နင်နှင်ရာသွားမဲ့
ဘဝမှာငါဆိုတာ
တခြမ်းပဲ့လမင်းပါ
အရမ်းအကျည်းတန်စရာ
ကောင်းလွန်းတဲ့
မျက်ရည်တွေနဲ့
ငါမငိုရဲတော့ဘူး
ချစ်သူရယ်…/\/*L့
      Phyur…/\/*L့
---------------------------------
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။

မေတ္တာ

ဖေဖေ  =နေမင်းလိုရောင်ဝါတောက်ပ
             အဆုံးမဲ့ အလင်းတွေပေး
              သားရဲ့ဘဝ ထိန်လင်းစေခဲ့ပါတယ်
မေမေ  =စမ်းရေလိုအေးမြ
           စိတ်နှလုံးကိုကြည်နူး
            သားရဲ့ဘဝ ပျော်မြူးစေခဲ့တယ်
ကိုကို မမ  =ကြယ်စင်လို ဘေးကဝန်းရံ
                သူတို့အကြား ထိန်လင်းစေရေး
                သားဘဝကို ဖေးမကူညီကြတယ်
                                      တစ်ကောင်ဘွား(ဓာတ်တော်)
              *  မိဘကျေးဇူး ဆပ်ဖူးပြီလား*   
 မိဘမေတ္တာ ငွေလပမာ
နှိုင်းလိုသော်လဲ မနှိုင်းလေနဲ့
ထို လ တိမ်လွှာ ဖုံးခဲ့သောကြောင့်
မိဘမေတ္တာ စမ်းရေပမာ
နှိုင်းလိုသော်လဲ မနှိုင်းလေနဲ့
ထို စမ်း နွေခါ ခမ်းတက်သောကြောင့်
အိုလူသားတို့  ဤလောက၌
မိကို လက်ယာ ဖ ကိုလက်ဝဲ
ပခုံးထက်၌ တင်လျှက်လုပ်ကျွေး
မပျက်မွေးလဲ ကျေးဇူးဂုဏ်ဆိုင်
မကုန်နိုင်ဟု ဗုဒ္ဓဟောကြား
မြတ်တရားကို ဒို့နာဖူးပြီ
မိဘတွေရဲ့ ချွေးတစ်စက်နဲ့
နို့တစ်စက်ဖိုး ကျေဖူးပြီလား...?
မိဘကျေးဇူး ဆပ်ဖူးပြီလား...?

          မိဘတို့ရဲ့ကျေးဇူးကို ကျေအောင်ဆပ်နိုင်ပါစေ
                                      တစ်ကောင်ဘွား

Saturday 21 November 2015

အဆင်ပြေကြပါစေ အောင်မြင့်မြတ်(မင်းသိကြား)
 

စိမ်းကားနေမှာလား

ချစ်သူရေ
နင်နဲ့ငါဟာ သဘောထားခြင်း
မတိုက်ဆိုင်လို့ ကျောခြင်းကပ်
လက်ပြနုတ်ဆက် ခွဲခွါပေမဲ့
ကံမကုန်လို့ ပြန်ဆုံတဲ့နေ့
အပြုံးတစ်ပွင့်နဲ့ နှုတ်ဆက်ခဲ့ရင်
နင် အခုလိုပဲ
စိမ်းကားနေမှာပဲလား....?
    တစ်ကောင်ဘွား(ဓာတ်တော်)

အမျှင်

အမျှင်

ညှို့မယ့် ညှို့တော့လည်း
ကိုယ်ဟာ ကိုယ်မဟုတ်တော့တဲ့အထိ ..
ကိုယ်ကလွဲရင် ကိုယ်ပါပဲထင်ပြီး
ကိုယ့်အရေကို ဆွဲဆုတ်ပြမိရဲ့ ..
တစ်ယောက်အခွေဟာ တစ်ယောက်ကို ထုံးမယ့်ကြိုးလို
လှုပ်လေတင်းလေ ..
တစ်ယောက်အမြီးကို တစ်ယောက်ပြန်မျိုရင်း
ကိုယ့်ကိုကိုယ် တွေ့တယ် ..
ဖြေဆေးအတွက် ကိုယ့်အဆိပ်ကို အန်ချပေးတော့
လျှာနှစ်ခွနဲ့ လျက်လို့ ..
အချိန်မရှိတော့ဘူး
နေရာမရှိတော့ဘူး
သည်မှာတွင် အသက်ကိုအပ်ခဲ့မယ်
ကိုယ့်တွန်သံကြားလည်း လှည့်မကြည့်နဲ့တော့ ..

မင်းထင်ကိုကိုကြီး (Credit - နေအဝေး)
ဒီနေ့တော့ အရင်ကရေးခဲ့ဖူးတဲ့ ကောင်မလေးရေ   ဒဏ္ဍာရီတစ်ခုလိုပဲ ညီမလေးရေ ဆိုပြီး ခေါင်းစဉ်နဲ့ ရေးလိုက်ပါတယ်ဝေဖန်ပေးပါကြပါဦးနော် ဒီခေတ်ညီမလေးတွေကို မေးပါရစေ.. 
                            * ညီမငယ်တို့ရည်ရယ်ချက်က ဘာလဲ*
ညီမလေးရေ
အားလုံးကဝိုင်းငေးကြ သိပ်လှတယ်လို့ မထင်ပါနဲ့နော်
အားလုံးက အာရုံစိုက် သိပ်ခိုက်တယ်လို့ ထင်နေရော့သလားကွယ်
အများရဲ့အမြင်အာရုံ တစ်ဖုံစီကွဲတာမို့
တစ်ချို့က အမြင်ထူး မမြင်ဖူးလို့ကြည့်ကြတယ်
တစ်ချို့က တဏှာထ ရာဂကြောင့်ကြည့်ကြတယ်
တစ်ချို့က တမင်ရွဲ့ ကဲ့ရဲ့ခြင်လို့ ကြည့်ကြတယ်
ညီမလေးရေ
အဲ့ဒီအကြည့်ပေါင်းများစွာကို အားမနာရော့သလားကွယ်
လွဲမှားတဲ့ဝတ်စားဆင်ယင်မူ့က အန္တရာယ်အစုနဲ့ နီးနေပြီနော်
ညီ အကို မောင်နှမနဲ့မိဘ ဆုံးမ၍မလွယ်တာမို့ ပစ်ပယ်လို့ထားပြီး ထင်ပါရဲ့ကွယ်.....
မြင်သူတကာ အတုယူမှားအောင် ပေါင်အထိ ခွဲကာထားတဲ့အပြင်
ရင်ပြင်ကဟိုက်နေတာကြောင့်  လေအတိုက်မှာပင် မတွေးရဲဘူး
ဘေးခွဲတာက ရင်မအေးစရာနဲ့ အပြေးကလေး ကားပေါ်တက်ပြန်တော့
အခက်ခဲတွေနဲ့ကြံရပြန်ပေါ့ ညီမလေးရယ်....။
ညီမလေးရေ
ကာယကံရှင်က မရှက်ပေမဲ့
မြင်တက်သူက ရတက်ပွေပြီး
ခက်နေတာက ကြော်ငြာခေတ်မို့
စေတနာအစစ်နဲ့ မေးလိုက်ပါရစေ
ညီမလေးရေ မင်းရဲ့
ရည်ရွယ်ချက်က ဘာလဲ..?
                            တစ်ကောင်ဘွား(ဓာတ်တော်)
အကြံပြုစာ ဝေဖန်စာများ ၀၉၇၉၅၉၅၀၇၆၇ သို့ ပေးပို့ အကြံပြုပါရန် မေတ္တာရပ်ခံပါသည်
အစဉ်အမြဲ ကြိုးစားလျှက်ပါ
မုန်းဒဏ်ခပ်သော ငါ့အပြုံး
အထက်ကိုကြည့် ကောင်းကင်ရှိ၏
မျက်လွှာချထား မြေပြင်မြင်၏
အလယ်ဗဟိုရ် ကြည့်မယ်ဆိုရင်
မြေညီချိမ့်ဝှမ်း အလှမ်းမကွာ
တောတောင်သဘာဝ တွေ့မြင်ရ၏
ဒါဆို လူဘဝ ဘယ်ဒေသမှာ
ဘယ်နေ့ဘယ်ရက် ဘယ်အသက်နှင့်
ဘယ်တိုင်းဌာနေ ဘယ်တိုင်းပြည်ကို
ငါလေသွားမှ ရင်တွင်းအမုန်း
ကျေဆုံးမှာလဲ ရင်တွင်းဖွင့်ပြော
ငါ့သဘောကို မင်းတို့ကျေနပ် 
ပြုံးပန်းဆက်အောင် ငါ့ရဲ့အပြုံး
မုန်းဒဏ်ခပ်ကာ ငါလေ အဝေး
ထွက်သွားတော့မယ်  ယခုတကယ်.....။
                            တစ်ကောင်ဘွား(ဓာတ်တော်)

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၄၂

* အဖြေ *

ရင်ထဲမှာ တိုင်ဆိုင်နေခဲ့တဲ့အချိန်တိုင်း
မင်းနဲ့အတူ လျှောက်လည်ဖူးတဲ့
အမှတ်တရဒဏ္ဏာရီဟောင်းလေးက
ငါ့ နှလုံးသား ဒဏ်ရာဟောင်းကို
အတွေးစက်တွေဖြစ်ပေါ်စေတယ်
တကယ်ပါ
အမြတ်တနိုးရေးမှတ်ခဲ့ရတဲ့
ရင်ခွင်ဟောင်း သီအိုရီတစ်ခုကို
ဘယ်သူအဖြေထုတ်ပေးနိုင်မလည်း
ချစ်သူ မင်းပေးခဲ့တဲ့ ဖော်မြူ လာတွေ
ခုတော့ တရစ်ပီးတရစ်တိုးလို့
ငါဘယ်လိုအဖော်ရှာရမလည်းမသိတော့ဘူး
သေချာတယ်
ငါထုတ်ရမဲ့အဖြေမှာ 
ပေါ်ထွက်လာမဲ့ဖော်မြူလာတခုဟာ
နင်မဟုတ်ဖူးဆိုတာ…/\/*L့
                  Phyur…/\/*L့
------------------------------------------

* မင်းသိစေဖို့ *

နေ့တွေက ညလိုမှောင်မိုက်နေလည်း

ငါ့နှလုံးသား အသည်းအိမ်မှာတော့

အလင်းတိုက်တခု ပေါ်ထွန်းနေတယ်

အေးမြလို့ လာခဲ့ပါ ချစ်သူ

မင်းအတွက် ငါ့အသွေးကိုဖောက်

ငါ့အသားကိုဆောက်လို့

ငါ့အရိုးကို ထောက်ပီး 

ကတည်ခဲ့ရတဲ့ အိုအေစစ်က

မင်းအတွက်ဆို အမြဲတမ်း 

တံခါးမရှိ အတားမရှိ 

ကြို ဆိုနေတယ်ဆိုတာ

မင်းသိစေဖို့…/\/*L့
             Phyur…/\/*L့
------------------------------------------
အလွမ်း​တွေရဲ့​ခေါ်​ဆောင်​ရာအဝါ​ရောင်
ပန်းတစ်​ပွင့်​ရင်​နှင့်​တဲ့
ဇာတ်​လမ်းအလွမ်းနဲ
တစ်​ခမ်းရပ်​​တော့မလာ
ဒီရင်​မှာ​တော့အနမ်းနဲ
ကြို​နေချင်​တယ်​။
နှိမ့်​သိပ့်​ဆုအဖြင့်​ခွင့်​ပြု
ပါ။ တကယ်​လိုသာမင်း
နဲ​ဝေးရမယ်​ဆိုရင်​ငါ့နှ
လုံးသားကိုမင်း​ရဲ့လက်
စွဲ​တော်​အဖြစ်​နဲယူ​ဆောင်​သွားလိုက်​ပါ
ချစ်​သူ**********
          ♥♥♥♥♥♥
မိသား
------------------------------------------
လမ်းခွဲခဲ့တာမဟုတ်ဘူး
လမ်းလွဲခဲ့တာပါ
မတူညီ ခြင်းရဲ့  ဆုံမှတ်
ဖြူစင်ခြင်းနဲ့  အဆုံးသတ်ပါရစေ

ငါ ထားခဲ့တာမဟုတ်ဘူး
နင် သွားခဲ့တာပါ
ငါ ပြုံးနေအုံးမယ် ချစ်သူ
နင့်ကို မုန်းမေ့လို့ မရသေးလို့ 

ငါ မငိုတော့ဘူးသိလား
နင် နဲ့ဆုံခဲ့တာတွေပြန်တွေးရင် 
အပြုံးတွေဝေတက်လို့ 
ဝေ့ တက်လာတဲ့ မျက်ရည်တွေ
ငါမတားဆီးပါဘူး
ပီတိ ကြောင့်ကျတဲ့မျက်ရည်မို့ ပါ

ခု ပျော်နေပြီလား ချစ်သူ
နင် ပျော်နေရင် ငါ ပြုံးနေမှာပါ
ငါ တို့  ပြန်ဆုံလို့ 
နင် မေးလာမယ့် စကားတစ်ခွန်းက
နေကောင်းရဲ့ လားပေါ့
ငါ မေးချင်တာ နင်အဆင်ပြေရဲ့လားပါ


ရွှေမြို့တော်
------------------------------------------


     သူ့အတွက်

တို့တွေ အ နေ ဝေး

တစ်နယ်တစ်ကျေးပေါ့

မငိုပါနဲ့နော် ချစ်သူ

မင်းမျက် ရည်ကျတာ

ငါ့ရင် ထဲမှာ

ပူလောင် လွန်းလို့ပါ

တစ်နေ့ငါ့ရင် ခွင် မှာ

မှေးစက်နားခိုပါ

အကြင် နာတေးသွားတွေ

ဖွင့်ထားမယ်

ယုယတဲ့အနမ်းတွေနဲ့

ကြိုဆိုပါရ စေ

ဝင် လာလိုက်ပါ

ငါမှာရှိတဲ့

အချစ်တွေအားလုံး

မင်းအတွက်လိုသလို

သုံးပေါ့ ချစ်သူရယ်.......

နေမင်းအာကာ
------------------------------------------
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။

Friday 20 November 2015

သူငယ်ချင်းရေ
မြို့မဟာမှာ အနေကြာလို့
ရွှေကြာလို လှပတင့်တယ်
ဗေဒါလို ဝင့်ထည်မှန်းလဲ
ရင်ထဲသိပေမဲ့ လွမ်းမိတယ်....
သူငယ်ချင်းရေ
တောရွာဇနပုဒ်ကို
အဖတ်လုပ်ပြီး တစ်ခေါက်တခါ
အရောက်လာခဲ့စမ်းပါ
ရွာကို လွမ်းတယ်ဆိုရင်ပေါ့....
သူငယ်ချင်းရေ
ဂုဏ်တင့်နေလို့ ဘဝင်မြင့်ပြီး
ဘဝမမေ့ပါနဲ့ကွာ မင်းကိုလေ
ပညာတက်အောင် မွေးထုတ်ပေးတာ
ရပ်ရွာအကျိုး သယ်ပိုးနိုင်အောင်လေ...
သူငယ်ချင်းရေ
တိုင်းပြည်အတွက်လဲ အကျိုးမရှိ
ရပ်ရွာအတွက်လဲ အကျိုးမရှိ
ပညာမာန်တက်နေတဲ့ မင်းကို
အသက်ပေးပြီး မွေးဖွားခဲ့တဲ့
မာတာမိခင်ရဲ့ရင်ထဲ
နာကျင်နေမှန်း မင်းသိရင်
အကြင်နာထားပြီး မိဘရပ်ထံ
ပြန်လာခဲ့ပါ သူငယ်ချင်း.....။
                       ကြိုးစားပါဦးမည်
          တစ်ကောင်ဘွား(ဓာတ်တော်)

Thursday 19 November 2015

ချစ်သူ

တစ်ချိန်တုန်းက ခုလိုလသာတဲ့ညတွေမှာ ဧရာဝတီမြစ်နံဘေး ဘုရားလေးတစ်ဆူကနေ နင်နဲ့ငါ လမင်းကြီးကိုကြည့်ပြီး အဖော်မရှိတဲ့တစ်ကောင်ကြွက်ပဲလို့ လှောင်ပြောင်ခဲ့ကြဖူးတယ် ။ 

အခုတော့
လမင်းကြီးက ငါ့ကိုစိုက်ကြည့်ပြီး မင်းလည်းငါ့လိုပါပဲကွာဆို   လှောင်ပြုံးပြုံးနေလေရဲ့။ ။

အောင်မြင့်မြတ်

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၄၁

* မြတ်ဆရာ *

ငယ်ကစဉ် ကြီးစတိုင်

မိဘသဖွယ် စောက်ရှောက်

တတ်သိပညာ စိတ်ဝယ်သွတ်သွင်း

အို…မြတ်ဆရာတို့ 

ဂုဏ်ကျေး ဇူးကကြီးလှပါပေ့။

ကကြီး ခကွေး လက်ထပ်ရေး

ပညာမွေ ပေးတဲ့မြတ်ဆရာ

ကောင်းတာလုပ် မကောင်းတာဖြုတ်

ဂရုတစိုက် သွန်သင် ဆိုဆုံးမ

ကျေးဇူးကြီးလှ မြတ်ဆရာ

စံပယ်ပန်း လို ဖြူ ဖြူ စင်

မေတ္တာပင်က ညောင်ထက်ကြီး

ဆပ်လို့မကျ မြင့်မိုရ်မက

တပည့်သားတို့ မွေးရှင်ရင်းပမာ

လမ်းမှန်ဖောက်ပေး ကိုယ်ကျိုးမတွေး

မြတ်သောမေတ္တာ အနန္တနဲ့

ရှိခိုးကန်တော့ ဆပ်လို့မကုန်

ဂုဏ်ကျေးဇူးတို့ ကြီးလှပါပေ့

မြတ်ဆရာတို့။/\/*L့
              Phyur…/\/*L့
========================
* ရွာသွန်းလှည့်ပါ *

ကန္တာရထဲက ရေတပေါက်ကို

ယုယစွာ ခံယူလို့ မင်းရှေ့

ဝပ်ဆင်း ပြုလှည့်ပါ ငါ့ဝီရိယ

အပြုံးတပွင့် ဆုချလို့ စွန့်ကြဲ

ဒါဟာ ငါ့ရဲ့ မင်းအတွက် 

ချစ်တွေနဲ့ရောထွေး ထပ်တူကျခဲ့

စာနာလှည့်ပါ ငါ့အသည်းကို

ဝေဒနာလမ်းကို မနင်းလျှောက်ပါရစေနဲ့
အလွမ်းဒဏ်မခံနိုင်တဲ့ ဒီလူသား

အကြည့်တချက်နဲ့တင် သက်မဲ့သွားနိုင်လို့
ကြင်နာသူ အချစ် ရွာသွန်းလှည့်ပါ…/\/*L့
                 Phyur…/\/*L့
========================
* ခစားမဲ့ငါ *

သူစိမ်းကြည့်တွေနဲ့ မင်းမျက်ဝန်း

ငါ့ရင်ဘတ်ကို မနှစ်မွန်းပါနဲ့

အချစ်အတွက်နဲ့ ပေးဆပ်နေတဲ့ငါ

ဘဝတဆုံး နှလုံးလောင်ကျွမ်း

ပေးဆပ်သွားမယ်

ငါမပိုင်တဲ့နင် 

နင်အလိုမရှိတဲ့ငါ

နှလုံးသားလေးမျက်နှာငယ်ရပေမဲ့

မင်းလိုရင် နတ်ပြည်တက်

စစ်ခင်းမဲ့သူပါ

ဒါငါ့ရဲ့ကတိသစ္စာ 

မင်းအတွက် ပျော်ရွှင်မှုတွေ

ဆောင်ကျဉ်း အမုန်းမျက်နှာမှာ

အပြုံးသက်လျာတွေဝင့်ဝါနိုင်ဖို့

အလွမ်းတွေပိုက်ရင်း

ခစားမဲ့ငါ…/\/*L့
         Phyur…/\/*L့
========================
* ကြိုး *

ဘယ်ဘက်ထောင့်ကအသည်းကို

ညာဘက်လက်က စူးရှတဲ့ 

အညိုး တွေနဲ့ တွန်းထုတ် 

အဝေးဆုံးကို မိုင်တိုင်တွေမရှား ပေမဲ့

နီးရက်နဲ့လည်း မတွေ့ခဲ့ 

ဥပေက္ခာစည်းလေးခြားနေတဲ့

မင်းနဲ့တို့ သံယောဇဉ်ကြိုးလေး

ချည်နှောင်ခွင့်ပြုပါနော်…/\/*L့
                   Phyur…/\/*L့
========================
တိုက်ဆိုင်တဲ့အခါသတိရပေးပါ'****

ငါ့မျက်ရည်ကြွေကျမှ
နင်ပျော်မယ်ဆိုရင်
နင့်ထီးလေးဖယ်လိုက်ပါ
နင်မိုးလို့ထင်နေတာ
ငါ့မျက်ရည်တွေပါ။

ငါ့နှလုံးသားမြေခမှ
နင်ကျေနပ်မယ်ဆိုရင်
နင့်ခြေထောက်ကိုရွေှ့လိုက်ပါ
နင်နင်းခြေထားတာ
ငါ့နှလုံးသားပါ။

ငါ့မာနတွေခဝါချမှ
နင်ပြန်ချစ်နိုင်မယ်ဆိုရင်
နင်ခေါင်းလေးအသာငုံ့လိုက်ပါ
နင့်ရှေ့မှာဒူးထောက်အရှုံးပေးနေတာ ငါပါ
အရာရာပုံအပ်ခဲ့တာ
နင့်ဘဝမှာတိုက်ဆိုင်တဲ့အခါ
တစ်ခဏတာသတိရမိတယ်ဆိုရင်
ငါ့တစ်ဘဝစာချစ်ခဲ့တာနဲ့
ညီမျှမှာပါ။
========================
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။့ 