Monday 7 March 2016

ချစ်သူ

မျက်စိကိုမှိတ်ထားပါလျက်

ကောင်းကင်ကို သတိရသည့်အခါ

တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်ကိုရောက်နေပါလျက်

ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ

လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်

ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ

နှင်းဆီရံနံ့ကိုခံစားရရှိနေတတ်ပြန်ပါသည်။

သေဆုံးသည်အထိ

မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ

(ငါ့)ချစ်သူသာဖြစ်ပါ၏။ ။


Credit - မောင်စိန်ဝင်း (ပုတီးကုန်း)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ