Monday 24 April 2017
ကဗျာဂျာနယ် အတွဲ ၂ အမှတ် ၈
မြန်မာလူငယ်သတင်းစုံ ရင်ဖွင့်စကားချစ်သူကြားစေ ဆိုတဲ့ ကဗျာနဲ့ အချစ်စာစုလေးတွေတင်ဆက်နေတဲ့ ကဗျာဂျာန
်ယ်ဆိုတဲ့ အစီအစဉ်လေးကနေပြီး ပြန်လည်ကြိုဆိုလိုက်ပါတယ်။
အကြာင်းအမျိုးမျိုးကြောင့် ကဗျာဂျာန
်ယ်အစီအစဉ်လေး ရပ်ဆိုင်းထားခဲ့ရပါတယ် ။ ဒီနေ့တော့ Message နဲ့ပို့ထားတဲ့ ကဗျာလေးတွေနဲ့ Viber က ပို့ထားတဲ့ ကဗျာလေးတွေကို  "ကဗျာဂျာနယ် အတွဲ ၂ အမှတ် ၈" အဖြစ် တင်ဆက်ပေးလိုက်ပါတယ်ဗျာ။
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
ချစ်နေဦးမည်
ချစ်ခြင်းညတည
လှပစွာမြင်
ရင်ခွင်မှာခိုမှီတိုး
နွဲ့ဆိုးမယ့်ဟန်သရုပ်ပြင်
ယိုးဖွဲ့မထင်
ချစ်သူငင်တဲ့နွယ်ကြိုး
သူသာတကယ်ဆိုးမယ်ဆို
ဘယ်ငြိုးနိုင်ပါ့မလဲခင်
တွယ်ငင်မရစ်ခင်ကတည်းက
တကယ်ရင်နင့်စွာ
ချစ်နေခဲ့သူမို့
အပစ်တင်ဖွဲ့မငြိုး
ကိုယ့်သဘောရိုး
သွေးတိုးစမါးကြည့်ပါခင်
မတင် မဖွဲ့
မချဲ့ မကား
မတား မနှင်
ဘယ်ရင်ခွင်တွင်
ခိုဝင်ညွတ်စေဦး
အပစ်မဖွေမမုန်း
အချစ်တွေဖုံးလျက်
ပြုံးပြုံးလေးသာ
ချစ်နေဦးမည့့် ။
         သူရဇ္ဇ
___________________________________________
တောင်စွယ်နေကွယ်လျှိုး
ဟရို့လေးရယ်မှ
အကျွန့်ဖြစ်အင်
ချစ်ကြင်သူ
ထားကညာနှမ အဖ
ကြားရာမှ အမျက်ရှ
သားမက်ဘဝ
မရောက်ခင်
အသက်ဘဝ
အိုးစားမကွဲစေဖို့
ပုဆိုးအနားစဆွဲလို့
သုတ်ခြေတင်ပြေးခဲ့တယ်
သုဿန်နဲ့အဝေ့း့ ။
     သူရဇ္ဇ
___________________________________________
အရှေ့ကို နှစ်လှမ်းလျှောက်ပါလို့
အနောက်ကိုတဲ့
လည်ပြန်ငင်
လယ်ကွင်းပြင်
ကန်သင်းရိုးအစပ်မှာ
ထမင်းအိုးချက်ဖို့
ဖိုခနောင့်တင်
ပျိုမရောက်ခင်
အမှီကျက်စေဖို့
ယပ်ပြင်းပြင်းခပ်
ချွေးထွက်အောင်
အလုပ်ရှုပ်ရတဲ့
ကျွန်တော်အိမ်ရှင်ထီ့း့ ။
သူရဇ္ဇ
____________________________________________
❆ ​မေ့လိုက်​နိုင်​ပါပြီ ❆
တိတ်​ဆိတ်​ခြင်းက
အနားသတ်​​ဘောင်​ကွပ်​​ပေးလိုက်​တာ
ကာလာခြယ်​နှုတ်​ခမ်းဖျား​လေး​တောင်
ဆွံ့အ သွားရတယ်
ရီ​ဝေစွာ​ငေးကြည့်​​နေတဲ့
မျက်​ဝန်းတစ်​စုံကို
အသိအမှတ်​မပြုနိုင်​​ကြောင်း
သူ့​ကျောပြင်​ကသက်​​သေပြလို့်​နှုတ်​ဆက်
ခါးသီးခြင်း​တွေရဲ့ကြား
ချိုမြိန်​မှုကိုရှာ​ဖွေ​နေဆဲ
ချဉ်​လာတာ​တွေဘဲပိုပိုဆိုးတယ်
နွေရင်​ခွင်​ကအပူ​တွေစု​ဆောင်းပြီး
မိုးပင်​လယ်​မှာရွာချခွင့်​ပြုလိုက်​ရင်
ဆောင်းရင်​ပြင်​​လေး​အေး​နေ​တော့မှာဘဲ
လမ်းသလား​နေတဲ့အ​တွေး​တွေကိုစု
တစ်​​နေ့တာရဲ့အ​ကောင်းဆုးံ​နေ့ရက်​​တွေကို
ဖန်​တီးဖို့အားသစ်​​မွေးရမယ်
မာနလမ်းခင်းပြီး​လျှောက်​မယ့်​လမ်းထက်
တွဲမကူနိုင်​တဲ့လူကို​​အေး​အေးလူလူနဲ့
မေ့ပစ်​နိုင်​ဖို့အနာဂတ်​ဇယား​တွေ
ချရင်းဆက်​လက်​လို့......။
                 စုန်း
____________________________________________
သင်ချစ်လျှင်
ကျွန်ုပ်မမုန်းပါ
အမုန်းတွေလား
ကျန်ခဲ့ပြီလေ
ကိုယ့်နောက်ပါမယ့်အပူမို့
အကုသိုလ်
မယူတော့ပါ
မာန တွေလား
ခဝါချခဲ့ပြီလေ
ကိုယ်ကတည်နေကာမှ
ဝါကျခံရသည်မို့
ရေစက်ချလို့
လှူခဲ့ပါပြီ့  ။
စိတ်ရိုင်းတွေလား
ချိုးနှိမ်ပစ်ခဲ့ပါပြီ
ဟိုး တချိန်က
မိုက်နောင်တ မို့
အမှောင်ချ လို့
ချောင်ပိတ်ထားခဲ့ပါပြီ
မုဒိတာတွေလား
အပြည့်ရှိထားပါတယ်လေ
နင်ကောင်းစားနေသ၍
တမြေ့မြေ့တွေးလို့
ငါဖျန့်ဝေပေးနေမှာပါ
အကြင်နာတရား
မေတ္တာထား၍
ချစ်ခဲ့ပါသလား
မေးလာတဲ့အခါ
သေချာမှတ်သွားပါ
သင်ချစ်နေလျှင်
ကျွန်ုပ်မမုန်းပါလေ့ ။
        သူရဇ္ဇ
___________________________________________
❆ ငါမပါ​တော့သည့်​ ❆
အရူး​ရေးတဲ့ပြဇာတ်
ငါမကတတ်​ခဲ့ဘူး
သွေးရူး​သွေးတန်း
ဒိုင်​ယာ​လော့​တွေနဲ့
အသက်​ရှုမှား​အောင်
မုသား​ခြွေပြ​နေကြကပွဲမှာ​ပေါ့
မလှမပထုပ်​ပိုးခံလိုက်​ရတဲ့
သစ္စာ​တွေနဲ့အတူ
အကြင်​နာကာလိပ်​ကြီးငါ မပြီး​ပြေးခဲ့
ကျန်​ခဲ့ကြ​တော့ချန်​ရစ်​ခဲ့ပြီ
မေတ္တာမဲ့နှလုးံသားစတိတ်​ရှိုး
တပတ်​နွမ်း​တွေချည်း
ပြန်​သုးံ​နေတဲ့ပြက်​လုးံ
ရီဖို့ရာကလိထိုးဦးမယ်
ခဏ​စောင့်
ကြက်​​တောင်​တွန်​​နေပြီ
ပြဇာတ်​လည်းမ​ကောင်းသည်
နှစ်​ပါးသွားလည်းနှုတ်​ဆက်​အလွမ်း​တွေဆိုလို့
ကာလာကာကြီးရယ်​​နေပါဦး
လိမ်​လို့​ကောင်း​နေတုန်း
ငတုးံ​လေး​တွေရယ်
ပြော​ပေးပါဦး​မွှေလို့​နောက်​လို့မဆုးံ.....။
              စုန်း
____________________________________________
❆ အဆင်​​ပြေတယ်
              မထင်​ပါနဲ့ ❆
ကျွန်​မရဲ့​နေ့စွဲ​တွေကို
ရှင်​မပိုင်​သလို
ရှင့်​ရဲ့​နေ့ရက်​​တွေကို
ကျွန်​မ မချုပ်​ချယ်​ဘူး.....
လွတ်​လပ်​စွာပျံသန်းဖို့
အ​တောင်​ဖြန့်​ချင်​သူကို
တုပ်​​နှောင်​ထားဖို့
အ​တွေးထဲမဝင်​.....
စွန့်​လွှတ်​သင့်​ရင်​စွန့်​လွှတ်​နိုင်​ဖို့
ဦး​နှောက်​ကိုအလုပ်​အ​ပေး
ဘယ်​ဘက်​အခြမ်းရှိအရာ​လေးက
စူး​အောက်​​အောက်​နဲ့
အာရုံကိုသတိ​ပေးတယ်​....
ဆားငံရည်​​ချောင်း​လေးစီးလွယ်​​ပေါ့
ဒီမျက်​ဝန်းတစ်​စုံ
အရည်​အချင်းမဲ့မာနတချို့က
တံတိုင်း​လေးခြား
ပုဝါ​လေးကာလို့
နေ့သစ်​​တွေကိုလမ်းခင်း​ပေးတယ်​......
နေ့စဉ်​​တွေတိုင်းမှာ
အလွှာပါးပါးအတ္တများကို
ခဝါချလို့​ရှေ့တိုးလာဖို့
မျှော်​လင့်​မိတယ်​.....
ကျွန်​မကစ တိုးချင်​မိရဲ့
တိုး​လေဆုတ်​​လေ တိုး​လေဆုတ်​​လေနဲ့
နောက်​လမ်း​လျှောက်​ပုံကိုမြင်​ရမှာ
အ​ကြောက်​ကြီး​ကြောက်​မိလို့
ခြေစုံရပ်​​နေခဲ့တာပါ.....
ရဲဝံ့တဲ့စိတ်​တစ်​ခုသာရရင်
ရှင့်​အနားကိုသွား
လက်​က​လေးကိုင်​ပြီး
အနားနားကပ်​ကာ
တိုးတိုး​လေး​ပြောချင်​မိတယ်
"ကျွန်​မအဆင်​မ​ပြေဘူး"......။
             စုန်း
___________________________________________
* ​တွေး၍​ဆွေး၍စိတ်​မချ ၍ လွမ်းတဲ့စိတ်​ *
တွေ့​နေမြင်​ရ နှုတ်​ခမ်းပါးမှ ဖွင့်​ဟ​ပြောချင်​ ချစ်​စိတ်​ဝင်​လဲ
သူသိစိတ်​ဆိုး မုန်းပြစ်​ငြိုး၍ ဖက်​လဲတခွင်​ ​ပျော်​ချင်​မရ
ခင်​နှမက ​မောင့်​အချစ်​ကို ပစ်​ခဲ့မှာစိုး ညိုးရိပ်​တိုးသည်
ကြင်​ရခင်​ရ ​ပျော်​မဝ​တော့ ​​။
ခင်​က​ရောက်​လာ အွန်​လိုင်းမှာကွယ်​ ရီတယ်​​မောတယ်
နှုတ်​ဆက်​မယ်​ဟဲ့ နှလုံးသားရယ်​ အပြုံးများတွယ်​ ဟိုင်း​တော့မယ်​ ။
ကံဆိုး​မသွားရာ မိုးများရွာချ  ကံကြမ္မာဆိုး ​တောင်​ကွယ်​ပျိုးမှာ ရွာတဲ့မိုးက ဝမ်းမိနစ်​အဂိုး သူမမရှိ​တော့ လွမ်းစိတ်​တိုး​ပေါ့။
နွေကန္တာမှာ ​ဖော်​ရှာမရ ​​​မျှော်​​နေကြ​ပေါ့ ​ယောင်​​တောင်​​တောင်​ အ​မောင်​ဘာ​တွေပူ​နေလဲလို့ တစုံတ​ယောက်
မေး​ထောက်​လို့လာ ကိုယ့်​​ဖြေစရာ ရင်​မှာအပြည့်​​ပေါ့ ။
တရွာသူပျိုဖြူ ကိုတမ်း ရင်​ခွင်​လမ်းက မှန်းမှန်းဆဆ
ကမ်းရပါရဲ့ လှမ်းတဲ့ဖဝါးရယ်​ ​ဝှေ့လယ်​​ဝှေ့လယ်​ ​ကောက်​​ကွေ့မှာကို ​မောင့်​စိတ်​မှာစို ညို တဲ့မိုးရယ်​ တိတ်​ပါဆိုလဲ
ဖိတ်​ကာခိုတွဲ မိုးစက်​များကသည်း​နေဆဲ။
ရေးချင်​တာ​ရေးတင်​ချင်​တာတင်​သည်
____________________________________________
စိတ်ကူးတည့်ရာ လွမ်းကြည့်တယ်
ငါ့နံဘေးကသံပတ်ပေးထားတဲ့နာရီတောင်
စည်းချက်တွေမှားယွင်းလို့....
အချစ်တွေနောက်ပြေးလိုက်ရင်း
အလွမ်းတွေခင်းထားတဲ့လမ်းမထက်မှာ
သံယောဇဉ်တွေတောင်
တည်းတည်းလေးပဲကျန်တော့တယ်......
ဥပက္ခာဆိုတာ ချစ်နေရင်းလည်းဖြစ်တယ်
မချစ်တော့ရင်လည်းဖြစ်တယ်
စွန့်လွှတ်လိုက်ရတဲ့အခါလဲဖြစ်တယ်.....
ငါ့ ပါးပြင်ကိုဖြတ်စီးသွားတဲ့မျက်ရည်ကတော့
သံယောဇဉ်ပါးပါးထက်က နာကြည်းမှုတွေကို
ကွေ့ပတ်ကျော်ပြီးစီးဆင်းရင်း
အဆင်ပြေပါတယ်လို့ ပြောတတ်တဲ့
ငါ့ နှုတ်ခမ်းကိုတောင် ကျီစယ်သွားသေးတယ်...
ရှိန်း တမ်
___________________________________________
ငါ့ စရိုက်နဲ့ငါ
နေချင်တာပေါ့
နင်းအနားမှာတဖဝါးမခွာ
သွားလေရာလိုက်
ငါ့စရိုက်နဲ့ငါ့ 
ပျော်ချင်တာပေါ့
အထေ့အငေါ့တို့ကင်း
သံသယရှင်းတဲ့အခိုက်
ငါ့စရိုက်နဲ့ငါ့ 
လိုချင်တာပေါ့
ငြိုငြင်မှု့မရှိ
ခဏတိုင်းကြည့်
တ တိုင်းရှိနေမယ့်
သဏ္ဍန်အလိုက်
ငါ့စရိုက်နဲ့ငါ့ 
နီးချင်တာပေါ့
ခရီးတွင်လာသောဇာတ်လမ်း
သက်တမ်းတွေရင့်
နှစ် လတွေအလီလီဖွင့်
ချစ်သူနှင့်
နေချင်လိုက်တာလည်း
ငါ့စရိုက်နဲ့ ငါ့ ။
       သူရဇ္ဇ
____________________________________________
မြန်မာလူငယ်သတင်းစုံ မိုဘိုင်းApk နဲ့ Facebook စာမျက်နှာအပြင် ရင်ဖွင့်စကားချစ်သူကြားစေ အစီအစဉ်မှာ ကဗျာလေးတွေ ပေးပို့ရင်း ကဗျာဝါသနာရှင်များ ကလောင်သွေး ရာ စင်မြင့်တစ်ခုအဖြစ် အသုံးပြုဖို့ဖိတ်ခေါ်ပါတယ်။
မြန်မာလူငယ်သတင်းစုံဟာဆိုရင်ဖြင့်
မိုဘိုင်း APK သုံးစွဲသူ ၅၀၀၀ ကျော် ၊ Facebook Page Like ၆၀၀၀ ကျော်နှင့် ရင်ဖွင့်စကားချစ်သူကြားစေWebsite တွင် လာရောက်ဖတ်ရှုသူ ၁ သောင်း ကျော် ရှိပြီဖြစ်တဲ့အတွက်  ကဗျာချစ်သူတို့အတွက် အကောင်းဆုံးလမ်းတစ်ခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။
မြန်မာလူငယ်သတင်းစုံသို့ ကဗျာ / စာပေများ ရေးသားပေးပို့ချင်တယ်ဆိုရင်တော့ Viber ဖုန်းနံပါတ် 09-256480246 သို့ကဗျာများ ရေးသားပေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။
Saturday 22 April 2017
* အဝေးကပဲ လွမ်းတယ်* ချန်ထားခဲ့ပေါ့ မနက်ဖြန်အတွက် ရှေ့ဆက်မည့် အနာဂတ်မှာ လက်တွဲဖော် နင်မပါပေမဲ့ ရက်စက်စွာ နင်ပေးခဲ့တဲ့ အမှတ်တရ ဒဏ်ရာတွေ ဝေဒနာလမ်းမပေါ်မှာ ရှုပ်ထွေး ဟိုး အဝေးဆုံးကို ပြေးထွက် လက်ပြနူတ်ဆက် ပင့်သက်လေးတွေ ချွေချကာ ဆယ်ကမ္ဘာထိ ငါ့ရင်ထဲ ကြင်နာနေခဲ့ အချစ်ကို ရင်နာစရာ အဖြစ်ရယ်လို့ တွေးမထင်တာ ငါ့သစ္စာပါ ချစ်သူ.. အဝေးကပဲ လွမ်းနေရင် ငါ့တစ်သက် ကျေနပ်နေပါမယ်. တစ်ကောင်ဘွား(ဓာတ်တော်)
Friday 21 April 2017
*နှလုံးသားထဲက နွေသင်္ကြန်*
        အပိုင်း၎
ဒီနေ့ကိုဘွားတစ်ယောက် ရင်တွေအရမ်းခုန်နေတယ် သူနဲ့onlineမှာ ခင်မင်ခဲ့ဖူးတဲ့ မြတ်လေးနွယ်ဆိုသော ကောင်မလေးကို တွေ့ရမည့် နေ့လေ နှစ်သစ်ကူး သင်္ကြန်အကျတ်နေ့ဖြစ်တာမို့ မန္တလေးသင်္ကြန်မှာ အရမ်းစည်ကားနေမည်မှန်း သိနေသော်လည်း သူ မလိုက်လိုပါ သူတွေ့ခြင်သော မြတ်လေးနွယ်ဆိုသော ကောင်မလေးကိုသာ တွေ့ခြင်သည် ။အပြင်မှာ သူမဟာ ရုပ်ရည်ရှုပကာ မလှပသော်လည်း သူအပေါ်ထားတဲ့ မေတ္တာကိုတော့ သူချစ်တယ် အချိန်မှန်ဖုန်းဆက်ပြီး အစ်ကို နေကောင်းလား ကဗျာတွေအသစ်မတင်ရသေးဘူးနော် တဲ့ အမြဲတမ်း အသံချိုချိုလေးနဲ့ဂရုစိုက်တက်တဲ့ မြတ်လေးနွယ် မျက်နှာကို မြင်ဖူးခြင်ပေမဲ့ ဘယ်တော့မှ ဓာတ်ပုံမပို့ခဲ့ပါ. ကိုဘွားဓာတ်ပုံကိုသာ မြင်ဖူးပြီး မြတ်လေးနွယ်ကိုတော့ ယနေ့ထိ မမြင်ဖူးရသေးတာမို့ အရမ်းကိုတွေ့ခြင်မိတယ် ဒါကြောင့် ကိုဘွားလည်း ဆိုင်ကယ်လေးကို မြကံသာ ရွာ အဝင်လမ်းလေးအတိုင်း မောင်းနှင်လာခဲ့သည် ရှေ့မှာ သင်္ကြန်မဏ္ဍပ်ကို လှမ်းမြင်နေရပြီ  ကောင်မလေးတွေလည်း ရေဖလားလေးတွေ ကိုယ်စီဖြင့် ရေကစားနေတာကို မြင်ရတော့ မြတ်လေးနွယ်ဆိုသော ကောင်မလေးကို ရင်ထဲမှာ တွေ့ခြင်မိတယ် သူလည်း မဏ္ဍပ်ရှေ့သို့ ဆိုင်ကယ်လေးကို ထိုးရပ်လိုက်သည် ကလေးများရော လူပျိုချောတို့ တစ်သိုက်က မုန့်လုံးရေပေါ်ပန်းကန်ပြားလေးကိုင်ပြီး မချောတို့အဖွဲ့က ရေဖလားကိုယ်စီနှင့် ရေလောင်းဖို့ ပြင်နေကြသည် ထိုအထဲတွင်  ခိုင်သဇင်ဆိုသော ကောင်မလေးကို မတွေ့ရသဖြင့် မျှော်လင့်ချက်တစ်စုံ လွင့်မျှောခဲ့ရပြီ အသိစိတ်နှင့် ဆိုင်ကယ်ကို စက်နှိုးပြီး ထွက်ခွါစေရန် ပြင်နေခိုက် "ကဗျာဆရာကြီး မြတ်လေးနွယ်ကို မတွေ့တော့ဘူးလား" ဟူသော အသံကိုကြားရ၍ လှည့်ကြည့်ရာ  ခိုင်သဇင်နှင့်အတူ ကောင်လေးတစ်ယောက်ကိုပါ တွေ့ရ၍ " ဘယ်လိုလည်း ဒီနေ့ စုံတွဲ သင်္ကြန်လည်တော့မယ်ပေါ့" ဟု မေးလိုက်ရာ ခိုင်သဇင်သည် ရှက်စဖွယ်အမူရာကို ဆောင်၍ "ကိုဘွားကိုလည်း တောင်းပန်ရင်း ကန်တော့ခြင်လို့" မနောက်ပါနဲ့ဗျာ"
"တကယ်ပါ ကိုဘွားကို ကျမစသိတုန်းက နောက်ခြင်လို့ လိမ်ခဲ့မိတာတွေကို တောင်းပန်ခြင်လို့ပါ" ဒီတစ်ခါ အံ့သြရသူက ကျနော်ပါလေ သူမကို တွေ့ဖူးတာ သင်္ကြန်မတိုင်မီ သုံးရက်အလိုက အမှတ်မထင်တွေ့ခဲ့ဖူးခြင်းကစပြီး ရင်းနီးခဲ့သူလေ ဘာကြောင့် ကျနော်အပေါ်လိမ်ညာခဲ့တာလည်း ဘာကို လိမ်ညာတာလည်း  တကယ်ကျနော် မသိခဲ့ဘူးလေ" ဘာတွေ တွေးနေတာလည်း ကဗျာဆရာရယ်   ကျမပြောနေတာလည်း နားထောင်ပါဦး "
" ဟုတ်  ဟုတ်ကဲ့ ပြောပါ"
ဒီလိုလေ  ကိုဘွား သိပ်တွေ့ခြင်နေတဲ့ မြတ်လေးနွယ်ဆိုတာ  ကျမ ခိုင်သဇင်ပါ  ကိုဘွား ရဲ့ အချစ်ကို ဆော့ကစားစရာလို အလေးမထား ကလေးကစားနဲ့ ကိုဘွားရဲ့ နှလုံးသားကို ကစားမိတဲ့ ခိုင်သဇင်ဆိုတဲ့ ကျမက တောင်းပန်ခြင်လို့ပါ"
"ဘယ်လို မြတ်လေးနွယ်ဆိုတာ  ဒီက မခို   သ ဇင် ဟုတ် ဟုတ် လား"
"ဟုတ်ပါတယ် ကိုဘွား '  တကယ်တော့ onilneပေါ်က အချစ်ကို မယုံရဲလို့ အပျော် ဆော့စရာဂိမ်းတစ်ခုလို့ပဲ ထင်ခဲ့တာ ခိုင်သဇင်အမှားလားရှင်"
"ငါ နားလည်လိုက်ပါပြီ  အရာအားလုံးကို နားလည်လိုက်ပါပြီ  တကယ်တော့  onilneက အလိမ်ညာတွေရှိမှန်းသိရက်နဲ့ ရိုးသားခြင်းကို တန်ဖိုးထားတဲ့ ငါအမှားပါ"
"ခိုင်ကို ခွင့်လွတ်ပါနော်  ကိုဘွား ရဲ့ ကဗျာများကို ဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်"
" ကျနော်ကို သွားခွင့်ပြုပါဦး မခိုင်သဇင်ရယ်  uတို့စုံတွဲ ထာဝရအေးချမ်းသာယာသောဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့  ဆုတောင်းပေးပါတယ်နော်"
"ကိုဘွားကို အမှတ်တရ လက်ဆောင်လေး ပေးလိုက်ပါရစေနော်"
"ကျနော် လက်မခံပါရစေနဲ့ဗျာ ညီမတို့ မင်္ဂလာဆောင်အတွက် လက်ဖွဲ့လို့သတ်မှတ်ပြီး ပြန်ယူလိုက်ပါ ဆိုပြီး သူမပေးသော ပစ္စည်းလေးအား သူမလက်သို့ ပြန်ထည့်ကာ  ဆိုင်ကယ်လေးကို စက်နိုးပြီး ထွက်ခွါစေသည်  ရင်ထဲမှာတော့ အမှတ်တရလက်ဆောင်ဆိုတာ မင်းမပေးလည်း  ဒဏ်ရာရခဲ့ပြီမို့ ငါ့အတွကိတော့ တသက်စာ လက်ဆောင်ရလိုက်ပါပြီ  မြတ်လေးနွယ် သို့မဟုတ်  ခိုင်သဇင်ဆိုသော ကောင်မလေးရယ်  '....
* အမုန်းလက်ဆောင်*
အလွမ်းဝေဒနာတွေနဲ့
အခန်းလေးထဲမှာ
ငိုနေဆဲ မျက်ရည်တွေက
နင်ကို လွမ်းတဲ့ သက်သေ...
အမျက်မပြေ နင့်အမုန်းတွေက
နှလုံးသားကို နှိပ်စက်
အသဲတွေလည်း ကွဲအပ်နေပြီ...
ငါ့နှလုံးသားကို အမှောင်ဖုံး
နင့်အပြုံးတွေ ကွယ်ပျောက်
အမုန်းတွေကို မဖိတ်ခေါ်ပဲ
ငါဆီ ရောက်လာ အဲ့ဒါတွေက
နင်ပေးတဲ့ လက်ဆောင်တဲ့လား..?
အမှတ်တရတွေ မပေးလည်း
ငါတို့ဝေးနေပေမဲ့ နင်ပေးတဲ့ဒဏ်ရာ
သေရာပါမဲ့ အမှတ်တရမို့
ထာဝရ အမှတ်ရနေမှာပါ ချစ်သူ...
   တစ်ကောင်ဘွား(ဓာတ်တော်)
 စာချစ်သူပရိတ်သက်များအား အစဉ်ထာဝရလေးစားလျှက်
'
Monday 17 April 2017
နှလုံး​သွေး​ကြောနဲ့တီးတဲ့သံစဉ်
နှလုံး​သွေး​ကြောနဲ့တီးတဲ့သံစဉ်
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
မင်းမသိပါဘူး
ငါ့ရာသီခွင်​မှာ
ကျိမ်​စာသင့်​တဲ့နာရီလို
အခါခါလှည့်​ပတ်​​နေရတဲ့
အချိန်​အို​လေး​တွေ
မင်း မသိပါဘူး
ပန်းပုရုပ်​​လေး​ပေါ်က
ငါ့မြတ်​နိုးခြင်း​တွေ
စာစီထားတဲ့ငါ့ကဗျာညံ့ညံ့​တွေ
မင်း မသိပါဘူး
မင်း​ကြောင့်​ပျက်​ဆီးခဲ့တဲ့ငါရဲ့
ညစ်​ညမ်းတဲ့စိတ်​​တွေ
အတိတ်​ဆိုတဲ့ အမှိုက်​ပုံထဲက
ငါမြတ်​နိုးတဲ့အရာ​တွေကို
အညှီနံခံ နိုက်​ထုတ်​​နေတာ​တွေ
မင်း မသိပါဘူး
မင်​နီတားပြီး​နောက်​ပိုင်း
ပိုမှားလာတဲ့ ဘဝလမ်းမှာ
တွေး​နေတုန်းပဲညစ်​တစ်​တစ်
ဂျစ်​ကန်​ကန်​ဖြစ်​​နေတုန်း
မင်းမသိပါဘူး
ကျ​ပျောက်​သွားတဲ့ ရင်​ခုန်​သံ​တွေ
မင်းရင်​ဘတ်​မှာ ​အော်​မြည်​​နေတာ
မင်းမသိပါဘူး
သွေးမထွက်​ခဲ့​ပေမယ့်
ငါ​ပေးဆပ်​ခဲ့တယ်
မင်းမသိပါဘူး
အလွမ်းဆိုတာ
အချစ်​​လောက်​မချိုမြိန်​မှန်း
ကြိုး​မပါတဲ့ တံ​ယောတစ်​လက်​ကို
စိတ်​ကူးနဲ့ကြိုးတပ်
အငြိုးနက်​နက်​နဲ့
ညဉ့်​နက်​​အောင်​တီးခတ်​တဲ့ည
ဒီည ငါမင်းကို လွမ်း​နေတုန်း....ဆိုတာ..
ရင်​ဘတ်​​ရေ မင်းကိုငါသနားလို
မျက်​လုံးကို အကူညီ​တောင်းလိုက်​တယ်
သူ​အေးချမ်းဖို့ ငါ့မျက်​ရည်​​တွေ
ခြေ​ဆေးခွင့်​​ပေးလိုက်​တယ်​ ဒီည...
     ဘာမထီဘွား
မာယာနွံ
မာယာနွံ
ဖုန်းရဲ့မျက်နှာပြင်ကိုခပ်ဖွဖွဖိပွတ်ရင်း ဝဲတက်လာသောမျက်ရည်စများက အမြင်အာရုံကိုဝေ့ဝါးသွားစေခဲ့သည်။
"ရက်စက်လိုက်တာ" လို့ စိတ်ထဲက ပြောနေသော်လည်း ဘယ်နှခေါက်မှန်းမသိအောင်သွားကြည့်နေခဲ့မိသည့်
သူ့ wall က လာကြည့်သမျှလူတွေရဲ့ခြေရာကောက်လို့ရရင် သေချာပါတယ် ကျွန်မသာ သူ့ wall ပေါ်တနေ့လုံးရှိနေခဲ့တာသူသိသွားပါလိမ့်မည်။
သတိရတိုင်းထိုင်ဖတ်နေကြ Chat box က
သူပြောသမျှ စကားအားလုံးနီးပါးကလည်း အလွတ်ရလုနီးပါးဖြစ်နေသည်။
Online မှာတွေ Online မှာချစ်ပြီး တကယ်လက်ထပ်သွားတဲ့ စုံတွဲတွေရှိခဲ့ပေမဲ့ သူနဲ့ကျွန်မကတော့ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ တစတစနဲ့တိုးဝင်လာပြီး မယုံကြည်နိုင်လောက်အောင် တမ်းတမက်မော စွဲလန်းခဲ့ဖူးတဲ့အချစ်က  ကျွန်မဘဝရဲ့ပထမဆုံးနဲ့နောက်ဆုံးအချစ်သာဖြစ်လိမ့်မည်။တကယ်တော့ကျွန်မအချစ်ကိုတွေ့တာ ကံကောင်းတယ်လို့ ထင်ခဲ့ပေမဲ့ သူများအတွဲတွေထက်ပိုပြီး ကံဆိုးသွားခဲ့ရတာပါ။
Online မင်းသားတစ်ယောက်ရဲ့ မာယာနွံမှာ ကျွန်မရူးမိုက်စွာ နစ်ဝင်ခဲ့သမျှ တကယ်တမ်းကျတော့ ကျွန်မရဲ့ယုံကြည်နိုင်လွန်းတဲ့စိတ်ကြောင့် အရာရာတိုင်းဟာ တိတ်ဆိတ်မှုတွေနဲ့ ကြေကွဲမှုတွေသာ ကျန်နေခဲ့ရတာပါ.. လူတိုင်းဟာကိုယ့်လိုလူမဟုတ်ဘူးဆိုတာ ကျွန်မနားလည်လာတဲ့တစ်နေ့ ကျွန်မဘဝက
ဒဏ်ရာတွေ ဝေဒနာတွေပြည့်နှက်သွားခဲ့ပါပြီ..
ဘယ်နှကြိမ်မှန်းမသိခေါ်မိခဲ့တဲ့ သူပေးထားခဲ့တဲ့ ခေါ်လိုက်တိုင်းစက်ပိတ်ထားတဲ့ ဖုန်းနံပါတ်ကလေးကိုငေးကြည့်ရင်း
ရူးမိုက်စွာချစ်ခဲ့မိတဲ့ ကျွန်မနှလုံးသားထဲမှာတော့ ရင်နင့်အောင်နာကျင်နေရခြင်းနဲ့ မျက်ရည်စတွေ
သူ့ပေးခဲ့တဲ့ ဖုန်းနံပါတ်ကလေးနဲ့အတူ တိတ်တဆိတ်ပျောက်ကွယ်သွားခဲ့ရင်
သိပ်ကောင်းမှာပါ ။       ။
                          အရိပ်မင်း
Wednesday 12 April 2017
ငါ့နှလုံးသား လုံခြုံရာသို့
မင့်မချစ်တဲ့ငါ
ငါချစ်မိတဲ့မင်း
ကံကြမ္မာအငြိုးထားလို့
မဆုံသင့်ဘဲဆုံခဲ့ရတယ်
ငါ မမှားခဲ့သလို မင့်အပစ်မဟုတ်ပါဘူး
အချစ်ဆိုတာ ငါ့အတွက်မဖြစ်ခဲ့လေတော့
အမုန်းကမ္ဘာရဲ့ ဟိုတစ်ဖက်မှာ
အရှုံးတွေမလာခင်
အပြုံးမပါ ရင်ဗလာနဲ့
ငါထွက်သွားလိုက်ပါ့မယ်
ချစ်သူရယ် မင်းပျော်ပါစေနော်။