Wednesday 16 March 2016

ဝိုးတဝါးညတွေထဲ

မှုန်ရီဝိုးတ၀ါးနဲ့

ငါ့ညနက်တွေထဲမှာ 

အလင်းမရတော့တာကြာခဲ့ပြီ ...

မင်းအကြင်နာတွေနဲ့

ထွန်းလင်းမယ်ထင်ခဲ့တဲ့လမင်းလည်း

ငါ့အနားက ပျောက်ကွယ်သွားခဲ့တာသိပ်ကြာပြီ ...

မင်းချစ်ခြင်းတွေကို ငံ့လင့်ရင်း

စောင့်ဆိုင်းခဲ့ရတဲ့ အမှောင်ညတွေကလည်း

အလင်းရောင်ဖျော့ဖျော့တွေ့လာရမယ့်အစား

အမှောင်ထုကပဲ ပိုပိုပြီး နက်ရှိုင်းလာခဲ့တဲ့အခါ

ယုံကြည်ထားခဲ့သမျှ

ရောင်ပြန်ဟပ်ပါတယ်ဆိုစကားကလည်း

သံသယတွေကြားမှာ 

တဖြည်းဖြည်းတိုက်စားခံနေရလိုက်တာ

မှုန်ပျပျမျှော်လင့်ချက်လေးတောင်မရှိတော့ဘူး ...


မုန်း (BeeTalk)






အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ