Tuesday 30 May 2017

ဒီထက်မပိုခဲ့ပါဘူး

ဒီထက်​မပိုခဲ့ပါဘူး
============
ကျမရှင့်​ကိုချစ်​ခဲ့တာ
အချစ်​တခုရလိုမှုထက်​မပိုခဲ့ပါဘူး။

ကျမရှင့်​ကို အပြစ်​မရှိအပြစ်​ရှာ
ဂျစ်​တိုက်​ပြီးရစ်​ခဲ့တာ
ရှင်​ပြန်​​ချော့တာ​လေး ​ကြောင့်
ကြည်​နူးချင်​မိတာထက်
မပိုခဲ့ပါဘူး။

ကျမရှင့်​ကိုစိတ်​လိုလက်​ရ
အော်​ခဲ့မိတာ
ရှင့်​အမှားကျမအမှားကို
သေချာစမ်းစစ်​ချင်​ရုံကလွဲလို့
မပိုခဲ့ပါဘူး။

ကျမရှင့်​ရဲ့ယုံကြည်​မှုကို
ရလိုချင်​တဲ့အတွက်
အကဲစမ်းခဲ့တာ
သံသယကင်းချင်​ရုံကလွဲလို့
မပိုခဲ့ပါဘူး။

ကျမရှင့်​ရဲ့ဂရုစိုက်​မှု
ကြင်​နာမှု သစ္စာရှိမှု
အပြန်​အလှန်​​လေးစားမှုကို
ရလိုချင်​တဲ့အတွက်​ စကားနာထိုးခဲ့တာ
စိတ်​ရှင်းချင်​ရုံကလွဲလို့
မပိုခဲ့ပါဘူး။

ကျမရှင့်​နဲ့အတူလက်​တွဲမြဲခဲ့တာ
ရှင့်​​ကောင်းတာတခု​ကြောင့်​မဟုတ်​သလို
ကျမ​ကောင်းတာတခု​ကြောင့်​လည်းမဟုတ်​ဘူး
အခက်​အခဲ တိုင်းပြဿနာတိုင်း
ကျော်​လွှားချင်​ရုံကလွဲလို့
မပိုခဲ့ပါဘူး။

ဘယ်​အရာကိုမှ
ဘယ်​အရာထက်​မှ
ရှင့်​ကိုချစ်​​နေရဖို့ထက်
မပိုခဲ့ပါဘူး။

PhyuPhyu
Ph
Cd


ပြန်ချစ်မိတာငါမှားသလား

ပြန်​ချစ်​မိတာ ငါမှားသလား

စပ်​တူညီလို့ ​ရောင်းတန်​ဝင်​ခဲ့သည့်​ပစ္စည်းလို
ထပ်​တူညီလို့ ​အပြန်​အလှန်​ချစ်​ခဲ့ကြတယ်​ ငါတို့

အမှတ်​သည်း​ခြေမရှိတဲ့ ငါ့နှလုံးသားက
အချစ်​ဆိုတဲ့လမ်းမထက်​ ​ရောက်​​အောင်​သွားခဲ့ပြန်​တယ်

နာကျင်​ရမယ်​ဆိုတာလည်း သိတယ်
ကြေကွဲရမယ်​ဆိုတာလည်း သိတယ်
ဒါကိုပဲ ဖက်​တွယ်​​နေတုန်းအချစ်​ကို

ဝေးရဲတဲ့သတ္တိ​တွေ ရှိဖို့ထက်
နီးရဖို့ သတ္တိ​တွေ ထားခဲ့ဖူးတာပါ

ပတ်​ဝန်းကျင်​ဆိုတဲ့ ပါးစပ်​တခုက
သမုတ်​ချက်​​တွေ မရပ်​မနားထွက်​ခဲ့လည်း
ငါ့ဘက်​က မ​ဝေး​စေရဘူးလို့ အာမခံရဲတယ်

ရွေးချယ်​ပြီး ချစ်​ခဲ့တာလည်းမဟုတ်
ချစ်​ရဖို့ ကြိုးစားခဲ့တာလည်းမဟုတ်

*အချစ်​က ရင်ဘတ်​ထဲတိုးဝင်​လာမှန်းမသိခင်​မှာတည်းက ချစ်​မိသွားတာပါ*

လိုက်​ဖက်​ညီမှ အချစ်​တခုဖြစ်​မည်​ဆိုလျှင်
အချစ်​က ဝမ်းဆက်​တစုံဖြစ်​သွားမှာ​ပေါ့

နဖူးစာရွာလည်​ပြီး အချစ်​ကိုတည့်​တည့်​တိုး​တော့
ပြန်​ချစ်​မိတာ ငါမှားသလား ​ဖြေပါ
                            ဖိုးဝရုပ်​​လေး


ကဗျာဂျာနယ်အတွဲ ၂ အမှတ် ၉

မင်္ဂလာပါ

ကျွန်တော်တို့မြန်မာလူငယ်သတင်းစုံ မိုဘိုင်း App ရဲ့ ရင်ဖွင့်စကား ချစ်သူ ကြားစေအစီအစဉ် ရပ်ဆိုင်းထားခဲ့ရတာ အတော်ကြီး ကြာသွားခဲ့ရတဲ့အတွက် ကျွန်တော်တို့ မြန်မာလူငယ်သတင်းစုံမှ လေးစားစွာတောင်းပန်အပ်ပါတယ် ။

ဒီနေ့ကစ ပြီး အမြဲ Update ဖြစ်နေအောင်လည်း ကြိုးစားတော့မှာဖြစ်ပါတယ်။ မြန်မာလူငယ်ရဲ့ Blog Link ဖြစ်တဲ့  http://aungmyintmyat555.blogspot.com  ကိုနှိပ်၍လည်း ကဗျာတွေဖတ်ရှုနိုင်ပါတယ်ဗျာ။

----------------------------------------------------------------------

ကဗျာဂျာနယ်အတွဲ ၂ အမှတ် ၉
_____________________________

ပိတ်​ကား​နောက်​ခံအလွမ်း
_________________________

ဂျေ !
နင်​အဆင်​​ပြေရဲ့လား
ငါ့ကို သတိမှ ရရဲ့လား
ငါ့ထက်​ချစ်​ရတဲ့သူ​တွေ့​နေပြီလား

တစ်​ရက်​ထက်​ တစ်​ရက်
လွမ်းတယ်​ဆိုတာထက်
အဆ​ပေါင်းများစွာပိုပြီးလွမ်းတယ်

သတိရစရာ​တွေကို
ငါတို့အတူ​ဆောက်​ဖူးတဲ့
လေထဲကအိမ်မှာ
သော့ခတ်​သိမ်းထားတယ် ဂျေ !

တ​နေ့​နေ့နင်​ပြန်​လာရင်
နင့်​ရင်​ဘတ်​ကိုထုထုပြီး
ငါဘယ်​​လောက်​ သတိရ​နေ​ကြောင်း
ပြော​ပြော ငိုမယ်

နင်မြတ်နိုးတဲ့ငါ့ဆံပင်​​တွေကို ညင်​သာစွာသပ်​ချ​ပေး
နင် ခုံမင်​တဲ့ ငါ့နှုတ်​ခမ်းေ​တွကို ဖွဖွ​​လေးယုယ​ပေး
နင် ​စွဲလမ်း​တဲ့ ငါ့မျက်​ဝန်း​တွေကို ကြင်​နာစွာငုံ့ကြည့်​​ပေး
နင်​ သိပ်​ချစ်တဲ့ ငါ့ လက်​ဖျား​တွေကို ​နွေး​ထွေးစွာဆုတ်​ကိုင် ထား​ပေး

ဂျေ ! 
တွေးကြည့်
အဲ့အ​ခြေအ​နေကို နင်​​တွေးကြည့်
ငါကက​လေးတစ်​​ယောက်​လို နင့်​ရင်​ခွင်​မှာငိုမယ်
နင်​က စိတ် ရှည်​လက်​ရှည်​ ​ချော့မယ်
နာရီသံ​တွေဟာ ငါတို့ရင်​ခုန်​သံ​ကိုလန့်​​ပြေးကြမယ်

ဟူး  ငါရူးနေပါပြီ   ဂျေ!
နင့်ကိုချစ်ကြောင်းပြောတိုင်း
အတိတ်နဲ့ ငါ စကားများတယ်
လက်ညိုးတွေ ငါ့ကိုယ်ငါထိုးထိုးပြီး အပြစ်တင်တယ်

ဂျေ !
အချစ်​ဟာအလွမ်းနဲ့​ပေါင်းမှ
မေတ္တာစစ်​​ကြောင်း
ငါ့ဦး​နှောက်​ရဲ့ အချက်​ပြသံက
နင်​မရှိမှ ပီပီသသ ကြား​နေရတယ်

Anniversary days ​တွေဟာ
ငါ့ကိုနာကျင်​​စေတဲ့ ပိုးမွား​တွေပဲ
သော့ခတ်​ သိမ်းထားတဲ့
Messages ​တိုင်းနဲ့
ငါ့အလွမ်းကို အာသာ​ဖြေတယ်

ဂျေ!
နင့်အတွက်​ ငါ့ဆု​တောင်းက
ငါ့ဒုက္ခရဲ့ ဆန့်​ကျန်​ဖက်​ အရပ်​မှာရှိတယ်
ပျော်​​နေတဲ့အချိန်​ထက်
စိတ်​အလိုမကျတဲ့အချိန် တိုင်းက
နင့်ကိုသီးသန့်လွမ်း​စေမယ့် အ​သေးစိတ်​အခန်းပဲ

စစ်​​သွေးငယ်
26.5.2017
9-23PM

ဲ____________________________________________

ကျွန်​မဟာလက်​သည်းဖွက်​ထားတဲ့လိပ်​တစ်​​ကော​င်​ဖြစ်​တယ်
_____________________________________

ဇာတ်​လမ်းထဲ
မင်းသားအင်္ကျီစဆွဲဆွဲပြီး
"ရှင်​ကျမကိုမချစ်​ဘူးလား
ရှင့်​ကျမကိုမချစ်​ဘူးလားဟင်
ဖြေ​လေ ..ရှင်​ကျမကိုမချစ်​ဘူးလားလို့"
မျက်​ရည်​​စတွေနဲ့မင်းသမီးက​မေး​မေးပြီးငို
မင်းသားက အံကြိတ်​ပြီးမျက်​ရည်​ကျ
ပရိသတ်​​တွေက လည်း တရှုံ့ရှုံ့နဲ့ငို
ဒီလိုပါပဲ လုပ်​ဇာတ်​မှန်းသိလျက်
အလွယ်တကူခံစားတတ်​တဲ့အလွဲကို
ကျွန်​မနားထင်​ထဲရိုက်​ထည့်​ပစ်​လိုက်​တယ်
နှလုံးသားကို လိမ်​​တယ်
ယုံကြည်​မှုကိုလိမ်​တယ်
ပစ္စည်း ဥစ္စာကိုလိမ်​တယ်
မမှားဘူးရင် အမှန်မသိဘူးဆိုတဲ့သူ​တွေ
အမှန်သိရင် မမှားဘူးလို့အာမခံချက်​​မ​ပေးသ၍
အမှန်နဲ့အမှားကြားမှာ
ဘာသာတရားပါတယ်
လူမျိုးေ​​ရးပါတယ်
သက်ငယ်မုဒိန်းမှုပါတယ်
ဗေဒင်​ ဆရာလက်ထဲက​ပုတီးပါတယ်
ဟိုဟာ ပါတယ်
ဒီဟာ ပါတယ်
ဒီအ​ကြောင်းကို ရှင်​တို့နားဝင်​ဖို့
ဂျိုကာအရည်​ခြုံ ပြီး
အဲဗား စမိုင်းမျက်​နာဖုံးတပ်
လူအထင်​ကြီး​အောင်
စကားလုံး ကြီးကြီး​တွေလိုတယ်
အ​ကောင်းစားဟန်းဆက်​နဲ့အ​ပေါစာဆင်းကဒ်​ဟာ
ကျွန်​မရဲ့
ရုပ်​နဲ့နာမ်​ ဖြစ်​တယ်
ငြိမ်းချမ်းပါ​စေ သာယာပါ​စေ
သာဓုအတုကို ကျွန်​မ
ဝတ်​​ကျေတန်း​ကျေအမျှ ​ပေးယူတယ်
တစ်​ခါတစ်​ခါ
ရှင်​တို့​တွေ ပြို​အောင်
ငလျင်​ချက်​ကို ကျွန်​မကိုယ်​​ပေါ်လှုပ်​ပြတယ်
ရှင်​တို့​တွေ သိမှာပါ
ကမ္ဘာကြီး ​ပူ​နွေးလာတာနဲ့
ကျွတ်​ကျသွားတဲ့ သစ်​ပင်​​တွေ​ ဟာ
ကျွန်မအတွင်းသားေ​​​​​တွကို
ဖော်ေ​ပး​နေတာ
ရယ်​စရာ​ကောင်းတယ်​ ရှင့်
သိပ်​ပြီးရယ်​စရာ​ကောင်းတယ်
တစ်​ပြီးရင်​ နှစ်​လာရမှာမဟုတ်​လား
အခု​တော့ တစ်​ပြီးရင်​ သုံည​တွေ​ပေါင်း​ပေါင်းထည့်
မရှိတရား​တွေကို အရှိတရား​နောက်​မှာကပ်​ပြီး
သုံညလိုလို `ဝ´လိုလိုနဲ့ ဘဝကို
ဘဝင်လို့​​​ပြောင်း​ရေးထားကြတယ်
ရှင်​တို့​တွေ ကို ကျွန်​မ​မေးချင်​လိုက်​တာ
ကွန်​ရှင်စ်​​မှတ်​​(?)ဟာ ဘာလို့စာ​ကြောင်းဘက်​လှည့်​​နေတာလဲ ?
အ​ကြောင်းအရာ တစ်​ခုပြီးတိုင်း ဘာလို့ပုဒ်​မ(။)​တွေ တပ်​တာလဲ?
ရှင်​တို့​တွေ သိလား?
ရှင်​တို့​တွေ ​တွေးမိရဲ့လာ?

စစ်​​သွေးငယ်
21-5-2017
8:53pm


___________________________________________


ခံစားတတ်လာခဲ့တဲ့ရင်ဘတ်ထဲမှာ
စိတ်ကူးယဉ် ခဲ့တာမဟုတ်တဲ့
မျှော်လင့်ချက်တွေ ပါ...

ပစ္စုန်ပ္ပန် မှာေ၀၀ါးနေပေမဲ့
ရယူပိုင်ဆိုင်ခွင့်တောင်းတမိတယ်
ဖြူစင်တယ်လို့ထင်ခဲ့ပေမဲ့
အရောင်တွေပါတဲ့၅၂၈ကို
ကွယ်ဝှက်စွာရင်ခုန်ခဲ့စဉ်က
နင်နဲ့ငါဟာ အပြင်လူတွေအမြင်မှာတော့
အဖြူရောင် သက်သက်ပေါ့....

စက္ကန့်တွေရဲ့စားသုံးမှုအောက်မှာ
ပြိုလဲပျက်စီးသွားတဲ့ကာလတွေ
ကြာလေလေခံစားချက်ပိုနက်ရှိုင်း လေလေမို့
ဘယ်သူတွေဘာပြောပြော
ဘယ်လိုအပြစ်တင်တင်
သူငယ်ချင်း ထက်ပိုချင်နေမိတဲ့ငါ့အတွက်
နင်အပြစ်ဖွဲ့နေမလားကွယ်....

သီအိုရီအရ
၅၂၈ နဲ့ ၁၅၀၀ မညီနိုင်ရင်တောင်
ငါကျေနပ်ပါတယ်ဟာ.....

ရှိန်းတမ်

____________________________________________

တခြာ့း့ ရင်


မေးပါရစေ

အတွေးညတွေစု
ငါပြုခဲ့တဲ့အတိတ်ကံက
စိတ်ဒဏ်ရာတွေပေး
နင်နဲ့ဝေးလို့
လွမ်းဆွေးစေသတဲ့လား
မေးပါရစေ
မတွေ့ရလေတဲ့အခိုက်
နင့်စရိုက်တွေလွဲ
စွဲလမ်းနေတဲ့
ငါ့စိတ်ကို
ညအိပ်ချိန်အထိ
အရှိုက်ထိစေသတဲ့လား
တောင်းဆိုပါရစေ
အကယ်၍များ
ငါ့နေရာအစား
နောက်တယောက်ထားရင်
အမှားမြင်စေမယ့်္ဈ
နင့်အကျင့်ကို
ပြင်ဖြစ်အောင်ပြင်
ငါ့ရင်ခွင်နဲ့လွဲပေမယ့်
နောက်ရင်ခွင်မှာ
မြဲစေချင်လို့ပါ့ ။




       သူရဇ္ဇ
____________________________________________

ဥပေက္ခာ ဆူး


အချစ်တဲ့
ခိုဝင်လာချိန်က
နူးညံ့လိုက်တာ
အချိန်နဲ့အမျှ
အချစ်ပိုခဲ့သလိုနဲ့
တိတ်ဆိတ်ခြင်းonlineမှာ
နင့်ခေါ်သံတွေ
ဆိတ်သုဉ်းနေခဲ့ပြီ
နင်နိုင်ပါတယ်ချစ်သူ
အပစ်ယူမရတဲ့
နင့်ရဲ့အကျင့်ကို
ပြောင်းလဲပစ်ဖို့
့ကြိုးစားခဲ့တဲ့ငါသာ
စေတနာအမှားတွေနဲ့
ရှုံးခဲ့ပါပြီ့ ။
နေတက်သလိုနေပါ
မကန့်ကွက်တော့ပါဘူး
ပြောတက်သလိုပြောပါ
မစွက်ဖက်တော့ပါဘူး
လုပ်ချင်သလိုလုပ်ပါ
မတားတော့ပါဘူး
ငါစူးခဲ့တဲ့
ဥပေက္ခာဆူးသာ
နောက်တဦးနဲ့တွေ့ရင်
နင် ရူးအောင်
မခံစားရစေဖို့
ငါမျှော်လင့်ပါတယ့့် ။




        သူရဇ္ဇ

____________________________________________

စိတ္တဇ သူ

အိမ်မက်တွေဝေ့လည်လည်နဲ့
ဖြတ်ပြေးတုန်း
ခေါင်းအုံးတလုံးကို
ဖမ်းဆွဲလို့
အိမ်မက်ထဲကို
ပြေးဝင်ခဲ့ဖူးတယ်
အစမသိတဲ့
သာယာမှု့နဲ့
အဆုံးမရှိတဲ့
မျှော်လင့်ချက်
ဝဲဂယက်ထဲမှာ
အသည်းဟတ်တက်ကွဲလို့
မတ်တပ်လည်းမရပ်နိုင်
လက်မှိုင်ချလို့လှဲ
နင်လည်းပဲငါ့ကို
ပျားရည်တစက်နဲ့
ဝမ်းပျက်စေခဲ့သူပါလား ဟာ့ ။





        သူရဇ္ဇ
____________________________________________
* အဝေးကပဲ လွမ်းတယ်*
ချန်ထားခဲ့ပေါ့ မနက်ဖြန်အတွက်
ရှေ့ဆက်မည့် အနာဂတ်မှာ
လက်တွဲဖော် နင်မပါပေမဲ့
ရက်စက်စွာ နင်ပေးခဲ့တဲ့
အမှတ်တရ ဒဏ်ရာတွေ
ဝေဒနာလမ်းမပေါ်မှာ ရှုပ်ထွေး
ဟိုး အဝေးဆုံးကို  ပြေးထွက်
လက်ပြနူတ်ဆက် ပင့်သက်လေးတွေ
ချွေချကာ ဆယ်ကမ္ဘာထိ
ငါ့ရင်ထဲ ကြင်နာနေခဲ့ အချစ်ကို
ရင်နာစရာ အဖြစ်ရယ်လို့
တွေးမထင်တာ ငါ့သစ္စာပါ ချစ်သူ..
အဝေးကပဲ လွမ်းနေရင်
ငါ့တစ်သက် ကျေနပ်နေပါမယ်.
       တစ်ကောင်ဘွား(ဓာတ်တော်)

____________________________________________

ချစ်သူရေးတဲ့ပန်းချီ

ဆေးစက်ကျတဲ့
ပိတ်သားဘဝနဲ့
နင်စိတ်တိုင်းကျဖို့အရေး
ငါပေးဆပ်ခဲ့
သွေးတစက်နဲ့ရင်းခဲ့တဲ့
အရင်းနှီးတခုအတွက်
နင်သာငဲ့ကွက်ခဲ့မယ်ဆို
ဆေးစက်ချတဲ့
စုတ်ချက်တခုချင်းဆီအတွက်
ငါကျေနပ်မိခဲ့မှာ
အဖြူဗလာသက်သက်
စုတ်ချက်တွေနက်လေသမျှ
ညီမျှဆိုတာကို
သင်္ကာမကင်းဖြစ်မိတဲ့အခါ
ငါဟာ့ 
နင်ဘောင်ခတ်လို့လည်း
အရောင်မလက်
တန်းဖိုးတက်မလာတဲ့
နံရံကပ်
ပန်းချီကားတချပ်ပါ့ ။





       သူရဇ္ဇ
____________________________________________


သံယောစဉ်



အိမ်မက်မြစ်ဖျား
စိတ်အားသိုလှောင်
ငိုမယောင်နဲ့ပြုံး
မျက်ရည်သုံးတဲ့နှုတ်ခမ်း
သူ့အနမ်းနဲ့မှ
ကြုံဖူးတယ်
စိတ်ကူးသီထား
ဆုံတွေ့ငြားလည်း
အားနည်းသည့်နှုတ်
ရွေ့ရွေ့လှုပ်တုံ
ခွန်းခြွေရုံနဲ့
မလုံမလဲ
မျက်နှာလွှဲမိ
သူ့အကြည့်နဲ့မှ
လှိုက်ဖိုရတယ်
မရေးပဲထင်
လဝန်းပြင်မှ
ယုန် အက္ခရာ
မြင်ကြည့်ကာမှ
ရင်ရှိအရာ
ဘာဆိုတာသိ
မငင်  မငြိ
တွယ်မိသည့်အမျှင်
သံ ယော စဉ့့် ။







       သူရဇ္ဇ

____________________________________________

အဖြည့်ခံ




မကြား ကြားအောင်ခေါ်
မျှော်နေတာသူမသိ
မကြည့် ကြည့်အောင်ပြ
မြင်သမျှကိုဘဝင်မကျ
မတွေ့ တွေ့အောင်ရှာ
နင်မလာချက်တာ
ငါမသိ
ဒီအတိုင်းသာ
ဆက်သွားရင်
နင့်အနားက
ငါကွယ်ပျောက်သွားတဲ့အခါ
နင်ညာတာမလိုချင်
ငိုချင်မှ ငို
ငါဆိုတာ
အဆုံးမသတ်တဲ့
နင့်အိမ်မက်အတွက်
ခု တုံးလိုသုံး
အဖြည့်ခံ
ခေါင်း အုံးတလုံးပါ့ ။








        သူရဇ္ဇ
____________________________________________


ကဗျာ ဂျာနယ်အစီအစဉ်လေးကို အားပေးဖတ်ရှုခဲ့တဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ ကဗျာ ဂျာနယ်သည် မြန်မာနိုင်ငံအနှံ့မှ ရွက်ပုန်းသီးကလောင်ရှင်များအတွက် ကလောင်သွေးရာ နေရာတစ်ခုအဖြစ် လည်ပတ်လာသည်မှာ ၂ နှစ်တာ ကာလ နီးပါးရှိလာခဲ့ပြီးဖြစ်ပြီး  ပထမ ကဗျာ ဂျာနယ်အတွဲ ၁ တွင် တစ်ပတ် ၅ ပုဒ်နှုန်း နှင့် အပုဒ် ၅၀၀ တင်ဆက်နိုင်ခဲ့ပြီး ယခု အတွဲ ၂ တွင် တ စ်ပတ် ၁၀ ပုဒ်နှုန်းဖြင့် တိုးချဲ့ တင်ဆက်နေတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ကဗျာဂျာနယ်မှာ မိမိတို့ရေးသားထားတဲ့ ကဗျာများကို ပါဝင်ပေးပို့လိုပါက Viber ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်။


Thursday 4 May 2017

#အချစ်တဲ့လား# မကြင်နာလို့ ပစ်ခွါသွားသူရေ ဝေဒနာတွေ မဖြေသာပေမဲ့ နွေညမှာ သာတဲ့ လတစ်စင်းလို မင်းမျက်နှာလေး ဝင်းပပျော်ရွှင်နေရင် ငါ့ရင်တွေ နာကျင်ခံစား နှလုံးသားတွေကြေကွဲနေတောင် အပြုံးတွေနဲ့ ကျေနပ်သူဟာ ငါတစ်ယောက်ထဲပါ ချစ်သူ... တူနှစ်ကိုယ် ကြင်နာစဉ်က အနမ်းတွေခြွေဖူးခဲ့တာ အခုလို အလွမ်းပန်းတွေ ပွင့်ဖူးစေဖို့လားလို့ မမေးတော့ဘူး ဥယျာဉ်မူးထုံး နှလုံးမူလို့ ကိုယ်တိုင်ပျိုးသည့်ပန်း နွမ်းကြွေမှာ စိုးရိမ်သူမို့ ခူးလိုသူရန်မှာ ကာကွယ်ပေးတဲ့ ဥယျာဉ်မူးလက်ကို ထောက်ထားမညှာ သွေးစိမ်းဖြာအောင် ဆူးစေခဲ့တာ အချစ်တဲ့လားကွယ်... တစ်ကောင်ဘွား(ဓာတ်တော်)