Tuesday 28 June 2016




<<< Zawgyi Version >>>




ကိုယ်လဲ စားလို့မရ ...



အသဲကျော်




<<< Unicode Version >>>


ချစ်ရက်နဲ့ လမ်းခွဲရတယ်ဆိုတာ ...

ကြိုက်ရက်နဲ့ မတည့်တဲ့ အစားအသောက်လိုပဲ ...

ကိုယ်လဲ စားလို့မရ ...

သူများယူစားသွားရင်လည်း ရင်ထဲဟာတာတာကြီးဖြစ်သွားတတ်တာမျိုး ...


အသဲကျော်


စာဖတ်ခြင်းဖြင့် ပညာ ဗဟုသုတ တိုးပွားနိုင်ကြပါစေ ...



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Thursday 23 June 2016

ဆုတောင်း

အမှောင်ခန်းထဲ 

မမြင်ရတဲ့စည်းတွေကြား

ရှေ့ရာက်ပြီအထင်နဲ့

တလှမ်းမှ မရွေ့တဲ့ငါ.....

အလင်းဆိုတာမသိ

အတောင်ပံလည်းမရှိ

တိတ်ဆိတ်ခြင်းထဲမှာပဲ

အထပ်ထပ်အခါခါ ၀န်ခံနေမိခဲ့တာ.....

ပျံသန်းရမှာလား

အကျင့်ပါနေတဲ့အမှောင်ထဲက

ဖြစ်နိုင်ရင် အခန်းထောင့်လေးမှာ

လက်တစ်ဖက်ကမ်းထားချင်တယ်ကွယ်....

ဒါပေမယ့်

စိတ်ရှိတိုင်း ငါမှမရှိတာ

ငါမဟုတ်တဲ့စိတ်လည်း မရှိချင်

နှလုံးသားအနက်ရောင် တစ်စုံအဖြစ်

အမှောင်ထဲမှာ ကျောချင်းကပ်ထားနိုင်မလား....

ဆုတောင်းဆိုတာ

မာနနဲ့ ဒူးထောက်ထားပေမယ့်

စိုက်ပြီးသားကျိန်စာအတွက် ပျော့ညံ့လွန်းလှတယ်.....။


ပန်းပွင့်လေး (BeeTalk)






ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ယေဘုယျဝိညာဉ်

င့ါကိုတော့ ခွင့်တောင်းသင့်ပါတယ်

ငါ့နှာခေါင်းပေါ်တက်ပြီး

ဘယ်သူလာ အသက်ရှုနေတာလဲ ..

မင်းကသာ

ဟိုဘက်က အပ်နဲ့ မမှုတ်ဘူးဆိုရင်

မင်းလက်ထဲကပြောင်းကို

ဒီဘက်က ငါချောင်းကြည့်ရဲမှာပါ .. ။

ငါက ..

တွေ့နေကျ၊ မြင်နေကျ၊

ရိုးရိုးလူမျိုးပေါ့

ပန်းနဲ့ပဲဖြစ်ဖြစ်၊ ကောက်ရိုးနဲ့ပဲဖြစ်ဖြစ်

အရမ်းလာပစ်ပေါက်ရင်တော့

ကြောက်တတ်တဲ့ ကောင်မျိုးလေ ..။

ဆောင်းတစ်ခုမှာ

ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စက်လို

စာရင်းလည်းမရှိ၊ နံပါတ်လည်းမသိ

ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ် .. ။

ငါက … သာမညလူ .. ။

ငါက … ယေဘုယျလူ ..။

ဆပ်ပြာပူဖောင်းလို

အရေခွံတစ်ထပ် ခွာလိုက်ရင်ပဲ

အထဲမှာ ဘာမှကျန်မှာ မဟုတ်တဲ့လူ … ။

ဘယ်သူကမှ မသိဘူး ဆိုရင်တောင်

ငါ့ကိုယ်ငါတော့ သိတာပေါ့

သိပ်ကို သိတာပေါ့ကွယ် .. ။


တာရာမင်းဝေ


...




ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

တိတ်တခိုးအချစ်


ဒီရင်မှာ အချစ်တွေ လျှံထွက်နေပေမယ့်

သူသိမှာ စိုးရတဲ့ တိတ်တခိုးအဖြစ်

ဒီရင်မှာ အလွမ်းတွေ လောင်မြိုက်နေပေမယ့်

သူသိမှာ စိုးရတဲ့ တိတ်တခိုးအချစ်

ဒီရင်မှာ သောကတွေ ပေပွနေပေမယ့်

သူသိမှာ စိုးရတဲ့ တိတ်တခိုးအဖြစ်

ဒီရင်မှာ ဒဏ်ရာတွေ ထပ်စိုက်နေပေမယ့်

သူသိမှာ စိုးရတဲ့ တိတ်တခိုးအချစ်

တိတ်တခိုး ... တိတ်တခိုး နဲ့သာပဲ

သူ့မသိအောင် ချစ်နေရတဲ့ အဖြစ်

သူသိမှာ စိုးထိတ်

ကိုယ့်ဆန္ဒတွေ မြိုသိပ်နေရတဲ့ အဖြစ်

သူသိမှာ စိုးထိတ်

ကိုယ့်အချစ်တွေ ထိန်းချုပ်နေရတဲ့ အဖြစ်

သူသိမှာ စိုးထိတ်

ကိုယ့်အလွမ်းတွေ ချောင်ထိုးထားရတဲ့ အဖြစ်

သူသိမှာ စိုးထိတ်စိတ်တွေနဲ့

တိတ်တခိုးသာ ချစ်နေရတဲ့ အဖြစ် ....


မုန်း (BeeTalk)







ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

အလွမ်းများ


အချိန်တွေ ကြာနှောင်း

လွမ်းတပူလည်း ဆွေးပါရဲ့

တွေးဝေလို့ ငေးငိုင်

လွမ်းရသမျှ ၀မ်းနည်းမိပါတယ်ကွယ် ...

တစ်ယောက်တည်း .... ဆွေး

တစ်ယောက်တည်း .... မြေ့

ရင်ထဲမှာ ကျွမ်းကြေရတဲ့ အသည်း

ကွဲရှမှုတော့ မရှိပါလေ ...

အလွမ်း ရင်ခွင်မြို့တော်ထဲ

လှမ်းသမျှခြေလှမ်းနဲ့

အကြင်နာ လမ်းဟောင်းလေးမှာ ..

အလွမ်းများ ရွက်လွှင့်တော့မယ် ... ချစ်သူ ...


Credit - တိမ်တိုက်နှလုံးသား






ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Saturday 18 June 2016

နင့်စိတ်နဲ့နှိုင်းနဲ့ငါတို့ကရိုးသားတယ်


"နင့်စိတ်နဲ့ မနှိုင်းနဲ့" ဆိုစကားတစ်ခွန်းအတွက်

စပ်စပ်ထိမခံ နာကျည်းသွားလိုက်တာ

အနာပေါ်တုတ်ကျသလိုများဖြစ်သွားခဲ့လို့လား ...

ငါ့ဘက်ကပေးဆပ်ခဲ့တာ 

အပေါင်းအသင်းအကုန်သိတယ် ...

နင့်ဘက်က ဆိုးမိုက်ခဲ့တာလည်း

အပေါင်းအသင်းအားလုံးသိနေခဲ့တာပဲ ..

ဒီလိုလူလိုဘာလို့များချစ်နိုင်ရတာလဲဆိုစကားကို

ငါ့အပေါင်းသာမက နင့်ဘော်ဒါရင်းတွေတောင်ဆိုခဲ့သေးတာပဲ ..

အခုကျမှ ...

ဘာမှဟုတ်တဲ့ကိစ္စတစ်ခုအတွက်

ငါ့အပေါ်စွပ်စွဲနေလိုက်တာများ

အနှစ်နှစ်အလလကအငြိုးထားခဲ့တဲ့

ရန်သူတော်ကြီးတွေအလား ...

ငါနင့်လိုမဟုတ်ခဲ့ဘူး ..

နင်ဘယ်လောက်ပဲဆိုးဆိုး နင့်အပေါ်သစ္စာမပျက်ချစ်ပေးခဲ့တာ ..

နင့်မှာသာ ...

ငါ့ဘက်က သည်းခံနေတဲ့ကြားက 

မသိအောင်တစ်မျိုး သိအောင်တစ်နည်းနဲ့တွဲနေလိုက်တာ ...

ဒါနဲ့များတောင်

နင်မသိတဲ့ယောင်္ကျားလေးမိတ်ဆွေတစ်ဦးရှိမိတာလေးနဲ့

စွပ်စွဲချက်တွေပြင်းထန်နေလိုက်တာ ...

နင်မကြိုက်လည်းထပ်ပြောမယ့်စကားက ...

"နင့်စိတ်နဲ့မနှိုင်းနဲ့"

ငါတို့က ရိုးသားတယ် ......


မုန်း (BeeTalk)


နှစ်သက်ရာ ကဗျာလေးတွေရှိရင် ပေးပို့ ၊  တောင်းဆိုခဲ့လို့ရတယ်နော် ...

ဆက်သွယ်ရန်-09256480246



အောင်မြင့်မြတ်(Myanmar Youths)

လမ်းမခွဲကြေး

တစ်ရက်ကနေ တစ်ပတ်

အဲ့ဒီကမှ တစ်လ တစ်နှစ် ..

ဘာလိုလိုနဲ့ တို့နှစ်ယောက်ရဲ့ 

ချစ်သက်တမ်း အမှတ်တရနေ့လေး

ရောက်လာတော့မယ် ..

ဒီလိုနဲ့ပဲ အသက်တွေလည်းကြီးလို့

ဦးဦး . ဒေါ်ဒေါ်ကနေ 

ဘိုးဘိုး . ဘွားဘွားအရွယ်တွေအထိ

သေတပန် သက်တဆုံး 

ရိုးမြေကျချစ်သွားကြမယ်နော် ..

နင်စိတ်တိုရင်ငါကချော့လို့

ငါစိတ်ဆိုးရင်လည်း နင်ပြန်ချော့ပေါ့

အကောင်းဆုံးကတော့ 

တို့နှစ်ယောက်နားလည်မှုရှိရှိနဲ့

တစ်ဦးပေါ်တစ်ဦး

ဖြူစင်တဲ့ဆိုးနွဲ့မှုတွေပဲပေးတော့မယ်

ဘယ်တော့မှ ရန်မဖြစ်ကြေး ..

ပြီးတော့ ...

ဘယ်တော့မှ လမ်းမခွဲကြေး ....


မုန်း(BeeTalk)


နှစ်သက်ရာ ကဗျာလေးတွေရှိရင် ပေးပို့ ၊  တောင်းဆိုခဲ့လို့ရတယ်နော် ...

ဆက်သွယ်ရန်-09256480246



အောင်မြင့်မြတ်(Myanmar Youths)

ကက်တလောက်


စိုထိုင်း၊မှောင်ပုပ်ပုပ်

ပင့်ကူအိမ်ရှုပ်ပွ

ရှုံ့တွပုံပျက် အခန်းပုကွကွထဲ

သူမ တွားသွား။

အဆုပ်နာ ရောဂါရှိတယ်

ကျင်ငယ်နံ့တွေကို စုပ်ယူထားတဲ့

အ၀တ်စတစ်ခုရှိတယ်

မီးသွေးမှုန်စနဲ့ ပိုးဟပ်ချေးတွေရှိတယ်

သလိပ်လုံးထွေး ခြောက်ကပ်

ဆံပင်ရှည်ရှည် အချပ်လိုက်ရှိတယ်

မြွေတစ်ကောင်လို

အစွန်းသိပ်မရောက်တဲ့ ကြောက်လန့်မှုနဲ့

အလင်းရောင်ရှိရာကို

သူမ တိုးထွက်လာခဲ့…..။

ကြွက်သေကောင်တစ်ကောင်ရဲ့ အပုပ်နံ့

စူးစူးရွားရွား ချွေးလှောင်နံ့

လင်းနို့တွေရဲ့ အောက်သိုးသိုးအနံ့

ရှည်မျောမျော လေးထောင့်အခန်းဝရဲ့

ဒီဘက်ဘောင်ကနေ

ဟိုဘက်ဘောင်အထိ

လျှောက်သွားနေကြတဲ့ လူတွေကို

သူမ မြင်ရတယ်လို့ဆိုပါတယ် ....


မင်းခိုက်စိုးစန်





အောင်မြင့်မြတ်(Myanmar Youths)

Thursday 16 June 2016

ချစ်သူ

ချစ်သူ
မိုးတွေရွှာနေတယ်နော်
      နင်လမ်းလျှောက်ရတာ
ဆင်ပြေလားပြီးတော့
           လမ်းလျှောက်ရင်းရွှံ့အိုင်နဲ့
တွေ့တဲ့အခါငါ့ကိုခေါ်လိုက်ပါနော်
ဖြူ စင်တဲ့နင့်ရဲခြေထောက်လေးတွေရွှံ့တွေ
ပေမှာဆိုးလို့ငါ့နှလုံးသားကိုတံတားခင်းပေးပါရစေ
                        ချစ်သူ့
                                               စိုးရိမ်လွမ်း
ဒီတစ်ခါတော့ကျွန်တော်ပုံလေးပါထည့်ပေးထားပါတယ်ဗျာ

Wednesday 8 June 2016

*လွမ်း* လွမ်းခြင်စရာ လွမ်းကမ္ဘာမှာ လွမ်းကာနေရ လွမ်းဘဝမို့ လွမ်းရဦးမည် လွမ်းရသူရယ်.... လွမ်းလုလင်(အညာမြေ) *ကျေနပ်နေမယ်* ခဏတွေ့ရ ဒို့ဘဝမှာ သတိရလို့ လွမ်းတိုင်းကြွေတဲ့ ရွှေမျက်ရည်က အချစ်သက်သေ လွမ်းမျက်ရည်မို့ အနမ်းမခြွေ အလွမ်းတွေကို စာနာထောက်ထား နားလည်ခဲ့ရင် ရင်မှာနှစ်သိမ့် ကျေနပ်နေမယ် တစ်ကောင်ဘွား(ဓာတ်တော်)

အချစ်

အချစ်
ဟန်ဆောင်လိမ်ညာမူတွေနဲ့
ပြည့်နေတဲ့အချစ်ကိုကိုးကွယ်
နေမဲ့အစား
တစ်ယောက်ထဲအဖော်မဲ့နေတာ
ကမှပိုကောင်းလေ့ဦးမယ်
နည်းဆုံးတော့ရင်မနာတော့ဘူးပေါ့
                                         စိုးရိမ်လွမ်း

Tuesday 7 June 2016

ပေးစပ်ခြင်းနဲ့ချစ်တာပါ

ငါချစ်တဲ့နင့်အတွက်ပေးစပ်တာပါ
ချစ်သူ့
မြင်လှည့်ပါနင့်အနားမှာအမြဲတန်းရှိနေတဲ့ငါ့ကို
ပြောလှည့်ပါ
နင့်ဘဝမှာရင်ဖွင့်စရာတွေနဲ့ကြုံလာတိုင်း
ခေါ်လှည့်ပါ
ငါ့အကူညီကိုမင်းလိုအပ်တဲ့အခါ
ထားသွားပါ
ငါ့ထက်ပေးစပ်နိုင်သူနဲ့တွေ့တဲ့အခါ့

                    စိုးရိမ်လွမ်း

Monday 6 June 2016

ငါမြတ်နိုးရဆုံးသောချစ်သူ



ချစ်သူ…
ငါ မင်းထက်ပိုကောင်းတဲ့လူကို မတွေ့နိုင်တော့လို့မဟုတ်ဘူး.
ငါ မင်းရှိပြီးနောက်ပိုင်း ပိုကောင်းတဲ့လူကိုမတွေ့ချင်တော့လိုပါ.

ငါတခြားလူကို စိတ်မလှုပ်ရှားတတ်တော့တာမဟုတ်ဘူ.
ငါမင်းရှိနေပြီဖြစ်တဲ့အတွက် ငါတခြားလူတွေကိုစိတ်လှုပ်ရှားဖို့မလိုအပ်တော့လို့ပါ.

ငါတခြားလူကို မချစ်မိတတ်တော့တာမဟုတ်ဘူး.
ငါ မင်းကို အရာရာထက်ပိုပြီးတန်ဖိုးထားလို့ပါ.

အချင်းချင်း အတူလက်တွဲနိုင်ဖို့ဆိုတာ လွယ်တဲ့အရာမဟုတ်ပါဘူး
မင်း ငါ့အတွက် အကောင်းဆုံးမဟုတ်
ဒီထက် အသင့်တော်ဆုံးလူမဟုတ်ရင်တောင်
မင်းဟာ ငါအမြတ်နိုးရဆုံးသော
တန်ဖိုးထားရဆုံးသောချစ်သူ တစ်ယောက်ပါ.

ချစ်သူရှိသူများအိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေ.

ချစ်သူမရှိသေးသောသူများလည်း အလိုက်ဖက်ဆုံး ချစ်သူနဲ့ အမြန်ဆုံးတွေရပါစေ.
Credit: Zane



အောင်မြင့်မြတ်(Myanmar Youths)

Thursday 2 June 2016

*အသဲ မရှိတော့ဘူး*

လာပါလို့လဲ ငါမခေါ်ခဲ့ဘူး ပြန်ပါလို့လဲ မနှင်ခဲ့ဘူး ရင်ခွင်မှာနားခို အချိန်တန်တော့လဲ ငါ့ကိုခွဲခွါ ဝေးရာကိုရှောင်ပြေး ငါမတားခဲ့ဘူးနော် ဒါပေမဲ့ပေါ့ဟာ နင်ကစားခဲ့တဲ့ နှလုံးသားက တစ်စစီကို ကြေမွ ဒဏ်ရာဗလပွနဲ့ ရင်မှာ အမာရွတ်တွေနဲ့မို့ အချစ်ဆိုတာကိုလဲ ကြောက်ရွံ့ စိုးထိပ် တိတ်တိတ်လေးပဲ ပြောလိုက်မယ်ဟာ နှလုံးသားကို နောက်ဆုတ် ကျောက်ရုပ်လို နေခဲ့ပြီ ဒါကြောင့်မို့လေ ငါအသဲ ခွဲဖို့သက်သက် နင်ပြန်လာတယ်ဆိုရင် လာလမ်းအတိုင်း ငါ့ကို ကျောခိုင်းသွားပါတော့, ငါမှာ အသဲမရှိတော့လို့ပါ..,. တစ်ကောင်ဘွား(ဓာတ်တော်)

MCကာရံလေး

အဆင်ပြေကြပါစေ အောင်မြင့်မြတ်(မင်းသိကြား)