Sunday 20 March 2016

အထီးကျန်အတွေး


ဘယ်သူမှငါ့အနားမရှိတော့တဲ့အချိန်

မင်းတစ်ယောက်တော့ရှိနေပေးမယ်ထင်ခဲ့မိပေမယ့်

မင်းကအရင်ဆုံးငါ့အနားကထွက်ခွာ

အားလုံးကလည်းအဝေးဆုံးရောက်သွားတဲ့အခိုက်

အဆင်ပြေမှာပါလို့ မာန်တင်းထားသမျှ

အားလုံးကရေစုန်မျောလို့

အတွေးတွေနဲ့တင်ချာချာလည်နေလိုက်ပုံများ

ငါ့ရင်တစ်ခုလုံး ဗြောင်းဆန်

ခေါင်းတွေလည်းချာချာလည်နေပြီ

မသိခြင်းတွေများတဲ့အခိုက်

သိရှိခြင်းဆိုတာတွေလည်းမရှိတော့တဲ့အခါ

အရာအားလုံးဟာ ဗလာနတ္ထိ

ငါ့အတွက်ဆိုဘာမှမရှိတော့ဘဲ

ငါ့တစ်ယောက်တည်းသာ 

အထီးကျန်နေလို့

တစ်ယောက်တည်းတစ်ကမ္ဘာရှင်သန်နေရတော့မလို ...


မုန်း (BeeTalk)







အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ