Sunday 31 January 2016

တမ်းတနေဆဲပါမောင်

တခါက့အ ပြုံးတွေလွှမ်း
မောင့်  နှုတ် ခမ်း ကို
တမ်း တ နေ ဆဲ ပါ့မောင်

အ ကြင် နာ တွေ သွန်း
မောင့် မျ က်ဝန်းကို
တမ်း တ နေ ဆဲ ပါ့မောင်

အ ချစ် တွေ ပေး
မောင့် နှ လုးံ သား လေး ကို
တမ်း တ နေ ဆဲ ပါ့မောင်

အ တွယ် အ တာ တွေ စု
မောင့် မြတ် နိုး မူ့ ကို
တမ်း တ နေ ဆဲ ပါ့မောင်

ဒါ ပေ မဲ့ ကွယ့့်
ဝေး နေစဉ့့်မေ့  သ ခင်
ဘယ် ရင် ခွင် ခို နေ လိမ့် 
အ တွေး နဲ့ တင် ရင် ထိတ်
ချ စ်ခဲ့တဲ့
အ တိတ်ကို မေ့ သွား
အ ပြစ် ရှာ ထား ခဲ့ တာ လာ့း့

အ ည တြ့ဆရာမ့မေ လ ရိပ် ထား

သတိရပေးပါချစ်သူ

ချ စ် သူ ရယ့့်
နူတ် ဆက် ခြင်း မ ပြု့ထွက် ခွာ သွား ပြန် ပြီ ပေါ့
ထာ ဝ ရ လာ့း့တစ် ဘဝ လား
ခဏ တာ လာ့း့တစ် သက် စာ လား
ချ စ် သူ ရယ့့်

ထာ ဝ ရ ခွဲ ခွာ ခြင်းမဟုတ့့်
တစ် ခ ဏ ဝေး ကွာ ခြင်း ကို တောင်
ရင် မှာ ပူ ဆွေ့း့သော က များ နှင့် 
လွမ်း စိတ့့်တမ်းတ စိတ်
ကျွ မ်း စိတ့့်မ ဖြေ နိင် ခဲ့ ပါ
ချ စ် သူ ရယ့့်

တကယ် လို့  မျာ့း့ချ စ် သူ
မင်း က့
တစ် သက် တာ နှုတ် ဆက့့်ခွဲခွာ လက် ပြ သွားခဲ့ရင်
ဟန် ဆောင် မချိ ပြုံး နဲ့ပြုံး သူ မှာ မျက် ရည် စ
သော က တစ် ခု ရင် မှာ ပိုက် ရင့်း့
ကျ န် ရစ် ခဲ့ မှာ ပါ့ချ စ် သူ ရယ်

ဒါ ပေ မယ့် ကွယ့့်
ရက် တွေ ကုန် လွန့့်လ တွေ ပြောင်း တော့
တိတ် တိတ် လေး တမ်း တ့လွမ်း ရ လွန်း လို့ 
နွမ်း ကြေ တဲ့ နှ လုံး သား တစ် စုံ့
မျ က် ရည် မြစ် က့သော က တွေ ဖုန်း လွှမ့်း့
ရင် တစ် ခု လုးံ နွမ်း ရ ရင် တောင့့်
မင်း ကို တစ် သက် စာ့မ မေ့  ရက် ပါ ဘူး
ချ စ် သူ ရယ့့်

နှ လုံး သား ကြေ အက့့်
အလွမ်း တွေ နဲ့ ကျ န် ရစ် တဲ့အ ည တြ
အ လွမ်း သ မား တ ယောက် ကို လေ့
တိုက် ဆိုင် မူ့  ရှိ လာ ရင့့်
တစ် ချက် လောက် တော့
သတိ တ ရ ရှိ ပေး ပါ့
သ တိ တ ရ ရှိ ပေး ပါ နော့့်

့အလွမ်း များ စွာ နဲ့အညတြ့ဆရာမ့

မေ လ ရိပ် ထာ့း့ အညာမြေ

Saturday 30 January 2016

မင်းမရှိတဲ့ ဘဝ

ပန်းရွှေကြာဟာ
စမ်းရေပြာနဲ့ ဝေးရင်
မြေပြင်မှာ နွမ်းကြွေစမြဲပါ
မင်းမရှိတဲ့ ကိုယ့်ဘဝ
လွမ်းဝေဒနာနဲ့
တမ်းတခဲ့သူပါ
ချစ်သူရယ်..,
                       *  လောကထဲက အရူးများ*
ခေတ်ခါအလိုက် မိုက်တာကြိုက်၍
လူမိုက်တဲ့လေ  ဂုဏ်ယူနေရဲ့
လူတို့ခေါ်ကြောင်း ခေတ်နောက်ပြောင်းမို့
လူကောင်းဆိုလျှင် လူ အ ထင်ကြ
ကဲ့ရဲ့ကြသည် မေးငေါ့သည်နှင့်
ငါ တစ်လူခင်း အချင်းချင်းပင်
စော်ကားခြင်ကြ သားချင်းဆွေမျိုး
ဂုဏ်ပြိုင်းထိုးလျှက် မျိုးရိုးမထိန်း
ခါးသီးစိမ်းကြ သူစိမ်းသဖွယ်
မောဟနယ်မှာ နွံ့ဝယ်နစ်မြုတ်
နေကြသည်ကွယ်  သြော်   လောကသားတွေ
လောကသားတို့ ရူးပြီထင်ရဲ့......
                       တစ်ကောက်ဘွား (ဓာတ်တော်)
        ဝေဖန်အကြံပြု မေးမြန်းဆက်သွယ်လိုပါလျှင် ၀၉၄၄၂၀၉၅၄၆၅သို့ဆက်သွယ်နိုင်ပါသည်

Thursday 28 January 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၆၆

ကျွန်မကခရေပါမောင်
***********************

ပင်မြင့်မှာနေပေမယ့်
ဘဝင်မြင့်တယ်မထင်ပါနဲ့ မောင်
လိုချင်သူပင်အောက်မှာတင်ကောက်ဖို့ 
ကိုယ်ကိုတိုင်မြေခပေးပါ့မယ်မောင်***-

ခြွေယူသူမထိခိုက်အောင်
နှင်းဆီလို ဆူးတွေနဲ့ 
ထူးခတ်မထားပါဘူးမောင်*******

မောင်လိုချင်  မောင်ရင်ခွင်
တစ်သက်မွှေးရအောင်
ရနံတွေကို ထိန်းထားပါတယ်မောင်****

မောင်
ခရေဆိုတာ ဖြူဖွေးနေမှမွှေးတက်တယ့်
စံပယ်လိုမဖြူ   စင်တာမဟုတ်ပါဘူး****

ဖြူးဖွေးနေချိန်  မွှေးနေသလို
မြေပြင်ပေါ်သက်ဆင်း
ကြွေကာကျပြီး  လူသူတစ်ကာနင်းခံရပြီး
မောင်ကောက်နမ်းမယ်ဆိုလဲ
မောင့်အတွက်  ရနံကရှိဆဲပါပဲ*****

မောင်
တကယ်ဆို  ခရေးဆိုတာ
နှင်းဆီလို  ဆူးတွေးနဲ့ 
ထူးခတ်မထားသလို
စပယ်လိုလဲဖြူနေမှ
ရနံသင်းတာမဟုတ်ပါဘူး
မောင်သိအောင်ပြောပြချင်တာက
ဝေလဲမွှေး  ကြွေးလဲမွှေးတယ့်
ကျွန်မက ခရေပါမောင်********


                 သွေးငယ်(ဖြိုးဇင်ကို)
            ပုသိမ်သား(မြန်မာလူငယ်)
============================
ပျော်တော်ဆက်
******************
မောင်   ***မောင်မသေရဖူး
မောင်ရှိနေရင်  ချစ်ပျော်တယ်တယ့်
သူလေးဆီကကြားရတယ့်စကား
ဘယ်သောသူသေမှာလဲ
မင်းလေးပျော်ဖို့ ပဲလဲ****

မကြာမီ

မောင် ***ဘာဖြစ်နေတာလဲကွာ
သူ့ ကိုသူငယ်ချင်းလိုခင်တာပါကွာ
အော် သူငယ်ချင်းတယ့်လား
အင်းယားကန်ဘောင်
လက်ချင်းချိတ် လမ်းလျောက်ပြီး
ခုံတန်းလေးပေါ်အနမ်းတွေဝေနေတာ
ရှိစေတော့လေ  သူပျော်နေတာပဲ****

နောက်တစ်လအကြာ

ရှင့်   ****ကို ကျွန်မမုန်းတယ်  လောကကြီးမှ နင်မရှိမှ  ငါစိတ်ချမ်းသာမယ်
အော်  ပြောရက်လိုက်တာချစ်သူရာ  မြင်မြင်သမျှ
မသိကျိုးကျွန်ပြုပြီး နေပေးနေတာ
ငါငတုံး ငအ   ဖြစ်နေလို့ မဟုတ်ဘူး
အယ့်အချိန် ငါ့နေရာမင်းဝင်ကြည့်သင့်တယ်
ရပါတယ်ချစ်သူ   ငါမရှိမှပျော်မယ်ဆို
ငါသေပေးပါ့မယ်****

          လောကကြီးမှာ    လှည်းစားနေတာကို
          သိသိကြီးနဲ့   နားလည်ပေးနေတာကို
           ငတုံးထင်ပြီး   အခွင့်ရေးမယူပါနဲ့ 
            တကယ်ဆို သူတို့ ဘဝတွေက
            အချစ်စစ်ကိုရင်မှာပိုက်ပြီး
            ချစ်နေရရှာတယ့်   ပျော်တော်ဆက်တွေပါ****


      သွေးငယ်(ဖြိုးဇင်ကို)
     ပုသိမ်သား(မြန်မာလူငယ်)
============================
  *မေမေ*
 သားသမီးတွေအပေါ် အမြဲ
နွေးထွေးမူတွေပေးခဲ့တယ်
မေမေရဲ့ဂရုစိုက်မူတွေ နဲ့
ကြီးပြင်းခဲ့ရတယ်  အရာ
ရာကို ကိုတိုင်ဝင်ရောက်ဆုံး
ဖြက် လမ်းပြပေးခဲ့တယ် မေ
မေဟာအပြုံးနဲ့ ကျန်တော်
ကိုဆုံးမပေးခဲ့တယ် မေမေ
ဟာ ကျန်တော့ဘဝအတွက်
ရှေ့ဆက်မယ့်လမ်းတွေကို
နောက်ကနေ  မေတ္တာခွန်
အားတွေ ပေးတဲ့ ကျန်တော့
ဘဝအတွက် မရှိမဖြစ်ပါ
မေမေ  ကိုကျန်တော် အသက်ရှင်နေသရွေ့ လုပကျွေးပြုစုသွားမယ်
မေမေအသက်ရာကျော်
ရှည်ပါစေ ဒီစာလေးနဲ့
ကျန်တော် မေမေ့ကို
ကန်တော့လိုက်ပါတယ်
အမေများနေ့မှာ ကမ္ဘာပေါ်
မှာရှိရှိသမျှအမေတိုင်းသား
သမီးတွေရဲ့ ဂရုစိုက်ဖြည့်
ဆည်းမူ့တွေနဲ့အတူပြုံးပျော်
ရွှင်နိုင်ကြပါစေ'''
 *ကိုယ့်သခင်*
============================
* ငအရဲ့ကဗျာ *

သွားကြမယ်လာအဝေးဆုံးကို
ကာရံမတူတဲ့ကဗျာတပုဒ်
လှပစွာရေးဖွဲ့နိုင်ဖို့အတွက်
မြက်ခင်းစိမ်းလေးပေါ်မှာ
နှစ်ချို့ဝိုင်တခွက်စပ်ထားတယ်
အသွေးကိုဖောက်လို့
ခြင်္သေ့တကောင်ရဲ့အနှစ်ကို
ရူးသွပ်စွာသောက်သုံးမယ်
ကတ္တရာလမ်းပေါ်က
သဲဖြူ ဖြူ လေးတွေကိုအခင်းလုပ်
မာကြူ ရီမီးအလှလေးက
အေးချမ်းတဲ့ညတွေမှာနွေးဓာတ်ပေါ့
လာခဲ့ပါသူငယ်ချင်း
ကောင်းကင်ကကြယ်လေးတွေကို
တို့အတူတူစာတွေဖွဲ့ကြမယ်
ကော်ဖီတခွက်ရဲ့အရသာ
အတူတူခံစားရင်း
တို့အတူတူအနွေးဓာတ်ခြုံမယ်
အေးသဲ့သဲ့ညလေပြေရဲ့အောက်မှာ
အတွေးတွေကိုယ်စီနဲ့
ညနတ်သမီးအလှငြင်းခုန်ကြမယ်
ဘယ်သူကပိုလှတယ်
ဝင်းဝင်းထိန်နေတဲ့လမင်းကြီးလား
မာကျု ရီမီးရောင်အောက်က
မြို့ငယ်ကလေးလား
ပျော်ရွှင်စွာကြည်နူးနေကြတဲ့
ချစ်သူစုံတွဲတွေလား
အလင်းရောင်ကိုမင်တစက်နဲ့
ထောက်လိုက်မယ်ဆေးစက်တွေ
ပြန့်ကျဲနေတာပဲ
ရေတွင်းလေးအထဲမှာပေါ့
အိမ်ကလေးတလုံးဆောက်ထား
ဆန်ဖွတ်တဲ့အဖိုးကြီးလဲ
အိပ်မောကျနေလိုက်တာလေ
ယုန်ကလေးဆန်တွေခိုးစားနေပြီ
ကမ္ဘာမြေကြီးအိပ်မောကျနေတုန်း
သေနတ်သံတွေ
ကြားနေရတယ်အောက်မှာ
ယမ်းငွေ့တွေနဲ့ဆောင်းရိပ်ကြေကွဲ
ကဗျာလေးတပုဒ်
ရုတ်တရက်ထပေါက်ကွဲတယ်
မင်းသားမပါမင်းသမီးမပါ
ဒုက္ခတွေပေါင်းစုံတဲ့ကျုပ်တို့ကမ္ဘာ
 Phyur…/\/*L့
============================
အနှိုင်းမဲ့မေမေ

ပင်လယ်ပြင်
လှိုင်းတွေကိုဖြတ်
သမုဒ္ဒရာထက်
ကျယ်ပျန့်သော
အမေ့မေတ္တာ
စင်္ကြဝဠာ
တံတိုင်းတွေထပ်
အနန္တရဟတ်
မပြတ်လည်နေတဲ့
အမေ့မေတ္တာ
နှိုင်းယှဉ်မြင့်မိုရ်
ဆင့်လိုရာဆင့်
မြင့်လို့လာလည်း
အမေ့ရဲ့မေတ္တာနဲ့ယှဉ်ထားရင်
နွားဦးဂျိုအလား
သေးငယ်သွား၏
အမိ ၏အသက်
အဖ ၏ရတက်က
သား၏မျက်နှာ
ရွင်ကြည်ပါမှ
ရေကြည်တပေါက်ကျ
အေးချမ်းရ၏
နို့ချိုတိုက်ကြွေး
ပုခက်လေးထဲက
သား၏ရုပ်အသွင်
မြင်နေလည်းမဝ
ညညကိုဆိုတေးဖွဲ့လို့
အို ကလေးရဲ့
အိပ်ပါဆိုခိုဖမ်းလို့ပေး
နွေးထွေးတဲ့အမေ့ရဲ့အသံတရွေ့ရွေ့ပြန်
နာရီသံတချက်ချက်နဲ့
ရာသီရဲ့ဒဏ်
ကြံ့ကြံ့ခံလို့
သားလေးရဲ့ဘဝ
လူပီသအောင်
တူညီမျှတဲ့မေတ္တာနဲ့
ပန်းချီကားတချပ်လို
ဆေးစက်တင်ပေး
မမြင်သေးတဲ့
အနာဂါတ်တဝက်မှာ
သားလေးအသက်ဟာမိဘအတွက်
အားဆေးတခွက်ပေါ့
စာဖွဲ့လို့မမှီ
ရေးသီလို့မကုန်
ဂုဏ်အင်ကြီးမား
မိဘများသည်
အဓိကထား
ဘုရားသခင်နှင့်
တစ်ဂိုဏ်းထဲထပ်
အနှိုင်းမဲ့မြတ်၏
သားသမီးတိုင်း
သိတက်စေ့။


       သူရဇ္ဇ
===========================
ကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်အစီအစဉ်မှာ ကိုယ်တိုင်ပါဝင်ချင်တယ်ဆိုရင်တော့ viberဖုန်းနံပါတ်-09256480246သို့ ရေးသားပေးပို့နိုင်ပါတယ်ဗျာ။
အောင်မြင့်မြတ်(Myanmar Youths)

Tuesday 26 January 2016

ပျို့မှာတမ်း

မာင်ရယ်
ခင်တွယ်မှု ညှိုးနွမ်းလို့သာ
ဝေး တစ်နေရာ။

& ရှောင်သွေခွါ
ပစ်ကာ သူရယ် ပြေး။

& မကုန်သေး ချစ်သံယောဇဉ်
တစ်နွယ်ငင် ပျို လေးမှာတော့
လွမ်းလျက်ပေါ့ ဆွေး။ ။

Sai Mg Mg Oo

အတွေးကွန်ယက် ဖြန့်ကျက်မိပါသည်

လိမ်မပြောကြေး

သူအဆင်ပြေရင်ငါပျော်တယ်လို့ပြောနေ
တဲ့သူတွေရဲ့ရင်ထဲမှာတကယ်ရောပျော်
ကြရဲ့လား............
သူ့အတွက်ဖြည့်ဆည်းပေးရရင်ငါကျေနပ်
ပါတယ်လို့ပြောတဲ့သူတွေရဲ့ရင်ထဲမှာ
တကယ်ရောကျေနပ်မူရှိကြရဲ့လား.........
သူပျော်ရွင်ဖို့အတွက်ငါနာကျင်နေရလည်း
ငါနာကျင်ပါရစေလို့ပြောတဲ့သူတွေတကယ်ရောခံနိုင်ရည်ရှိကြရဲ့လား..
သူတခြားသူတစ်ယောက်ရဲ့ရင်ခွင်မှာ
ပျော်ရွင်နေရင်ငါပျော်တယ်လို့ပြောတဲ့
သူတွေရောတစ်နေ့မှာဆယ်မီနစ်ပြည့်
အောင်ပျော်ဖူးကြရဲ့လား......
အချစ်ကိုစွန့်လွှတ်အနစ်နာခံခြင်းကိုလက်ကိုင်ထားတဲ့သူတွေတကယ်ရောစွန့်လွှတ်
ချင်ကြလို့လား.......
ငါဟာလူသားမို့ငါ့ချစ်ရတဲ့သူတခြားသူရဲ
ရင်ခွင်မှာမြင်ရရင်ပျော်ရွှင်ခြင်းဆိုတာဘာ
မှန်းကိုမသိတော့တာ...ငါအဆင်ပြေပါ
တယ်လို့ပြောနေတဲ့အချိန်ငါ့မျက်ဝန်းက
ကျလာတဲ့မျက်ရည်ကိုလူတွေမမြင်အောင်
ငုံ့ခဲ့ရတယ်......ငါကငါချစ်ရတဲ့နင်ကိုစွန့်လွှတ်ဖို့ကငါ့အသက်ရှိနေသေးရင်စဉ်းစား
ဖြစ်မှာမဟုတ်ဘူး....နင်ပျော်ရွင်ရင်ငါနာကျင်ခံနိုင်ပါတယ်....ဒါပေမယ့်ငါနာ
ကျင်တဲ့ဝေဒနာကိုနင့်ကိုတစ်မီနစ်လေးတောင်မခံစားစေချင်ဘူး....ဘာဖြစ်လို့လဲ
သိလားတစ်မီနစ်မပြည့်ခင်နင့်ရဲ့နှလုံး
သားလေးလောင်ကျွမ်းသွားမှာစိုးတယ်သူ့နေရာမှာမနေဖူးရင်သူ့ခံစားချက်ကိုဘယ်လိုမှကိုယ်ချင်းစာတတ်မှာမဟုတ်ဘူး........
ပျော်အောင်နေလို့ပြောတဲ့အခါသူ့နေရာမှာဆယ်မီနစ်လေးပဲပျော်အောင်နေ
ကြည့်ပါသင်ပျော်နိုင်တယ်ဆိုရင်.....သင့်နှ
လုံးသားကသူ့ကိုတကယ်လေးလေးနက်နက်ချစ်ခဲ့တာမဟုတ်ဘူး......

 — feeling broken.

ပန်းနဲ့လိပ်ပြာ

ပန်းနှင့်လိပ်ပြာ ပုံပမာ
မိန်းမနှင့်ယောကျာ်း
မိန်းမရှိရာ ယောကျာ်းလာ
အညှီရှိတော့ယင်အုံတာ
မဆန်းပေမဲ့ သတိထားစရာ
မိန်းမတိုင်းက အညှီမဖြစ်ဖို့ရာပါ
အညှီအဟောက်ဆိုတာ မကောင်းပါ
ပမာပုံခိုင်း ပန်းလေးရနံ့သာဖြစ်စေချင်တာ
ပန်းရနံ့ရှုရှိက် ပိတုန်းမိုက်တော့
မဝဲစေလို ဝတ်မှုန်ကူးမဲ့ ပိတုန်းရယ်
ပန်းသန့်လေးတော့ နားပါကွယ်
TD moe

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၆၅

ချစ်သူ
    နင်ထားရာနေနင်စေရာသွား
နင်ဘာပြောပြောနင်ဘာလုပ်လုပ်
ဟန်မထုပ်ဘဲခေါင်းငုံ့ပြီးနင့်ရဲဆိုးမိုက်မူကို
အနွန်နာခံပြီးချစ်ခဲ့တဲ့ငါ့ကိုနင်ဘာဖြစ်လို့
ဥပက္ခာပြူ့သွားခဲ့ရဲတာလဲဟာဒါပေမဲ့နင်ငါ့ထားသွားလို့ငါနင့်ကိုဖြစ်မမြင်ပါဘူးချစ်သူဘာလို့လဲဆိုတော့ငါမဟုတ်တဲ့နင့်ရဲနောက်တယောက်ကငါ့ထက်ပိုပြီးနင့်ကိုပျော်ရွှင်မူတွေပေးနိုင်မယ်ထင်လို့ပါချစ်သူ
အယ့်ကြောင့်ဘယ်သူကိုမှမဖြစ်မမြင်ပါဘူး
စောက်သုံးမကျတဲ့ငါ့ကိုငါဘဲအပြစ်တင်မိပါတယ်ဟာ,,
                        စိုးရိမ်လွမ်း
*******************************************
အာဒံနဲ့ ဧဝလို ချစ်ပါရစေ
**************************
ကမ္ဘာဦးအစ
အာဒံနဲ့ ဧဝမှာ
အလွမ်းဆိုတာမရှိခဲ့  သလို
အမုန်းဆိုတာလဲမရှီခဲ့ ဖူး
အချစ်ဆိုတာပဲရှိခဲ့ တယ်
ဒါပေမယ့် ကမ္ဘာကြီးရဲ့
တစ်နေရာအရောက်မှာ
ကိန္ဒရီ မောင်နှံချောင်းခြားလို့ 
လွမ်းတယ်ဆိုတာဖြစ်လာခဲ့ တယ်
အချစ်ကြီးစွာပေးခဲ့ ပေမယ့်
အချစ်ပွဲမှာဒဿ            ကရူံးပြီး
အသဲကွဲရပြန်ရော
ချစ်သူ  ကိုလေ
ကိန္ဒရီမောင်နှံလိုလဲမလွမ်းချင်သလို
ဒဿ            လိုလဲအသဲမကွဲချင်ဘူး
အာဒံနဲ့ ဧဝလိုပဲ
သက်ဆုံးတိုင်ချစ်ပါရစေလားကွာ………


          သွေးငယ်(ဖြိုးဇင်ကို)
    ပုသိမ်သား(မြန်မာလူငယ်)
*******************************************
ဆောင်းလယ်မိုး

တိမိလွှာကိုဖြတ်
တစက်စက်နဲ့
ဆောင်းလယ်မှာ
ရွာတဲ့မိုး
အကျိုးကြောင်းမသိ
ရာသီနဲ့ငြိလို့
ရွာမယ်ဆိုကြိုပြော
ဘယ်လိုသဘောလဲ
သိထားချင်လို့ပါ
ငွေဇာခြည်ဖျန့်ကျဲ
မနွေးပဲအေးစေ
ဆောင်းလေပြေနဲ့
နေ ရင်ကိုခွဲ
ကောင်းကင်ထဲမှာ
တိမ်မဲတွေ
အုံ့ဆိုင်းလို့
ခြုံသိုင်းနေတဲ့
ငွေနှင်းမြူတွေ
ခြေရင်းမှာပုံနေ
စောင်ခြုံထားလည်း
မနွေးထွေး
မီးမွှေးလို့လှုံ
တုန်ယင်မှု့ကမကင်း
ထင်းချိုးလို့ထည့်
ဖွဲ့နွဲ့နေတဲ့
မေးရိုက်သံကမရပ်
မနက်ထိထိုင်
ငိုင်နေတဲ့အိမ်ပျက်
ခန္ဓာကိုယ်ကမထ
အားပြုလို့မှီ
တုန်ရီတဲ့ခြေလက်တွေက
နေထွက်တာတောင်
အရှိန်မသေ
သြော့့်။
တိမ်တွေထဲမှာ
ဆောင်းလယ်မိုး
အငွေ့သက်တွေ
ရှိနေတုန်းပါလား


        သူရဇ္ဇ
*******************************************
 နှင်းပုံပြင်

ကြွေစဉ်ကအမှုန်
မြေပြင်မှာဆုံ
တုန်ယင်အောင်
အစွမ်းပြ
အေးမြတဲ့ငွေနှင်း
နေမင်းနဲ့ထိ
ငွေရည်အတိပြီး
နှင်းမှုန်ဆိုတာ
မွေးဖွားကတည်းက
အေးမြခြင်းပါ
ဆောင်း၏အစ
ရာသီလေးလမှာ
နေ့ညမပြတ်ကြွေ
နေနဲ့ထိလို့ပျောက်
အရွက်ပျောက်ပေါ်
ကျတော့
ရေပေါက်ဘဝနဲ့ကျန်
အဖန်ဖန်အခါခါ
ကြွေဆင်းလို့
ရာသီမလပ်
နာရီလက်တံတွေ
ဘယ်လောက်ပြောင်း
တယောက်ကောင်းထက်
လောကကိုအေးမြစေ
သြော့့်
နှင်း၏စိတ်ထား
ပိတ်သားလို
ဖြူစင်ပါတကား ။


       သူရဇ္ဇ
*******************************************
ကြွေသမျှထက်
   ပွင့်ပါရစေ

သခင်ဆင်းမြန်းလိုက
သဇင်ပန်းလို့
ဂုဏ်မာန်မဝင့်
အဆင်သင့်ကြွေ
သခင့်ခြေရင်း
ခ ဝပ်ဆင်းမယ်
သခင်ခူးချင်ပါက
နှင်းဆီလို
ဆူးတွေနဲ့မကာရန်
တခါတရံသာ
သခင်ဆန္ဒထပ်ရင်
တဖက်ချင်း
ခြွေချပေးမယ်
နှင်းဆီတပွင့်ရဲ့
ပင့်သက်တွေ
သခင့်လက်ပေါ်မှာ
ကြွေစေပေါ့
သခင်မွှေးကြူလိုက
ဆေးမကူနဂိုဖွေး
စံပယ်ဖြူလေးအဖြစ်
သခင့်ရင်ကို
အေးမြစေလို့
ဘေးကနေ
ပြုံးပြုံးလေးကြည့်လို့
လေထိလို့သစ်ရွက်လှုပ်
အမြစ်ပြတ်ခုတ်လို့
အပင်သေလည်း
သခင့်မြေမှာ
ကြွေသမျှထက်
ပွင့်ပါရစေ့။


        သူရဇ္ဇ
*******************************************
ဒီနေ့တော့ဒီလောက်ပါပဲဗျာ။ ခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်အစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင်တော့ viber ဖုန်းနံပါတ်09256480246သို့ ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။

အောင်မြင့်မြတ်(Myanmar Youths)

Sunday 24 January 2016

ကန်တော့လိုက်ပါတယ် မေမေ

ကိုးလလွယ် ဆယ်လဖွား
အသက်ကို စတေးပြီး
မွေးဖွားခဲ့တဲ့ အမေ....
အူဝဲအစ ငိုစဉ်ကတည်းက
ချဉ်ငံ စပ်ခါး ရှောင်ရှားကာ
သားအတွက် အသက်ကို စတေး
မွေးဖွားပေးတာလဲ  အမေ...
ဝေးတစ်မြေဆီ ရောက်နေလဲ
မိဘဂုဏ်ကို မှန်းဆတမ်းတ
သားလူလှ ကန်တော့ပါတယ် အမေရယ်.?
                          တစ်ကောင်ဘွား(ဓာတ်တော်)

ကျွန်တော့်အမေပေါ့

ကျွန်တော့်အမေပေါ့

ငါ့သားကို ငါပဲဆူငေါက်မယ်
တစ်ခြားဆူငေါက်သူ ငါ့ရန်သူ သတ်မှတ်တတ်တာ။

ကျွန်တော့်အမေပေါ့

ငါ့သားစားဖို့ခွဲထားတဲ့ဟင်း ပုဂံ ဘာလို့နှိုက်စားသလဲဆို ညီမ အရင်းတောင်ပါးရိုက်တာ။

ကျွန်တော့်အမေပေါ့

ကျွန်တော်တီဗွီနဲ့ EVDဝယ်ချင်တယ်ဆိုလို့ နားကပ်ချွတ်ရောင်းဝယ်ပေးတာ။

ကျွန်တော့်အမေပေါ့

သားအတွက်နဲ့ မိဘအရင်းကိုတောင် လေးငါးလ စကားမပြောဘဲနေတာ။

ကျွန်တော့်အမေပေါ့

သားသမီးတွေ ကို ဟင်းကောင်းဟင်းလျာနဲ့ဝိုင်းဖွဲ့စားနေတာကို ဘေးကနေယပ်ခပ်ပေးပြီးသူကတော့ သားသမီးမသိအောင် ဟင်းကျန်လေးတွေနဲ့မီးဖိုထဲစားတာ။

ကျွန်တော့်အမေပေါ့

သားထင်းခွဲနေတာကို ငါ့သားထိခိုက်မိမယ် အမေခွဲမယ်ဆို အတင်းလုယူ သူပဲထင်းခွဲတာ။

ကျွန်တော့်အမေပေါ့

သားမျက်နှာမကောင်းတိုင်း ငါ့သားဘာဖြစ်နေတာလဲ၊ ငါ့သားဘာလိုချင်လို့လဲ၊ အမေဘာပြောမိလို့လဲဆို အတင်းပွေ့ဖက်မေးမြန်းတတ်သူ။

ကျွန်တော့်အမေပေါ့

ကျွန်တော်နဲ့တခြားသူရန်ဖြစ်တိုင်း ဓားဆွဲထုတ်ပြီးသားရှေ့ကနေမားမားမက်မက်ရပ်တည်ပေးခဲ့သူ။

ကျွန်တော့်အမေပေါ့....
ကျွန်တော့်အမေပေါ့...


အမေများနေ့မှာ ပင်လယ်ဘူးမြို့မှာ ခေတ္တရောက်ရှိနေတဲ့ ကျွန်တော်အောင်မြင့်မြတ်ရဲ့ မိခင်ကြီးကို လေးစားစွာကန်တော့လိုက်ရပါကြောင်း...


အမေများနေ့

အမေများနေ့

သွေးသားအရာ
ကဆီအနှစ်နဲ့
လူဖြစ်အောင်မွေး
ကြီးပြင်းအောင်ကြွေး
နွေးထွေးတဲ့မေတ္တာ
အမေ့ရင်မှာနေ
သားလေးရေ
အိပ်ပါဆို
တေးကိုဆို
အေးအေး အိုနဲ့
သေးလေးစို
အမေ့ရင်ထက်မှာ
မြင်ရက်စရာမရှိ
အမေ့အသိမှာတော့
သေး ဆိုတာ
ပျော်စေတဲ့
ဆေးတခွက်ပါ
အနီရောင်ရင့်ရင့်
သွေးအစစ်ကို
နို့ချိုအဖြစ်
သောက်စို့စေလို့
ယုယစွာထွေးပွေ့လို့
နွေးထွေးစေခဲ့တယ်
ပညာအရပ်ရပ်
တက်မြောက်အောင်သင်စေ
ပတ်ဝန်းကျင်နဲ့ခိုင်းနှိုင်းရိုင်းစိုင်းတဲ့စိတ်ကို
ယဉ်စေသင်နေတဲ့
ပညာရပ်ကို
ကြင်ရာအတွက်သာ
အသုံးချစေလို့
အဆုံးဘဝအခြေ
အဖေ အမေသာ
နှစ်ယောက်ထဲကျန်လည်း
မဖော်လွှဲပြန်
မေတ္တာအမှန်နဲ
သားသမီးပြန်အလာ
အခါခါမျှော်လင့်
အမေ့ရဲ့အချစ်က
သားသမီးအပစ်
ဘယ်လောက်ဖြစ်ဖြစ်
အမေခွင့်လွတ်နေမြဲပါ
ဘာသာတွေခြား
အသားအရေ
ကွဲပြားလည်း
မခွဲခြားတဲ့
အမေတွေရဲ့စိတ်
တစိတ်တဝမ်း
ရှိကြစမြဲပါ
ဖြစ်ချင်တာတွေလွဲ
စုန်ရေပဲရှိတဲ့
မိဘရဲ့မေတ္တာ
သားသမီးတွေတိုင်း
သိကြစေလို့
အရှေ့နဲ့အနောက်
နေ သွားသ၍
  အမေများနေ့
အဓွန့်ရှည်ပါစေ့။

         သူရဇ္ဇ



ကမ္ဘာပေါ်မှာရှိသမျှအမေများအားလုံးကို ဒီကဗျာနဲ့ ဂုဏ်ပြု လိုက်ပါတယ်


မေမေ

*မေမေ*
သားသမီးတွေအပေါ် အမြဲ
နွေးထွေးမူတွေပေးခဲ့တယ်
မေမေရဲ့ဂရုစိုက်မူတွေ နဲ့
ကြီးပြင်းခဲ့ရတယ်  အရာ
ရာကို ကိုတိုင်ဝင်ရောက်ဆုံး
ဖြက် လမ်းပြပေးခဲ့တယ် မေ
မေဟာအပြုံးနဲ့ ကျန်တော်
ကိုဆုံးမပေးခဲ့တယ် မေမေ
ဟာ ကျန်တော့ဘဝအတွက်
ရှေ့ဆက်မယ့်လမ်းတွေကို
နောက်ကနေ  မေတ္တာခွန်
အားတွေ ပေးတဲ့ ကျန်တော့
ဘဝအတွက် မရှိမဖြစ်ပါ
မေမေ  ကိုကျန်တော် အသက်ရှင်နေသရွေ့ လုပကျွေးပြုစုသွားမယ်
မေမေအသက်ရာကျော်
ရှည်ပါစေ ဒီစာလေးနဲ့
ကျန်တော် မေမေ့ကို
ကန်တော့လိုက်ပါတယ်
အမေများနေ့မှာ ကမ္ဘာပေါ်
မှာရှိရှိသမျှအမေတိုင်းသား
သမီးတွေရဲ့ ဂရုစိုက်ဖြည့်
ဆည်းမူ့တွေနဲ့အတူပြုံးပျော်
ရွှင်နိုင်ကြပါစေ'''
*ကိုယ့်သခင်*


Saturday 23 January 2016

ငိုနေတယ် ဒါပေမဲ့ တိုးတိုးလေးပေါ့

နှစ်တွေကြာညောင်း 
ရာသီတွေပြောင်းလဲ
မမေ့နိုင်ဘူး အချစ်ဦးရယ်...
ဘုံတကွေ့မှာ
ဆုံတွေ့လာ ခဏ
မေ့မရတာ အချစ်လား...
ခွဲသွားမယ်ဆိုတာ
ရင်ထဲသိပေမဲ့
နှလုံးသားက လက်မခံဘူး
အခုတော့ ရက်စက်သူရေ
တစ်သက်တာ အလွမ်းတွေကြောင့်
ငိုရှိုက်နေတဲ့ နှလုံးသား
ပင်ပန်းလှပါပြီဟာ....
အလွမ်းဆိုတာ ကြောက်လို့
ဒူးထောက်ပြီး တောင်းပန်လဲ
အရူးတစ်ယောက်လို ဆက်ဆံ
ရာသက်ပန် နှုတ်ဆက်ခဲ့ပြီလား.....
ရှိပါစေတော့ နင်လဲတစ်နေ့
ငါလို ဝဋ်မလည်ပါစေနဲ့လို့
တောင်းဆုခြွေရင်း   တိုးတိုးလေးပဲ
ငိုပါရစေတော့ ချစ်သူရယ်.......
                              တစ်ကောင်ဘွား(ဓာတ်တော်)
                     09442095465

Friday 22 January 2016

ဆုံတွေ့ခွင့်ဝေးကွာခဲ့သောငယ်ချစ်ဦးသို့

မောင် နှင့်  တွေ့ စ့အချိန် မှ စ ၍
မောင့်  အ ပြုးံ နှင့့်မောင့် နှလုးံသားကို
ရင် မှာ မြတ် နို့း့တိတ် တ ခိုး နှင့် 
အ မြဲ စောင့် ကြည့့်ငေး မော မိ ရင်း
ပီ တိ ဝေ ဖြာ ကျေ နပ် စွာ နှင့် 
ရင် မှာ ချ စ် နေ ပါ ရ စေ့ချ စ် သူ ရယ့့်

ရက် မှ လ ပြောင့်း့နှစ်တွေ ဟောင်း လည်း
ယ နေ့ စီ ထိ့မေ့  သည် မ ရှိ့
ချ စ် မိ သည်း ဖူ့း့ ငယ် ချ စ် ဦး ကို
ရူး နစ် အောင် ချစ့့် မ မေ့ ဖြစ် သေး
ရင် ထဲ ထိ တိုင့့်သ တိ တ ရ ရှိ နေ ဆဲပါ့ချ စ် သူ ရယ်

အနေ ဝေး လည့်း့အဆွေးလှည့်  ကာ
အလွမ်း ဖြာ ဆဲ့လွမ်း နာ ကဲ လွန်
လွမ်းကျွံ ခံ စာ့း့နှ လုးံ သား တစ် ခု
သော က များ နှင့့်
တို့  များ တမ်း တ ဆဲ ပါ့ချစ် သူ ရယ့့်

ကံ မ ကုန် ပြန် ဆုံ ချင့့်မျှော် လင့် ခဲ့ ပေ မဲ့
နယ် မြေ ကွာ ခြာ့း့ဝေး ခဲ့ ကြ ၍
လီ လီ ရက် တွေ ကုန် ခဲ့ ပေ မယ့့်
စိုး မိုး ရင် ထဲ့မ မေ့  ဘဲ နှင့် 
အ မြဲ တမ်း တ့သိပ် လွမ်း မိ တယ့့်ချ စ် ဦး သူ ရယ်

အည တြ့ဆရာမ့မေ လ ရိပ် ထာ့း့


ဝေးကွာတော့မဲ့အချစ်

အချစ်ရဲ့စေစားမှုအတိုင်း လိုက်နာခဲ့ကြပြီးပြီ
သာယာမှုဆိုတာမရှိတော့ပေမယ့်
ခံစားရတဲ့ဝေဒနာတွေတော့ များနေခဲ့တယ်
ဒါပေမယ့် ... 
မဖြစ်နိုင်တဲ့လမ်းတစ်ခုကိုဆက်လျှောက်နေမိတာတော့
နှစ်ဦးသဘောတူ တိုင်ပင်ဖို့တောင်မလိုခဲ့ဘူး
အဲ့ဒီလမ်းက သိပ်ကိုကြမ်းတမ်းတယ်ဆိုပေမယ့်
အသိဥာဏ်မျက်စိကို ဇွတ်မှိတ်လျှောက်နေမိတာ
လက်တွေတော့ဆက်တွဲထားပါရဲ့
အတားအဆီးတွေများလွန်းလို့
တွဲလက်တွေက တဲတဲလေးပဲကျန်တော့တယ်
ဒီလိုနဲ့ပဲ ...
ကမ်းလက်တွေ တဖြည်းဖြည်းလှမ်းလာမှာလား ...
အနာဂတ်လမ်းတွေ ရေးရေးလေးပျောက်တော့မှာလား ...
တားဆီးမှုအင်အားတွေ များများပြီးကြီးထွားမှာလား ...
လှမ်းတက်မယ့်ခွန်အားတွေ မှေးမှေးပြီးပျောက်တော့မှာလား ...

မုန်း (BeeTalk)


ဆုံးဖြတ်ချက်ချလိုက်ပြီချစ်သူ

ဆုံးဖြတ်လိုက်ပြီချစ်သူရေ
မင်းနဲ့တစ်သက်မခွဲတော့မယ့်အကြောင်း
အာဒံနဲ့ဧ၀တောင် ထိုင်ငိုသွားမယ့်အချစ်မျိုး
ငါတို့ပိုင်ဆိုင်ထားကြပြီပဲ ...
နားလည်သွားပြီချစ်သူရေ
မင်းရှိနေရင်
နတ်ဘုံဆိုတာကောင်းကင်နဲ့မြေပြင်ကြားမှာပဲရှိတယ်
အဲ့ဒီမှာတို့အတူနေထိုင်ကြမယ် ....
အနာဂတ်ကိုအတူတူရေးဖို့
မှင်ရည်ဖျော်ဖို့မလိုပါဘူးကွယ်
ဒီရင်ကိုခွဲကြည့်ရင် 
(မင်းအတွက်)
နှလုံးသွေးကစွေးစွေးနီလို့
ရေးရဲဖို့ပဲလိုပါတယ် ...

အသဲကျော်(BeeTalk


Wednesday 20 January 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၆၄

ပန်းနဲ့လိပ်ပြာ

အရောင်သွေးစုံ
ထုံကြည်မွှေးပျံ့
ပန်းပေါင်းရနံ့စုံ
ညဥ့်ရုဏ်အချိန်ထဲ
ပျံဝဲတဲ့လိပ်ပြာ
ပွင့်ညှာတံခိုင်ခိုင်ဆွဲလို့
တပွင့်မှတပွင့်ဆီ
ဝတ်မှုံကူးလို့
ပန်းရဲ့ဂုဏ်သတင်း
လေညှင်းကို
သယ်ဆောင်စေလို့
တာဝန်ကို
အတူတူခင်း
လေညှင်းနဲ့လိပ်ပြာဆိုတာ
ပန်းပွင့်ရဲ့လက်ပါးစေ
မရပ်မနားနဲ့
အပင်နားမှာပျံဝဲ
ကျောမှာလည်း
ဝတ်မှုံထုပ်ကိုလွယ်
ဘယ်ဆီကိုမမျှော်မှန်း
ပန်းတွေရှိရာ
ရောက်အောင်လာလို့
ကိုယ်မှာအစင်းကျား
မျဉ်းတားလို့
ဆေးရောင်ခြယ်ထား
သြော့ှ်ု့ှု့။
ပျားနှင့်ပိတုန်း
ဆိုတာလည်း
ပန်းရဲ့
တမာန်တော်တွေ
မဟုတ်လာ့း့။

        သူရဇ္ဇ
----------------------------------------
* ရွာဓလေ့ ခါမမေ့ *

ဒီနေ့ကောင်းကင်ဟာ
သာသာယာယာနဲ့
အလင်းခြုံ အစွမ်းကုန်ပေး
လေညင်းတွေလဲအေး။

အရှေ့ဘက်မှာရောင်နီ
အနောက်ဘက်မှာပင်လယ်ပြင်
တောင်အရပ်မှာစိမ်းညို့ရောင်
မြောက်ဘက်မှာကုန်းတောင်တန်း။

နံနက်ခင်းအလင်းသောက်
နေမင်းပြောက်စက်စက်ရောင်
ကိုရင်ငယ်စီကာလှမ်းတဲ့
မြန်းကြွခံဆွမ်းတော်လောင်း။

သိမ်မွေ့မွေ့လှမ်းဟန်ချီ
မယ်မဒီအပျိုချော
ဝင့်ထည်ဟန်ချီကာလှ
သွားကြလယ်တော။

နွားတရှဉ်းရွှေလယ်ခင်းနဲ့
ခြေတော်တင်ထွန်တုံး
စပါးနိုင်နိုင်အထွက်တိုးစေဖို့
မောင်ကြီးတို့ရုန်း။

ညနေညို ရေခပ်လမ်း
ကွမ်းတောင်ကိုင်မြေအိုးထမ်း
လူပျိုတွေညီညာလွန်းတယ်
ထန်းတောကိုလှမ်း။

ထန်းရည်ကဖွေးဖွေး
သင်းရနံ့ကမွှေးမွှေး
လယ်ကြွက်ကင်ကြွပ်ကြွပ်ကယ်
မြည်းကြစို့လေး။
         
တို့တောရွာဓလေ့
ဖွံ့ဖြိုးလာအခါမမေ့ပါဘူး
ဒီနှစ်လယ်ကောက်ရိပ်သိမ်းမှာ
စုပေါင်းကာအလှူ ပေးမယ်
နွဲကြစို့ဟေး။
            Phyur…/\/*L့
----------------------------------------
အတိတ်ဟောင်း
        ချစ်သူ

ပြီးဆုံးသွားခဲ့တာ
ကြာပါပြီ
မမေ့နိုင်သေးသူ
ငါ့ရင်မှာတော့
မနေ့တနေ့ကလို
တအုံ့နွေးနွေးနဲ့
ရှိနေတုန်း
ကတိတွေသုံးလို့
ချစ်ခဲ့ကြတဲ့
အချစ်မဟုတ်လို့
လမ်းခွဲရက်တယ်လို့
မထင်လိုက်ပါနဲ့
ရင်တဝိုက်မှာ
အလွမ်းဒဏ်ရာတွေနဲ့
ငါငိုနေတာ
နင်မှမသိတာ
ငါမမေ့ရက်တဲ့နင်
ရင်ခွင်သစ်မှာပျော်
နင့်မေ့တက်ခဲ့တဲ့ငါ
အဝေးရပ်မှာ
မနေတက်ပါဘူးဟာ
စက္ကန့်တွေရွေ့ရွေ့
သွားတိုင်းချစ်ဖူးတဲ့
အတိတ်ကိုသတိရ
ညှိမရလို့
လမ်းခွဲခဲ့ကြတော့
ဝမ်းနည်းတက်သူက
အရှုံးတွေနဲ့
ကျန်နေခဲ့ရ
နင်အဆင်ပြေပါစေ
ချစ်သူရယ်
ငါလွမ်းသလို
နင်လွမ်းတက်ခဲ့လည်း
လမ်းတဖက်ဆီ
လျှောက်နေရပြီမို့
ကြွေစို့စို့
မျက်ရည်ကို
အရှက်ပြေသုတ်လို့
စိတ်မကောင်း
ဖြစ်နေလည်း
အတိတ်ဟောင်းချစ်သူပျော်ရွင်စေဖို့
ဆုတောင်းပေးလိုက်ပါတယ်ဟာ့။

         သူရဇ္ဇ
----------------------------------------
တယောက်ထဲ

ဝေဒနာအသစ်
ငါ့ရင်မှာဖြစ်လို့
တစစ်စစ်နာ
ငါခံရခက်နေပြီဟာ
ထိုအရာကနှိပ်စက်
အိပ်ပျက်ခဲ့တာလည်း
အကြိမ်ကြိမ်
ထိုအရာကလှန့်နိုး
မနက်မိုးသောက်ထိ
ငိုမိတုန်းပေါ့
ငါမပြတ်သားလို့
ခံစားရတယ်
ဆိုရင်တောင်
ရင်နှင့်မမျှတော့ပြီမို့
ဝေဒနာတွေတခန်းရပ်
အလွမ်းသက်သက်သာ
ရင်မှာကျန်စေလို့
သတိရတိုင်း
ထုတ်လွမ်း
ငါ့နှုတ်ခမ်းမှာ
နင့်နာမည်လေး
တရွေ့ရွေ့ပြေးနေ
မျက်ဝန်းမှာတော့
မင်းသံတွေနဲ့
ပုလဲဥတွေ
တွဲခိုနေကြပြီ

       သူရဇ္ဇ
----------------------------------------
အက

ဆန္ဒတခုနဲ့
အချစ်ကိုထုစစ်
ရူးသွပ်သည်ပဲဆိုဆို
ကိုယ်လိုအပ်လို့
ဘဝကိုစတေး
ပေးဆပ်မှု့
ကြီးမားပေမယ့်
ပြန်ရတာနဲ့ယှဉ်ရင်
ကျေနပ်ပါတယ်
ကံကြမ္မာ
မျက်နှာသာပေးလို့
တသက်တာအရေးတွက်
မှေးစက်ဖို့
ရင်ခွင်တခုကိုပေး
ဖြေးဖြေးလေးအိပ်စက်
ချစ်သူပေးတဲ့အနမ်း
တချက်နဲ့
ရှေ့ဆက်ဖို့
အင်အားတွေ
အပြည့်ရှိနေပြီ

့     သူရဇ္ဇ
----------------------------------------
ကဗျာဂျာနယ်လေးမှာ ကဗျာတွေပေးပို့ချင်ရင်တော့ viber ဖုန်းနံပါတ် 09256480246-gmail-aungminmyat408@gmail.comသို့ပေးပို့နိုင်ပါတယ်ခင်ဗျာ။
အောင်မြင့်မြတ်


စိမ်းကားနေအုံးမှာလား

ချစ်သူရေ
သဘောထားခြင်း 
မတိုက်ဆိုင်လို့
ကျောခြင်းကပ် လက်ပြ
နှုတ်ဆက်ခွဲခွါပေမဲ့
ဘဝတစ်ကွေ့
တစ်နေ့နေ့မှာ 
ကံမကုန်လို့ ပြန်ဆုံခဲ့ရင်
ငါ အနေနဲ့ အပြုံးတစ်ပွင့်
ခြွေလွင့်နှုတ်ဆက်ခဲ့ရင်
နင် အခုလိုပဲ ငါ့ကို
စိမ်းကားနေဦးမှာလားကွယ်......,။
                              တစ်ကောင်ဘွား(ဓာတ်တော်)
              *အလွမ်းမပြေ ဓာတ်တော်မြေ*
လွမ်းရေးထက် ဝမ်းရေးခက်သမို့
အဝေးတစ်မြေ ရွှေဆည်မြေမှာ
လှုပ်ရှားရုန်းကန် ဖွေရှာစားရ
ဓနမလှ ငါ့ဘဝကို
နားလည် စာနာ ကိုယ်ချင်းစာပါ
ရွာကငယ်ပေါင်း ရောင်းရင်းတို့ရေ
ရွက်ဝါကြွေပြောင်း လတပေါင်းမှာ
တစ်ခေါက်တစ်ခါ ရောက်လာဦးမယ်
မျှော်စောင့်ကြိုပါ သူငယ်ချင်း
အခုတော့လေ သမုဒယ
နှလုံးသားမှာ ဝေဒနာတွေ
တစ်လှေကြီးနဲ့ ဘဝခရီး
ဆက်ရအုံးမှာမို့ ငါလေ
မျှော်မှန်းတမ်းတ လွမ်းရပြီပေါ့
လွမ်းလေ လွမ်းမပြေပါဘူး
မွေးရပ်ဌာနေ ဓာတ်တော်မြေရယ်
သာယာစေကြောင်း ဆုတောင်းခြွေရင်း
နှုတ်ဆက်ခဲ့တယ် မွေးရပ်မြေ....,။
                         တစ်ကောင်ဘွား(ဓာတ်တော်)

Sunday 17 January 2016

အချစ်ဆိုတာ ဘာလဲ?

အချစ်ဆိုတာ ရယူခြင်းလား
ပေးဆပ်ခြင်းလား ခွဲခြားမသိ
ရင်ထဲရှိတာ ပြောရရင်လေ
ခင်မင်ခြင်းက အစပြုလို့
သံယောဇဉ်တွေ ချည်နှောင်ရစ်ပတ်
လက်ပြနှုတ်ဆက် ထွက်ခွါသွားမှာ
စိုးကြောက်မိတဲ့ ငါ့ဘဝမို့
ချစ်တယ်ဆိုတဲ့ စကားလေးကို
နင်ကြားအောင် ငါ မပြောရဲဘူး
နင်ပျော်ရွှင်စေ ဆုတောင်းခြွေရင်း
ငါဘဝကို ပေးဆပ်ခဲ့တယ်...
မေတ္တာမှန်ရင် ရောင်ပြန်တယ် တဲ့
ဆိုရိုးစကား ငါကြားဖူးလဲ
ရလာဒ်တွေက သုညပါလေ...
အချစ်ဆိုတာ ပကာသန
ဂုဏ်ဓနနဲ့ မဆိုင်ဘူးဆို
ဒါပေမဲ့ ငွေရှိရုပ်ချော
ဥစ္စာပေါ သာ ချစ်ခဲ့တာ ဟာ
အချစ်တဲ့လား  မေးပါရစေ
ဝေးခဲ့သူရေ ဖြေကြားပေးပါ
အချစ်ဆိုတာ ဘာလဲ လို့ကွယ်...
                                   တစ်ကောင်ဘွား(ဓာတ်တော်)
ဝေဖန် အကြံပြုလိုပါက ၀၉၄၄၂၀၉၅၄၆၅သို့ ဝေဖန်ပေးပါ 

Saturday 16 January 2016

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၆၃

    တို့ကျောင်း

တုတ်ပြလို့ခြောက်
မျက်လုံးဒေါက်ထောက်လို့ကြည့်
တာဝန်အသိထက်
ပိုရှိတက်တဲ့
မေတ္တာတရားနဲ့
နာသုံးနာ
ရင်မှာပိုက်
အကြင်နာအလိုက်
စိုက်ခဲ့တဲ့
ပညာသစ်ပင်
အကြင်နာရစ်ငင်လို့
ချော့တခါ
ခြောက်တလှည့်နဲ့
ငေါက်ခဲ့တဲ့
ဆရာတွေရဲ့
တုတ်တချက်ကို
မုန့်တဖက်နဲ့မလဲနိုင်
ကျောင်းတွေလည်းပိတ်ခဲ့ပါပြီ
ဆရာနဲ့ဝေးတဲ့တပည့်သူငယ်ချင်းတွေနဲ့
ပျော်ရွင်နေသော်လဲ
တပည့်နဲ့ဝေးတဲ့ဆရာတို့မှာတော့
စာအံသံတွေမဲ့
တိတ်ဆိတ်နေတဲ့
စာသင်ခန်းကို
လွမ်းနေရောပေါ့
ကျောင်းတွေပြန်ဖွင့်
ပြောင်းပြန်ဖြစ်သွားတဲ့
ဆရာတပည့်
ဆုံတွေ့မှု့က
ဆရာ့နှုတ်ခမ်းမှာ
ပန်းတို့ပွင့်စေခဲ့ပြီ
မျက်စိရှုပ်နေပေမယ့်
တက်သိသမျှ
ပညာအသိကို
ဆရာသားမချန်
ဘဝအမှားအမှန်
ခွဲခြားတက်ဖို့
အသည်းခြားက
စေတနာနဲ့
ဥာဏ်အလင်းကို
ထွန်းငြှိပေးခဲ့ပြီ
ဘဝဇာတ်ခုံ
ခြေစုံပစ်ဝင်ခဲ့ချိန်မှာ
ပြန်မရနိုင်တော့တဲ့
ငယ်ဘဝကို
ဘယ်ကစလွမ်းရမှန်း
မသိလို့ သတိနဲ့
နားစွင့်မိချိန်မာတော့
မလှမ်းမကမ်း
တို့ကျောင်းဆီက
ခေါင်းလောင်းသံသဲ့သဲ့ကြားမိလိုက်တယ်
သြော့့်ဆရာ
ကျန်းမာပါ စ။


     သူရဇ္ဇ
**********************************
ချစ်သူသို့မှာတမ်း


ချစ်ရက်ကိုဖြတ်
လွမ်းသက်ကိုနိုး
တကယ်မရိုးနိုင်တဲ့
လွမ်းတေးကိုဟစ်
လမ်းဘေးပစ်ထားတဲ့
ပန်းတွေတောင်
အနမ်းခြွေသူကို
မျှော်လင့်မိကြမှာပါ
ဝေဒနားစကားကိုတပ်
အလွမ်းသက်သက်
နင်ပို့လိုက်တဲ့
မှာစာတွေထဲမှာ
သာယာနေဆဲ
အမှတ်တရတွေ
မပါခဲ့ဘူးနော်
ဝေးလို့လွမ်းတဲ့အခါ
မမေ့ဖို့အနမ်းလေး
ရင်ထဲမှာကျန်
လွမ်းလို့ငေးတဲ့အခါ
အနမ်းချိုလေးကို
ပြန်တမ်းတ
အရသာကို
လျှာကသိပေမယ့်
မင်းရဲ့အနမ်း
ချိုတဲ့အကြောင်းကို
ငါ့နှုတ်ခမ်းလေးလည်း
သိနေပါပြီ
အတွေ့အားလို့
မေ့ထားမယ်မထင်နဲ့
ရင်သဲ့သဲ့တချက်
လှိုက်ခုန်လိုက်တိုင်း
စွဲလမ်းဖူးတဲ့
မင်းနှုတ်ခမ်းလေးကို
ရေသောက်တိုင်း
လွမ်းနေမိပြီ
အိပ်လို့မပျော်
ပျော်လို့မအိပ်တဲ့
အထင်ကရညတွေကို
ရင်ဝမှာသိမ်းဆည်း
ပြန်လာစေချင်တဲ့
ငါ့အလွမ်းတွေကိုတော့ချစ်သူဆီ
မှာတမ်းခြွေလိုက်တယ်


         သူရဇ္ဇ
***********************************
ချစ်သူသို့မှာတမ်း


ချစ်ရက်ကိုဖြတ်
လွမ်းသက်ကိုနိုး
တကယ်မရိုးနိုင်တဲ့
လွမ်းတေးကိုဟစ်
လမ်းဘေးပစ်ထားတဲ့
ပန်းတွေတောင်
အနမ်းခြွေသူကို
မျှော်လင့်မိကြမှာပါ
ဝေဒနားစကားကိုတပ်
အလွမ်းသက်သက်
နင်ပို့လိုက်တဲ့
မှာစာတွေထဲမှာ
သာယာနေဆဲ
အမှတ်တရတွေ
မပါခဲ့ဘူးနော်
ဝေးလို့လွမ်းတဲ့အခါ
မမေ့ဖို့အနမ်းလေး
ရင်ထဲမှာကျန်
လွမ်းလို့ငေးတဲ့အခါ
အနမ်းချိုလေးကို
ပြန်တမ်းတ
အရသာကို
လျှာကသိပေမယ့်
မင်းရဲ့အနမ်း
ချိုတဲ့အကြောင်းကို
ငါ့နှုတ်ခမ်းလေးလည်း
သိနေပါပြီ
အတွေ့အားလို့
မေ့ထားမယ်မထင်နဲ့
ရင်သဲ့သဲ့တချက်
လှိုက်ခုန်လိုက်တိုင်း
စွဲလမ်းဖူးတဲ့
မင်းနှုတ်ခမ်းလေးကို
ရေသောက်တိုင်း
လွမ်းနေမိပြီ
အိပ်လို့မပျော်
ပျော်လို့မအိပ်တဲ့
အထင်ကရညတွေကို
ရင်ဝမှာသိမ်းဆည်း
ပြန်လာစေချင်တဲ့
ငါ့အလွမ်းတွေကိုတော့ချစ်သူဆီ
မှာတမ်းခြွေလိုက်တယ်


         သူရဇ္ဇ
***********************************
*  အနီးအဝေးချစ်သူ *

ပန်းပျိုးလက်
တကယ်တော့ဒါဟာ
နှလုံးသားမြေဆီလွှာမှာ
အချစ်မြေသြဇာတွေနဲ့ပျိုးထားတာ

သင်းရနံ့တွေနဲ့မွှေးပျံ့
လှပစွာဖူးပွင့်အဖြူ ထည်လေး
ဒီအတွက်ဥယျာဉ်မှုးကငါပဲလေ
တချိန်ချိန်ကြွေရမှာသိခဲ့ပေမယ့်

တတ်မတ်နေခဲ့မိ
အချစ်မသိတဲ့နှလုံးသားက
တကယ်တမ်းပွင့်လန်းတော့
မရိုးသားမှုတွေတစစီထွက်ခါကျ

အလိုက်မသိတတ်သူ
အရှုံးရဲ့နိဒါန်းအတွက်
အဆုံးမဲ့ချစ်ခြင်းတွေပေးခဲ့တာ
နိုးထလာတိုင်းအိပ်မက်တွေပဲလေ

ငြို ငြင်မှာစိုးလို့
နီးရက်နဲ့ဝေးနေရတဲ့ဘဝက
အကြွေစေ့လေးလိုခေါင်းနဲ့ပန်း
တံတိုင်းတွေခြားနေခဲ့ရသူမို့

ကာရံထားတဲ့
သိက္ခာနဲ့မာနကိုခြွေချ
တခါတရံတော့လဲသက်ဆင်းချင်သား
သူမရှေ့မှောက်ဒူးထောက်လို့

ပျိုးနေတဲ့ပန်း
မြေမခရအောင်ရင်မှာနား
ကြင်နာတရားနဲ့အချိုသာဆုံးပြောမဲ့
စကားတခွန်းတော့ရှိတယ်
( အရမ်းချစ်တယ်လို့ )
           Phyur…/\/*L့
***********************************
သခင့်အတွက်

မျှော်လင့်ချက်ကို
ရင်မှပျိုးရင်း
တန်ဖိုးထားလို့မင်းကိုချစ်ငါချစ်သလို
မင်းပြန်မချစ်ရင်တောင်
အရင်းခံနှစ်ထားတဲ့
ငါ့မေတ္တာတွေ
အကြွင်းအကျန်
မဖြစ်ပါရစေနဲ့
မင်းပျော်ရွင်မှု့နဲ့
ငါ့ဘဝကိုယှဉ်ပြိုင်
နင်အနိုင်ပေးတဲ့
မုသားတချို့နဲ့
ငါကျေနပ်ဖူးတယ်
အချစ်တခုအတွက်
အရှက်ကိုစတေး
ဖြေးဖြေးလေး
နှိပ်စက်တက်တဲ့
နှုတ်ခမ်းနှစ်လွှာကြား
လှုပ်ယမ်းကစားခံရလို့
နာကျည်းဖို့ခက်ခဲ
အရှက်နည်းစွာ
ဖြည့်ပေးခဲ့ဖူးတယ်
ယုံကြည်မှု့ကိုချခင်း
တံတားတစင်းလို့
ဖြတ်ကျော်နင်း
မင်းခြေထောက်မှာ
ရွံ့တွေပေစေဦး
နေဦးလို့ခဏတား
ငါ့နှလုံးသားကို
တချက်ငေါက်လို့
ပေါက်ခနဲ့ကျလာတဲ့
မျက်ရည်နဲ့
ခြေဆေးလို့သွား
နင်ထားရာငါနေလို့
ကျွန်တယောက်လို
ပြုစုခဲ့ဖူးတယ်


       သူရဇ္ဇ
***********************************
ဒီနေ့အတွက်ကတော့  ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီအစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။