Thursday 23 June 2016

တိတ်တခိုးအချစ်


ဒီရင်မှာ အချစ်တွေ လျှံထွက်နေပေမယ့်

သူသိမှာ စိုးရတဲ့ တိတ်တခိုးအဖြစ်

ဒီရင်မှာ အလွမ်းတွေ လောင်မြိုက်နေပေမယ့်

သူသိမှာ စိုးရတဲ့ တိတ်တခိုးအချစ်

ဒီရင်မှာ သောကတွေ ပေပွနေပေမယ့်

သူသိမှာ စိုးရတဲ့ တိတ်တခိုးအဖြစ်

ဒီရင်မှာ ဒဏ်ရာတွေ ထပ်စိုက်နေပေမယ့်

သူသိမှာ စိုးရတဲ့ တိတ်တခိုးအချစ်

တိတ်တခိုး ... တိတ်တခိုး နဲ့သာပဲ

သူ့မသိအောင် ချစ်နေရတဲ့ အဖြစ်

သူသိမှာ စိုးထိတ်

ကိုယ့်ဆန္ဒတွေ မြိုသိပ်နေရတဲ့ အဖြစ်

သူသိမှာ စိုးထိတ်

ကိုယ့်အချစ်တွေ ထိန်းချုပ်နေရတဲ့ အဖြစ်

သူသိမှာ စိုးထိတ်

ကိုယ့်အလွမ်းတွေ ချောင်ထိုးထားရတဲ့ အဖြစ်

သူသိမှာ စိုးထိတ်စိတ်တွေနဲ့

တိတ်တခိုးသာ ချစ်နေရတဲ့ အဖြစ် ....


မုန်း (BeeTalk)







ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ