Monday 30 May 2016

သိပ်ချစ်ခဲ့လို့

သိပ်ချစ်ခဲ့လို့
========
သစ်ရွက်လှုပ်တိုင်း စိတ်ကူးယဉ်တတ်တဲ့
အရွယ်မဟုတ်တော့ပေမယ့်
မင်းအပြုံးတွေမြင်လိုက်တိုင်းမှာတော့
ငါ့ရင်ခုန်သံတွေ ထိန်းမရတော့တာ ၀န်ခံပါတယ် ...
နောက်ကနေလိုက် စကားပြောတာခံရတိုင်း
ရင်ခုန်စိတ်လှုပ်ရှားတတ်တဲ့အရွယ်မဟုတ်တော့ပေမယ့်
မင်းစကားတွေကြားမှာ နစ်ဝင်စီးမျောလို့
နှလုံးခုန်သံမမှန်တော့တာ ၀န်ခံပါတယ် ...
ရင်ခုန်ခဲ့ဖူးသလို ချစ်ခဲ့ဖူးတာလည်းမှန်တယ်
ဒါပေမယ့် ...
မင်းကြောင့်ဖြစ်တည်လာတဲ့ ရင်ခုန်နှုန်းကတော့
အသံရှူသံတွေတောင်ရပ်တန့်သွားစေတယ် ..
မင်းကိုချစ်တဲ့အချစ်တွေကလည်း
ငါ့ကိုယ်ငါထက်တောင်ပိုနေသေးတယ် ....

မုန်း (BeeTalk)






အောင်မြင့်မြတ်(Myanmar Youths)

ဟန်ဆောင်ခြင်း


ဟန်ဆောင်ခြင်း
========
မေ့လိုက်ပီလို့ အခါခါကြွေးကြော်နေပေမဲ့ 
တကယ်တမ်းတော့မမေ့နိုင်သေးဖူး 
စိတ်ထဲမှာရေးရေးလေးတော့ကျန်နေသေးတယ်.....
လွမ်းမနေဖူးလို့ ကြားကောင်းအောင်ပြောနေပေမဲ့ 
သတိရမိသွားတဲ့တခါတလေမှာရင်ထဲမှာ
ခံစားချက်တချို့ ကဆူးနင့်လို့ကျန်ခဲ့သေးတယ်......
ဖုန်းထဲကသူ့ဓာတ်ပုံတွေဖျက်လိုက်ပီဆိုပေမဲ့ 
မျက်ဝန်းထဲမှာအမြဲမှတ်မိနေတဲ့ 
သူ့ပုံရိပ်တွေရှိနေသေးတယ်.......
Contactထဲကသူ့ဖုန်းနံပါတ်လေးထုတ်ပစ်လိုက်ပီဆိုပေမဲ့
တရေးနိုးကောက်မေးလည်းမေ့မသွားတဲ့ 
သူနဲ့ပတ်သတ်သမျှ မှတ်ဉာဏ်တချို့ ရှိနေသေးတယ်.....
တညလုံးဘယ်သူမှမသိအောင်အသံတိတ်ငိုခဲ့ရတဲ့နေ့တွေ
အရမ်းစိတ်ပင်ပန်းတယ်.....

Credit - #‎ကို့ရဲ့ရစ်လုံးလေး‬#






အောင်မြင့်မြတ်(Myanmar Youths)

လယ်သမား


လယ်သမား 

ဆောင်းဦးရာသီပါ..
မြောက်လေပြာပြာတွေ တည်ငြိမ်စီးမျော
ငါချစ်သော လယ်ခင်းကလေးမှာ အဝါရောင်တွေဝေပြီ...။
သူ့အတွက် ..ကျောက်မြေကိုငါထွန်ယက်ခဲ့ရ
သူ့အတွက် .. မိုးစက်ကိုငါပေါက်ခွဲခဲ့ရ
အခုတော့..
ငါချစ်သော လယ်ခင်းကလေးမှာ 
အဝါရောင်တွေ ဝေပြီ...။
မြတ်နိုးခွင့် ကို လိမ်ကျစ်ထုတ်ပိုးရင်း
ဘယ်သူမှမခိုးအောင် စောင့်ရှောက်ရတဲ့ညများမှာ
ငါဟာ..
တမျှော်တခေါ် အလင်းဝိုးဝါး...။
ရေတွင်းကလေးလို..
ကိုယ့်ရင်ထဲက ရေစင်တွေကို..
အသံမထွက်အောင်တောင့်ရပ်ထားရတဲ့
၁၉၉၅..
ငါဟာ ရှက်တတ်တဲ့လယ်သမားကြီးပဲပေါ့...။ ။

တာရာမင်းဝေ





အောင်မြင့်မြတ်(Myanmar Youths)

Friday 27 May 2016

ဇာတိ


ဇာတိဆိုတဲ့မွေးဖွားခြင်း

ရှိရင်ဇရာဆိုတဲ့အိုဟောင်းခြင်း

ရင့်ရော်ခြင်း

မရဏဆိုတဲ့သေဆုံးခြင်း

ရှိတယ့်
             N.P.T.သူလေးမခင်မိုမိုအေး

ဝေးကြည့်မျှော်လင့်

ဝေး ကြည့် မျှော် လင့်  

အမြတ် နိုးဆုးံ   ချ စ် သူ ဘဝ 
ဆုးံဖြတ် မတူ    လမ်းခွဲလေတော့  
မင်းအတွက် နဲ့    ဝမ်းနည်းပူဆွေး  
မောင် နဲ့ ဝေး  တော့
နှလုးံ သားခံစား    ဝေဒနာ ဖြစ် 
နှစ်ဦးသား ကျောခိုင်း   လမ်းခွဲ စဉ် မှာ
မောင်  ပြောလိုက်တဲ့စကာ့း့  
မောင်  သေချာ မချ စ်တတ်သေးလို့ တဲ့လား  ချ စ်သူ  

နှလုးံသားခြင်း    အလှမ်းကွာအောင် ဝေး   ဝေး
ကြေကွဲလွမ်းဆွတ်  ခွဲခွါ ခြင်းဟာ  ဆွေး    ဆွေးတဲ့လား 
အတွေးမှာရှုံး     ဒဏ်ရာတွေနဲ့  
အပြန် တရာ   အမှတ် တရ 
တခါတရံ    ကိုယ့် နှလုးံသားလေး  
မောင်မဟုတ်တဲ့  အခြားတယောက်ကို 
ပြန်လည်ရှင်သန်   လာမှာကြောက်လို့ 
ကျောက်ဆစ်ထုဆဲ   နှလုးံသားအဖြစ် 
ဖန် ဆင်းထားပါ့မယ်     ချ စ် သူ ရယ် 

မောင် သာ ပြန် လာမယ် ဆိုရင်လေ့  
လမင်းစက်ဝိုင်း     ထက်ပိုင်းပျ က် ကြွေ 
အဲ ဒီ     လမင်းကြီးကို လေ့
ထမင်းဆီဆမ်း   ရွှေလင် ပန်း နဲ့  
ပေးပါ အစာ့း့
နှလုးံသားတစ်ခု    ချ စ်ခြင်း အပြည့် 
ဆောင်ယူလာမဲ့    မောင့် ကိုသာလေ
ထားစီအရောက်    ဆောင်ယူလာပေးပါ   လို့ 
လပြည့် ညတိုင်းမှာ    ဝေးကြည့် မျှော်လင့်  ရင်း
စောင့် မျှော်နေပါ့မယ်   ချစ်သူရယ်  
ဆရာမ့မေလရိပ်ထား

သတိ့

သတိ့
ချစ်သူရေ့
နင်လဲအခုချိန်မှာ ပျို ပြီး
နောင်တစ်ချိန်မှာ အိုရ မှာပါဘဲ
ငါလဲအခုချိန်မှာလူပျိုဖြစ်ပေမဲ့
နောင်တစ်ချိန်မှာလူအိုဖြစ်မဲ့သူပါ
ဒါကြောင့်ရုပ်ချောတာရုပ်လှတာ
ဆင်းရဲတာချမ်းသာတာစိတ်ထဲမှာမထားပဲ
ဂုဏ်အချိန်ဟွာတွေမရှိ့ပဲ
ဖြူ စင်ရိုးသားတဲ့အချစ်မျိုးနဲ့သာ
ချစ်နိုင်မှငါ့ဘဝထဲဝင်လာခဲ့ပါ
                                    ချစ်သူ
N.P.T.သားလေးစိုးရိမ်လွမ်း

Thursday 26 May 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၈၇

*ပိတောက်ဖူးနဲ့အတူ*

တမ်းတဖန်များလာတော့
အလွမ်းဆိုတာ
ဆိုက်ဆိုက်မြိုက်မြိုက်နဲ့
ဖိတ်ခေါ်စရာမလို
ရောက်ရတာပေါ့အကိုရယ်

ယခင်တချိန်
ပန်းပိတောက်တွေဝေစဉ်က
ရေကြည်ရာမြက်နုကိုမှ
ရှာဖွေရင်းထွက်သွားတဲ့
ခင်လေးရဲ့အကို

ပိတောက်ဖူးချိန်မှာ
ခင့်ထံပါးအရောက်လာ
တူနှစ်ကိုယ်မြိုင်ဂေဟာထက်
အလွမ်းရက်တွေအတိုးချ
ပျော်ကြမယ်ဆိုခဲ့

သို့ပေမဲ့
ပေါ်မလာမျှော်ရက်တွေကြာနေသူ
ချစ်ရတဲ့အကိုမို့
စိုးထိတ်တွေပိုမိတယ်
တိုးတိတ်ပင်သာ

မျှော်နေခဲ့ပါသည်
ရက်လတွေအလီလီ
စာမလာသတင်းမကြား
လွမ်းမိသူအား
ပိတောက်ဖူးချိန်တိုင်း
ထွက်ကြို နေတတ်ပါပြီ။
                 Phyur.../\/*L့
=================================
*မပြောင်းလဲသောနေ့စွဲများ*

ကောင်မလေးရယ်
သန်းခေါင်ယံညအလယ်
ထထယောင်တယ်
မင်းနာမည်လေးကွယ်
အော်ငြီးတယ်။

ကောင်မလေးရယ်
လမင်းပမာ
မင်းမျက်နှာကို
အပြုံးများဝေလျက်သာ
မြင်ခြင်တယ်။

ကောင်မလေးရယ်
ထွေးပွေ့ချင်တယ်
မောင့်ရင်ခွင်ဝယ်
အကြင်နာတေးလဲ
ဆိုပြမယ်။

ကောင်မလေးရယ်
သတိရတိုင်း
ဖုန်းတွေဆက်
အိပ်ပျက်မှာလဲ
စိုးရိမ်တယ်။

ကောင်မလေးရယ်
နှာတံသွယ်စင်း
မင်းမျက်ဝန်းမှာ
ငြို့ဓာတ်ကလေးများ
ပါသလားကွယ်။

ကောင်မလေးရယ်
အနားနားမရှိချိန်
တယောက်တည်းမို့
စိတ်မချ အခါခါ
ဖြစ်မိတယ်။

ကောင်မလေးရယ်
နွေ မိုး ဆောင်း
ဘယ်လောက်ပြောင်းပြောင်း
မင်းအချစ်တွေဘယ်တော့မှ
မဟောင်းနွမ်းရဘူးနော်။
                    Phyur.../\/*L့
=================================
* ဖြေသာပြုံး *

ကမ်းခြေမှာအရိုင်းဆန်ဆန်
အလှတရားနဲ့
ဘီကီနီဝတ်ထားတဲ့သူလေးမို့
စိတ်ရိုင်းတွေမှုန်နေမိတာ
တဏှာကြောင့်မဟုတ်ဘူးတဲ့။

ရုပ်ရည်ရူပကာအရ
အပြစ်အနာအဆာဖြေပြရင်း
အဖြူ ရောင်အလှတရားတွေကြား
အညိုရောင်အဆင်းသဏ္ဌာန်လေးမှ
ရွေးချယ်မိတာ
အဖြူ ရောင်မကြိုက်လို့မဟုတ်ဘူးတဲ့။

နှလုံးရည်ခြင်းပဲပြိုင်မလား
လက်ရုံရည်ခြင်းပဲဆိုင်မလား
ဒီပွဲမှာ
အနိုင်မယူလိုသူက
အရှုံးသမားမဟုတ်ခဲ့ဘူးဆို
ဒါပေမဲ့
အနိုင်လိုသူကလဲ
မုန်းထိုက်ခွင့်မရှိတဲ့သူတဲ့လေ။

ထား....
အားလုံးကိုချ ထား
စိတ်အယုတ်တွေနဲ့
မုန်းရက်သူကို
မုန်းရက်မှမုန်း
စိတ်ဒုန်းဒုန်းချ
အရှုံးပြလို့ချေ လိုက်မယ်
ကြည်ဖြူ ပါစေကလေးရယ်။
                      Phyur.../\/*L့
=================================
* မနက်ဖြန်ရဲ့အလင်းစက်ဟာသူ*

သစ်ရွက်တွေဖူးကာပွင့်သလို
မင်းအလှမှာရူးကာရင့်နေသူ
ကျေးငှက်တွေတေးသီသတဲ့
မင်းအလှမှာငေးရီလျက်ပဲ
ဆွေးရော
ဒီလိုနဲ့ညတွေနက်တာပေါ့
မင်းအပြုံးမှာနစ်ဝင်စီးမျော
ကောင်မလေးရေ
ညတွေလဲနက်လှပြီ။

တနေ့မှမေ့မရသူ
အချိန်တိုင်းမှာတမ်းတ
မင်းကသိပ်လှတော့လဲလေ
မိုနာလီဇာပင်
အရှုံးပေးလောက်တယ်
ချစ်သူရယ်
နေ့တိုင်းတော့တွေ့ခြင်မိ
မင်းမအားမှန်းလဲသိတယ်။

ဦးနှောက်ကအချိန်မှန်မှန်
သံပတ်ပေးတယ်
မင်းအသံလေးနဲ့နွေးထွေးခွင့်
ရဖို့လေ
ခြေလှမ်းတွေကလဲတက်ကြွ
မင်းရှိရာအရပ်မှလွဲရင်
ဘယ်မှမချ ခြင်
ဒီလိုနဲ့ပဲနေဝင်ခဲ့ပြန်ပြီနော်။

အရာရာတိုင်းအတွက်
အားလုံးထက်
မင်းရဲ့ရှေ့မှာရှိခြင်တယ်
မင်းလက်ကလေး
ဆုတ်ကိုင်ထား
နွေးထွေးမှုများပေးခြင်တယ်
မင်းကလေးစိတ်တွေညိုး
မုန်းသွားမှာလဲစိုးရိမ်တယ်
ကိုယ့်ဘဝရဲ့ကောင်းကင်လိုမင်း
မနက်ဖြန်အတွက်
အလင်းစက်တွေကိုချခင်းရင်း
ကိုယ့်ရင်ခုန်သံတွေကို
နာဆင်လှည့်ပါတော့ချစ်သူရယ်။
                     Phyur.../\/*L့
=================================
* ထက်ထံသို့ *

မိုးသားကောင်းကင်အောက်မှာ
ကိုယ်ဟာထက်နဲ့
မတွေ့ရသေးခင်အထိတော့
ဝေ့လည်ကြောင်ပတ်
လမ်းပျောက်နေသူတယောက်
ဘဝစာမျက်နှာကို
ပေါ့ပေါ့ပါးပါးလေးပဲဖြတ်လျှောက်
လောကဓံရဲ့
ရိုက်ခပ်မှုတွေကိုမေ့ပျောက်ရင်းပေါ့
ညင်းသွဲ့သွဲ့လေပြေညင်း
ထက်ရဲ့အလှသတင်းတွေကို
ကိုယ့်ထံပါးဆောင်ယူလာတဲ့တနေ့
မှန်တယ်ထင်နေတဲ့
ဒီလူသားရဲ့စာမျက်နှာတိုင်းဟာ
ကုတ်ခြစ်ရာတွေနဲ့စုပ်ပဲ့ကာနေခဲ့
ထက်ဆိုတဲ့ဧကရီရယ်
မင်းဟာကိုယ့်နှလုံးသားကို
ဖမ်းစားနိုင်လွန်းတယ်အချစ်ရယ်
စာတွေရေးနေပေမဲ့
ကဗျာဆရာတယောက်တော့
မဟုတ်ပါဘူးအပြု သဘောအနေနဲ့
တားစီးမရတော့တဲ့
အသဲထက်ဝေဒနာလှိုင်းက
ထက်ရဲ့အလှတရားကိုဖွဲ့ဆိုနေမိ
ဟန်ဆောင်မှုမရှိတဲ့
အနုအရွချစ်ခြင်းတခု အတွက်
ကောင်းကင်နဲ့မြေပြင်ကို
သက်သေပြု လို့
သက်သေပြခြင်တယ်ထက်ရယ်။
                     Phyur.../\/*L့
=================================
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ



အောင်မြင့်မြတ်(Myanmar Youths)

ဒီကဗျာမှာ



ဒီကဗျာမှာ လူ့အဖွဲ့အစည်းဟာ အဓမ္မအကျင့်ခံထားရတဲ့ အနုပညာနဲ့ တစ်သားထဲ ဖြစ်နေတယ်




သွေးရိုးသားရိုး အခြေအနေ ဘာတစ်ခုမှ မရှိတော့ဘူး 

ကိုယ်မနေ့ က တိုက်ပွဲမှာ ကမ္ဘာအပြင်ဘက်ကို ခဏထွက်သွားလိုက် တယ် 

တစ်ယောက်ယောက်ကို နူတ်ဆက်လိုက်ဖို့တောင် ကိုယ့်သွေးသားတွေဟာ အေးစက်

ဘ၀ဟာ သိပ် ပင် ပန်း ပါ တ ယ်  ထရီဇာ

ကိုယ်ဟာ ရာသီဥတု ဒဏ်ကို ဘယ်လို ပျော်ရွှင်ဖွယ်ရာတွေနဲ့ တောင့်ခံထားရသလဲ

လူငယ်တစ်ယောက် ဟာ ဒဏ်ရာတွေကို ခေါက်ဓါးတစ်လက်လို ဆွဲသိမ်းလိုက်တယ်

ဘယ်လို အကြောင်းအရာတွေကို ကိုယ် ကဗျာအဖြစ် ချရေးလိုက် ရမလဲ

ကိုယ်ဟာ နာကျင်မှုတွေကို ဘ၀မှာ အနူးညံ့ဆုံး သိမ်မွှေ့ပစ်တတ်တဲ့ လူငယ်

သမိုင်းစာအုပ်တွေနဲ့ အောင်မြင်ကျော်ကြားလူကြိုက်များမှုတွေကို ကိုယ်ကဗျာလုပ်မရေးနိုင်ဘူး

အနုပညာ ဟာ ယုံကြည်မှု၊ ခံနိုင်ရည် ရာခိုင်းနူန်းဘယ်လောက်အတိုင်းအတာမှာ တည်ရှိနေလဲ

အနုပညာဆိုတာ ဗိုလ်ချုပ်အောင်ဆန်း အနုပညာဆိုတာ ဒေါ်အောင်ဆန်းစုကြည်၊ 

အနုပညာဆိုတာ ဦးသိန်းစိန်၊ ဘာတွေလဲ ၊ ဘာတွေလဲကွာ ဒီကမ္ဘာကြီးဟာ ရွဲ့စောင်းနေပုံ

အနုပညာ ဆိုတာ ရွံ့ရှာဖွယ်ရာကောင်းတဲ့ ဟာသ ပြက်လုံး

အနုပညာဆိုတာ ဖေါ်ချွတ်ဓါတ်ပုံကို မျက်နှာဖုန်းတင်ထားတဲ့ မဂ္ဂဇင်းစာမျက်ပေါ်က

မော်ဒယ်အမျိုးသမီး တစ်ယောက်ရဲ့ အင်တာဗျူးသတင်းခေါင်းစဉ်

အနုပညာဆိုတာ ခပ်ကြောင်ကြောင် ရပ်ပါတစ်ယောက်ရဲ့ မွေးနေ့ပွဲ ၊ 

အနုပညာဆိုတာ ဘယ်လိုအဓိပါပယ်ဖွင့်ဆိုမှုမျိုးနဲ့ သောက်သုံးနေကြတဲ့ ၀ီစကီအမျိုးအစားလဲ ၊ 

လက်ခုပ်သံတွေကြားရတိုင်း စင်ပေါ်ပြေးတက်ရအောင် ကိုယ်က ဆပ်ကပ်ဝိုင်းထဲက မျောက်တစ်ကောင်မှ မဟုတ်ဘဲ

ကမ္ဘာကြီးရဲ့ လည်ပတ်နေမှုမှာဘယ်အရာမှ သွေးမှန်သားမှန် မရှိတော့ဘူး၊ ကိုယ့် စွန့်ခွါ.

လူငယ်တစ်ယောက် မသေချာတဲ့ အမှန်တရားကို ခေါက်ဓါးတစ်လက်ကို ဆွဲသိမ်းလိုက်တယ်

ဒီကဗျာမှာ လူ့အဖွဲ့အစည်းဟာ အဓမ္မအကျင့်ခံထားရတဲ့ အနုပညာနဲ့ တစ်သားထဲ ဖြစ်နေတယ်

ကိုယ်ရေးကိုယ်တာ ကိန်းဂဏန်း အချက်အလက် သတင်းခေါင်းစဉ်၊ ရပ်တည်ချက် အရာင်လွင့် ဖိနပ်

တွေးခေါ်စဉ်းစားမှုတွေကနေစပြီး နှလုံးခုံသံတွေအထိ စိတ်ကို ဆင်ခြင်တုံတရား ဘောင်တွေထဲမှာ သော့ခတ်လိုက်တယ်

ကိုယ်ရုန်းထွက်နေတယ် သာမန်အခြေအနေ အခန်းလွတ်များ ၊ 

လိင် လိုအပ်ချက်က ချစ်ခြင်းမေတ္တာနောက်မှာ အပေါစားဇတ်လမ်းထဲက မုဒိန်းကောင်လို ပြုံးရယ်

ကိုယ်ဟာ သိပ်ရှက်တတ်တဲ့ လူငယ်ပဲ ထရီဇာ ဘယ်လောက် နူးညံ့သိမ်မွှေ့လိုက်သလဲလို့ 

ကိုယ်ဝန်ဆောင်သည် အမျိုးသမီးငယ်ငယ်တွေ တွေ့တိုင်း စိတ်မှာ လှပ်ခနဲ့ ကြည်နူးတတ်တဲ့ ရင်ခုန်သံတွေနဲ့

ဘယ်လို ဘ၀မျိုးကိုများ တည်ဆောက်ချင် နေတဲ့ လူငယ် လဲ 

ဘ၀ဟာ သိပ် ပင် ပန်း ပါ တယ် ထရီဇာ သတင်း အချက် အလက် နေ့စဉ်အမျှ ရှင်သန်မှုဟာ 

စက်ရုပ်သွေးနဲ့  သတင်းလူသား၊ ကိုယ့်ကဗျာတွေထဲမှာ နာကျင်မှုတွေကလွဲလို့ 

ကျေးဇူးပြုပြီး တစ်ခြားဘာကို မှ ရှာဖွေကြည့်မနေပါနဲ့တော့ ၊

မသန့်ရှင်းမှုနဲ့ ရောထွေးဆက်နွယ်မှုတွေကို ချေဖျက်ပစ်ချင်တဲ့ လူငယ်

အရာအားလုံးကို တော်လှန်ချင်နေတဲ့ စိတ်ဟာ သေနတ်မောင်းကို ဖြုတ် ပစ် လိုက်တယ် 

ဘ၀ ဟာ သိပ် ပင် ပန်း ပါ တယ် ထရီဇာ ဘာကို မှ မယုံကြည်တတ်တော့တဲ့ စိတ်ဟာ

ပို ပြီး ပင် ပန်း စေတယ် ။ ဒါပေမယ့် ကိုယ် က တော့ ရင်း ရ မှာ ပဲ

လူငယ်တစ်ယောက်ဟာ နာကျင်ရွံ့ရှာမှုကို လူ့အခွင့်အရေးနဲ့ အလျော်အစား လုပ်ပစ်ချင်နေတဲ့ အရသာနဲ့

ကိုယ်ချင်းစာတရားဆိုတာကို ကိုယ်က ရာသီဥတုဒဏ်ကို ဘယ်လောက်ခံနိုင်သလဲ ဆိုတာနဲ့ အဓိပါယ်ဖွင့်ထားတယ်။



မှူးသစ်။



အောင်မြင့်မြတ်(Myanmar Youths)

လိုအပ်နေတဲ့ရင်ခွင်



❆ လိုအပ်နေတဲ့ရင်ခွင်❆ 


အထီးကျန် နေတဲ့ငါ့ဘဝထဲကို

နင်ဝင်လာကြည့်ပေးနိုင်မလား

နင်မြင်တာ

နင်တွေ့တာ

နင်ကြားတာတွေက

ငါ့ရဲ့အထီးကျန်မှု

သိမ်ငယ်မှု

အားငယ်စိုးရွံ့စိတ်တွေကို

လူမသိအောင်ဖုးံဖိရင်း

ပျော်ရွှင်အမြဲစနောက်ဆဲ

ရဲရင့်တဲ့လူတယောက်

ငါ့ဘဝထဲ

ခဏဝင်လာခဲ့

အထီးကျန် မှုကိုအဖော်ပြု

သိမ်ငယ်မှု ကိုဖေးမ

အားငယ်မှုကိုဖျောက်ပစ်

စိုးရိမ်စိတ် ကိုတော်လှန်ဖို့

နင့်ကိုငါလိုအပ်နေတာပါ

ကျေးဇူးပြု၍

ခဏဖြစ်ဖြစ်ဝင်လာလှည့်ပါ ချစ်သူရယ်....။


                                  စုန်း



အောင်မြင့်မြတ်(Myanmar Youths)

အသပြာမဟုတ်သောကဗျာ



အသပြာမဟုတ်သော ကဗျာ

••••••~~~~~~••••••••~~~~~•••

  '' ကဗျာ '' တဲ့ ဟုတ်ပါ့ ဗျာများနေရင်း ကကြိုးဆင်နေရတာလေ…


' ငွေရှိရင်ဘာမဆိုဖြစ်တဲ့ခေတ်ကိုရောက်နေပြီ 'တဲ့  ငါတို့ရင်ထဲကနှလုံးသား ဘာနဲ့မှ မလဲနိုင်……' ယောင်ခြောက်ဆယ် ' တဲ့ ဂုဏ်ပုဒ်လေး ရာထူးကပီပြင်လိုက်တာမှ  နံရံမှာတောင် ပက်ကြားတွေကို အက်လို့………


ကလောင်တစ်ခု ၅၀ / ၁၀၀ ခေါင်းပေါ်ရွက်ရောင်း ဘယ်သူမှမဝယ်ဘူးဗျ ဘာတဲ့…သုံးစားမရလိုတဲ့ ..ဟားးးးလို့သာရယ်လိုက်ချင်တယ် ဦးကြော့တို့ခေတ်ကိုသာ ပြန်ရရင် ခင်ဗျားတို့ကို ဝယ်ပြီး ကဗျာလုပ်ပစ်မယ်………


အတွေးကိုခင်း ကာရန်လင်္ကာကိုခြုံ စာအုပ်ခေါင်းအုံး ဆက်ရက်မင်းစည်းစိမ်ခံလို့ဝ…ရွှေဗိုက်တော်ကတစ်ဂျုန်းဂျုန်း ညာသံပေးတော့ '' မိန်းမရေ ထမင်းစားရအောင်းးးးးးး'' စကားတောင်မဆုံး…ထဘီကိုမ တစ်ခွန်းထဲပြောတယ်…( ဘုရား ဘုရား ) '' ရှင့်လုပ်စာတစ်ပဲခြောက်ပြားနဲ့ ပဲဟင်းတောင်ကျဲတောက်သွားမယ့် '' တဲ့ဗျာ ။ သြော်…သူတောင်ကဗျာဆန်နေပါ့လား…


တောင်တွေးမြောက်တွေးကဗျာရေးရင်း ဂလုံဂလွမ်ဆူညံသံကြား နောက်ဖေးသို့ဝင် သူခိုးထင် ဟော..တွေ့ပြီ မျက်လုံးကိုပြူးလို့ ( အိုးထဲမှာ ) ကြွက်လေ…အမယ် တံဆိပ်တောင်ကပ်လို့  ဘာတဲ့…ကဗျာဆိုပဲ……အဟက်…

  


     •~• နိဒါန်း •~•



အောင်မြင့်မြတ်(Myanmar Youths)

ငါက

ငါက
ရင်​ကိုဖွင့်​လို့
"ပြချစ်​"ခဲ့​ပေမယ့်​ နင်
"ပြစ်​ချ" ခဲ့။    ။
ငါက
ညင်​သာဖွဖွ 
"ဆုံးမ" ခဲ့​ပေမယ့်​ နင်
"စမုန်း" ခဲ့။   ။
ငါက
ခွင့်​လွတ်​အ​တွေးနဲ့
"ပြုံး​ပေး"ခဲ့​ပေမယ့်​ နင်
"​ပြေးပုန်း" ခဲ့။  ။
ကောင်​မ​လေး​ရေ....
'​ဝေးပါ'
ငါထားရာ နင်​ မ​နေ
နင်​ ​စေရာ ငါ မသွားနိုင်​မှ​တော့
မိုင်​​တွေ မ​ရေမတွက်​ ဘဲ '​ဝေးပါ'
ငါက မင်း အပြုံး​လေး က​အစ
"မှတ်​သား" ခဲ့​ပေမယ့်​ နင်
"မှားသတ်​" ခဲ့ ငါ။    ။

Wednesday 25 May 2016

*အလွမ်းတွေနဲ့ ငါ့ဘဝ* *ဝေဒနာတွေ ရင်မှာအပြည့်နဲ့ ပေတစ်ရာလမ်းမပေါ်မှာ မရေမရာ ခြေလှမ်းတွေနဲ့ အလွမ်းတွေကို ကျောပိုးလို့ လျှောက်လှမ်းနေရ ငါ့ဘဝ... *မသေချာတဲ့ အနာဂတ်ကို ဝေဒနာတွေ အမှတ်ပြည့်နဲ့ ကျော်ဖြတ် တစ်ရက်ပြီးတစ်ရက် အနမ်းခြေဖူးတဲ့ နေရာလေးမှာ မင်းပြန်မလားလို့ တွေးရင်း မျှော်လင့်နေရ ငါ့ဘဝ... *မေတ္တာမပါ မာယာတွေနဲ့ ငါ့အသဲကို ကစား နှလုံးသားကို နင်းခြေခဲ့တဲ့ မင်း ခြေဖဝါး နုနု သွေးခြေမဥပါစေနဲ့လို့ ဆုတောင်းပေးရင်း လွမ်းသီချင်းနဲ့ လွမ်းရင်းလွမ်းရ ငါ့ဘဝပါ.,.. တစ်ကောင်ဘွား(ဓာတ်တော်)

Tuesday 24 May 2016

*နှလုံးသားရောင်းရန်* နှလုံးသားကို ခလုတ်တိုက် သိပ်မိုက်တယ်လို့လဲ မပြောခြင် ဒါပေမဲ့ပေါ့ ကွဲအပ်ခဲ့တဲ့ ငါ့နှလုံးသားက အမာရွတ်ကျန်ခဲ့ပြီ ဖြစ်နိုင်ရင်တော့ လျော်ကြေးအဖြစ် စစ်မှန်တဲ့မေတ္တာနဲ့ (1500) လျော်ပေးစေခြင်တာ ရင်ထဲလာသော ဆန္ဒတစ်ခုပါ အချစ်ကို အလိုလိုက် မိုက်တယ်လို့ ဆိုခြင်ဆို ကြိုက်တက်ရင် ဝယ်လိုက် နှလုံးသားတစ်စုံကို ၁၅၀၀နဲ့ ရောင်းနေပါသည် တစ်ကောင်ဘွား(ဓာတ်တော်)

Sunday 22 May 2016

http://naymin2863.blogspot.com/2016/05/blog-post_89.html

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၈၆

လမင်းသစ်ပင်


တိမ်မှောင်ကိုခွင်း
ငွေကြယ်မလင်းပေမယ့်
လမင်းကတော့
ခရီးမလွန်
အနီးအစွန်ဖျားက
သစ်ရွက်တွေကြား
ဝံ့ကြွားစွာအလင်းခြွေ
မင်းနေတဲ့
တိမ်တိုက်ကြားမှာ
ငါ့အတွက်
အိမ်မက်သစ်တွေ
ရှိနေပါ့မလား
လရောင်ခပေမယ့်
ညအမှောင်က
မလွတ်သေးတဲ့
ငါ့အတွေးတွေ
ဝေးနေပေမယ့်
အတူငေးနေမယ်ထင်တဲ့
လသာညတွေကို
ငါ့ကမ္ဘာလှပဖို့
ချစ်သူနဲ့အတူ
ငေးချင်မိတယ်ဟာ
ညဥ့်အတော်အေးမှ
ချင့်မျှော်တွေးတဲ့
အဆွေးစကိုဖြတ်
တိုက်ခတ်လာတဲ့
လေအေးအေးကို
ငါ့နံဘေးမှာ
ဖြေးဖြေးလေးချခင်းလို့
လမင်းကြီးကိုကြည့်ပြီး
တိုးတိုးလေး
ရေရွတ်မိတယ်
ငါ့ရင်တွင်းမှာလည်း
နို့းဆိုတဲ့
လမင်းလေး
သာနေပါလာ့း။



        သူရဇ္ဇ
=================================
ရစ်ကြိုးမဲ့လေတံခွန်


မိုးအမြင့်ဆီထိရစ်ဝဲ
ကြိုးမြဲစဉ်တော့
ဝေဟင်ကိုထိုးခွဲ
မိုးသည်းမကြောက်
မြေမှာမရောက်လိုတဲ့
အမြင့်ပျံစေစိတ်နဲ့
မင်းထံတိတ်တိတ်လေး
ပို့နေမိတဲ့
ငါ့အလင်္ကာကို
မှင်စာမှာချည်လို့
အရီအပြုံးနဲ့
လွင့်နေတဲ့မင်းဆီကို
ပို့လိုက်တယ်ဟာ
ကြိုးတိုက်လို့ပဲ့ပဲ့
လေရုန်းလို့
ပြတ်ပြတ်
နင်တပ်မက်တဲ့
အမြင့်ရပ်ဆီက
အိမ်မက်ကိုတော့
ငါမဖျက်ဆီးရက်ပါဘူး
ငါတပ်ပေးတဲ့
ကြိုးတစနဲ့
အဆိုးဘဝတွေကိုဖြတ်
တရက်ရက်မှာ
မှင်စာပြတ်လို့
ရင်မွှာနှစ်ဖက်
ထက်ချမ်းအက်လို့
အပြန်လမ်းခက်တဲ့အခါ
ဖြေးညင်းစွာ
လွင့်ဝဲကြွေလို့
နင့်အသည်း
တနေရာက
ဒဏ်ရာကိုချူပ်ပေး
မစုတ်သေးတဲ့
အစွန်အနားနှစ်ဖက်ကို
တိပ်ကပ်လို့
မျှော်လင့်အိမ်မက်နဲ့
ဆေးခြယ်ပေး
အဝေးနယ်ဆီပြေးဖို့
ဖြေးဖြေးလေး
ငါလွင့်တင်လိုက်မယ်
ပျံပေဦးတော့
လေတံခွန်လေးရေ့။


         သူရဇ္ဇ
=================================
မိုး
မိုးရေ့
        မိုးတွေရွှာတိုင်း
မိုးကိုအရမ်းလွမ်းတယ်
မိုးကိုအရမ်းချစ်တယ်
မိုးနင်ငါရဲ့အဝေးမှနင်
နေမှကောင်းရဲ့လားအစစ
အရာရာအဆင်မှပြေရဲ့လား
မိုးရေ့ငါနင့်ကိုစာမပို့
ဖုန်းမဆက်နဲ့နေ နေတာမချစ်
လို့မဟုတ်ပါဘူးနော်အရမ်းချစ်
လို့ပါမိုးရေ့
မိုးရေ့အလှအတွက်မှန်ကြည့်ရသလို
ဘဝအတွက်လဲစာကြည်ပါနော်
စာလဲကြိုးစားပါမိုး
မိုးရေ့ညရောက်တိုင်းလဲဘုရားတရား
သံဃာမိ့ဘာဆရာတွေကိုလဲ
ညရောက်တိုင်း ချီခိုးကန်တော့ပြီးမှအိပ်
ပါနော်မိုးရေ့ကျမ်းမာရေးလဲဂရူးစိုက်
ပါနော် မိ့ဘတွေနဲ့ဝေးလို့လွတ်လွတ်လပ်
လပ်ပဲဆိုတဲ့စိတ်ကိုနင့်မှာမထားပါနဲ့နော်
မိုးရေ့နင်ဘယ်နေရာရောက်ရောက်
ငါ့အပေါ်သစ္စာရှိ့နေပေးပါနော့်
မိုးရေ့အခုဆို မိုးတွေအရမ်းရွှာနေပြီ
မိုးတွေရွှာတိုင်း ငါ့ရဲ့ရင်မှာမိုးကိုစိတ်မချ ချင်း
များစွာနဲ့အချိန်တိုင်းနေ့ရက်တိုင်းမိုးအစစအရာ
ရာအဆင်ပြေပါစေလို့အမြဲဆုတောင်းပေးနေလျှင်ပါ
မိုးရေ့
               မိုးကိုချစ်တဲ့
                                     SoeRainLwan
=================================
ငါရဲ့နင်




ငါရင်ထဲမှ
နင်ရှိနေတယ်ဆိုတာ
သိစေခြင်းလိုက်တာဟာ
နင်မျက်ဝန်းတွေနဲ
ဆုံးလိုက်တိုင်း
ငါအသက်ရှုဖိုပါ
မေ့နေမိတက်တာဟာ
နင့်အပြုံးတွေကို
တွေ့လိုက်မိတိုင်း
ဆွံအသွားခဲ့တာ
နင့်ပြောတဲ့စကားလုံးတိုင်း
ငါရင်မှ
အမြဲအမှတ်တရရှိနေခဲ့တာ
၅၂၈သံယောဇဉ်ကြိုးလေးကို
၁၅၀၀ရာအချစ်ကြိုးလေး
အဖြစ်ပြောင်းလဲခြင်းပေမဲ့
ငါကြောက်နေမိတယ်
နင့်နုတ်ခမ်းထက်က
စကားလုံးတွေကို
ငါရင်မှ
နာကျဉ်းစွာ
ခံစားနေရလည်း
နင်တာထားတဲ့
အဖြူရောင်ကြိုးလေး
တည်မြဲအောင်
ကြိုးစာရင်
ငါရင်မှဖဲ
နင့်ကိုချစ်တဲ့
အချစ်တွေ
ထာဝရသိမ်းထားလိုက်ပါမယ်
နင့်မချစ်တဲ့
ငါရဲ့နင့်

မြူနှင်းဝေ

=================================
ရင်တွင်းမျက်ရည်


မေ့ပစ်လိုက်ပြီလားချစ်သူ
ငါလိုက်မမှီတဲ့
နင့်မာယာ
လှိုင်းတံပိုးတွေကြား
ထိုးဝါးမဲ့တဲ့
ဖောင်အပျက်နဲ့
နင်ပဲ့မကိုင်ခဲ့လို့
ရွက်တိုင်မဲ့တဲ့
ငါ့ရင်တွင်းမှာ
လေးပြင်းတွေ
တိုက်ခတ်နေပြီဟာ
ပိုင်းဖြတ်လို့ဝေး
ဂယက်ကလေးထရုံ
ဖြတ်ပြေးခဲ့တာ
မဟုတ်လေတော့
တရက်ကလေးမှ
မေ့မရတာ
ငါ့အပစ်လားဟာ
ကန်ထဲကရေ
လေပြေဖြတ်ပြေးတော့
လှိုင်းကြက်ခွပ်လေးကျန်
မျက်ဝန်းအိမ်ဘေး
အဆွေးကလေး
ဖြတ်ပြေးတော့
ပုလဲဥလေးကျန်
ရေသဏ္ဍန်ချင်း
တူပေမယ့်
အ့ငံပိုတဲ့
မျက်ရည်တွေ
ငါ့မျက်ဝန်းက
ခြွေနေမိပြန်ပြီဟာ့။




        သူရဇ္ဇ
=================================
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ



အောင်မြင့်မြတ်(Myanmar Youths)

မာယာ


သူရှာတာက

သူရဲ့ "နှင်းဆီပွင့်" တဲ့

(ဟုတ်မဟုတ်တော့ မသိဘူး)

တိတ်တိတ်ကလေးရွေ့လျားလာရင်း

နောက်ဆုံးမှာ သူဟာ. . .

မှော်ရုံကို ရင်ဖွင့်ကြည့်လိုက်တယ်

(ဘာကိုမြင်သလဲဆိုတာ မပြောဘူး)

အဲဒီလိုနဲ့

သိန်းခိုမြို့ကြီးလည်း

မီးပုံထဲကို တစ်ရှူးထိုးခုန်ချ

(မျက်မြင်သက်သေမရှိဘူး ဒါပေမယ့်... သေချာတယ်)

သူကတော့

သူ့အမြင်အတိုင်း ပြန်ပြောပြတယ်

"စကြာဝဠာက

နှင်းဆီပွင့်ကလေးကို မျိုချလိုက်တာ" တဲ့

နားထောင်ကြည့်လေ (အဲဒီနောက် သူထွက်ခွာသွားလေရဲ့

အခုတောင် မြင်းခွာသံတွေကို ကြားရသေးတယ်) ....

တာရာမင်းဝေ



အောင်မြင့်မြတ်(Myanmar Youths)