Monday 28 March 2016

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၇၄

ထိုကြောင့်လွမ်းသည်


မေတ္တာကိုဖြတ်
အဝေးရပ်ကိုနှင်
ပြေးထွက်ဖို့ပြင်
ခြေလှမ်းကိုစ
နေနမ်းလို့နွမ်းတဲ့
အရင်ပန်းတွေလည်း
အမြင်ဆန်းဖို့
လန်းနေခဲ့ပြီ
ငါ့မှာသာ
ကြေညာအားနည်းလို့
ဝေဒနာစကားတွေက
နွေမှာခါးလို့ပေါ့
သစ္စာမပျက်
အပ်သွားထပ်လို့လည်း
ခံစားချက်ကမလျော့
မျက်ရည်မကျဖို့
မော့ထားတဲ့
မျက်နှာမှာလွင့်
အပြုံးကမလွင့်
နင့်နေအောင်
ခံစားရလည်း
ကံတရားကို
အပစ်မဖို့
ချစ်လို့သာ
နားလည်ပေး
ငါ့ရဲ့နံဘေးမှာ
ဝေးဝေးပြေးတဲ့
ချစ်သူအရိပ်တွေသာ
ရှိနေစေလို့
သောကနဲ့နှစ်သိမ့်
ထိုကြောင့်ပဲမင်းကို
လွမ်းတက်ခဲ့တယ့်။


        သူရဇ္ဇ
=================================
* Say Good Bye *

ရှုံးနိမ့်ခဲ့ပြီလားနောက်ဆုံး
အသဲကွဲဇာတ်လမ်း
တစ်ပုဒ်ရဲ့မလှပတဲ့နိဂုံး
ခြောက်ကပ်ကပ်လေးနဲ့
စာတန်းထိုးခဲ့တာ ပြီးပါပြီ

ခွဲခွာခြင်းရဲ့အစပျိုးနိဒါန်းက
သိပ်ချစ်တယ်ဆိုပဲ
ငါမငိုခြင်ပါဘူးလေ
ဒါပေမဲ့ငါယုံချင်သေးတယ်
ပကတိဖြူ စင်လှပစွာနဲ့

နောက်ဆုံးတော့လည်း
သူ့အပြုံးလေးတွေက
ငါ့အရှုံးတွေဖြစ်စေခဲ့တာပဲ
ဒါတွေဟာ
အချစ်အတွက်ရတဲ့တန်ကြေးလား

ငါစာနာနိုင်ပါတယ်ချစ်သူ
နင်ပျော်ရွှင်ဖို့အတွက်ပဲ
ငါနောက်ဆုတ်လှည့်ထွက်
ကြိုးစားရင်းနှုတ်ဆက်ပါ့မယ်
နင်လွတ်လပ်စွာပြုံးရက်နိုင်ဖို့လေ
                      Phyur.../\/*L့
=================================
* အဖြူ ရောင်စာရွက်ကလေးရေ *

အတိတ်ကနေ့ရက်တချို့မှာ
ငါတို့ပျော်ရွှင်ခဲ့ဖူးတယ်
ဘာအစွန်းအထင်းမှမရှိဘူး
အသုံးမပြု ရသေးတဲ့
အဖြူ ရောင်ဗလာစာရွက်လေး
နှလုံးသားနဲ့သိမ်းဆည်းထားဆဲ

ရုတ်တရက်အကြည့်တချက်မှာ
ခေါက်ရိုးကျိုးသွားခဲ့
ငါလွန်ဆန်ခွင့်မရှိခဲ့ဘူး
သေဆုံးခဲ့တဲ့ဒဏ်ရာတချို့
ငြိမ်ဝှက်ပိပြားဖို့အတွက်
ငါတိမ်မြုတ်ပေးပါ့မယ်ကောင်မလေး
                        Phyur.../\/*L့
=================================
* သူငယ်ချင်းလို့သာခေါ်ခွင့်ပြု ပါ *

နှလုံးသားထဲကတမ်းတမှုတွေ
အနာတရဖြစ်လာတဲ့အခါ
စွဲလန်းခြင်းဆိုတာ
သေရာပါမဲ့ဝေဒနာတမျိုး

တချက်တချက်ထထငုတ်တဲ့
feelလို ကြွေစေတာပဲ
အမှတ်တမဲ့မျို ချ လိုက်မိတဲ့
ရှာလကာရည်လိုဆာတာတာနဲ့

အပေါင်ဆုံးထားတဲ့နှလုံးသား
အတိုးမများခင်ပြန်ရွေးနိုင်ဖို့
အခန်းတံခါးပိတ်
တိတ်ဆိတ်စွာဖြေသိမ့်လိုက်ဦးမယ်

အမှတ်တမဲ့လေးမို့
အမှတ်တရတွေမထားချင်ပေမဲ့
နှလုံးသားမှာ
မင်းနာမည်တွေပြည့်နေတယ်

တနေ့နေ့ဆိုတဲ့စိတ်
တဖြေးဖြေးနဲ့မေ့လာတဲ့အခါ
တချိန်ချိန်မှာပြန်တွေ့ခဲ့ရင်
နင်နဲ့ငါသူငယ်ချင်းဖြစ်နိုင်ဦးမလား
                      Phyur.../\/*L့
=================================
  အညာခံ
      သို့
သားကောင်


လှည့်စားနေမှန်းသိ
အမှတ်သညာမရှိ
ရူးသွပ်စေသည့်
မုသားစကားကို
ကြားနာစေလို့
အမှားပါနေလည်း
ထည့်မတွက်
ငဲ့ကွက်မှု့မရှိ
အသဲအက်အောင်
နာကျင်စေဦး
အပြုံးနဲ့တွဲဆက်လို့
အမြဲမပြတ်
အညာခံလို့
တခါတရံ
ကဗျာမဆန်စွာ
ငိုကြွေးရစေဦး
သူပြုံးနေတာသိ
ကြည့်ရင်းနဲ့ပျော်
ရင်တခေါ်စာ
အကွာဝေးက
ငါပေးခဲ့တဲ့
အနစ်နာခံမှု့တွေကို
အကင်းမသေရင်ပြန်တွေး
အပျင်းမပြေရင်ထားလိုက်
ဟားတိုက်လို့
ရီချင်ရီနေပေါ့ချစ်သူ
ထိုမျှမက
ငါရင်းနှီးရတဲ့
မင်းအတွက်အချိန်တွေ
နာရီနဲ့မှတ်
ကမ္ဘာတပတ်လည်လို့
ငါ့လိုနင်ခံစားရတဲ့အခါ
အညာခံ
လူတယောက်ရဲ့
ဝေဒနာကို
နင်စာနာပါချစ်သူ့။


        သူရဇ္ဇ
=================================
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။



အောင်မြင့်မြတ်(Myanmar Youths)

ချစ်နေဆဲပါ

နင်ပျော်မယ်ဆို ထွက်သွားပါ
နင်ကို ချစ်တာထက်
နင်ပျော်ရွှင်တာပဲ မြင်ခြင်တဲ့သူပါ
ဒီရင်ခွင်က ကြင်နာမူ့တွေက
နင်အတွက် ပူလောင်မယ်မှန်း
အစကကြိုသိခဲ့ရင် နင့်ကို
ဖွင့်ပြောမိမှာ မဟုတ်ပါဘူး
မကြင်နာလို့ ပစ်သွားလဲ
မင်းကိုချစ်တဲ့ ငါမေတ္တာကတော့
ကမ္ဘာတည်သရွေ့ ချစ်နေမှာပါ
ပိတောက်တွေက သစ္စာမရှိပေမဲ့
မင်းကိုချစ်တဲ့ တစ်ယောက်သောသူက
သစ္စာရှိနေမယ် ချစ်နေဦးမယ်...
            * မုန်းတယ်*
ငါ့နှလုံးသားက နင့်ကို
ရိုးသားစွာ ချစ်ခဲ့ပေမဲ့
မာယာများတဲ့ နင့်ကို
ငါ အရမ်းမုန်းတယ်
ကြင်နာစွာ ခင်တွယ်ခဲ့တဲ့
သံယောဇဉ်ကြိုးကို
အမုန်းဓားတစ်လက်နဲ့
နင်ဖျက်တောက်ခဲ့တယ် ရှိပါစေ
နောက်တစ်ခါမချစ်တက်အောင်
နာကျင်တဲ့ နှလုံးသားနဲ့
အသက်ရှင်သရွေ့
မင်းကို ငါ မုန်းတယ်...
        * ရင်ထဲက ကြင်နာသူ*
မြင်စတွေ့မှာ
ခင်တွယ်ခဲ့လဲ
ကြင်နာခဲ့ရ
ငါ့ဘဝကို
စာနာလှည့်ပေါ့...
ခဏလေးမို့
ဝေးကွာခဲ့ချိန်
မေ့သွားမှာလို့
တွေးမထင်နဲ့
ရင်ထဲက သူ...
နေ့စဉ်ချိန်တိုင်း
ရှင်သန်နေဆဲ
သံယောဇဉ်ကို
ငါကဘယ်လို
မေ့ရမှာလဲ..?
             တစ်ကောင်ဘွား(ဓာတ်တော်)
         09442095465

Sunday 27 March 2016

မြန်မာမျိုးခြင်း သွေးမကင်းလို့ မှာခဲ့ပါရစေ

*ကြီးပွားချမ်းသာ မင်္ဂလာတရားနဲ့
စဉ်လာတိုးပွား မြန်မာတွေ
အိမ်ထောင်ပြုရာ လူမျိုးခြားကို
ရှောင်ရှားပါကွယ့် ကင်းအောင်နေ
ချစ်ကြိုက်တက်စွာ နှလုံးသားက
ဘာသာကွဲပြား ဖယ်ရှားလေ
ဆိုးဝါးမိစ္ဆာ လူမျိုးခြားကို
ယူမိမှားတော့ ပါယ်လေးထွေ
အဲ့ဒါကြောင့် အိမ်ထောင်ပြုများ
စဉ်းစားရှောင်ရှားကြပါလေ..,

*တိုင်းရင်းမြန်မာ အချင်းချင်းကို
သွေးအရင်းမို့ ချစ်ကြိုက်လေ
ဒို့သွေးမြန်မာ သဘာဝက
ဗုဒ္ဓ ဓမ္မ ယုံကြည်နေ
သာသနာ့ဝန် အားသွန်ထမ်းတဲ့
ရှင်ရဟန်းကို ပူဇော်နေ
ကုသိုလ်ဌေးကြွယ် တကယ်အေးလို့
အပါယ်ဘေးနှင့် ဝေးရပေ
အဲ့ဒါကြောင့် မြန်မာသွေးစစ်
မွေးဖြစ်ကြပါစေ..
 
*မြန်မာမွေးဖွား ကလေးများကို
ဖက်စပ်ကာပြား ကင်းကြစေ
ဘိုးဘွားစဉ်လာ မိဘများက
သွေးသားစင်စစ် မြန်မာတွေ
ကိုယ့်လက်ထပ်မှာ လူမျိုးဖျက်ရင်
ဆိုးချက်ကတော့ ကမ္ဘာမကျေ
လူမျိုးသစ္စာ ကျင့်ဖောက်ပြားက
တိရိစ္ဆာန်များ မမီပေ
တိရိစ္ဆာန်မှာ မျိုးတူခြင်းကို
သွေးယူသွင်းလို့ မွေးဖွားပေ
အဲ့ဒါကြောင့် ဖက်စပ်ကာပြား
မွေးဖွားကင်းကြပါစေ...

*လူမျိုးမတူ ဘာသာခြားကို
ထိမ်းမြားလက်ထပ် ကင်းကြစေ
မျိုးနွယ်ဘာသာ ပျက်အောင်လုပ်သည့်
စိတ်ယုတ်မာများ ဖယ်ရှားလေ
မိစ္ဆာလူမျိုး ချစ်မြတ်နိုးက
လွန်အားကိုးရ တစ်သက်ပေ
နိယတမိစ္ဆာ ယူမိမှားတော့
အပါယ်လေးပါး သွားရပေ
အဲ့ဒါကြောင့် မိစ္ဆာလူမျိုး
ချစ်ကြိုးကင်းပါစေ. ဆုတောင်းမေတ္တာဝေ...
                                       တစ်ကောင်ဘွား(ဓာတ်တော်)
မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်ပုတ်ခက်လိုခြင်းမဟုတ်ပါ မြန်မာသွေးချင်း သွေးနွေးစေခြင်း စည်းလုံးစေခြင်းအတွက် ရေးဖွဲ့လိုက်တာပါဘယ်သူကိုမှ ထိခိုက်စေခြင်းမရှိခြင်းအတွက် ဝေဖန်အကြံပြု လိုပါက ၀၉၄၄၂၀၉၅၄၆၅ သို့ဆက်သွယ်ပြောဆိုနိုင်ပါသည်

Saturday 26 March 2016

Good Bye


အဝေးဆုံးကို ပြေးထွက် ..

မင်းအကြောင်းတွေမတွေးမိတော့အောင်

ကိုယ့်အသိဥာဏ်တွေကို ဂူသွင်းလိုက်တော့မယ် ..

လမ်းခွဲပြီဆိုမှတော့

ဘယ်လိုအမှတ်တရမှမထားတော့တာကောင်းပါတယ်

အမှတ်ရနေစေမယ့်အရာတွေကို ဖျက်သိမ်း

ဝေးဝေးကလွမ်းနေတော့မယ်ဆိုပေမယ့်

တကယ်တမ်းမှာ တမ်းတမနေမိဖို့ ပိုလိုအပ်လိမ့်မယ်

နှလုံးသားရဲ့ဆန္ဒတွေကို ဦးနှောက်နဲ့ချုပ်ထိန်းဖို့လည်း

အခုထက်ပိုကြိုးစားရမယ်

မင်းကိုသတိရမိရင်တောင်

အရင်နေရာတွေဖြတ်မလျှောက်မိအောင်

စိတ်ဆန္ဒကိုချုပ်ထိန်းရတော့မယ် ...

ပျော်ပါစေလေ ..

တခြားသူနောက်ကောက်ကောက်ပါပြီး

နောက်ကျောထားနဲ့ထိုးဆွဲယူသွားသူရဲ့အပါးမှာ

မင်းတစ်ယောက် ကျေနပ်နေနိုင်ပါစေ ..

ထာဝရအတွက် ... Good Bye ...


မုန်း (BeeTalk)





အောင်မြင့်မြတ်(Myanmar Youths)

အလွမ်းပြေ အနမ်း(ဇာတ်သိမ်းပိုင်း)

ကူးပြောင်းစ တန်ခူးနွေ သင်္ကြန်မှာအေးချမ်းတစ်ယောက် ဆိုင်ကယ်လေးကို ဖြေးဖြေးမှန်မှန်နဲ့ လမ်းမကြီးအတိုင်းမောင်းနှင်လာခဲ့ပြီ သူနောက်မှာ ဆရာဝန်လဲပါလာသည် ဝသုန္ဒရ ရောက်တော့ ဆိုင်ကယ်လေးကို လမ်းဘေးကဖေးဆိုင်သို့ထိုးရပ်လိုက်ပြီး ခါးကြားတွင်ချိပ်ထားသောဖုန်းကို ယူကာ မောင်ငယ်ဆီသို့ ဖုန်းခေါ်လိုက်သည် သူတို့ ကဖေးရောက်နေကြောင်းကို ပြောပြပြီး ဆရာဝန်နဲ့အတူ ဆိုင်လေးထဲသို့ဝင်လာခဲ့သည် သိပ်မစောင့်ရပါဘူး မောင်ငယ်ရောက်လာတယ် သူထုံးစံအတိုင်း စီးကရက်ဖွာပြီး"ဘယ်လိုလဲကဗျာဆရာ ဒီတခါ အိမ်မဝင်ပဲ ဆိုင်မှာခေါ်ရတဲ့ အကြောင်း" မင်းအိမ်ကကော်ဖီပဲသောက်ရမှာ ဒီမှာက လက်ဖက်ရည်လေကွာ"ဟု ပြောပြီး သူရှေ့တွင်ချထားသော လက်ဖက်ရည်ကို ယူပြီးတစ်ချိုက်မော့လိုက်သည် ထိုစဉ်မှာပင် လမ်းမပေါ်မှ ဝုန်းဆိုပြီး ကြောက်စရာအသံကို ကြားရ၍ကျနော်ရော မောင်ငယ်ပါ လမ်းမကြီးပေါ်သို့ လှမ်းကြညိ့မိရာ လမ်းဘေးတွင် လဲကျနေသောကောက်မလေးကို မြင်တော့ ကျနော် ဆိုင်ထဲမှပြေးထွက်ပြီး ကောင်မလေးအနားသို့ သွားကာ ကောင်မလေးကို ကြည့်တော့ အရူးမလေးမြသဇင် ဖြစ်နေသည်ကိုကြေကွဲစွာ တွေ့ရတော့ ကောင်မလေးကို ပွေ့ဖတ်ပြီး ဖြစ်ရလေ မြသဇင်ရာ မင်းဆီကို အကိုပြန်လာပြီလေ ထကြည့်ပါဦးဟု တိုးတိုးလေးပြောမိပါသည် ကျနော်နဲ့အတူပါလာတဲ့ဆရာဝန်လဲ ကောင်မလေးရဲ့ လက်ကောက်ဝတ်ကိုစမ်းကြည့်ပြီး*အေးချမ်း သူ မသေသေးဘူး ဆေးရုံပေါ်အမြန်ပို့ရအောင် စီစဉ်ကွာ* ဟုပြောတော့ မောင်ငယ်လဲ သူတို့ရွာထဲက လူမူကူညီရေး အသင်းဆီပြေးပြီး သူကိုယ်တိုင်ပဲ ကားကို မောင်းနှင်လာခဲ့သည် လူနာကို ဆေးရုံထိ ရွာထဲက လူတွေအကူညီနဲ့ ရောက်လာခဲ့သည် အရေးပေါ်လူနာအဖြစ်နဲ့ ဆရာဝန်များဆီ အပ်ပြီး ဆေးကုသမူ့ကို ခံယူစေကာ ဆေးရုံတွင် မောင်ငယ်နဲ့ အောင်သပြေရွာက ဘခက်ဇနီးလင်မယားက စောင့်မည် ဆိုသောကြောင့် ကျနော် မြကံသာဆီသို့ ပြန်လာခဲ့လေသည် ?
နောက်နေ့မနက် ကျနော်ဆေးရုံရောက်တော့ ဘခက်က "သူအရာအားလုံးကို သတိရပြီ သူငယ်ချင်း မင်းကိုတော့ မှတ်မိမလားမသိဘူး ကျန်တဲ့သူတွေတော့ သူအကုန်မှတ်မိတယ်" ဘာဖြစ်ဖြစ်ပါ သူအခုလို ပြန်လည်သတိရရင်ပဲငါကျေနပ်ပါတယ် ငါသူကို တွေ့ခြင်တယ်*ဟု ပြောသောအခါ ဘခက်က မြသဇင်ဆေးကုသသောအခန်းသို့ ခေါ်ဆောင်သွားသည် မြသဇင်သည်ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကိုတွေ့ရသည် သူသည်ကျနော်အား မမြင်ဖူးသကဲ့သို့ သေချာစူးစိုက်ကြည့်နေသည် ကျနော်နှုတ်မှာ မြသဇင်ဟု ခေါ်လိုက်သောအခါသူဟာ မျက်လုံးလေးပေကလပ် ပေကလပ်ဖြင့်ပြန်ကြည့်နေသည် ကျနော် နှုတ်မှ ကဗျာလေးတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည် ငယ်ကပေါင်းသင်း သူငယ်ချင်းရေ
ကံရေးမလှ ဝေးကွာခဲ့ရင်
သံယောဇဉ်မေတ္တာ မာယာမပါ
ညီရင်းပမာ ခင်နေဆဲမို့  ကျနော်ကဗျာမဆုံးလိုက်ဘူး သူမသည်ကျနော်လက်ကိုလှမ်းကိုင်ပြီး အေးချမ်း နင် အေးချမ်းမလားဟင်
"ဟုတ်တယ် မြသဇင် ငါ အေးချမ်းပါဟာ နင်ကို တွေ့ခြင်လို့ ပထမအခေါက်က ငါလာတယ် နင်အဖြစ်တွေကိုမြင်တော့*
ငါ နားလည်ပါတယ်အေးချမ်းငါအရမ်းဝမ်းသာတယ်ဟာ* 
ငါနဲ့ လမ်းခွဲခဲ့တဲ့ နေ့ကိုမှတ်မိသေးလား ဟင်*
မှတ်မိတာပေါ့ ငါဘယ်လိုမေ့နိုင်ပါမလဲ*
*ဒါဆိုရင် အဲ့ဒီနေ့က ပြောခဲ့တဲ့အတိုင်းပဲနော် ဈေးမစစ်နဲ့
နင်ကလဲဟာ ငါနေမကောင်းသေးဘူး
ဒါဆိုရင် ငါပြန်တော့မယ် 
စိတ်ကောက်သွားတာလား ဒီနားလေးကိုတိုး ပြောပြမယ်
ကျနော်လဲ သူမမျက်နှာအနီးသို့ကပ်လိုက်သောအခါ မမျှော်လင့်သော အနမ်းတစ်ခုကို သူမကခြွေလိုက်သည် ပြီးတော့ သူမကပဲ
#လွမ်းခဲ့တဲ့နေ့တိုင်းမှာ လွမ်းနေရလွန်းလို့ အလွမ်းပြေ အနမ်းတစ်ပွင့်နဲ့ မောင့်ကို ကြိုဆိုပါတယ်နော်%ကျနော်လဲ သူမလက်ကလေးကို ဆုပ်ကိုင်ပြီး မောင်လဲ နေ့တိုင်း မြကိုလွမ်းတယ် အခုတော့ အကိုယ်တို့နှစ်ယောက် ဘယ်တော့မှ မဝေးရပဲနှစ်သစ်မှာ အချစ်စစ်အချစ်မှန်နဲ့ ဘဝကို အတူလက်တွဲသွားမယ်နော် 
မောင့်သဘောပါ မောင်ရယ်တဲ့ မြသဇင်ရောကျနော်ပါ အပြုံးကိုယ်စီနဲ့ နှစ်သစ်မှာပျော်မြူးပါလို့ မေ့မရတဲ့တန်ခူးကို အချစ်ဦးနဲ့ ပျော်မြူးကြည်နူးရပါသည်လေ.
                                                 ပြီးပါပြီ
ဇာတ်သိမ်းလေးကို မျှော်လင့်နေသော စာချစ်သူများကို ကျနော် အနူးညွတ်တောင်းပန်ပါတယ်ဗျာ ဒီဇာတ်လမ်းလေးဟာ ကျနော်ရဲ့အတွေးစိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်မို့ တိုက်ဆိုင်မူ့တစ်စုံတစ်ခု သို့မဟုတ် အမှားတစ်ခုပါခဲ့ရင် ၀၉၄၄၂၀၉၅၄၆၅သို့ ဆက်သွယ်ပြောဆိုင်နိုင်ပါသည်ခင်ဗျာ ကျနော်ရဲ့ ၂၅နှစ်ပြည့်မွေးနေ့မှာ ဆုတောင်းပေးပါသော ညီငယ် ညီမငယ် အကို အစ်မ အားလုံးကိုလဲ ကျေးဇူးတင်လျှက်ပါ ရှေ့ဆက်ကာကြိုးစားပါဦးမည် 
ရွှင်လန်းချမ်းမြေ့ပါစေ
     တစ်ကောင်ဘွား(ဓာတ်တော်)

Friday 25 March 2016

ငါပျော်ရွှင်ဖို့ထက်

ချစ်သူရယ့်
ငါပျော်ရွှင်ဖို့ထက်
နင်ပျော်ရွှင်ဖို့ကအဓိ
ကပါချစ်သူ့
ငါခံစားနေရတာထက်
နင်ခံစားရမှာကိုငါမလို
လားဘူ့းချစ်သူ့
ငါလွမ်းနေသလို
နင်ငါ့ကိုမလွမ်းနေပါနဲ့နော်
လွမ်းရတဲ့အလုပ်ကငါတို့လို
ယောကျာင်္းလေးတွေတောင်
ခံနိုင်ရည်သိပ်မရှိ့ပါဘူးဟာ့
ချစ်လိုမိန်းကလေးဆိုပိုပြီး
ခံစားနေရရင်နင်အရမ်းပင်ပန်း
နေမှာဆိုးလို့ပါ့
ချစ်သူရယ်ဒါတွေအားလုံးကငါနင့်ကို
အရမ်းချစ်လို့ပါ့်စိုးရိမ်လွမ့်
                            အလွမ်းမင်းသားလေး

အချစ်အိမ်မက်

ချစ်သူရယ့်
ငါ့ရဲအိမ်မက်
တွေကိုအပိုင်
သိမ်းထားနင်
ရက်စက်လိုက်
တာဟာ့
အမြဲတန်းအိမ်မက်
ဆိုးတွေကြည့်ပဲ
မက်နေရတဲ့ငါ့ကို
နင်နဲနဲမှသနားတဲ့
စိတ်လေးမပြစ်ပေါ်
ဘူးလားဟင့်
နင်ငါ့ကိုမနားဘူး
ဆိုရင်လဲနင်ငါ့ကိုတ
ကယ်မချစ်နိုင်တော့
ဘူးဆိုရင်တောင်ငါ့
အတွက်နောက်ဆုံး
အနေနဲ့ငဲ့ညာသော
အားဖြစ်တခါလောက်
တော့အိမ်မက်လှလှလေး
မက်ခွင့်ပေးပါလာ့း
ချစ်သူရယ့်
                                        စိုးရိမ်လွမ့်

ရှာဖွေရင်းနဲ့ပဲ

အချစ်ကြောင့် နာကျင်ခဲ့ရလို့

အချစ်ကို ပြန်ပြီး နာကျင်စေဖို့ ကြိုးစားရင်းက

နှလုံးသားတွေကို ကွဲကြေသွားခဲ့တာ ..

အချစ်စစ်ကိုရှာဖွေရင်းနဲ့ပဲ

အချစ်တွေနဲ့လွဲလွဲသွားခဲ့တာ ...

သူ့အတွက်တွေပဲစဉ်းစားခဲ့လို့

ကိုယ့်အတွက်တွေအကုန်ပျောက်ဆုံးသွားခဲ့တာ ...

သူ့အတွက်ဖြည့်ပေးရင်းနဲ့ 

ကိုယ့်ဆီက ကုန်ခမ်းလာခဲ့လိုက်တာ ....

နောက်ဆုံး ...

ကွဲကွာချိန်လမ်းခွဲရောက်တဲ့အခါတော့ 

နှလုံးသားတွေပျောက်ဆုံး

ရည်ရွယ်ရာတွေလမ်းစပျောက်လို့

ကိုယ့်အားအင်တွေလျော့ပါးသွားလိုက်တာ

အသက်ရှူဖို့တောင် အနိုင်နိုင်အားစိုက်ရတော့တယ် ...


မုန်း (BeeTalk)






အောင်မြင့်မြတ်(Myanmar Youths)

ချစ်သူ

ချစ်သူရယ့်
အချစ်မြို့
အချစ်ကမ္ဘာထဲ
ကအချစ်ရက်ကွက်
လေးတစ်ခုကိုမ
ရောင်မလယ်နဲ့
ရောက်လာခဲ့တဲ့
ငါ့နှလုံးသားလေး
အခုမင်းရဲရင်ခွင်မှာ
နစ်မြုတ်နေရပြီပေါ့
ရုန်းထွက်ဖို့အတွက်ခွန်
အားတွေမရှိ့တော့ပါဘူး
ချစ်သူရယ်ငါ့ကိုလေထုံဆေး
မပေးပဲအဝေးကနေနင့်ရဲအမုန်းတွေပိုပဲပိုင်ဆိုင်နေရတဲ့ငါ့
နှလုံးသားလေးခံနိုင်ရည်မရှိတော့ဘူးချစ်သူရယ့်အချစ်ရဲ
အညတလေးကိုသနားသေား
အားဖြစ်တခါတလေတော့
ကြင်နုးစရာကောင်းမဲ့အိမ်မက်
မျိုးးလေးမက်ခွင့်ပေးပါလားချစ်သူ့
                     စိုးရိမ်လွမ့်

ချစ်သူ

ချစ်သူ
ငါထက် ခွင့်လွတ်တတ်မယ့်သူရှိရင် စွန့်သွားပါ~~~~~
ချစ်သူ
ငါထက်အနစ်နာခံမယ်သူရှိခဲ့ရင် ငါကိုထားခဲ့ပါ~~~~~
ချစ်သူ
ငါချစ်တာထက်ပိုမယ့်သူရှိရင်
ငါကိုမုန်းလိုက်ပါ~~~~~
ချစ်သူ
ငါထက်ပိုပြီးနင့်ကိုဂရုစိုက်မယ်သူရှိရင်
လမ်းခွဲသွားပါ~~~~~
တကယ်လို့သာ ငါထက်သာမယ်သူရှိရင်
ငါကျေနပ်စွာ လမ်းခွဲပေးပါမယ်
နင့်ပျော်မယ့်နင့်သာယာမယ် နင်ကျေနပ်မယ်ဆိုရင်
ငါနှလုံးသားလေးကိုတံတားခင်းလို့သာ
နင်းဖြတ်သွားလိုက်ပါ
ငါကျေနပ်စွာ လိုက်လျောပေးလိုင်ပါမယ် ချစ်သူရေ
ငါကတော့အလွမ်းကမ္ဘာထဲ့မှာနှလုံးသားလေးကိုစတေးလိုက်မယ်
ပျော်ရွင်ပါစေ ချစ်သူ

စိုးရိမ်လွမ့်း

အတိပ်ကချစ်သူ

ချစ်သူရယ့်
နင်နဲ့အတူပို့ခဲ့ဘူးတဲ့
messagsစာလေးတွေကို
ငါပြန်ဖက်မိလို့အခုငါုနင့်ကိုအရမ်းသတိရနေတယ်ချစ်သူရယ့်
ငါဖုန်းဆက်မှာဆိုးလို့ငါ့ဖုန်းနံပါတ်လေးကိုblockထားတယ်
နော်နင်ဘယ်ချိန်များပြန်ဖြတ်ပေးမလဲလို့ငါနင့်ရဲဖုန်းကိုအကြိမ်ကြိမ်အခါခါခေါ်ခဲ့မိပါတယ်
ချစ်သူရယ့်ပြီးတော့နင့်မျတ်နာလေးကိုများမြင်ရမလားဆိုပြီးနင်တို့အိမ်ရှေ့ကိုလဲငါအကြိမ်ကြိမ်လမ်းလျောက်ခဲ့ပါတယ်
ချစ်သူအရင်ကငါတို့အတူပြောခဲ့ဘူးတဲ့စကားလေးကိုငါအရမ်းပြောခြင်ပေမဲ့လဲငါ့မှာပြောပိုင်ခွင့်လေးတောင်မရှိတော့ပါဘူးဟားငါ့မှာလေနေ့ဆင်နဲ့အမျှအလွမ်းတွေကိုအဖော်ပြု့လို့
ခံစားချက်တွေကိုစာစီလို့ငါ့ရဲ
ခံစားချက်တွေကိုလူတွေသိအောင် post ကိုတင်မိလိုက်ပြီချစ်သူရယ့် စိုးရိမ်လွမ့်

Thursday 24 March 2016

တိပ်တခိုးအချစ်

ချစ်သူ
ငါ့ရင်ထဲကနင်နဲ့
ပက်သက်ပြီးခံစား
နေရတဲ့စကားတွေကို
နင်သိအောင်ငါအရမ်း
ဖွင့်ပြောခြင်လိုက်တာ
ဟာဒါမဲ့လေငါပြောလိုက်
ရင်နင့်အတွက်အနှောက်
ယှက်ဖြစ်သွားမယ်ဆိုတာ
ငါသိပါတယ်ဟာ့
အ့ကြောင့်ငါခံစားနေရတာ
ထက်နင်ခံစားရမှာကိုငါ
မလိုလားဘူးချစ်သူ
ငါ့မပျော်ရွှင်နိုင်လဲနင်
ပျော်ရွှင်နေရင်ငါကျေနက်
ပါတယ်ချစ်သူဒီထက်ကို
ငါ့မျတ်ရည်ကြမှနင်ပျော်ရွှင်
မယ်ဆိုရင်နင့်ဘဝတခြောက်လုံးပျော်ရွှင်နိုင်ဖို့ငါ့ဘဝတစ်သက်လုံးငါ့အသက်ကန်မကုန်သေးသရွေနင့်အတွက်ငိုပေးနေ
မှာပါ့
                            ချစ်သူရယ့်
စိုးရိမ်လွမ့်

Wednesday 23 March 2016

မသေချာတဲ့အချစ်

ချစ်သူ
မသေချာဘဲ မင့်ပုံရိပ်တွေ
ကိုယ်ရင်ခွင်ထဲ့တိုးဝင်
မျော်လင့်ချက်တွေ အပိုင်စီး
အိပ်မက်တွေ မူပိုင်ခွင့်လုပ်
အလွမ်းတွေကို ခံယူ
ငါသိမ့်ချစ်တတ်ပြီဆိုမှ
အမုန်းနဲ့လက်ပြ
ကြေ ကွဲခြင်းတွေ ချန်ခဲ့ကာ
ပြုံပြုံလေးထွက်သွားသူရေ
နာကျည်ရမဲ့အစား
လွမ်းနေသေးတယ်နော်
vvvvvvvvvvvvvvvvvvvv
သူငယ်ချင်းတို့ရေကျနော်ကို
ဝေဖန်အကြံပေးစကား
လေးများပြောခြင်ရင်ကျနော်phလေးပါ
09799161997
vb  Bt တို့ကနေလဲပြောနိုင်ပါတယ်ဗျာ

ချစ်သူ

ချစ်သူ
တစ်ဖူးမှာတစ်ပွင့်
တစ်ပွင့်မှာတလွှာ
တလွှာမှာတယောက်
နင်တစ်ယောက်ထဲကိုပဲ
ချစ်တာပါလူကသာ
ကမ္ဘာပက်နေပေမဲ့
နှလုံးသားကတော့
ကမ္ဘာမပက်ပါဘူးတစ်ယောက်
ဆိုတစ်ယောက်ထဲပါ
ငါဘယ်မြို့ဘယ်တိုင်းပြည်ပဲ
ရောက်ရောက်ငါ့ရဲစိတ်
ကတော့နင့်အနားမှာ
အမြဲရှိ့နေတာပါချစ်သူ
ငါဘယ်လမ်းကိုပဲခြောက်ခြောက်လမ်းဆုံးရင်တော့နင့်
ရင်ခွင်ကိုပဲရောက်မှာ
ပါချစ်သူရေ့
                         စိုးရိမ်လွမ့်း

မပြယ်သောအချစ်

အချစ်ဆိုတာ ရယူခြင်းလဲမဟုတ်သလို 

ပိုင်ဆိုင်နေမှ  တို့နှစ်ဦးကြား

ချစ်ခြင်းမေတ္တာတွေရှိနေတာ မဟုတ်ပါဘူး

ချစ်သူ ..........


ယူဇနာ တစ်သောင်း ကွာဝေးစေဦးတော့.......

နားလည်မှုတွေ ..... ယုံကြည်မှုတွေ .....

သစ္စာစောင့်သိခြင်းတွေ

ငါတို့နှစ်ယောက်မှာ ရှိနေသရွေ့ 

ဒီ .... ကမ္ဘာကြီး ပျက်စီးယိုယွင်းသွားရင်တောင် 

တို့နှစ်ဦး ချစ်ခြင်းကို ကဗ္ဗည်းထိုး မှတ်တမ်းတင်ထားကြလိမ့်မယ် ။


တို့နှစ်ယောက် အနေဝေးနေကြရင်တောင်

စိတ်ဝိဥာဉ်လိပ်ပြာငယ်က 

လွမ်းဆွတ် သတိရခြင်းတွေအပေါ်မှာ 

အချိန်တိုင်း စက္ကန့်မလပ် ကပ်တွယ်ငြိနေလို့ .....


သွေးထိုးကြမယ့် ဘေးစကားတွေ နားခါးလွန်းလို့ 

မင်း နားမယောင်နဲ့...... ချစ်သူရေ.....

မပျက်သော ချစ်ခြင်းတရားတွေနဲ့ 

အနာဂတ်ခရီးလမ်းတွေ လှပအောင်ကြိုးစားမယ်

တို့နှစ်ဦး သစ္စာတည်စွာ

ငါ့လက်ကို မြဲမြံစွာတွဲ 

ချစ်ခြင်းတွေ သက်ဆုံးတိုင် ခိုင်မြဲကြစေဖို့ ။     ။


ညိမ်းစေသော်(BeeTalk)








အောင်မြင့်မြတ်(Myanmar Youths)

Sweet Lonely

အတိတ်ကို ပြန်တွေးကြည့်တော့လည်း

အချစ်ရဲ့ ပျော်ရွှင်မှု ကြည်နူးရမှု

စိတ်ချမ်းသာရမှု အတိတွေပြီးခဲ့လေသားပဲ

ဒါပေမယ့် ...

အဲ့ဒီအပျော်တွေ ကြည်နူးရမှုတွေရဲ့တဖက်မှာ

ပိုပြီးစိတ်ညစ်ခဲ့ရတာတွေ ငိုခဲ့ရတာတွေ

အရူးတစ်ယောက်လိုဖြစ်ခဲ့တာတွေကပိုနေတော့လည်း

ကြာလာတဲ့အခါမှာ 

အချစ်ကို ငါကြောက်လာတာ မဆန်းတော့ပါဘူး

အခုများတော့

တစ်ခါတစ်လေမှာ အထီးကျန်မှုဆိုတာရှိတယ်ဆိုပေမယ့်

အချစ်ကြောင့် ခံစားရတာတွေမရှိတော့တဲ့

တကိုယ်တည်းဘ၀က

ပိုပြီး ကျေနပ်စရာကောင်းနေတယ်


မုန်း (BeeTalk)








..



အောင်မြင့်မြတ်(Myanmar Youths)

နေရာဟောင်း




မရောက်ဖြစ်တာကြာပြီဖြစ်တဲ့

ကိုယ့်မြို့လေးရဲ့ကမ်းနားလေးမှာ

ကိုယ်တစ်ယောက်တည်းပြန်ရောက်သွားတဲ့အချိန်

ပုံရိပ်ဟောင်းတွေက တစ်ကွက်စီနဲ့

ရုပ်ရှင်ပြကွက်တစ်ခုလိုပြန်တွေ့ရတယ် ..

အစစ်မှန်တော့မဟုတ်ပေမယ့်

ဟိုးတစ်ချိန်က

သူနဲ့အတူပျော်ခဲ့ဖူးတဲ့နေရာလေးတွေက

ကိုယ့်မြို့ကျဉ်းကျဉ်းထဲမှာ

အလစ်လပ်မှမကျန်ခဲ့တာပဲ ..

ပြန်ရောက်သွားတဲ့အချိန်မှာ

အဟောင်းတွေကအသစ်တွေဖြစ်ပြီး

ဒဏ်ရာဟောင်းက တဆစ်ဆစ်ပြန်နာလိုက်တာ

ရင်တစ်ခုလုံးအောင့်မျက်တဲ့အထိ ...

ပြန်မရနိုင်တော့မယ့်အတိတ်တွေကလည်း

အနှေးပြကွက်တစ်ခုလိုသာ ပျောက်ကွယ်သွားခဲ့တာ ...

ကိုယ်ထထွက်သွားချိန်မှာလည်း

မပြောင်းလဲဘဲကျန်နေရစ်က

နေရာဟောင်းလေးတစ်ခုသာ ....


မုန်း (BeeTalk)



အောင်မြင့်မြတ်(Myanmar Youths)

Tuesday 22 March 2016

ရင်နင့်ကြေကွဲ

့  ရင် နှင့်   ကြေ  ကွဲ့

လက် က နဲ ဖြာ ညို လဲ့ လဲ့ မျ က် ဝ န့်း့
မျ က် ဝ န့်း့အ ကြည့်  တစ် ချ က်
အ ပြီး တစ် သက် တာ့မေ့ နှ လုးံ သား
ယစ် မူး သွား ခဲ့တကယ် ဆို
ရှားပါး တဲ့ အတူ ရှိ ချိ န် တွေ
မ ပြော ပလောက်တဲ့
အ မှတ် တ ရ တွေ သာ့ချစ်နေခွင့်အတွက်
အင် အား တွေ ဖြစ်စေခဲ့

ပြောမ ထွက် ခဲ့တာလာ့း မပြောတတ်တာလား
အသေ အ ချာ မသိခဲ့ပေ မယ့့်
အသံမဲ့တဲ့စကားလုးံ့
ညို လဲ့ လဲ့ မျ က်ဝန်းတွေ ရဲ့ အဆုးံ့
မေ အ ကြိမ် ကြိမ် ကျ ရူးံ့

ချ စ် သူ ရ ယ့့်တကယ် တော့ မေဟာ
မ ရွာ ဘဲ ညို တတ် တဲ့မင့်း့ရဲ့
ကောင်းကင်ရင် ခွင် က့
မိုး စက် မူန် တစ် ပွင့် သာ့
ဖြစ် ချ င် ခဲ့ သူ ပါ့ချ စ်သူ့ရာ
သြော့့်မိုးစက် မူန့် တစ်ပွင့်  သာ

ဒါ ပေ မယ့့်ချ စ် သူ့
မင်း နဲ့ ပတ် သက် သ မျှ့မျှော် လင့်ချက်တွေ
အပိုင်းပိုင်း ပြို လဲ့ရင် နှင့် ကြေကွဲ
မေ့  အတွက့့်ရင်နှင့်ကြေကွဲပါ့ချ စ်သူ

အညတြ့ဆရာမ့မေ လ ရိပ် ထာ့း့အညာမြေ



အောင်မြင့်မြတ်(Myanmar Youths)

့စိုး စိတ် ရောင့် ရဲကြွေ ကွဲ မည့့်

့စိုး စိတ် ရောင့် ရဲကြွေ ကွဲ မည့့်

မောင်ရှိနေ သော့့်ငြိ ရစ် နှောင် ငင်
သံယောဇဉ်ဖြင့့်လောက သက်ရှိ
နတ္ထိ ထင် ခဲ့မောင့် ပြင် မ ရှိမြင်စေခဲ့၏

မောင် နှင့် ဝေးဖို့အတွေးဖန် သော်
ပူ ပန် လောင် မြို က့့်လှောင်ပိတ်မွန်းကြပ်
ရင် မှာ စူး နစ့့်မျ က်ရည် ဝဲ လျ က်
ခွဲရန် စိုး ၏့

အတိတ် ဘဝ ကံ့ပါ လာပြန် တော့
မောင်  နှင့်  မ ဝေး ချ င် ပါ့
မောင် နှင့်  မ ခွဲ ချ င် ပါ့
သို့ ပါ သော် လည်း
ရင် မှာ ဆန္ဒ မ ပြည့် ဝ ဘဲ့ဝေ့း့ဝေ့း့
ဝေးကွာခဲ့ပေါ့

တကယ်ဘဲဝေ့း့ဝေးကွာခဲ့တော့
မေ့ရင်ထဲနှလုံးသားတစ်ခု့
ယဲ့ ယွင်း ပြို လည့်း့သေလုခဲ့လည်း
မဲ့ကင်းနေရာ့မောင့် ပုံလွှာ အစား
မောင့် ကို ယ်ငွေ့ သာ့ရင် မှာမြတ်နိုး
တိတ် တိတ စိုးလျ က့့်
စိုးစိတ်ရောင့် ရဲ ကြေကွဲမည့့်
သြော့့်စိုးစိတ်ရောင့် ရဲကြေ ကွဲမည့့်


အညတြ့ဆရာမ့မေ လ ရိပ် ထာ့း့အညာမြေ



အောင်မြင့်မြတ်(Myanmar Youths)

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၇၃

💓အချစ်💓


ငါခံယူထားတဲ့ အချစ်

အရော်အစား မဟုတ်ဘူး


အနိုင်အရှုံးလည်း ဟုတ်ဘူး

ဘယ်သူမှသတ်မှတ်မထားပေမဲ့


ငါခံယူထားတဲ့ အချစ်က

သိတတ်နားလည်မှု


ခွင့်လွှတ်သည်းခံမှု

ယုံကြည်မြတ်နိုးမှုတွေအပြင်


သစ္စာစောင့်သိမှုတွေနဲ့

အထပ်ထပ်ဖွဲ့စည်းထားတယ်ချစ်သူ


                         @ရုပ်သေးရုပ်မလေး@

                                NTU
=================================
တဖက်ဆီ


ကမ္ဘာတဖက်မှာနင်နေ
ကမ္ဘာတဖက်မှာ
ငါအခြေချ
နေကျသွားတဲ့
မနက်ညတွေမှာ
ဝေငှဖို့ခွင့်မရတဲ့
တမ်းတခြင်းတွေကကြီးစိုး
မီးခိုးကတိမ်ဖြစ်တဲ့
ကောင်းကင်ထက်မှာ
အလွမ်းလို့
ခေါင်းစဉ်တပ်ထားတဲ့
ကြယ်တပွင့်သာ
မှေးမှိန်စွာအလင်းခြွေ
မင်းနေတဲ့
ကမ္ဘာမှာရော
နှင်းဝေနေတုန်းပဲလားချစ်သူ
မတွေ့ရလည်း
နေ့ညများစွာမမေ့
အသံမကြားလည်း
ကြိမ်ဖန်များစွာ
အတွေးမှာထည့်လို့
ဝေးကွာတဲ့
နေ့ရက်တွေကိုရေတွက်
နေထွက်ရာ
အရှေ့ရပ်ဆီက
လေယဉ်သံကြား
ငှက်တွေကြားက
ဖြတ်ပြေးသွားတိုင်း
အနမ်းတွေ
လမ်းကြုံထည့်လို့
လွမ်းရုံနဲ့လည်း
ငါ့။
နေသာပါပြီချစ်သူ့။



        သူရဇ္ဇ
=================================
  အဖြည့်ခံ

မင်းရွေးသွားတဲ့လမ်း
ရင်နာအောင်
လွမ်းရမယ်ဆိုတာ
မသိခဲ့ဘူးလား
ချစ်သူ
မေ့နိုင်တဲ့နင်
ငါ့အကြင်နာတွေကို
ဥပေက္ခာပြု
မမေ့နိုင်တဲ့ငါ
အတိတ်တနေရာဆီက
ချစ်ရက်တွေကို
အမြစ်ဖြတ်ဖို့
မစွမ်းသာ
အလွမ်းနာကို
တိတ်တဆိတ်
ပုံဖော်လို့
ကြွေလွင့်သွားတဲ့
ရော်ရွက်တွေကြား
နင်ထားတဲ့အတိုင်းသာနေ
နင်စေရာ
ရေမဖြစ်တဲ့ငါ့ကို
နေရစ်ဖို့နင်ဆို
မမြင်လိုလှည့်ထွက်
ငဲ့ကွက်ဖို့ဝေး
နင်ပေးတဲ့
အဆိပ်တခွက်နဲ့
ငါသေသည်အထိ
အိပ်စက်လို့
တစိတ်တစက်မျှ
မပိုင်တော့တဲ့
ငါ့ချစ်သူနင်
အမြင်မတော်စရာတွေကြားမှာ
နင်ပျော်ပါစေသားလို့
ဆုတောင်းပါတယ်
ချစ်သူ့။


        သူရဇ္ဇ
=================================
  မြေစာပင်

လှည့်စားမှု့ရဲ့နောက်ကွယ်
ဘယ်သူနိုင်တယ်
ဘယ်သူရှုံးတယ်မသိ
အယုံလွယ်တဲ့
ငါ့နှလုံးသားလေးက
မြေစာပင်
ဖြစ်ခဲ့ရတယ်
တစစ်စစ်နာကျင်ခဲ့ရပေမယ့်
သင်ခန်းစာရခဲ့ပြီ
ငိုနေပေမယ့်
ရှိုက်သံမထွက်အောင်
ထိန်းချူပ်တက်ခဲ့ပြီ
ခံရခက်ပေမယ့်
နှုတ်ခမ်းက
ပြုံးနေနိုင်အောင်
ဟန်ဆောင်တက်ခဲ့ပြီ
မြေစာပင်
ဖြစ်ခဲ့ရရှာတဲ့
ငါ့နှလုံးသားကိုတော့
နှမျောမိတာအမှန်
နင်ဖြစ်စေချင်တာ
အခုလို့အဖြစ်မျိုးဆိုရင်
နင်နိုင်ပါတယ်ချစ်သူ
ဟန်ဆောင်ခြင်းတဖက်
လှည့်စားခြင်း
အတက်နဲ့
ငါအသက်မထွက်ရုံ
နင်လုပ်ခဲ့တယ်
နင့်။
အပြတ်အသတ်ကို
နိုင်ပါတယ်ချစ်သူ




        သူရဇ္ဇ
=================================
တောင်သူလယ်သမားနေ့

ပိုးမွှားမကြောက်
ရေမြောင်းလျှောက်လို့
တံဇဉ်ကိုကိုင်
မိုးဖြိုင်ဖြိုင်ကျ
နေပူလှလည်း
အားခဲရုန်းကန်
ချွေးသံရွှဲရွှဲ
မောလည်းမပျင်း
ရွှေရောင်ဝင်းတဲ့
လယ်ကွင်းတွေကြည့်
ပီတိဖြစ်မိ
နိုင်ငံစပါးကျီ
ဝမ်းစာမှီဖို့
နေပူမကြောက်
စောင့်ရှောက်ရ၏
မိုးရွာမစဲ
လယ်ထဲမှာအိပ်
မှေးမိတ်ရ၏
ခိုက်ခိုက်လျက်
နှင်းပက်လှလည်း
ပုဆိုးခြုံကွေး
နွေးထွေးရ၏
ရင်းသမျှမကျေ
ပေးငှဝေဆဲ
ခါးကမာန်နဲ့
စပါးကဆန်ဖြစ်
ချွေးနဲ့စစ်၍
ဘေးမှာစွန့်ပစ်
ဆန်ကွဲအနှစ်သာ
သူတို့စား၏
ထိုမျှမက
လိုတရဖို့
အသက်၏တဝက်
တိုင်းပြည်အတွက်
သွေးချွေးဆပ်လို့
ပေးအပ်တာဝန်
ကျေပွန်စေခဲ့
ဂုဏ်အင်ကြီးမား
လယ်သမားများအား
နေ့ညမပြတ်
ဂုဏ်ပြုထပ်၍
ကျန်းမာစေကြောင်း
ဆုတောင်းပါ၏့။

        သူရဇ္ဇ

မတ် လ(2)ရက်နေ့တွင်ကျရောက်သောတောင်သူလယ်သမားနေ့အားဒီကဗျာဖြင့်ဂုဏ်ပြုပါသည်
=================================
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။



အောင်မြင့်မြတ်(Myanmar Youths)

Sunday 20 March 2016

အထီးကျန်အတွေး


ဘယ်သူမှငါ့အနားမရှိတော့တဲ့အချိန်

မင်းတစ်ယောက်တော့ရှိနေပေးမယ်ထင်ခဲ့မိပေမယ့်

မင်းကအရင်ဆုံးငါ့အနားကထွက်ခွာ

အားလုံးကလည်းအဝေးဆုံးရောက်သွားတဲ့အခိုက်

အဆင်ပြေမှာပါလို့ မာန်တင်းထားသမျှ

အားလုံးကရေစုန်မျောလို့

အတွေးတွေနဲ့တင်ချာချာလည်နေလိုက်ပုံများ

ငါ့ရင်တစ်ခုလုံး ဗြောင်းဆန်

ခေါင်းတွေလည်းချာချာလည်နေပြီ

မသိခြင်းတွေများတဲ့အခိုက်

သိရှိခြင်းဆိုတာတွေလည်းမရှိတော့တဲ့အခါ

အရာအားလုံးဟာ ဗလာနတ္ထိ

ငါ့အတွက်ဆိုဘာမှမရှိတော့ဘဲ

ငါ့တစ်ယောက်တည်းသာ 

အထီးကျန်နေလို့

တစ်ယောက်တည်းတစ်ကမ္ဘာရှင်သန်နေရတော့မလို ...


မုန်း (BeeTalk)







အောင်မြင့်မြတ်(Myanmar Youths)

အဝေးဆုံး

ချစ်ခဲ့ပါတယ် .. အဆုံးအထိ

နားလည်ပေးခဲ့ပါတယ် .. နောက်ဆုံးအထိ

တသက်တာရည်ရွယ်ခဲ့လို့လည်း

မင်းပြောသမျှနာခံပေးခဲ့လိုက်တာ ..

စကားလုံးတိုင်းအတွက် ခေါင်းညိတ်ရင်းနဲ့ပေါ့ ..

ဒါနဲ့များတောင် ..

ထားလိုတဲ့ဆန္ဒပြင်းပြလိုက်ပုံများ

မင်းအတွက်ပဲကြည့် ..

ငါ့နှလုံးသားရဲ့စကားသံတွေကို 

မျက်ကွယ်ပြုလို့ ..

အရာရာပြတ်သားခဲ့လိုက်တာ ...

ရင်အစုံကို ခြေကန်ရင်း

ဝေးသထက်ဝေးရာအရပ်ဆီသို့ .....


မုန်း (BeeTalk)






အောင်မြင့်မြတ်(Myanmar Youths)

ပြန်ဆုံရင်မပြုံးနဲ့

မင်းပေးခဲ့ဖူးတဲ့အကြင်နာတွေက

မင်းပြန်ယူသွားတဲ့ ငါ့ရဲ့ဒဏ်ရာတွေကိုမကုစားနိုင်တဲ့အခါ

ငါ့ဝေဒနာတွေအတွက် ဖြေသိမ့်စရာဆေးရှာမတွေ့တော့ဘူး

ဆုံခြင်းတွေကောင်းခဲ့ပေမယ့်

ခွဲခွာဖို့များမတွေးခဲ့ဖူးလေတော့

တကယ်တမ်းလက်တွေ့ကြုံလာတဲ့ ခွဲခွာခြင်းမှာ

ငါ့ကိုယ်ငါမဖြေသာနိုင်တော့ဘူး ..

ထာဝရအတွက်ရည်စူးထားခဲ့ပေမယ့်

နင်ကမှမလိုမရှိခဲ့လေတော့

ငါလေ ... ထပ်ဆွဲထားဖို့တော့မလုပ်လိုတော့ပါဘူး

ငါ့ရင်ကိုငါသော့ပိတ်ပြီး

နင့်အကြောင်းတွေအကုန်လိုက်ကာချလိုက်တော့မယ်

ပြန်ဆုံခဲ့ရင်တောင်

ငါ့ဘက်လှည့်ပြုံးမပြတော့နဲ့ ...


မုန်း (BeeTalk)







အောင်မြင့်မြတ်(Myanmar Youths)

Friday 18 March 2016

ခွင့်လွှတ့်ခြင်းအချစ်

ချစ်သူ
ငါမရှိ့လဲနင်
နေတက်သွားပြီဆိုရင်
လဲငါ့ကိုဥပက္ခာပြု့ထားခဲ့
နိုင်ပါပြီအရင်လိုနင်တယောက်ထဲ
ရှိ့နေတဲ့အချိန်နင့်အနားကို
ငါလာဖို့မလိုအပ်တော့ဘူးဆိုရင်လဲ
ပွင့်လင်းစွာပြောဆိုနိုင်ပါတယ်
နင်တယေက်ထဲအားငယ်နေတဲ့အချိန်
နင့်အနားမှာအားပေးဖေါ်အဖြစ်ငါမလိုအပ်တော့
ဘူးဆိုရင်လဲရိုးသားစွာပြောခွင့်ပြု့ပါတယ်
ဘာလို့လဲဆိုတော့တကယ်မချစ်ပဲ
ဟန်ဆောင်ပြီးချစ်ပြနေတာနင့်အတွက်
ပင်ပန်းနေမှဆိုးလို့ပါ့
                                         ချစ်သူ့
စိုးရိမ်လွမ့်းကျနော်mp4သီချင်းလေးပါထည့်ပေးလိုက်ပါတယ်နော်

စက္ကူစွန်

ရင်ထဲမှာလေ

နွေလေးများစွာ သိမ်းထားပါတယ် ...။

မျက်ဝန်းစုံထဲ

ပုလဲများစွာ စုထားပါတယ် ...။

ငိုတတ်သောငှက် 

အိပ်မက်ထဲမှာ အလည်လာတယ် ...။

ဝေးကြပြီပေါ့ ...

မေ့လျော့ခြင်းများ ၊ ပေးသနားပါ

ပိုးစား ၊ ဖုန်ကပ် ၊ သူ့ဓာတ်ပုံများ

စာအုပ်ကြားက ၊ ပြားချပ်သွေ့ရော်

ကံ့ကော်ခြောက်များ ၊ ဖျောက်ဖျက်ပါ၏..

ခြေရာရှိက ၊ သတိရမှာ 

စိုးမိပါသည် ...။

တကယ်တော့ ခင် ..

ရင်ထဲ အရိပ် ၊ စိတ်ထဲတွယ်ငြိ 

ဘယ်သူသိမလဲ..

ချစ်မိသည့်ဝန် ၊ သောကနွံ္ပ၌

နစ်ကျွံလည်စင်း ၊ ခွဲခွာခြင်းမှာ

ဝေဒနာဆိုး ၊ ကြိုးတန်းလန်းငင်

အမျှင်ရယ် မပြတ်...။ ။


မောင်စိန်ဝင်း(ပုတီးကုန်း)







အောင်မြင့်မြတ်(Myanmar Youths)