Sunday 20 March 2016

အဝေးဆုံး

ချစ်ခဲ့ပါတယ် .. အဆုံးအထိ

နားလည်ပေးခဲ့ပါတယ် .. နောက်ဆုံးအထိ

တသက်တာရည်ရွယ်ခဲ့လို့လည်း

မင်းပြောသမျှနာခံပေးခဲ့လိုက်တာ ..

စကားလုံးတိုင်းအတွက် ခေါင်းညိတ်ရင်းနဲ့ပေါ့ ..

ဒါနဲ့များတောင် ..

ထားလိုတဲ့ဆန္ဒပြင်းပြလိုက်ပုံများ

မင်းအတွက်ပဲကြည့် ..

ငါ့နှလုံးသားရဲ့စကားသံတွေကို 

မျက်ကွယ်ပြုလို့ ..

အရာရာပြတ်သားခဲ့လိုက်တာ ...

ရင်အစုံကို ခြေကန်ရင်း

ဝေးသထက်ဝေးရာအရပ်ဆီသို့ .....


မုန်း (BeeTalk)






အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ