Saturday 5 March 2016

လွမ်းရဲမှ လမ်းခွဲပါ

အပိုင်း(၄)
ဒီနေ့ အိမ်မှာပဲ ကျနော်ရယ် မကေသီအောင်ရယ် သဇင်နွယ်ရယ် အတူ အုန်းနို့ခေါက်ဆွဲလုပ်စားကြတယ် သဇင်နွယ်သည် ပြုံးရွှင်လို့နေသည် ထိုပြုံးရွှင်မူ့ဟာ မကြာခင် ကွယ်ပျောက်မည်ဆိုတာ သူမသိလေရော့သလား ကျနော် မျက်နှာပေါ်မှာ ဟန်ဆောင်အပြုံးကို သူမသိဘူးထင်ပါရဲ့လေ ကျနော် အိမ်ရှေ့သို့ ကားလေးတစ်စီးထိုးရပ်သည်ကိုအားလုံးတွေ့မြင်ရသည် သဇင်နွယ် အံ့သြသလိုပဲ မမလဲအံ့သြနေသည် ဘာကြောင့်ဆိုတော့ ကားပေါ်မှ ဆင်းလာသူဟာ သဇင်နွယ်ရဲ့ ဖခင် ဦးကျော်ဘတစ်ယောက်ဖြစ်သောကြောင့်တည်း ဦးကျော်ဘသည် ကျနော်တို့ကို မြင်သောအခါ ဦးသမီးကို ဘေးမသီရန်မခပဲ စောင့်ရှောက်ထားတဲ့ မောင်ကောင်းပိုင်ကို ကျေးဇူးတင်ပါတယ် သမီးအဖေတို့နဲ့ ပြန်လိုက်ခဲ့ပါနော် ဟု သဇင်နွယ်ဆီသို့ လှည့်ပြောသောအခါ အစ်ကိုကောင်းနဲ့ ဖေဖေ ဘယ်လိုသိလဲ
သမီး ဒီရွာမှာ ရှိနေတဲ့အကြောင်း မနေ့က သူဖေဖေဆီ လာပြောတယ်လေ
သမီး မလိုက်နိုင်ဘူးဖေဖေ ပြီးတော့ ကိုခန့်ကိုလဲ သမီး လက်မထပ်နိုင်ဘူး
သမီးရယ် သူမှာ ဘာအပြစ်တွေရှိနေလဲ သူဟာ ဥစ္စာပေါသလို ရုပ်ရည်ကလဲတင့်တယ် သမီးနဲ့လဲ သင့်တော်တဲ့ အိမ်ထောင်ဘက်တစ်ခု ဖြစ်တာမို့ ဖေဖေ စီစဉ်ရတာပါ
သမီးမှ သူကိုမချစ်တာ
သမီး မကြိုက်ရင် ဖေဖေ ဇွတ်မစီစဉ်တော့ပါဘူး ဒါပေမဲ့ ဖေဖေနဲ့တော့ ပြန်လိုက်ခဲ့ပါ
ဒါဆိုရင် သမီးသိခြင်တာ သိခွင့်ရရင် ပြန်လိုက်မယ်
ဘာများလဲ သမီး ပြောပါ
အစ်ကိုကောင်းက ညီမကို ဒီမှာ မနေစေခြင်တဲ့အတွက်ကြောင့် ဖေဖေကို သွားပြောတာပေါ့   ဟု ကျနော်ကို စိုက်ကြည့်ပြီး မေးသောအခါ ကျနော် နှုတ်ခမ်းမှ စီးကရက်အငွေ့တို့ကို အပြင်မှုတ်ထုတ်ပြီး
သဇင်ထင်သလိုတော့ မဟုတ်ပါဘူး မိသားစုဟာ စုံစုံညီညီ ရှိနေသင့်တယ်ထင်လို့ပါ
အော် ဒါဖြင့် သဇင်ဟာ ဖေဖေနဲ့အတူနေပြီး ဖေဖေသဘောတူတဲ့သူကို ယူရမယ်ပေါ့ ဟုတ်လား အကိုကောင်း
ဒါက သဇင်တို့ မိသားစုအရေး လေ သဇင် ဖေဖေနဲ့ ပြန်လိုက်သွားပါ မင်းကို ဒီအိမ်လေးက ပျော်ရွှင်မူ့မပေးနိုင်ပါဘူး မင်းမြို့ပေါ်ရောက်သွားရင် ဒို့ရွာလေးကို မေ့သွားမှာပါ
ဘာလို့ ဒီလိုပြောရတာလဲ
မင်းတို့ မြို့သူတွေက တောရွာလေးကို ခဏရောက်ပြီး ပျော်တက်ကြပေမဲ့ အကြာကြီး မနေနိုင်ပါဘူး ဒါကြောင့် လိုက်သွားပါ ပြီးတော့ ဒို့ရွာလေးကို ဘယ်တော့မှ မလာပါနဲ့
သဇင်ကို မနှင်ပါနဲ့ အကိုကောင်းပြောခဲ့ဖူးတယ်လေ လမ်းခွဲသူတိုင်း လွမ်းရဲလို့ လမ်းခွဲတာပါဆို အကိုကောင်းက သဇင်နဲ့ လမ်းခွဲရဲတယ်ပေါ့
မင်းနဲ့ငါ ဟာ ချစ်သူတွေမဟုတ်ခဲ့ဘူး မင်းကို လမ်းခွဲလို့ ငါဝမ်းမနည်းပါဘူး မ
မင်း ပြန်ပါတော့ဟာ
အစ်ကိုကောင်းမျက်ဝန်းတွေထဲက စကားတွေကို သဇင်သိပါတယ်လေ ဒါပေမဲ့ သဇင်ဟာ မိန်းကလေး တစ်ဦးပါ အကိုကောင်း
ကျနော် စီးကရက်တစ်လိပ်ကို ထုတ်ယူပြီး နှုတ်ခမ်းတေ့ကာ မီးရှို့ပြီး အားရပါရရှုရှိုက်မိပါသည် သဇင်နွယ်ကို ကြည့်ကာ မင်းနဲ့ငါဟာ ဒီဘဝမှာ ဘယ်လိုမှ မပေါင်းစပ်နိုင်ဘူး မင်းက ချမ်းသာတဲ သူဌေးသမီး ရုပ်ချောတဲ့ ပပဝတီ ငါက ရုပ်ရည်မလှတဲ့ မင်းဒဿ      ဒီဘဝမှာ သံယောဇဉ်ဖြစ်ဖူးတယ်ဆိုရင်လဲ နာကျင်စရာတွေနဲ့ ဖြေသိမ့်ပါ အခုတော့ မင်းအဖေ ကားထဲမှာ စောင့်နေပြီ သွားပါတော့ မင်းဘဝမှာမှာ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောငါးပေးလိုက်ပါတယ် သဇင်နွယ်
သဇင်သွားပါတော့မယ် မမကေသီ သဇင်သွားတော့မယ်နော် ဟုဆိုကာ လက်ကလေးပြလို့ ကျောခိုင်းသွားသော သဇင်ကိုကြည့်ကာ လွမ်းရဲလို့ လမ်းခွဲတာမဟုတ်ပါဘူး ဝမ်းနည်းမူ့တွေပြည့်နှက်နေတဲံ အကိုရင်ထဲ ဘယ်လောက်နာကျင်နေမလဲဆိုတာ ခံစားကြည့်ပါသဇင်ရယ် အကို မင်းကိုချစ်တယ် ဒါပေမဲ့ မလှပတဲ့ အကိုဘဝမှာ ရွှေလင်ပန်းနဲ့အချင်းဆေး မင်းမွေးတဲ့သမီးကို ချစ်တယ်လို့ ရင်ထဲမှာပဲ မြိုသိပ်ခဲ့တာပါ  နောင်ဘဝတွေများရှိခဲ့ရင် ချစ်တဲ့သူတိုင်းညားလို့ ညားသူတိုင်းလဲ ချစ်နိုင်ပါစေလို့ အကို ဆုတောင်းနေမှာပါ သဇင်
ဟုဆိုကာ လက်ထဲက စီးကရက်တိုကို ပြာခွက်ထဲသို့ ထိုးသိပ်ပြီး မမကိုလှမ်းကြည့်တော့ မမမျက်ဝန်းမှာမျက်ရည်ဥတွေ တွဲခိုနေသည်ကို တွေ့ရသည် မမ ဘာလို့ငိုနေတာလဲ သူက ခဏရောက်လာတဲ့ဧည့်သည်ပါ အချိန်တန်တော့ သူအိမ်သူပြန်ရမှာပဲလေ ဟုပြောတော့ မမက မောင်လေးရယ် သူဟာ ဧည့်သည်ဆိုပေမဲ့ မမတို့ကို သံယောဇဉ်ရှိပါတယ် မမစကားကို မည်သို့မျှကျနော်မတုံ့ပြန်ပါ မောင်လေးလဲ သူကို မေတ္တာရှိနေပါတယ်ဟုသာ ရင်ထဲက တဖွဖွပြောပြီး ပါးပြင်ပေါ်မှ ကျဆင်းလာတဲ့ မျက်ရည်စက်က သံယောဇဉ်ကြင်နာမူ့ကြောင့် ကြွေရလေသလားကွယ် သဇင်ရယ် ဘယ်ဘဝဝဋ်ကြွေးတွေကြောင့်အခုလို ကံကြမ္မာက ရက်စက်ရသလဲနော် မင်းခဏတာ ခိုလှုံခဲ့တဲ့ အိမ်လေးဟာ မင်းရှိနေစဉ်က ပျော်ရွှင်မူ့တွေပြည့်နှပ်နေခဲ့ပေမဲ့ အခုတော့ အထီးကျန်ဆန်လွန်းလှပါတယ်လေ လမ်းခွဲပြီးနော်မှာ လွမ်းရဲရတော့မှာပေါ့နော် ဘဝဆိုတာ စာမျက်နှာပါလို့ ရေးခဲ့တဲ့ တစ်ကောင်ဘွားရဲ့ ကဗျာလေးကို သတိရမိပါတယ်လေ
ဘဝစာမျက်နှာ
ဝတ္ထုတစ်ပုဒ် အတိုချုပ်ပြီး
ရှေ့ဖြစ်ဇာတ်လမ်း ဖြစ်ရပ်ဆန်းကို
ရသလား ကွဲသလား
သေသလား ရှင်သလား
သိလိုသော်က စာမျက်နှာကျော်
ဖတ်လိုသော်က ရနိုင်စွ၏
ဘဝဆိုသည့် စာမျက်နှာက
တစ်ရွက်တစ်ကြောင်း ကျော်လို့ကောင်းသည့်
အရာတစ်ခု မဟုတ်ပါလား
                    တစ်ကောင်ဘွား
           ဒီကဗျာကိုဖတ်တိုင်း စာမျက်နှာတွေလို ကျော်လို့ရရင် အခုခံစားနေရတဲ့ အကိုဘဝကို ကျော်လိုက်ခြင်ပါရဲ့ သဇင်ရယ်
                                    ရှေ့ဆက် အပိုင်း(၅)ကိုမျှော်
ဝေဖန် အကြံပြု စာများပေးဖို့ပြောကြားလိုပါက ၀၉၄၄၂၀၉၅၄၆၅သို့ ပေးဖို့ပြောနိုင်ပါသည် beetalk id *nayminkyaw*ဟု ရိုက်ရှာကာ မိတ်ဖွဲ့လွှာများပေးဖို့ ပြောနိုင်ပါသည်
                               တစ်ကောင်ဘွား(ဓာတ်တော်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ