Monday 14 March 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၇၂

" နွယ် "

နွယ်.....
တွယ်ချင်သလိုတွယ်တက်
မင်း အထက်ရောက်စေဖို့
ငါ ငုတ်တိုင်တစ်ချောင်းဖြစ်ပေးမယ်။
နွယ်......
ရယ်ချင်သလိုရယ်ရဖို
တကယ်ပင်အသက်ဝင်အောင်ကပြ
မင်းဆန္ဒအရေးပေး
ငါ ရုပ်သေးရုပ်လေးတစ်ရုပ်ဖြစ်စေမယ်။
နွယ်......
ဘယ်အချိန်ဘယ်ကာလရောက်ရောက်
မပျောက်မပျက်သောပေးဆပ်ခြင်း
နေ့အခါနေမင်းအဖြစ်နဲ့
ညအခါလမင်းအသွင်
အလင်းအစဉ်ပေးဆပ်နေမဲ့
မင်းရဲ့စေညွှန်ရာစေပါနွယ်။ ။

မျိုးနိုင်(တန့်ဆည်)
=================================
   မိနဲ့ဖ

လမင်းလို
အလင်းရောင်ပေး
အေးမြစေတဲ့မေမေ
နေမင်းကြီးလို
လမ်းပြပေး
နွေးထွေးစေတဲ့ဖေဖေ
သမုဒယမြေကမ္ဘာမှာ
အမေနဲ့ယှဉ်ရင်
ဒုတိယနေရာက
အဖေ
ရင်နဲ့မလွယ်ပေမယ့်
ချွေးနဲ့သွယ်လို့
ကြီးပြင်းစေ
စီးဆင်းနေဆဲ
အဖေ့မေတ္တာ
လောကရွာ
လူ့ပြည်မှာ
အမေသည်သာ
ဂုဏ်အင်ကြီးမား
သိနေငြားလည်း
လမင်းအလင်းတစ
ပေးဝေငှဖို့
နေမင်းဆီက
အလင်းယူရသည်
ဂုဏ်အင်ယှဉ်ပြ
မာတာပိတ
မိနှင့်ဖသည်
အနှိုင်းမဲ့လျက်
တဂိုဏ်းထဲမြတ်၏
့။့။


         သူရဇ္ဇ
=================================

ဘဝတိုက်ပွဲ

ဘဝတိုက်ပွဲ
အခက်ခဲနဲ့ရှေ့ဆက်
ချွေးတစက်မက
မြေသို့ကျ
နေဖို့ဘဝ
လှပဖို့အတွက်
အားအင်ကိုသုံး
ပြုံးပြုံးလေးဖြတ်ကျော်
အဆိုးတွေကျော်လွန်
အကောင်းတွေက
အပျော်နဲ့
ဒွန်တွဲလို့
ရှေ့ကိုရောက်လာတဲ့အချိန်
ယုံကြည်စွာ
ဖမ်းဆုပ်လိုက်ပါ
မင်းရဲ့
ကောင်းကင်ယံမှာ
တိမ်မြူတွေကင်းလို့
လမင်းကြီး
ထွက်ပေါ်လာပြီ
သူငယ်ချင့်း။




       သူရဇ္ဇ
=================================
နေတက်သလို


နင်ငိုနေလားချစ်သူ
တိတ်ပါကွယ်
နင့်အတွက်
ပဝါတစ်ထည်
မဖြစ်ခဲ့တဲ့
ငါ့အချစ်တွေကို
နောင်တတွေနဲ့
သဂြို င်္လ်ချင်လို့ပါ
ပန်းနွယ်တခက်
နွမ်းပြယ်ပျက်ဖို့
နင့်ခေါင်းထက်မှာ
နေစက်တွေနဲ့
ပူပန်နေပြီလားချစ်သူ
အရိပ်မှာခိုနေပါ
နင့်အတွက်
အမိုးမဖြစ်ခဲ့တဲ့
ငါ့မေတ္တာတွေကို
စမ်းရေထဲ
မျောပစ်ချင်လို့ပါ
အတွေးနက်လို့
အမှေးခက်နေပြီလား
သက်ပြင်းကို
ထည်လဲချလို့
နင်အိပ်စက်ပါချစ်သူ
နင့်အတွက်
မရင့်ကျက်ဖြစ်တဲ့
ငါ့ယုံကြည်မှု့ကို
တိမ်ကြားမှာပဲ
ချိတ်ဆွဲလို့
မှေးမိန်စွာ
ထွန်းလင်းချင်လို့ပါ
ဖမ်းဆုပ်ရခက်တဲ့
မျှော်လင့်ခြင်းတချို့
ယုံကြည်ဖို့
ခက်ခဲတဲ့အခါ
ငါနားလည်ပေးပါ့မယ်
နင့်။
နေတက်သလိုနေပါ့။


        သူရဇ္ဇ
=================================
''မပြုံးသာပါ''

မလိုတမာ   

ပြုံးသကာနှင့်

ရေပေါ်ရုပ်ရေး

ဟန်ဆောင်ပေး၍

အနှစ်မပါ

စစ်မေတ္တာလည်း

ကြားသာကြားရ

ငါ့နားဝမှာ

ခါးလှပါပြီ

ဟန်ဆောင်လှည့်ဖြား

မာယာများနှင့်

အရိပ်လိုလို့

အခက်ချိုးပြီး

အပြုံးဘုရင်

ခွန်းတုံ့နှင်လည်း

ငါ့မှာဝမ်းနည်း

လွန်ကြေကွဲလည်း

ပြုံးဖို့ကြိုးစား

မရငြားတော့

ပြုံးရိပ်မပေါ်

ညိုးရိပ်လျော်သည်

ဘယ်မှာအပြုံး

ဆင်နိုင်အံ့တည်း....


ရွှေဗလ
=================================

ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။အခုလိုကျွန်တော်တို့ရဲ့ ကဗျာဂျာနယ်လေးမှာ ကိုယ်တိုင်ပါဝင်ပြီး ကဗျာတွေကို ရေးသားပေးပို့ချင်တယ်ဆိုရင်တော့
viber ဖုန်းနံပါတ် 09-256480246၊gmail-myitkyinatharlay888@gmail.comတို့တွင် ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဒီနေ့အစီအစဉ်လေးကို တင်ဆက်ပေးသူကတော့ ကျွန်တော် အောင်မြင့်မြတ် ပဲဖြစ်ပါတယ် ခင်ဗျာ။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ