Friday 22 September 2017

ဖခင်နှင့်တူသောချစ်သူ




ဖခင်နှင့်တူသော ချစ်သူကိုရလျှင်… ဘဝသည် ပြီးပြည့်စုံပါသည်။
❤❤❤❤❤❤❤❤❤❤❤❤
-အကောင်းအဆိုး နှစ်တန် ဆုံးမပဲ့ပြင်ပေးခြင်း

-တိုက်ခိုက် စော်ကားမှုများမှ ကာကွယ်ပေးခြင်း

-လိုအပ်သည်ကို ဖြည့်ဆည်းပေးခြင်း

-အနွံတာခံ ချစ်ခင်ယုယခြင်း

-မည်သည့် အကြောင်းကြောင့် ကျသည့် မျက်ရည်ကိုမဆို ခမ်းခြောက်စေခြင်း

-ဘဝရည်မှန်းချက်ကို အထမြောက်လာအောင် ပံ့ပိုးပေးခြင်း

-နှစ်ဦးရှေ့ရေးအတွက် ရည်မှန်းကာ အလုပ် ကြိုးစားလုပ်ကိုင်ခြင်း

-နှစ်ဦးရှေ့ရေးနှင့် ပတ်သက်ကာ အမြော်မြင်ရှိခြင်း

ဤသို့သော ချစ်သူမျိုးသည်… ယုံကြည်စွာ မှီခို အားကိုး လောက်သည့် အတွက်… ဖခင်နှင့်တူသော ချစ်သူ မည်၏။

ဤသို့သော… ချစ်သူမျိုးကို ရရှိထားသော မိန်းကလေး၏ ဘဝသည်… အရိပ်အာဝါသ ကောင်းသော ညောင်ပင်ကြီးကို မှီခိုရသကဲ့သို့ …ဘဝသည် အေးချမ်း လုံခြုံပါသည်။

❤ စိမ့်စမ်းဖြူ  ( ဆေးတက္ကသိုလ်)