Saturday 24 September 2016

First Love

First Love

ချစ်နေသေးတာတော့ မဟုတ်ဘူး

ဒါပေမယ့် ..

အမှတ်တရနေရာတွေ ရောက်တိုင်းမှာတော့ 

သတိရမိနေတုန်းပဲ

အဲဒါ ....

နောက်ထပ်အချစ်တွေနဲ့လည်းမဆိုင်ပါဘူး

နှလုံးသားထဲမှာ စတင်ခံစားမိတဲ့ 

ပထမဆုံး အချစ်ရဲ့ လက်ကျန်တွေ ...

သိပ်ချစ်ခဲ့ဖူးသူတစ်ယောက်ရဲ့

နောက်ထပ် ထပ်တူမချစ်နိုင်တော့မယ့်

သေရာပါဒဏ်ရာတွေရဲ့ အမှတ်အသားတွေ ...

လက်ရှိအချစ်တွေအားလုံးမှာ

သတိဆိုတာ ကပ်ပါသွားစေခဲ့တဲ့

ပထမဆုံးအချစ်ရဲ့ သင်ခန်းစာတွေ ..

ချစ်နေသေးတာတော့ မဟုတ်ပါဘူး 

ဒါပေမယ့် ..

လျှောက်ခဲ့ဖူးတဲ့ လမ်းဟောင်းပေါ်ရောက်သွားတိုင်းမှာတော့

အဲ့ဒီအချစ်ကို သတိရနေမိတုန်းပဲ ....

မုန်း (BeeTalk)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

အချစ်နဲ့တွေ့ဆုံလိုက်တဲ့အခါ

နာကျင်ခြင်းတွေ ဗရပွနဲ့

သဲအိမ်ဆောက်ထားမိတဲ့ကမ်းခြေအလား ..

လှိုင်းအပုတ်မှာ မျောလွင့်သွားခဲ့တာ ..

ရေစီးနဲ့အတူမျောပါသွားတာတွေက

အပေါ်ယံဒြပ်ထုမဟုတ်ဘူး ...

ကိုယ့်အသွေးအသက်တွေနဲ့

ဖွဲ့စည်းထားတဲ့ နှလုံးသားတစ်ခုလေ ..

အချစ်ကိုစတွေ့မိစဉ်မှာပဲ ..

နာကျင်မှုဆိုတာကိုလည်း ခံစားတတ်လာခဲ့တာ ..

အချစ်နဲ့ဆုံလိုက်စဉ်မှာပဲ ..

အရိုးပျော့ဆေးကျွေးခံလိုက်ရသူလို 

အားအင်တွေဆိုတာ ကုန်ခမ်းသွားတာ ..

အဲ့ဒီအချစ်ရဲ့အောက်မှာ ...

ဘာကိုမှ ပြောခွင့်မရှိ ..

ဘာကိုမှ ထောက်ပြခွင့်မရှိ ..

ဘာကိုတောင်းဆိုပိုင်ခွင့်မရှိဘဲ ..

အချစ်ကို .. အချစ်အဖြစ်သာ တပ်မက်နေရတော့တဲ့အခါ ..

ငါလေ .. နှလုံးသားကို အရင်းပြုပြီး ..

အချစ်ရဲ့ အသုံးတော်ခံ ကျရှုံးနေခဲ့ပြီ ......

မုန်း (BeeTalk)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

တတိယလူပေါ်လာလေပြီးတော့

တတိယလူပေါ်လာပြီးလေတော့ ..
________________________________

လွမ်းတယ်မောင်

အတိတ်ခြေရာတွေကရောင်ပြန်လာတိုင်း

အခန်းထောင့်မှာတိတ်တိတ်လေး

ကြိတ်ငိုနေရတုန်းပေါ့

မဖြစ်နိုင်တော့ဖူးလို့ဆုံးဖြတ်ခဲ့ပေမယ့်

မောင်တောင်းပန်ပြီးပြန်လာမဲ့အချိန်လေးကို

တိတ်တိတ်လေးမျှော်နေမိတယ်

တိုးတိတ်စွာဆုတောင်းနေမိပြန်တယ်

တူတူရည်ရွယ်ခဲ့တဲ့အိမ်မက်လေးတွေလည်း

မျက်ရည်စတွေတိုက်စားမှုနဲ့

အဝေးကိုလွင့်စင်ခဲ့ပြီလေ

နှစ်ကိုယ်တူချစ်သမျှက မိန်းခလေးတစ်ယောက်ကြောင့်

ပျက်ယွင်းခဲ့ပြီလေ

သစ္စာလမ်းခင်းစဉ်က

တူနှစ်ကိုယ် လိုင်းခန်းအိုမှာနေရင်း 

လစာနဲ့လောက်အောင်စားဖို့သတ္တိရှိခဲ့ပေမယ့်

မောင့်ဘက်ကမပြတ်သားမှုတွေနဲ့

သစ္စာတစ်ချို့တိမ်းပါးချိန်မှာတော့

ရွှေမြရံချယ် ခန်းဝါအလည်ထားမယ်ဆိုတောင်

လှည့်မကြည့်နိုင်တော့တာ

မောင်နားလည်ပေးပါ ...

တကယ်ဆိုမချစ်လို့မှမဟုတ်တာ

တကယ်ဆို မလွမ်းလို့မှမဟုတ်တာ

တကယ်ဆို အတူမရှိချင်လို့မှမဟုတ်တာ

ဒါပေမယ့် ပြန်ဆက်မရတဲ့

ယုံကြည်မှုတွေကြား

သံသယတွေနဲ့အသက်ရှုသံတွေ

မပိတ်လှောင်ချင်တော့လို့

ကျောခိုင်းပြီးလမ်းခွဲခဲ့တာမို့

အလွမ်းတွေကိုပိုက်နှလုံးသားကိုစတေးရင်း

အပြုံးမျက်နှာနဲ့

ဘဝကို ဆက်လျှောက်နေဆဲပေါ့

ဒါပေမယ့်လည်း 

တခါတလေပေါ့မောင်

အမှတ်တရတွေ အမှတ်တမဲ့ ပြန်ပေါ်လာတဲ့အခါ

ရူးသွတ်စွာတော့ တမ်းတနေမိဆဲပါ------------

Credit - အမုန်းတိမ်တိုက်လေး(မောင်ဖတ်ဖို့)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Thursday 22 September 2016

ချစ်သူ

ချစ်သူ
မသေချာဘဲ မင့်ပုံရိပ်တွေ
ကိုယ်ရင်ခွင်ထဲ့တိုးဝင်
မျော်လင့်ချက်တွေ အပိုင်စီး
အိပ်မက်တွေ မူပိုင်ခွင့်လုပ်
အလွမ်းတွေကို ခံယူ
ငါသိမ့်ချစ်တတ်ပြီဆိုမှ
အမုန်းနဲ့လက်ပြ
ကြေ ကွဲခြင်းတွေ ချန်ခဲ့ကာ
ပြုံပြုံလေးထွက်သွားသူရေ
နာကျည်ရမဲ့အစား
လွမ်းနေသေးတယ်နော်

စိုးရိမ်လွမ်း

ချစ်သူရယ့်

ချစ်သူရယ့်

ငါက နင့်ရဲ့ အချစ်ဦးလဲ ဟုတ်ချင်မှ ဟုတ်မှာပါ
ဒါပေမယ့် ငါ ဖြစ်ချင်တာ မင်းရဲ့အချစ်ဆုံးလူပါ။
ငါက နင့်ရဲ့ အချစ်ရဆုံးသောသူလဲ ဖြစ်ချင်မှ ဖြစ်မှာပါ
ဒါပေမယ့် ငါ ဖြစ်ချင်တာ နင် သံယောဇဉ်အရှိဆုံးလူပါ။
ငါက နင့်ရဲ့ အမြတ်နိုးရဆုံးလဲ ဟုတ်ချင်မှ ဟုတ်မှာပါ
ဒါပေမယ့် ငါ ဖြစ်ချင်တာ နင် တန်ဖိုးအထားရဆုံးလူပါ။
ငါက နင့်အတွက် အလိုအပ်ဆုံးလဲ မှန်ချင်မှ မှန်မှာပါ
ဒါပေမယ့် ငါ ဖြစ်ချင်တာ နင့်အတွက် နားလည်ရဆုံးသူပါ။
ငါက နင့်အတွက် အပျော်ဆုံးထားနိုင်သူလဲ ဟုတ်ချင်မှ ဟုတ်မှာပါ
ဒါပေမယ့် ငါ ဖြစ်ချင်တာ နင့်အတွက် ဖြည့်ဆည်းပေးနိုင်ဆုံးလူတစ်ယောက်ပါ
စိုးရိမ်လွမ်း

ကဗျာဂျာနယ် အတွဲ ၁ အမှတ် ၉၂

ရင်ဖွင့်စကားချစ်သူကြားစေရဲ့ ကဗျာဂျာနယ်လေး မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ။ အကြောင်းအမျိုးမျိုးကြောင့် အပတ်စဉ်အတိုင်း မတင်ဖြစ်ပေမဲ့ အားရင် အားသလို တင်ပေးသွားပါ့မယ်။ ဆက်လက်အားပေးကြပါအုံးဗျာ။

---------------------------------------------------------------
သလ္လာတမ်းခြင်း

ကမ်းတဖက်မှာရပ်
လက်ယက်လို့​ခေါ်
ငါ​မျှော်​နေတာ
နင်မြင်ရင်
ရေအစုန်တိုင်းဆင်း
မြစ်မင်းသလ္လာအနား
ခြေရာများထားခဲ့
စကားနဲ့အမှာမပါးသ၍
မလာအားတဲ့
ရေဂယက်အသံကို
ချစ်သူ​ခြေသံအထင်နဲ့
သောင်ပြင်ထက်​ပြေးကြိုမိ
အ​ဝေးကိုကြည့်လည်း
အိပ်တန်းခိုမယ့်
ကျေးငှက်​တွေသာမြင်
ပြန်လမ်းမထင်တဲ့
ညရင်ခွင်ဟာလည်း
ကြယ်​လေး​တွေ
ချိတ်ဆွဲဖို့​မေ့​လျော
ခပ်​သော​သော
ပြေးဝင်လာတဲ့
လှိုင်းပုတ်သံ​တွေကြား
အ​ပြေးသွားကြည့်မိ
ဩော့့် 
ဒီတ​ရေတက်မှာလည်း
ချစ်သူအ​ငွေ့သက်
ပါမလာခဲ့ပြန်ဘူ့း့ ။

   သူရဇ္ဇ
___________________________________________

သံသရာအဆုံးထိ

လိုရာသုံး​ပေါ့ချစ်သူ
မလိုရင်ပစ်ချ
နင်ချစ်လို့ဝရင်
အမှိုက်တစဖြစ်မယ့်ငါ
လမ်း​ဘေးမှာပဲ
နေသားကျ​နေပါပြီ
ပျော်သလို​နေသွားပါ
အချိန်ဟာကုစားလို့
နင်အခုထားမသွားလည်း
ခွဲခွာခြင်းဆိုတာ
ကံကြမ္မာက
အပ်နှင်းထားတဲ့
ဆုံ​တွေ့ ခြင်းနိဂုံးမဟုတ်လား
ငါမတားခင်
နင်ထားချင်​နေမှ​တော့
ကျောပြင်ကို​ငေးကြည့်
အ​ဝေးထိ
လျှောက်သွားမယ့်
မင်း​ခြေဖ၀ါး​အောက်
ငါ့မာနကို
ဒူး​ထောက်​ပေးလို့
ရေး​ရေးမထင်ခဲ့တဲ့
မင်းရဲ့ကြင်နာခြင်း
အတွက်လည်း
ငါစိတ်မကွက်ခဲ့သလို
ငါ့ကိုနှိပ်စက်မယ့်
နင့်အပြုံးအတွက်လည်း
ရင်တခုလုံး
အကွဲ​ကြေခံလို့
သံသရာအဆုံးထိ
အမုန်းမရှိ
ချစ်​နေဆဲပါချစ်သူ့ ။

  သူရဇ္ဇ
___________________________________________
သူ့အတွက်သာ

အဆင်​ပြေရဲ့လားတဲ့
မေးရက်လိုက်တာ
ငါ့​ဝေဒနာ
ငါသာအသိဆုံးမို့
မချိပြုံးပြုံးလို့သာ
ဒဏ်ရာကိုဖုံးထားတယ်
စွန့်ပစ်ခဲ့တာ
ဖိနပ်တဖက်မဟုတ်​တော့
တရက်နဲ့တရက်
ဒဏ်ရာကနက်နက်လာ
မတက်သာလို့သာ
လိုက်​လျောခဲ့ရ​ပေမယ့်
မရှိုက်​သောငိုခြင်းနဲ့
ပြိုဆင်းခဲ့မျက်ရည်​တွေ
ခြွေလို့မဝ
ငါ​နေလို့မလှ​ပေမယ့်
အဆင်မှ​ပြေပါ့မလား
နင့်အတွက်သာ
စဉ်းစား​ပေးလို့
ငါ့​နွေး​ထွေးမှု့ နဲ့
ကင်းတဲ့နင်
တခြားရင်မှာ​ပျော်
မျှော်သူနဲ့​ဝေးတဲ့ငါ
ညတရာမှာသာ
အကျဉ်းကျလို့
အဆင်းမလှတဲ့
ညအသ​င်္ချေနဲ့
ဘယ်အဆင်​ပြေပါ့မလဲ
ငါ့ရင်ထဲမှာ
ပန်း​တွေပွင့်​နေတာမှ
မဟုတ်ခဲ့တာ့ ။

သူရဇ္ဇ
___________________________________________
❆ ထာဝရ သူငယ်​ချင်း ❆

အသိ မိတ်​​ဆွေ
အသိ မိတ်​​ဆွေ ထက်​ပိုတဲ့ သူငယ်​ချင်း
သူငယ်​ချင်း ထက်​ပိုသာ​သော ထာဝရ
ထာဝရခင်​တဲ့ချစ်​​သော သူငယ်​ချင်း.. ....

အတွင်းသိအစင်းသိမို့
အပြုံးတု တံဆိပ်​ထုစရာမလို
ကျခဲ့ရတဲ့မျက်​ရည်​​တွေကို
နေလှန်းလို့ဆားချက်
ဟင်းအတွက်​အသုံးဝင်​​အောင်
ပြုလုပ်​​ပေးသူ.....

ငို​ကြွေးခြင်းနဲ့​ပျော်​ရွှင်​ခြင်းအကြား
ကူးလူးဆက်​သွယ်​ရာလမ်းက
အောင်​သွယ်​​တော် ​​ခြေမြန်တပ်သား
မျက်ဝန်းမှတဆင့်​​​တွေ့ရတဲ့
အ​ကြောင်းတရားများကို
စာသားများအဖြင့်
ဘဝစာမျက်နှာမှာဖွင့်လှစ်ေ​​​​​​​ပးသူ......

သွေးမ​တော် သားမစပ်
အငွားခံစား​ေ​​ပးတတ္တဲ့
နှလုးံသားတစ်စုံရဲ့ တစိတ်တပိုင်း
ပီပီသသနဲ့ သိသာတာတခုက
နင်ကငါ့ရဲ့ ထာဝရ
ထာဝရ သူငယ်ချင်း
စိတ်ကူးထားတဲ့အတိုင်းဖြစ်ဖို့
နင်ထာဝရ ခင်ေ​​​​​​​​ပး​နော်......။

         စုန်း
___________________________________________
မင်းကိုလွမ်းရ
နေ့နဲ့ညမှာ
စီးကျမျက်ရည်
မေ မလိခ
ပေါင်းဆုံဆင်းရာ
မြစ်ဝတီထက်
အဆများစွာ
ပိုသာလိမ့်မည်

MC Htet Wai
___________________________________________

ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာ ကဗျာတွေကို ကိုယ်တိုင်ရေးသားပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 

ကဗျာတွေရေးသားပေးပို့ချင်တယ် ဆိုရင်တော့ viberဖုန်းနံပါတ်
09-256480246သို့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။အားလုံးကို ကြိုဆိုလျက်ပါ

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Tuesday 20 September 2016

ငါသာမကောင်းတဲ့ကောင်

ငါသာ မကောင်းတဲ့ကောင် ...

အနားမှာ မရှိလည်းလွမ်းတယ်

ဒါပေမယ့်

နင်မကောင်းခဲ့ဘူး

ဒါပေမယ့် ငါမကောင်းခဲ့တာ

ဟုတ်တယ်

ငါမကောင်းတာပါ

လိုအပ်မှုတစ်စုံတစ်ရာကြောင့်

နင်ငါ့ကိုမုန်းလည်း

ငါကျေနပ်တယ် ...

ဖောက်ပြန်တယ်ဆိုတာ သစ္စာမဲ့သူတွေရဲ့လုပ်ရပ်

ဟုတ်တယ် ငါမကောင်းဘူး ..

ဒါပေမယ့် ငါမဖောက်ပြန်ဘူး ...

သေမင်းနဲ့တွေ့ရင်တောင်

ငါသစ္စာဆိုဖို့ဝန်မလေးဘူး ..

ချစ်ခဲ့တာ ၉ နှစ်

ဖြစ်ပျက်တွေပြန်တွေးတိုင်း

တို့ရင်ခုန်နေဆဲ

ပျော်ပါစေ ငါ့ချစ်သူ မေ ဆိုပြီး ဟစ်ကြွေးသံတစ်ချို့

မပီပြင်ဝိုးတစ်ဝါးညမှာ

အပီအပြင် အိပ်မရတော့ပါ ...

ကျွန်တော် ဘဝနဲ့ ရင်းချစ်ခဲ့တာပါ

မိုးနတ်မင်းကြီးရယ်

အချစ်ခြင်းပြိုင်

အမုန်းသရဖူ ခူးဆွတ်

ငါ့ချစ်သူ မေ ပျော်ရွှင်ဖို့ 

ငါ့ပျော်ရွှင်မှုတွေ လက်ဖွဲ့လိုက်ပါတယ် ...

ဟုတ်တယ် ငါမကောင်းဘူး ...

လိုအပ်မှုတစ်စုံတစ်ရာကြောင့်ပေါ့ ...

AYK (BeeTalk)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

မီးစိမ်းပြပေးပါမောင်

မီးစိမ်းပြပေးပါ .. မောင်

အချစ်ဆိုတာ….. မောင်ဘယ်လိုခံယူသလဲ

ကိုယ့်အတွက်တော့…

အချစ်ဆိုတာ….. 

ပိုင်ဆိုင်ခွင့်ရဖို့ မှမလိုခဲ့ဘဲ…

ပိုင်ဆိုင်ချင်တဲ့ဆန္ဒ 

ဖြစ်မလာခဲ့တဲ့နောက်ပိုင်းမှာ

ဆက်မချစ်ဘူးဆိုတာ…

သူ့ အချစ် တကယ်ကောစစ်နိုင်ပါ့မလားး

မဖြစ်နိုင်ဘူး ဆိုတာရှိနိုင်ပေမယ့်

မဖြစ်လာသေးတာလဲ 

ဖြစ်နိုင်သေးတဲ့အနေအထားမှာ

မောင်အသက်ရှင်နေသ၍့ 

ကိုယ် အသက်ရှိနေသရွေ့ 

မောင့်ကို ဆက်ချစ်နေဖို့ ဆုံးဖြတ်တာ…

ကိုယ့်အလွန်များဖြစ်သွားလားး

ခဏတာစွဲလမ်းခြင်းမဟုတ်ခဲ့လို့ 

တစ်ဘ၀လုံးစာ ရူးသွပ်ခြင်းတွေဖြစ်နေတာ

ကိုယ်တကယ်များ ရူးနေလားးး

ခိုင်းစေသူက နှလုံးသား

အသိစိတ်က ကျွန်ယုံတော်

ကခုန်လို့  စေခိုင်းခုတ်မောင်းခဲ့အပြီးမှာ

ကိုယ်ဆိုတဲ့ ရထားတစ်စင်း

တမြို့ လုံးဘယ်လိုပတ်မောင်းခဲ့ပါစေ

မောင်ဆိုတဲ့ ဘူတာမှာပဲ 

အကြိမ်ကြိမ်ဆိုက်ကပ်တယ် ....

မောင့့် 

ကိုယ့်ကို အလံစိမ်းလေးပြလိုက်စေချင်တယ်....

Credit - ယုန်မဒီ

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Sunday 18 September 2016

ချစ်သူ

ချစ်သူ
နင်ငါ့အပေါ်ဘယ်လောက်ပဲ

ရက်စက်နေပါစေဟာငါနင့်ကို

ရက်စက်လိုက်တာ

ဟာလို့ငါဖွင့်မပြောရဲ့ပါဘူးဟာ့

       ပျော်ရွှင်နေတဲ့နင့်ရဲအမှုရာလေး

            တွေပြောင်းလဲသွားမှာဆိုးလို့ပါ

                 ငါ့မှာနင့်ရဲရက်စက်မှုတွေခံယူဖို့

                      ဇာတာပါလာခဲ့တယ်ဆိုရင်လဲ

                          ငါပျော်ပျော်ကြီ်းနင်ရဲရက်စက်မှုတွေကို

                              ခံယူနေမဲ့သူပါဟာ့ဒါမဲ့

                                  ငါဆုလေးတစ်ခုတော့တောင်းပါရစေ

                                       ဒီဘဝဒီမျှနင်တစ်ယောက်ရဲရက်စက်မှု

                                           တွေနဲ့သာကျေပါစေသာ့
                             
စိုးရိမ်လွမ့်း

Saturday 17 September 2016

ချစ်သူ

အရမ်းချစ်ပါတယ်ချစ်သူ
ဟုတ်ပါတယ်ငါသိပါတယ်
ချစ်သူ့
ချစ်တယ်ဆိုတဲ့စကားလုံး
လေးရဲနောက်ကွယ်မှာငါနင့်
ပေါ်ထားသင့်အရားလေးတွေ
ပေါ့ငါနင့်ကို
သစ္စာရှိရှိချစ်ပါမယ့်နင်ငါ့ကိုချစ်တာအချစ်စစ်
မှန်ရင်ပေါ့
မြတ်မြတ်နိုးနိုးချစ်ပါမယ့်နင်ငါ့ကိုတန်ဖိုးထားရင်ပေါ့
ငါနင့်ကိုလေးလေးနတ်နတ်ချစ်မှာပါ့နင့်ရဲ
အချစ်တွေကအပေါသားမစံရင်ပေါ့
နင့်အတွက်ဆိုရင်ငါဘာမဆိုရင်ဆိုင်ပေးမယ်
ဒါမဲ့ငါတောင်းဆိုချင်တာတစ်ခုကနင်ငါ့အပေါအမြဲတန်း
ယုံကြည့်ဖို့ပါဘဲ့
နင်ယုံကြည့်ထိုက်သူတစ်ယောက်ဖြစ်အောင်လဲ
ငါနေပေးပါမယ့်
ချစ်လွန်းလို့နင့်အလိုတွေလိုက်နေရတာပါဒါမဲ့ငါစိုးရိမ်နေတာတစ်ခုရှိတယ်လေးနတ်တဲ့ငါ့ရဲအချစ်တွေကို
တစ်နေ့ကျရင်နင့်အတွက်အပေါသားစံသွားမှာငါကြောက်နေမိတယ်ချစ်ရသူရေ့?
                                           
 စာလုံးပေါင်းမှားရင်
နှလုံးသားနဲ့ဖြည့်ဖတ်ပေးပါ
         စိုးရိမ်လွမ့်း

အမှတ်မထင်

အမှတ်မထင်ဆုံးဆည်းချင်တော့
ကံကြမ္မာရယ်ဖန်လာပြန်တယ်
ဘဝတကွေ့မှာအမှတ်မထင်ခဏလေး
တွေ့ခဲ့ရတဲ့မင်းကို တိုရင်မှာအမှတ်တရဖြစ်ပြီး
အချိန်နဲ့မျှမေ့မရခဲ့ပါဘူ့း
ဘဝပေးမကောင်းလို့ခဏလေးထပ်ဝေး
ခဲ့ကြတာပါ့
ခဏဝေးသွားတာကိုကံကြမ္မာကထပ်ပြီးဖန်လာ
ပြန်တယ် ခဏလေးဝေးနေတဲ့တိုနှစ်ယောက်ကို
ထာဝရဝေးကွာခြင်းနဲ့အဆုံးသက်ပေးတော့မှာ
လားဟာ့
ငါ့ရင်ထဲမှာတော့ နင်နဲ့ဆုံဆည်းခဲ့တဲ့အချိန်တွေက
နှစ်တွေအများကြီးကြာမြင့်ခဲ့တာတောင်
ခုချိန်ထိ မနေ့တစ်နေ့ကလိုရှိနေတုံးပါဘဲဟာ့
ငါနင့်ကိုလွမ်းရင်းနဲ့ဝမ်းနည်းမိလာတယ်ကံကြမ္မာ
ကြီးရယ့်ခင်ဗျာကြီးသိပ်ရက်စက်တယ်
သိ့လားအစထဲကသူနဲ့ဒီလိုဝေးကွာရမဲ့ဇာတာ
ငါ့မှာပါလာရင်သူနဲ့ဆုံခွင့်မပေးပါနဲ့လားခုတော့
ဆုံခွင့်ပေးတာလဲခညားပဲ တိုနှစ်ယောက်ကိုအနေ
ဝေးသွားအောင်လုပ်ခဲ့တာလဲခညား
ဟုတ်ပါတယ် ချစ်ဖူးသူတိုင်းအမြဲပြောလေ့ရှိကျတဲ့
လွမ်းတယ်လွမ်းတယ်ဆိုတဲ့စကားငါအခုလက်တွေ့
ခံစားရပြီပေါ့လွမ်းရလို့တော့မရူးသွားပါဘူးလွမ်းရတဲ့
အချိန်တိုင်းတော့ရူးလောက်အောင်ခံစားရပါတယ့်

စိုးရိမ်လွမ်းး
ကဗျာတွေမတင်တာကြာလို့မေ့သွားကျပြီလားဗျ

Thursday 15 September 2016

ထာဝစဉ်

ပန်းကလေးတို့လည်းထာဝစဉ် မွေးကြူစေချင်ခဲ့တယ်

လူတို့အပြုံးလည်းထာဝစဉ် လန်းဆန်းစေချင်ခဲ့တယ်

တခါတရံလူတို့စိတ်ဆိုတာ 

ထာဝစဉ် အမြင်ကြည်လင်မှုရှိမနေခဲ့ပါ

လူသဘာဝဆိုတာ တွေးတောမှုတွေ 

အပူပင်တွေဆိုတာရှိတတ်မြဲပါ

အဆင်ပြေခြင်းရှိသလို အဆင်မပြေနိုင်တဲ့ အကြောင်းတွေကြောင့်လဲ 

အပြုံးဆိုတာ ထာဝစဉ်မတွေ့နိုင်ခြင်းပါ

လူဆိုတာ နားလည်မှု သီးခံခွင့်လွတ်မှုတို့၏ ခေါင်းစဉ်

ဖြင့်မေတ္တာတရားတွေမျှဝေသင့်တာပါ ....

မေတ္တာတရားတို့သည် လူ တဦးနှင့်တဦး အာဃာတ

တွေချေဖြတ် အပြုံးတို့ဖြင့် ငြိမ်းချမ်းခြင်းကိုဖြစ်စေခဲ့တာပါ ...

လူတဦးနဲ့တဦး ယုံကြည်မှုတွေ ခိုင်မာ သံသယစိတ်တွေ

မထား သစ္စာတရားတွေတန်ဖိုး ရှိစေချင်ခဲ့တာပါ ...

အရာရာကို နားလည်ခြင်း နဲ့သစ္စာတရားတွေ ရှိနေခဲ့ရင်

ပန်းတိုင်းလည်းမွေးကြူစေခဲ့သလို

အပြုံးတို့လဲ ထာဝစဉ် လန်းဆန်းစေမှာပါ .....

Credit - lightpinksakura

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

သီတာမသိတဲ့ဒဿ

သီတာ မသိတဲ့ဒဿ ...

သီတာရေ---

ငါဟာ ဒဿ

မင်းအမုန်းကြောင့် ဇာတ်သိမ်းမလှခဲ့သူပေါ့---

သီတာရေ----

တကယ်တော့---

(ငါက) ရာမထက်ဦးလို့

မင်းနှလုံးသားဆီညွှတ်နှူးခဲ့သူပါ---

ရာမထက် မပိုရင်တောင်

ရာမအောက်မလျော့တဲ့အချစ်နဲ့

အသက်ကိုတောင်မငဲ့ကွက်ခဲ့သူပါ--

သီတာရေ---

မင်းသိရဲ့လား-----

စစ်ပွဲတစ်ရာ နိုင်ခဲ့ပေမယ့်

အချစ်တစ်ပွဲ ကျမှရှုံးနိမ့်

မင်းအမုန်းကြောင့် အလူးအလှိမ့်ခံစားနေရတာကငါပါကွာ--

သီတာရေ----

အများထင်သလို---

ရာမပစ်တဲ့မျှားအစင်းစင်းခလို့

ငါ့နှလုံးသား သွေးချင်းချင်းမြခဲ့တာမဟုတ်ပါဘူး----

မင်းရဲ့ အမုန်းအကြည့်မျှားကြောင့်

အဆုံးထိလေးတော်တင်ခွင့်ကျရှုံး

ငါ့စိတ်ဓာတ်တွေဗုံးဗုံးကျခဲ့ရတာပါ---သီတာ။

သီတာရေ-----

လေးညှို့ကိုအခါခါလွှတ်

မင်းအချစ်ကိုဇွတ်သိမ်းပိုက်ချင်ပေမယ့်

မင်းမျက်ဝန်းက စက်ဆုပ်တဲ့အကြည့်နဲ့တင်

ငါ့လက်ရုံးတွေတွန့်ဆုတ်သွားခဲ့တာ

ရာဇဝင်မှာ ဘယ်ပညာရှင်ကမှ

စာမတင်ခဲ့ပေမယ့်---

မင်းနှလုံးသားမှာတော့---

ကမ္ဘာတည်နေသရွှေ့အရာထင်နေပေးပါကွာ----

Credit - မနောဖြူ

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Wednesday 7 September 2016

ချစ်ပင်ချစ်လျက်နဲ့ခွဲခွာဖို့ရာ

ချစ်ပင်ချစ်လျက်နဲ့ခွဲခွာဖို့ရာ

ရက်စက်မှုတွေသရဖူဆောင်းလို့

သူစိမ်းကားမရယ်လို့ မုန်းတီးလိုက်စမ်းပါ မောင် ..

တကယ်တော့လေ ..

မောင့်တစ်ယောက်အတွက် အသက်ကိုပေးပြီး

ထာဝရအတွက် ချစ်ခင်ခဲ့သူပါ

မေ့စိတ်တိုင်းကျသာ ဆုံးဖြတ်ရရင်

မောင့်အနားကမခွဲမခွဲဘဲ

မောင်နဲ့အတူ မိသားတစ်စု ထူထောင်ချင်သူရယ်ပါ ..

ဒါပေမယ့် .. မောင်ရယ် ..

နိမ့်ကျတဲ့ မေ့အဖြစ်နဲ့

သိပ်ကိုကြီးကျယ်လွန်းတဲ့ မောင့်အသိုင်းအ၀ိုင်းရဲ့ကြား

မေ့မာနတွေနဲ့ ဆုံးဖြတ်ချက်က

မောင့်အတွက် မြေစာပင်မဖြစ်စေလိုဘူးလေ ..

အဲ့ဒါကြောင့်လည်း ..

မောင့်မိသားစုရဲ့ဆန္ဒအတိုင်း

မောင့်ကိုစွန့်ခွာလို့ ..

မေ့ရဲ့မောင်နားကထွက်ခွာလို့ ..

မောင့်နဲ့ဝေးရာကို စိတ်ရှင်းစွာထွက်ခွာသွားနိုင်ဖို့ ..

စကားလုံးစိမ်းစိမ်းတွေနဲ့

မောင့်ကို သစ်စိမ်းချိုးချိုးရက်ရတာပါ ..

မောင် မသိနိုင်တဲ့ မေ့ချစ်ခြင်းတွေ

ထာဝရမောင့်အတွက်ဆက်တည်မြဲနေမှာကိုတော့

မောင်မသိလည်း ရပါတယ် ..

မောင်သိအောင်လည်း ထုတ်ပြမနေချင်တော့ပါဘူး ..

မောင့်ဘ၀လေး သာယာပါစေ ..

မေ စိတ်ရင်းနဲ့ တောင်းဆုခြွေနေဆဲပါ မောင် ...

မုန်း (BeeTalk)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ဆေးခါး

ဆေးခါး

တစ်ဘဝလုံးစာ နာမကျန်းမှုမှာ

ဆယ်စုနှစ်လဲ ပြောင်းလေတော့

အမုန်းပဋိဇီဝ နဲနဲစိမ့်လာပြီပေါ့.....

Dopermine ရဲ့အဆုံးသတ်က 

ခံစားချက်မဲ့တဲ့ ပုံရိပ်တစ်ချို့နဲ့တင်သေပါတယ်

အမှတ်မရှိတဲ့ နှလုံးသားက

သတိရရဲရင်.... ရ ကြည့်စမ်း

အဲ့မျက်နှာနဲ့ .... အဲ့ပုံရိပ်နဲ့ ....

အရင်ကထက် ဆယ်ဆပိုနာမယ့် ကျိန်စာ

မျက်ရည်တွေမြိုချနေရင်းက

နှုတ်ခမ်းကတော့ သွေးစက်စက်ကျလာတယ်

တစ်ခုခု ရေရွတ်ချင်ပေမယ့်

အနာနဲ့တန်တဲ့ စကားလုံးက ရှာမရပြန်ဘူး....

စိတ်ရူးပေါက်ပေါက် နာကျင်နေမိတဲ့

နှလုံးသားကို ခွင့်လွှတ်ပေးပါ..

နောက်ဆုံးတော့လဲ...

ဦးနှောက်က ရုန်းကန်လာရတာပဲ

ပျံသန်းချင်တယ် .....

ဝေး ဝေး ထိ ပျံ သန်း ချင် တယ် .....။

ပန်းပွင့်လေး (BeeTalk)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

မုသားမဟုတ်သောလိမ်ညာခြင်း

မုသားမဟုတ်သောလိမ်ညာခြင်း

ကိုရေ ..

ကျွန်မအချစ်ကို ယုံကြည်ပေးပါ ..

ကျေးဇူးပြုပြီး

ကျွန်မကို မယုံပါနဲ့ ..

ကိုရေ ...

ကျွန်မနှလုံးသားကို ယုံကြည်ပေးပါ ..

သို့သော်

ကျွန်မရင်ခုန်သံကို မယုံပါနဲ့ ..

ကိုရေ ..

အချစ်က အချစ်ပါပဲ ..

ဦးနှောက်နဲ့ ရင်ဘတ်ခွဲခြမ်းစိတ်ဖြာလိုက်ရင်

ဘ၀ငဲ့ကွက်သူအတွက် အဖြေက တစ်ခုပဲရှိပါတယ် ..

ကိုရေ ..

တကယ်ချစ်ခဲ့သူအတွက်

အချစ်မဲ့ရင်ခွင်ထက်မှာ

သိက္ခာရှိရှိသံယောဇဉ်နဲ့အိပ်နိုင်ရဲ့လား ..

အပြစ်မဲ့ရင်ခွင်အတွက်

လိပ်ပြာသန့်သန့် လွမ်းနိုင်ရဲ့လားဆိုတာ ..

ကျွန်မကိုယ်ကျွန်မလည်း

အဖြေက ခုထိ မတိကျသေးပါဘူး ကိုရယ် ..

Credit - တစ်ခါကချို (A,p)