မရောက်ဖြစ်တာကြာပြီဖြစ်တဲ့
ကိုယ့်မြို့လေးရဲ့ကမ်းနားလေးမှာ
ကိုယ်တစ်ယောက်တည်းပြန်ရောက်သွားတဲ့အချိန်
ပုံရိပ်ဟောင်းတွေက တစ်ကွက်စီနဲ့
ရုပ်ရှင်ပြကွက်တစ်ခုလိုပြန်တွေ့ရတယ် ..
အစစ်မှန်တော့မဟုတ်ပေမယ့်
ဟိုးတစ်ချိန်က
သူနဲ့အတူပျော်ခဲ့ဖူးတဲ့နေရာလေးတွေက
ကိုယ့်မြို့ကျဉ်းကျဉ်းထဲမှာ
အလစ်လပ်မှမကျန်ခဲ့တာပဲ ..
ပြန်ရောက်သွားတဲ့အချိန်မှာ
အဟောင်းတွေကအသစ်တွေဖြစ်ပြီး
ဒဏ်ရာဟောင်းက တဆစ်ဆစ်ပြန်နာလိုက်တာ
ရင်တစ်ခုလုံးအောင့်မျက်တဲ့အထိ ...
ပြန်မရနိုင်တော့မယ့်အတိတ်တွေကလည်း
အနှေးပြကွက်တစ်ခုလိုသာ ပျောက်ကွယ်သွားခဲ့တာ ...
ကိုယ်ထထွက်သွားချိန်မှာလည်း
မပြောင်းလဲဘဲကျန်နေရစ်က
နေရာဟောင်းလေးတစ်ခုသာ ....
မုန်း (BeeTalk)
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ