Friday 29 July 2016

စကားဝါပန်း

 စကားဝါပန်း 

မိုးအခါ … ပျိုးလာ … မညှိုးပါ

ငွေဆီသောက် 

နေခြည်ရောက်…ရွှေရည်နှောက်…ဝေစီတောက်

ဝင့်ဖြာ ……

ပွင့်လွှာ … ဆင့်ကာ … တင့်ရှာ

ဧကရီမွှေး

လေပြည်နွေး … ခြွေသီထွေး … ဒေဝီလေး

နှစ်ဆင့်ပန်

ပင်မြင့်စံ  လှရိပ်နန်း ။

စိမ်းမြညှာ … တိမ်းခရှာ … ယိမ်းကလာ

အချင်းချင်း

ညှင်းညှင်း … ဝင်းဝင်း … သင်းသင်း

သိင်္ဂီလွှာ

ထိန်စီကာ … တိမ်သီပမာ … ဣန္ဒနီဖြာ

မြင်လင့်

ပင်မြင့် … ယဉ်ဆင့် … သွင်တင့်

ထွတ်ယံ

ညွှတ်ပျံ … ဝတ်ဆံ … ဆွတ်ကြံ 

စိုးပြန်စိတ်

ရိုးတံထိပ် … ထိုးလျှံဖိတ် … မိုးသံတိတ်

သွေဖီ …

ဧကရီ … မဟေသီ … ဒေဝီ

ပွေ့ကာချဉ်း

မွေ့ရာခင်း    မယ်လို့    ကမ္ဗလာ

စကားဝါပန်း ။

                     မဟာ(ပန်းပျိုးလက်)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ