Wednesday 2 March 2016

လွမ်းရဲမှ လမ်းခွဲပါ

                                              
အပိုင်း(၁)
ကောင်းကင်တစ်ခုလုံးအုံ့မှိုင်းနေသည်ဒါကိုကြည့်လျှင်မိုးရွာတော့မည်လေ ထိုကြောင့်ကောင်းပိုင်တစ်ယောက်စာအုပ်ဖတ်ရာမှထပြီး လှန်းထားသော ဝတ်စားများကို သိမ်းဆည်းလေသည် မြေပြင်ပေါ်သို့ မိုးစက်လေးများကြွေကျမြေခရာမှ ကောင်းကင်တစ်ခုလုံးလျှပ်စီးတန်းများပြေးလွှားကစားနေသကဲ့သို့ တစ်ခါတစ်ခါ ကြောက်စရာကောင်းသော မိုးခြိမ်းသံကိုပင်ကြားရသည် မရှေးမနှောင်းမှာပင် မိုးခြိမ်းသံနဲ့အတူ  အမယ်လေး ဟု အော်လိုက်သံကိုပါ ကြားရသဖြင့် ကောင်းပိုင်သည်အလန့်တကြား အိမ်အပြင်ဘက်သို့ လှမ်းကြည့်မိသည် 
အလိုလေး ကောင်မလေးတစ်ယောက် လဲနေပါလား ဘယ်ကကောင်မလေးပါလိမ့် သူမသိသော်လဲ အိမ်နံရံ၌ချိတ်ထားသော ထီးကိုယူကာ ကောင်မလေးထံသို့ ချဉ်းကပ်မိတယ်ဆိုပါတော့ ကောင်းပိုင်ဆိုတဲ့ကျနော် ကောင်မလေးအနားရောက်တော့ ကောင်မလေးသည်ကျနော်အား မော့ကြည့်သည့်သူမရဲ့မျက်ဝန်းတွေမှာ တစ်စုံတစ်ခုကို စိုးရိမ်နေသလိုပဲ ပြီးတော့ ကူညီပါလို့ ပါးစပ်ကမပြောပေမဲ့ကျနော်ကိုကြည့်တဲ့ မျက်လုံးစိမ်းတွေကဖော်ပြနေသည် ကျနော်လဲ ကောင်မလေးကို "ထပါ အိမ်ထဲလိုက်ခဲ့ပါ မင်းကို မနှောင့်ယှတ်ပါဘူး"ဟုပြောလိုက်တော့ ကောင်မလေးရဲ့နှုတ်မှ"uတကယ်ပြောတာလား မညာပါဘူးနော်"တဲ့ ကျနော်လဲ "ဟာ ဘာလို့မင်းကိုညာရမှာလဲ မိုးရေထဲမှာမင်းအအေးမိနေမိမှာစိုးလို့ပါ ပြီးတော့ "ကျနော်စကားမဆုံးလိုက်ပါ ကောင်မလေးသည် ကျနော်ကို ကြည့်ပြီး "စိတ်မဆိုးပါနဲ့ ညီမ တောင်းပန်ပါတယ် " 
ကဲ လာလာ အိမ်ထဲရောက်မှ စကားဆက်ပြောတာပေါ့ဟု ကျနော်ပြောသောအခါ ကောင်မလေးလဲ သဘောတူပြီး ကျနော်တွဲခေါ်ရာသို့လိုက်လာခဲ့တယ် အိမ်ထဲရောက်သောအခါ ကျနော် အစ်မ ဝတ်စားများထဲမှ တစ်စုံကိုယူပြီး အစ်မအိပ်ခန်းတွင် သူကိုဝတ်စားလဲစေပါသည် သူဝတ်စားပြီးထွက်လာသောအခါမှ သူကို ကျနော် သေချာကြည့်မိပါသည် မျက်လုံးက ရွှေသမင်မျက်လုံးကဲ့သို့ ဝိုင်းဆက်နေသလိုမျက်တောင်များမှာလဲ ကော့ပြန်နေတယ် အလှကြီးမဟုတ်တောင် ယဉ်တယ်လို့ တင်စားခြင်ပါတယ် ကောင်မလေးက ကျနော် နဲ့မျက်နှာခြင်းဆိုင် ခုံမှာဝင်ထိုင်ပြီး "ကျေးဇူးတင်ပါတယ် ကို ဟို  ဒင်း"ကျနော်နာမည် ကောင်းပိုင်ပါ"
ဟုတ် ညီမနာမည်က သဇင်နွယ်ပါကိုကောင်းပိုင်
ညီမကို ဒီရွာမှာ တခါမှမမြင်ဖူးဘူး ပြီးတော့ဒီလောက်မိုးရွာကြီးထဲမှာညီမကဘာလို့အပြင်ထွက်ရတာလဲ
ညီမက ကျောက်ဆည်ကပါ အိမ်ကနေထွက်ပြေးလာတာ
ဟင် ဘယ်လို
ဟုတ်တယ် ကိုကောင်းပိုင် မိဘတွေပေးစားတဲ့သူကို မယူခြင်လို့ ထွက်ပြေးလာတာ ဒါတွေနောက်မှပြောပြပါမယ်ရှင် အခုလောလောဆယ် ညီမ ဗိုက်ဆာတယ် ဘာရှိလဲ
ခဏလေးစောင့်ဦး  မိုးတိတ်ပြီဆိုတော့ မမလာတော့မှ စားကြတာပေါ့
မမ ဟုတ်လားလ
ဟုတ်တယ် အကိုတို့ကမောင်နှမနှစ်ယောက်ပဲရှိတာ အစ်မက ရွာရှေ့မှာ မုန့်ဆိုင်လေးဖွင့်ထားတာလေ
သြော် ညီမကို ကူညီပါနော် ညီမ အိမ်မပြန်ပါရစေနဲ့ အိမ်ပြန်ရင်ညီမကို ဇွတ်အတင်းစီစဉ်လိမ့်မယ်
မမနဲ့တိုင်ပင်ပြီး မင်းကို ကူညီပါမယ်နော် ဟုပြောပြီး ဖျော်ထားသော ကော်ဖီခွက်ကို သူမရှေ့သို့ လှမ်းပေးကာကျနော်လဲကဗျာစာအုပ်ကိုဆက်လက်ဖတ်လေသည်
            တစ်ကောင်ဘွား(ဓာတ်တော်)
ဘယ်လိုလဲ ဇာတ်လမ်းကိုရှေ့ဆက်ဖတ်မှာလား စာချစ်သူတို့ ဖတ်ခြင်တယ်ဆိုရင်တော့ ၀၉၄၄၂၀၉၅၄၆၅သို့ အားပေးစကားပြောပါဦးbt id *nayminkyaw*ဟု ရှာပြီးအပ်ပါ 

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ