Sunday 20 March 2016

ပြန်ဆုံရင်မပြုံးနဲ့

မင်းပေးခဲ့ဖူးတဲ့အကြင်နာတွေက

မင်းပြန်ယူသွားတဲ့ ငါ့ရဲ့ဒဏ်ရာတွေကိုမကုစားနိုင်တဲ့အခါ

ငါ့ဝေဒနာတွေအတွက် ဖြေသိမ့်စရာဆေးရှာမတွေ့တော့ဘူး

ဆုံခြင်းတွေကောင်းခဲ့ပေမယ့်

ခွဲခွာဖို့များမတွေးခဲ့ဖူးလေတော့

တကယ်တမ်းလက်တွေ့ကြုံလာတဲ့ ခွဲခွာခြင်းမှာ

ငါ့ကိုယ်ငါမဖြေသာနိုင်တော့ဘူး ..

ထာဝရအတွက်ရည်စူးထားခဲ့ပေမယ့်

နင်ကမှမလိုမရှိခဲ့လေတော့

ငါလေ ... ထပ်ဆွဲထားဖို့တော့မလုပ်လိုတော့ပါဘူး

ငါ့ရင်ကိုငါသော့ပိတ်ပြီး

နင့်အကြောင်းတွေအကုန်လိုက်ကာချလိုက်တော့မယ်

ပြန်ဆုံခဲ့ရင်တောင်

ငါ့ဘက်လှည့်ပြုံးမပြတော့နဲ့ ...


မုန်း (BeeTalk)







အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ