Saturday 13 February 2016

အချစ်စစ်ဆိုတာ

ကျွန်တော်နဲ့သူမ ချစ်သူသက်တမ်း ၂ လပြည့်ခါနီးမှာ သူမဟာ ချစ်သူ နောက်တစ်ယောက် ရသွားတယ် အဲ့ဒီ နောက်တစ်ယောက်ဆိုတဲ့ ကောင်လေးက အရမ်းကြီး ရုပ်မချောဘူးလို့ သိရတယ် ... ။

ဒါဆိုရင် သေချာပြီ အဲ့ကောင်လေးဟာ ပိုက်ဆံရှိ သူဌေး တစ်ယောက်ပဲ ဖြစ်ရမယ်လို့ ကျွန်တော့်ရဲ့ ခပ်တုံးတုံး ဦးနောက်က တွေးမိလိုက်တယ် ... ။

တကယ်တန်း စုံစမ်းကြည့်တော့ အဲ့ကောင်လေးက ကျွန်တော့်ထက်တောင် ချို့တဲ့ နွမ်းပါးသေးတယ် ... ။

ဒါဆို သူမက ဘာလို့ ချစ်နေရတာလဲ ငါ့ထက် ဘာမှမသာတဲ့ ကောင်အတွက်နဲ့ ငါ့ကို ဘာလို့ လမ်းခွဲရတာလဲ ဆိုပြီး အကြိမ်ကြိမ် ပြန်တွေးရင်း သူမကိုပဲ ဒေါသတွေ အရမ်းထွက်ခဲ့တယ် ... ။

ကျွန်တော် အတွေးတွေ အရမ်းမှားခဲ့ပါတယ် ။
ကျွန်တော် အတွေးတွေ အတ္တဆန်ခဲ့ပါတယ် ။

သူမတို့ စုံတွဲကို ကျွန်တော် စောင့်ကြည့်မိတော့ ကျွန်တော် နောင်တတွေနဲ့ သင်ခန်းစာတွေပဲ မျက်ရည်တွေနဲ့ ရင်းပြီး ရခဲ့တယ် ... ကျွန်တော့် အပြစ်တွေကို ကျွန်တော် မြင်ခဲ့ရတယ် ... ။

ကျွန်တော် မနက်အစောကြီး သူ့မဆီကို
'' Morning '' လို့ မက်ဆေ့ တစ်စောင် မပို့မိခဲ့ပေမဲ့ အဲ့ ကောင်လေးက '' Morning '' ဆိုတဲ့ မက်ဆေ့ကို သူမဆီ ကျွန်တော် မနိုးသေးခင် ပို့ပြီးနေပြီ ... ။

သူမဆီက သတိရကြောင်း မက်ဆေ့ ဝင်လာတိုင်း ကျွန်တော် ပြန်မပို့ဖြစ်ခဲ့တဲ့ အချိန်တွေမှာ အဲ့ ကောင်လေးက သူမဆီကို သတိရကြောင်း မက်ဆေ့တွေ ပို့နေခဲ့တယ် ... ။

သူမ နေမကောင်း ဖြစ်တဲ့ချိန် ကျွန်တော်က မက်ဆေ့ တစ်စောင်လောက်နဲ့ နှစ်သိမ့်နေတုန်း အဲ့ကောင်လေးက သူမ အနား အပြေးလွှား ရောက်နှင့်နေပြီ ... ။

သူမ နားမလည်တဲ့ ကိစ္စတစ်ခုကို မေးလာလျှင် ကျွန်တော် စိတ်မရှည်တတ်ပေမဲ့ အဲ့ကောင်လေးက စိတ်ရှည်ရှည်နဲ့ အပြုံးတွေနဲ့အတူ ရှင်းပြပေးခဲ့တယ် ... ။

ကျွန်တော် သူမကို အိမ်ကလူတွေ အသိမခံပေမဲ့ အဲ့ ကောင်လေးကတော့ သူမအကြောင်း သူ့မိသားစု တစ်စုလုံးကို ပြောပြနေလေရဲ့ ... ။

ကျွန်တော် သိလိုက်တယ် အချစ်ဆိုတာ ချစ်နေယုံနဲ့ မပြီးဘူး .. ယုံကြည်မှုတွေ ၊ နားလည်မှုတွေ လိုအပ်တယ် ။ ဂရုဆိုက်မှုတွေ ကြင်နာမှုတွေကလည်းအရေးကြီးတယ်ဆိုတာ ..။

ကျွန်တော့်ရဲ့ အတ္တနဲ့ မာနတွေကြောင့် ကျွန်တော် ဘယ်သူ့မှ ဖွင့်မပြရသေးတဲ့ Relationship တစ်ခု ပြိုကွဲခဲ့ရတယ် ... ။

တစ်ကယ်တော့ အဲ့ကောင်လေးက ကျွန်တော့်ထက် အများကြီးသာနေတယ် ... တည်ငြိမ်ပြီး လူကြီးဆန်တတ်တဲ့ သူမနဲ့လည်း အရမ်း လိုက်ဖက်မှာ သေချာပါတယ် ... အချစ်စစ် တစ်ခုကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ ကျွန်တော် ကောင်းကောင်းကြီး သိသွားခဲ့ချိန်မှာ
အရာအားလုံးဟာ နောက်ကျသွားခဲ့ပြီ ... ။

'' သူမတို့နှစ်ဦး ... ထာဝရ ပျော်ရွှင်ပါစေ ''

'' ဒါပေမဲ့ ...ဒါပေမဲ့လို့
ကျွန်တော် သူမကို အရမ်းချစ်တယ်...။

Credit : ဖြိုးမင်းနိုင်



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ