Monday 1 February 2016

ချစ် ညီမလေးသို့

ညီမလေးရယ်
ဆုံတွေ့လာ ဘုံဘဝမှာ
ရင်ခုန်စွဲလန်း ချစ်မိခဲ့တာ
အပြစ်လို့ ဆိုမှာလား
အဲ့ဒီ အပြစ်တွေအတွက်
နှလုံးသားကိုဒဏ်ခပ်ပြီး
လက်ပြနှုတ်ဆက်ခဲ့ပါတယ်
ဝေးရာဆီသို ထွက်ခွါပေမဲ့
ချစ်တက်ခဲ့တာ အသဲလေးကို
ထားခဲ့ပါတယ် ညီမလေးရယ်...
ညီမလေးရေ
မေ့မရတဲ့ ဝေဒနာတွေကို
ရင်ခွင်မှာပိုက်ပြီး 
ကွယ်ရာမှာ ငိုရှိုက်နေတယ်
တွယ်ရာမဲ့ ဘဝနဲ့ပေါ့
ကံမကုန်လို့ ပြန်ဆုံရင်လဲ
သူစိမ်းတစ်ယောက်လိုပဲ
နေပေးပါမယ် ညီမလေးရယ်....
ညီမလေးရယ် 
နောင်ဘဝတွေများမှာ
ညားသူတိုင်း ချစ်ပြီး
ချစ်သူတိုင်းလဲ ညားပါစေ
ဆုတောင်းခြွေရင်း ကြွေကျ
မျက်ရည်စကို မမြင်စေခြင်လို့
မုန်းဟန်ဆောင်ပြီး နှင်ခဲ့တာပါ
ရင်ထဲမှာတော့ နာကျင်နေလျှက်ပေါ့  ..,
                              တစ်ကောင်ဘွား(ဓာတ်တော်)
09442095465

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ