Wednesday 10 February 2016

အကြွေး

ဒို့တိုင်းပြည်
နွံ့နစ်လို့
ကျွန်ဖြစ်မှာခို
ပိုနေတဲ့
ဓာတ်အားတွေ
တရုတ်ပြည်
ရောင်းစားမယ်
အကြွေးတွေ
ကျေပါစေသား
             * ဒို့ကျောင်း*
ကျောင်းကလေးများ
ဖွင့်တော့မည်
ပိုက်ဆံတောင်းတော့မည်
တစ်လသုံးခါတောင်း
ငါတို့စာသင်ကျောင်း...
         *  ညအခါ*
ညအခါ 
လသာသာ
fbသုံးမလား
btသုံးမလား
            *သူဌေးသား*
ရှေးသရော အခါ
ပြည်မြန်မာဝယ်
ကုဋေကြွယ်ဝ
သူဌေးသားသည်
အင်တာနက်သုံး
အချိန်ဖြုန်းလို့
ခွက်လက်စွဲ၍
လမ်းကြိုလမ်းကြား
တောင်းစားရသည်
မှတ်ထားလေလော့
မြန်ပြည်သားတို့..
                    တစ်ကောင်ဘွား(ဓာတ်တော်)
ကျနော် အခုတလော အင်တာနက်သုံးဖို့ အချိန်မရပါသေးသဖြင့် စာဖတ် ကဗျာချစ်သူများကို ပုံမှန်မတင်နိုင်ပါသဖြင့် ရိုးသားစွာတောင်းပန်ပါတယ် အားပေးကြပါဦးနော် မင်းသိကြားနှင့် မြန်မာလူငယ်အဖွဲ့ သူငယ်ချင်းများအားလုံး  စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ပျော်ရွှင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျှက်ပါ
                                     တစ်ကောင်ဘွား(ဓာတ်တော်)
                      09442095465

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ