သူ့ရဲ့အမည်
ခေါ်သည် ``အောင်ဆန်း´´
ထူးခြားဆန်းထွေ
စရိုက်တွေနှင့်
စနေ မနက်
နေ ရေ တက်တဲ့
ဖေ ဝါ ဆယ့်သုံး
မွေးခဲ့ဘုန်းရှင် တို့ဖခင် ..
သာကီနွယ်ဝင်
သခင် စစ်စစ်
ပြည်ချစ်မျိုးရိုး
ထူးတဲ့မျိုးနွယ်
မကွေးနယ်က
ဝင့်ထည်ဂုဏ်ပြောင်
ဗိုလ်မင်းရောင်ရဲ့
ကြယ်ပြောင်တစ်စင်း မြေး ထိန်လင်း ..
ကလောင်စွမ်းအား
လက်မှ ဓားနှင့်
ကိုယ်အား ဉာဏ်အား
တွန်းလှန်သွားခဲ့
တိုင်းခြားရန်သူ
မျက်နှာဖြူနှင့်
ဖက်ဆစ်ဘီလူး
အာဏာရူးတွက်
တို့မြန်ပြည်ရဲ့ ဓားတစ်လက် ..
အာဏာ ရွှေ ငွေ
ခင်မင်လေရာ
ဘာမျက်နှာမှ
ထောက်ညှာမရှိ
ပြည်ကျိုးကြည့်ကာ
ပြတ်သည့်စကား
ထင်ရှားအလုပ်
သက်သေထုတ်လို့
ပဲပြုတ် နံပြားကိုသာ ခုံမင်သူ ..
လက်ပါးစေနဲ့
နယ်ချဲ့မိစ္ဆာ
ပူးပေါင်းပါလို့
ကြမ္မာဆိုးညစ်
ခေါ်ဆောင်ရစ်လည်း
ပြည်သူ့အသဲ
တို့ရင်ထဲမှာ
အမြဲသာတည်
သူသည်သာလျှင်
တယောက်တည်းသော အာဇာနည် .. ။
သူရ.ကေ(ပန်းပျိုးလက်)
ေ
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment
လာလည်သူအပေါင်းပျော်ရွှင်ပါစေ