Tuesday 2 February 2016

ဘယ်သူပိုထူးလဲ

        ဘယ်သူပိုထူးလဲ
      . . . . . . . . . . . . .

ကြမ္မာအကြွေးးးးး
ယူလို့မဆုံးးးးး
တောင်ဖြိုမနိုင်ရင်
ဖြိုသည့်. . အရာထင်ကျန်ရစ်မယ်
လူ့ဘဝမှာ  ပေးယူချစ်မေတ္တာ
မျှဝေစိတ်ကူးပျောက်ဆုံးနေလျှက်
ပူလောင်တဲ့  ဒီလောကမှာ
သူ့ဘဝ ကိုယ်ဘဝ ရောထွေးမနေချင်

သဏ္ဍာန်ထင်ရိပ်
ထနှောင်းခတ်တီးးး
လရိပ်ဖျော့ဖျော့
ကိုယ်ရောင်မှိန်ဖျော့
ဝိုးဝိုးဝါးဝါးးးးးး
ဆူညံသုသာန်
မီးတစလောင်
ပြာပုံထဲဝင်
စိတ္တဇဝိညာဉ်
စေဖုံးလွှမ်းဝေ
ကိုင်သုံးလက်နက် . . အတ္တမာန
မှားယွင်းမှုနဲ့
ဤလောကဝယ်
ဘယ်သူ့ပြာပုံက. . စိန် ရွှေထွက်လဲ
                      မာနပြာပုံ အတ္တသမားးးးး

တောနက်မှာယစ်မူးးးး
မှောင်ရီခြောက်ခြားးးးး
ပြန်လမ်းမမြင်
လှမ်းမတွေ့နိုင်
ရောင်နီစောင့်မျှော်
ညနက်နွယ်ပင်
ရစ်ချည်နှောင်ဖုံးးးးး
ပိုရှုပ်လာကြိုးးးးး
ရုန်းမရတဲ့အဆုံးးးးး
ပျောက်ဆုံးအလင်းးးးးး
သတိရမှုအပိုသာဖြစ်
ဒဏ်ရာများစွာလူးလဲခံသာ
တောကောင်အစာဖြစ်လျှက်. . အသင်. .လုလင်




No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ