Monday 1 February 2016

ကဗျာဂျာနယ်အတွဲ ၁ အမှတ် ၆၇

လွတ်လပ်တဲ့ဘဝ

ချူပ်ချယ်မှု့မရှိ
ပျော်စရာအတိနဲ့
လွတ်လပ်တဲ့ဘဝ
ပူပင်မှု့ကင်း
ချစ်ခြင်းမုန်းခြင်းမရှိ
ရင်ခုန်စွာဖြတ်သန်း
အလွမ်းလည်းမရှိ
ဖြစ်ပြီးသမျှ
အတိတ်ကိုမေ့
စိတ်ကိုရွေ့လျား
မတွေ့အားတဲ့
နေ့များစွာကို
ပြက္ခဒိန် ထဲ
ပေါင်းစုထည့်လို့
မင်နီနဲ့တားမယ်
တယောက်ထဲဘဝနဲ့
လမ်းပေါ်မှာလေလွင့်
ခြေဦးတည့်ရာ
လျှောက်သွား
ပျော်စရာများကိုတွေ့
အရာရာမေ့လို့
ပျော်သလိုနေ
သြော့့်
လွတ်လပ်မှု့ဆိုတာ
တခါတလေ
ရူးခြင်းတမျိုးပါလား ။


       သူရဇ္ဇ
===========================
ရင်ခုန်ဖူး  ဟိုးတုန်းကမှာရူးရူးမူးမူး
သူတစ်ယောက်သာ စူးစူးနစ်နစ်ချစ်ခဲ့ဖူးတယ်
နှောင်ကြိုးတစ်မျှင်  ရစ်ဖို့လွယ်သလို ဖြတ်ဖို့ခက်
တယ် မုန်းဖို့သင့်လည်း  မုန်းလို့မရတယ်
ချစ်ရသူရယ်  ဆုံဖို့ခက်ခဲ တွေ့ဖို့လမ်းမရှိတော့
သွေးအေးသွားတဲ့ချစ်တဲ့သူကဆုံးဖြတ်လိုက်တယ်
ငါတို့လမ်းခွဲကြမယ်တဲ့

    ကိုယ့်သခင်
===========================
ချစ်သူ ( သို့)

 မင်းချစ်လို့ဝပြီလား
ထားခဲ့လိုက်ပါချစ်သူ
ငါဟာမင်းအတွက်
အဖြည့်ခံပါ
အနေဝေးလို့
သွေးအေးသွားပြီလား
မေ့ထားပါချစ်သူ
ငါဟာမင်းအတွက်
အပျင်းပြေသက်သက်ပါ
မင်းရင်ထဲမှာ
ငါ့အတွက်
အချစ်မရှိတော့ဘူးလား
လမ်းခွဲသွားပါချစ်သူ
နင်ထားခဲ့တဲ့အတိုင်း
ငါနေခဲ့ပါမယ်
တခုတော့ 
တောင်းဆိုပါရစေ
ငါမရှိပဲ
နင်နေတက်သလို
နင်မရှိပဲ
ငါနေတက်အောင်
သင်ပေးခဲ့ပါဟာ
နင့်ကိုမမေ့တဲ့စိတ်နဲ့
ငါ ငွေ့ငွေ့လေး
အသက်ရှင်ချင်သေးလို့ပါ့။


        သူရဇ္ဇ
============================
  နယ်ရုပ်

ရှေ့ကိုမျှော်
အလွမ်းကိုနိုး
အနမ်းကိုပျိုးတဲ့
မာယာရှင်ရဲ့လက်
အခါခါနင်မက်တဲ့
အိမ်မက်တခုအတွက်
ငါဟာ
စေညွန်တက်တဲ့
ခေါင်းအုံးတလုံးပေါ့
ခြေဖဝါးကိုနင်း
ဖြေးဖြေးလေးနင်း
အကင်းမသေတဲ့
ငါ့ရင်ဘက်မှာ
ဝေဒနာထက်
နင့်ခြေရာတွေ
ပိုနက်နေပြီချစ်သူ
အကြည့်တခုကိုစေလွှတ်
ကြွေညွတ်ချင်တဲ့
ငါ့အသည်းကို
လက်ညှိုးညွန်လို့နင်စေသေစေရှင်စေ
မခွဲခြား
နင့်အသည်းကြားမှာ
စာနာမှု့မရှိ
သြော့့်။
တခါတရံငါဟာ
နင် ကင်းဝင်ဖို့အတွက်
ထိုးကြွေးတက်တဲ့
နယ်ရုပ်ကလေး
တရုပ်ပေါ့။


         သူရဇ္ဇ
============================
''ဆန္ဒ နှင့် ဘဝ''

ငှက်ကလေး    အို အသင်

ဘယ်ရင်ခွင်     ဘယ်မြိုင်နန်း

ပျံသန်းမယ် ပြင် ။

မပျံနှင့်     မတားချင်

ငါမနှင်       သင်အသိ

သင်လိုရာ    ရပ်စခန်း

ပျံသန်းပါဘိ ။

ချောင်းကလေး   အို အသင်

ဘယ်ရင်ခွင်    ဘယ်ခရီး

စီးမယ်လို့ ပြင် ။

မစီးနဲ့   မတားချင် 

ငါမနှင်     သင် အသိ

သင်လိုရာ    ရပ်ခရီး

စီးဆင်းပါဘိ ။

ငါးကလေး   အို အသင်

ဘယ်ရင်ခွင်  ဘယ်မှာမြူး

ကူးမယ်လို့ပြင်

မကူးနဲ့  မတားချင်

ငါမနှင်   သင် အသိ

သင်လိုရာ   ရေမှာကူး

ဆော့မြူးပါဘိ ။

ချစ်မိတ်ဆွေ  အသင်တို့

အားကျလို့    စိတ်ကူးဝင်

လွတ်လပ်လိုက်ချင်

ပျံမယ်လို့ပြင်

ကြံတိုင်းလျှင်   မပျံဖြစ်

မမြင်သာ  တစ်မြင်ကြိုးရယ်က

ဆတိုး ပတ်ရစ် ။ ။

(စိမ့်စမ်းရေကြည်  ကဗျာများမှဖေါ်ပြပါသှ်)

         ဗလ
===========================
ကျွန်တော်တို့ရဲ့ကဗျာဂျာနယ်အစီအစဉ်လေးမှာကဗျာပေးပို့ပါဝင်လိုပါက viberဖုန်းနံပါတ် 09256480246 သို့ ရေးသားပေးပို့နိုင်ပါတယ်ဗျာ။

အောင်မြင့်မြတ်(မြန်မာလူငယ်)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ