Wednesday 24 February 2016

ကျွန်တော့်လွယ်အိတ်ထဲမှာလာငြိနေတဲ့နှင်းဆီအပိုင်း(၄)

‘ငထိန် တို့ နင်ကို တိုင်ပင်စရာရှိလို့”

“အင်း”

“နင် ဟို ကိုပြည့်စုံကို သိတယ်မလား။ 2nd MB ကလေဟာ။ 
ဟို မျက်မှန်လေးနဲ့ ခပ်ချော ချော အကိုကြီးလေဟာ….ဟို”

“ကဲ သိပါပြီဟာ၊ အဲဒါ ဘာဖြစ်လဲ’

“ငါ့ကို ချစ်လို့တဲ့ မနေ့ကအင်္ဂလိပ်စာ အဆိုင်းမန့်တွေ သွားထပ်ပြီးပြန်
 လာတော့ နောက်ကနေ လိုက်ပြောတာ။ အဲဒါ ငါ လာပြန်ပြောရမလဲလို့”

“နင်သူ့ကို ကြိုက်လို့လား’

“ဟီး… စိတ်တော့ဝင်စားတယ်ဟာ။သူက ချောတာကိုး’

“အဲဒီတော့”

“ငါ့ကို သူအကြောင်း စုံစမ်းပေးဟာနော်”

“နင် တကယ်ပြောနေတာလား”

“အေးပါဆို”

ဒီ Café Castel ရှိနေတဲ့ ဟောဒီချောက်ကမ်းပါးကြီက ဘယ်
လောက်နက်သလဲဆိုတာ နင် သိပါ့မလား ဝေ။ တိုင်းတာကြည့်မှ 
သေချာသိနိုင်မယ်ဆိုပေမဲ့ ဒီအပေါ်ကနေ အောက်ကိုပဲ ငုံကြည့်ကြည့်၊ 
ဟိုအောက်ကနေ အပေါ်ကို မော့ကြည့်ကြည့်၊ မြင့်မားမာတ်စောက်တယ် 
ဆိုတာကိုတော့ ငြင်းနိုင်မှာလဲဟာ။ အမြင့်ချင်းတုရင်တောင် အပေါ်ကနေ 
အောက်ကို ခုန်ချဖို့ထက် အောက်ကနေ အပေါ်ကို ပြန်တက်ဖို့က 
 အဆပေါင်းများစွာ ခက်နေတယ်မဟုတ်လား။ ကိုယ်က ချောက်ကမ်းပါး
အောက်ကလူပါ ဝေ။ အောက်ကို ခုန်မဆင်းမလာပေမယ့်  နင့်ကို မော့
ငေးနေရင်း ချောက်ကမ်းပါးနံရံကို တွယ်တက်ဖို့ ကြိုးစားနေခဲ့သူပါ။

“ဆက်မသွားနဲ့တော့ ငထိန်။ ပြုတ်ကျမယ်နော်။ ချောက်ကအနက်ကြီး”

ကျွန်တော် မကြားချင်ယောင်ဆောင်ပြီး ဟိုးဧရာဝတီမြစ်ထဲက 
တလှုပ်လှုပ်သွားနေတဲ့ ရွက်လှေကလေးကိုပဲ ငေးနေမိတော့တယ်။ 
ကျွန်တော် ကမ်းပါးက အုန်းတုံးလေးပေါ်မှာ ထိုင်လိုက်တော့ ဝေက 
ကျွန်တော့်အနား လာရပ်တယ်။

“နင် စုံစမ်းမပေးချင်လည်း နေပါဟာ။ ငါ့ဘာသာငါပဲ စုံစမ်းပါ့မယ်။ 
လာ… စာကျက်ရအောင်လေ။ စာမေးပွဲက နှစ်ပတ်လောက်ပဲ လိုတော့တာ။ 
နင့်ကို ငါ organic chemistry ကူကျက်ပေးမယ်”

“မိဝေ”

“ဟင်”

“အရင်တစ်ခါလို ဟိုမြစ်စပ်မှာ အတူတူလမ်းသွားလျှောက်ရအောင် ဟာနော်”

“မိဝေ နင့်အစ်ကိုကြီးအကြောင်း ပြောပြမလို့’

‘တို့ သိပါပြီးပါပြီးကွာ”

“နားတော့ ထောင်ဦးလေကွာ။ ငါ အပင်ပန်းခံ စုံစမ်းထားရတာ”

“မပြောနဲ့တော့ဆိုကွာ။ တော်တော့”

“တောက်’

“ဒါ နင် ဘာသဘောလဲ မိဝေ။ နင် ဘယ်လိုလုပ်တာလဲ။ ငါ့ကို စုံစမ်းခိုင်း
တုန်းက စုံစမ်းခိုင်းပြီး နင် နားထောင်ရမှာပေါ့။ မရဘူး မိဝေ။ နင် 
နားထောင်ကို နားထောင်ရမယ်။ ထိုင်၊ ငါပြောပြမယ်။ အဲဒီပြည့်စုံ
ဆိုတဲ့ လူကြီးက ပုသိမ်က။ အသက်ကတော့ ငါတို့ထက် တစ်နှစ်ပဲ
ကြီးတယ်။ ငယ်ငယ်ကတည်းက စာအရမ်းတော်တယ်။ သူ့မိဘတွေက
လည်း ဘောစိတွေ၊ ရန်ကုန်-ပုသိမ် လိုင်းကား ထောင်ထားတာဆိုတော့ 
တွေးကြည့်ပေါ့ဟာ။ ပြီးတော့…”

“တော်ပါတော့ ငထိန် တော်တော့”

“မတော်နိုင်ဘူး။ နင် ငါပြောတာပြီးတဲ့အထိ နားထောင်ရမယ်”

ထထွက်သွားဖို့ ကြိုးစားတဲ့ဝေ့ကို လက်မောင်းတွေက နေ ကိုင်ပြီး 
ဆွဲထိုင်ခိုင်းပစ်လိုက်တယ်။

“တော်ပါတော့ဟာ။ ဟီး  ဟီး”

ငါနားမလည်တော့ဘူး ဝေ။နင် ခဏခဏ ချီးမွမ်းခန်းဖွင့်နေတဲ့ 
နင့်အစ်ကိုကြီးအကြောင်း ငါပြောတဲ့အခါ နင် သဘောကျမယ်လို့ 
ငါထင်ခဲ့တာ။ နင့်အစ်ကိုကြီးဟာ ရည်းစားတစ်ယောက်မှ မထားဖူး
ကြောင်း၊ နင်ဟာ သူ့ရဲ့ရည်းစား ဖြစ်လာနိုင်ကြောင်း နင့်ကိုပြောပြ
တဲ့အခါ နင်ကြည်နူးကျေနပ်လိမ့်မယ်လို့ ယူဆထားခဲ့တာ။ ဝေယံနဲ့ 
ဖြိုးသူရဲ့ စကားတွေကို လွန်ဆန်ပြီး အဲ့ဒီဘိုးတော်ကြီးအကြောင်းကို 
ငါ တစ်လုံးမကျန် အားလုံးအမှန်တိုင်းပြောပြမှာပါ ဝေ။ နင် သဘော
ကျတဲ့ နင့်အစ်ကိုကြီးအကြောင်းကို မှတ်သားထားခဲ့ရတဲ့ ငါ့ရင်ဘတ်
နွေခေါင်ခေါင်မှာ ဘယ်လောက်ခြောက်သွေ့အက်ကွဲသွားခဲ့ရမလဲ 
နင်စဉ်းစားခဲ့မိရဲ့လားဝေ။ နင်ပျော်ပါစေ ဝေ။ နင်နဲ့ ပတ်သတ်ပြီး 
ငါလုပ်ခဲ့သမျှဟာ နင်ပျော်ရွှင်ဖို့ ချည်းပါ။

“နင် မငိုနဲ့လေ မိဝေရဲ့။ နင်ပျော်ရမှာလေ။ နင့်အစ်ကိုကြီးအတွက် 
နင်က ရည်စားဦးဖြစ်ရမှာဟ”

“ဖြန်း”

ဒါဟာ ကျွန်တော်အတွက် အကျိုးဆောင်ခလား။ ဒီအလုပ်နဲ့ 
သူ့ အကျိုးဆောင်ခက မလိုက်ဖက်လှဘူးလို့ ကျွန်တော်ထင်တယ်။ သူ့
လက်ဝါးလက်ချက်က ကျွန်တော်ပါးပြင်ထက်မှာ သွေးပွက်ပွက်ဆူသွား
ခဲ့တယ်။ ကျွန်တော့် စာမေးပွဲရက်တွေအတွက် အိမ်မက်ဆိုးတစ်ခု။

အဲဒီနေ့က ဝေမျက်နှာဟာ တောက်ပလွန်းနေတယ်။ ပြုံးချိုကြည်သာနေတဲ့ 
ဝေမျက်နှာဟာ စိုပြည်နေတယ်။ အရမ်းလိုချင်တဲ့ အရုပ်တစ်ခုကို သူ့
အမေက ဝယ်ပေးလိုက်လို့ ပျော်ရွှင်နေတဲ့ ကလေးတစ်ယောက်လို 
မျက်နှာမျိုး။ ကျွန်တော် ထိုင်နေတဲ့ ခုံတန်းလေးပေါ်ကို ဘုတ်ခနဲ
နေအောင် ပစ်ထိုင်ချလိုက်တယ်။

“ပရက်တီကယ်ဖြေပြီးတဲ့နေ့ကျရင် ကိုပြည့်စုံကို 
ငါအဖြေပေးလိုက်တော့မလို့ ငထိန်”

“အေး ငါဝမ်းသာပါတယ် ဟာ”

“ငါ ဘာအဖြေပေးမယ်ဆိုတာ နင်သိလို့လား”

“ချစ်တယ်ဆိုတဲ့ အဖြေပဲ ဖြစ်မှာပေါ့”

“နင်ကလည်း အဲလိုထင်တယ်ပေါ့။ အဲလိုပေးမယ်ဆိုရင်ရော 
နင် တကယ်ဝမ်းသာမှာလား”

“နင် ပျော်တယ်ဆို ငါ ဝမ်းသာတာပေါ့ဟ”

“နင်သဘောတူတယ်ဆိုရင် ငါ ချစ်တယ်လို့ ပြောလိုက်တော့မယ်”

“ပေးပေါ့ဟာ၊ နင့်သဘောပဲ”

“ဒါဆို အဲ့ဒီနေ့ကျ နင်ပါ လိုက်ခဲ့နော်။ ငါ တစ်ယောက်တည်းးဆို 
ကြောက်လို့။ နော်…. နော်လို့ ငထိန်”

ဇာတ်သိမ်းပိုင်း မျှော် ...

ကောင်းမြတ်(ရတီ)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment

လာလည်သူအပေါင်းပျော်ရွှင်ပါစေ